1227-------1228

113 12 0
                                    

အခန်း (၁၂၂၇)(စာစဉ် ၈၈- အပိုင်း ၉)

“ကမ္ဘာ့အဆိုးရွားဆုံး နှိပ်စက်နည်းများ”

“မင်းတို့ မျက်လုံးတွေကိုလည်း ကြည့်ပါဦး ဘယ် လောက်တောင် ပြတ်သားလိုက်သလဲ၊ မင်းတို့ရဲ့ ပြတ် သားမှုကို ငါအတိုင်းသား ခံစားနေရတယ် . . .”
“အေး အဲဒီအတိုင်းပဲ အချိန်အကြာကြီး တောင့်ခံ ထားမယ်လို့ ငါ့ကို ကတိပေးစမ်းပါ၊ မင်းတို့ကို ငါ့ရဲ့ ကျင့်စဉ်အကြောင်း ပြရသေးတာပေါ့ . . .”
“ကဲ အဓိက အကြောင်းအရာကိုပဲ ဦးတည်သွားကြ ရအောင် ငါတို့တွေ စကြတာပေါ့ . . .”
ရဲရှောင်မှ ပြုံးလျက်ပင် ပြောလိုက်၏။
သူ၏ ပြောဆိုပုံက မိတ်ဆွေများနှင့် စကားစမြည် ပြောနေသည့် ပုံနှင့်ပင် တူနေပါသေးသည်။
သို့သော် ရဲရှောင် ထိုသို့ ပုံမှန်အတိုင်း ပြောဆိုလေ လေ ရန်သူများ၏ စိတ်ထဲ၌ စိုးရိမ်စိတ်များ ပိုမိုကြီးစိုး လာမိသည်။
(သူ့ကြည့်ရတာလည်း တည်ငြိမ်နေလိုက်တာ၊ ဒေါ သ လုံးဝ မရှိတဲ့ ပုံစံမျိုးနဲ့၊ သူက သူ့ကိုယ်သူ ယုံကြည် ချက် သိပ်ရှိလွန်းနေတာများလား . . .)
“မင်းတို့က ထိပ်သီးပညာရှင် တစ်ယောက်ပဲ မင်း ရဲ့ နာမည်ကို သိလို့ရမလား . . .”
တန်ချင်းဖန်မှ ရဲရှောင်အား ကြည့်ရင်း မေးလိုက် သည်။
“ငါ့နာမည်လား . . .”
“ငါ့နာမည်က ရဲရှောင် . . .”
ရဲရှောင်မှ အေးစက်စက်ပင် ပြောလိုက်၏။
“ရဲမျိုးနွယ်က‌ ရဲရှောင်လေ . . .”
“ရဲမျိုးနွယ်က ရဲရှောင် ဟုတ်လား . . .”
တန်ချင်းဖန် နားမလည်နိုင်အောင် ဖြစ်သွားသည်။
“မင်း ဘယ်လိုများ . . .”
တန်ချင်းဖန်မှာ ရှောင်ဧကရာဇ်ကို တိုက်ခိုက်ခဲ့စဉ် က ပါဝင်ခဲ့၍ ထိုအချိန်က ရှောင်ဧကရာဇ် သုံးခဲ့သည့် တိုက်ကွက်များကို မှတ်မိနေခဲ့သည်။
ထို့ကြောင့် ယခု ရဲရှောင်မှ ထိုတိုက်ကွက်ကိုပင် ထုတ်သုံးချိန် သူ မှတ်မိလိုက်ရခြင်း ဖြစ်သည်။
သို့သော် မတူသည့် အချက်တစ်ချက်မှာမူ ယခု ရဲရှောင်က ရှောင်ဧကရာဇ်ထက် ပိုမို၍ ကြောက်မက် ဖွယ်ကောင်းနေခြင်း ဖြစ်သည်။
သူ့အား တိုက်ခိုက်ခဲ့သည့် အလွန်အစွမ်းထက်လှ သော ဓားတိုက်ခိုက်မှုက သက်သေထူလျက်ပင် ရှိနေ သည် မဟုတ်ပါလား။
သူ့အဖို့ တစ်ဘဝလုံးနှင့် ချီပြီး ပြောရသည်အထိ ထိုမျှထိ ကောင်းမွန်လှသော တိုက်ခိုက်မှုမျိုးကို မမြင် တွေ့ခဲ့ဖူးချေ။
မည်မျှထိဆိုလျှင် နေရောင်ဂိုဏ်း၏ အစွမ်းထက် ဆုံး ဖြစ်သည့် ဥသျှောင်ကြီးများပင်လျှင် ထိုထက်ပိုမို ကောင်းမွန်အောင် မလုပ်နိုင်မည်မှာ သေချာလှသည်။
(ဒီကောင်လေးက ရှောင်ဧကရာဇ်နဲ့ ပတ်သက်နေ မယ်ဆိုရင် နေရောင်ဂိုဏ်း အတွက်ကတော့ မတွေးဝံ့ စရာပဲ၊ သူက ရှောင်ဧကရာဇ်ထက်တောင် ငါတို့ဂိုဏ်း ကို ပိုပြီး ဒုက္ခပေးနိုင်မယ် ထင်တယ် . . .)
“ဟား ဟား တကယ်ပဲလား မင်းတို့ရဲ့ နောက်ဆုံး ထွက်သက်ရောက်နေတဲ့ အချိန်မျိုးမှာတောင် သိချင် နေကြတယ်ပေါ့ ဟုတ်လား . . .”
“ကောင်းပြီလေ သိပ်သိချင်နေတဲ့ မင်းတို့အတွက် ဖြေပေးရမှာပေါ့၊ ဘာပဲပြောပြော လူဆိုတာ စိတ်ရှင်း ရှင်းနဲ့ပဲ သေသင့်တယ်လေ အဲဒီတော့ ငါကဖြေပေးရ မှာပေါ့ . . .”
ရဲရှောင်မှ ပြုံးလျက်ပင် ပြောလိုက်၏။
“မစိုးရိမ်ပါနဲ့ မင်းတို့တွေ ရှင်းရှင်းလင်းလင်း သိပြီး မှ သေသွားကြရမှာပါ . . .”
ရဲရှောင်မှာ သေဆုံးရတော့မည့် လူများအား အေး အေးလူလူဖြင့်ပင် ပြောဆိုနေလေသည်။
ထိုစဉ် တန်ချင်းဖန်မှ -
“မင်းစကား မင်းတည်မယ်လို့ မျှော်လင့်ပါတယ်”
ရဲရှောင်မှ မကျေမချမ်းဖြင့် -
“ကျုပ်လို ဧကရာဇ်က ကိုယ့်စကားကိုယ် အမြဲ တည်တယ် . . .”
(ဧကရာဇ် ဟုတ်လား . . .)
တန်ချင်းဖန် တုန်လှုပ်သွား၏။
(ဘာ ဧကရာဇ်လဲ ဒီကောင်လေးက အင်အားကြီး အုပ်စုအဖွဲ့တစ်ခုခုက ခေါင်းဆောင်များလား . . .)
(ဒါမှမဟုတ် သူက ရှောင်ဧကရာဇ်နဲ့ ဂိုဏ်းတူတူ များ ဖြစ်နေတာလား . . .)
ရဲရှောင်မှာ ရဲမျိုးနွယ်မှ ရဲရှောင်ဖြစ်ကြောင်း သူ၏ နှုတ်မှ ကိုယ်တိုင် ပြောဆိုခဲ့သည်။
မည်သို့ပင် ဖြစ်ပါစေ ရဲမျိုးနွယ်ဆိုသည်က မျိုးနွယ် စုငယ်လေးတစ်ခုပင် မဟုတ်ပါလား။
သို့သော် မူလတာအို အဆင့်ကိုး တန်ချင်းဖန်ပင် ထို လူငယ်လေး ရဲရှောင်နှင့် အဆင့်များစွာ ကွာခြား နေသည်။
ထို့ကြောင့် လူငယ်လေးမှာ ရဲမျိုးနွယ်စုမှ ဖြစ်နေ သည်ကို သူမယုံကြည်နိုင်အောင် ဖြစ်နေမိခြင်းပါပင်။
(ရဲရှောင် ဟုတ်လား . . .)
(သူ ငါ့ကို လာနောက်နေတာလား ရဲမျိုးနွယ်စုက ရဲရှောင်ဆိုတာ ကလေးပဲ ရှိသေးတာ၊ ဘယ်လိုလုပ် ဒီ လောက်ထိ အစွမ်းထက်နိုင်မှာလဲ . . .)
ရဲရှောင်လည်း သူ့အနီးနားရှိ လူထံသို့ သွားလိုက် ပြီး -
“မင်းတို့ ဘာမှမပြောဘူးဆိုတာ သေချာတယ်ပေါ့၊ ဒါငါ့ရဲ့ နည်းလမ်းကို မလုပ်ပြခင် မင်းတို့ကို နောက် ဆုံး အခွင့်အရေး ပေးလိုက်တာပဲ . . .”
ထိုလူမှ တစ်ဖက်သို့ မျက်နှာလွှဲလိုက်ရင်း လုံးဝ မပြောမည့် ပုံစံမျိုး လုပ်လိုက်၏။
“ဟား ဟား ဟား ဒါဆိုလည်း ထားလိုက်ပါတော့၊ စကြတာပေါ့လေ . . .”
ရဲရှောင်လည်း အချိန်မဖြုန်းရန် ဆုံးဖြတ်လိုက်၍ သူ၏ လက်နှစ်ဖက်အား ရုတ်တရက် လျပ်စီးကဲ့သို့ လျင်မြန်သောနှုန်းဖြင့် လှုပ်ရှားလိုက်တော့သည်။
တစ်ခါတစ်ရံ လက်သီး၊ တစ်ခါတစ်ရံ လက်ဝါး၊ တစ်ခါတစ်ရံ လက်ချောင်းများကို အသုံးပြု၍ လှုပ်ရှား မှုများ ဆက်တိုက် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
ထိုလှုပ်ရှားမှုများက အလွန်လျင်မြန်လွန်း၍ ရန်သူ များမှာ မမြင်နိုင်အောင် ဖြစ်နေရသည်။
သို့သော် ရဲရှောင်မှ ထိုလူများအား မြင်သာအောင် အရှိန်နှေးပြလိုက်သောအခါ အားလုံးရှင်းလင်းစွာ မြင် တွေ့လိုက်ကြရလေသည်။
“ကမ္ဘာပေါ်မှာ ထင်ရှားတဲ့ နှိပ်စက်နည်း ၂ နည်း ရှိတယ်၊ တစ်ခုက အပြင်ပိုင်း ခန္ဓာကိုယ်ကို နှိပ်စက် ခြင်းနဲ့ နောက်တစ်ခုက သွေးကြောထဲကနှိပ်စက်ခြင်း”
ရဲရှောင်မှ ထူးဆန်းသော လှုပ်ရှားမှုများကို ပြုလုပ် နေစဉ် ရန်သူများအား ရှင်းပြလိုက်၏။
“မင်းတို့အားလုံးလည်း ဒီနည်းလမ်း ၂ ခုကို ကြား ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်၊ ဘယ်လို အလုပ်လုပ် တယ် ဆိုတာကိုလည်း သိကြမှာပေါ့ . . .”
“နောက်ပြီး ဒီနည်းလမ်း ၂ ခုနဲ့ဆို ပုံမှန် နှိပ်စက် တာထက်ကို အများကြီး ခံစားရမယ်ဆိုတာ မင်းတို့ လည်း သိမှာပါ . . .”
“လူတွေကပြောကြတယ် သေတာထက် ဘယ်ဟာ မှ ကြောက်ဖို့ မကောင်းဘူးတဲ့ . . .”
ရဲရှောင်မှ ဆက်၍ ပြောလိုက်၏။
“မင်းတို့အားလုံးက အသက်အန္တရာယ် အမျိုးမျိုး နဲ့ ကြုံတွေ့ခဲ့ရပြီးပြီလို့ ငါထင်ပါတယ်၊ တကယ်တော့ မင်းတို့ ဒီအတိုင်း သေသွားရင်တောင် ဘာပြဿနာမှ မရှိနိုင်ဘူး ဟုတ်တယ်မလား . . .”
မည်သူမှ ပြန်မဖြေကြ၊ ပြတ်သားသော စိတ်ဓာတ် ဖြင့် နှုတ်ဆိတ်လျက်သာ ရှိနေသည်။
ရဲရှောင်က သူတို့စိတ်ထဲ ရှိနေသည့် အရာကို သိ၍ ပြောနေသည့်အလား စကားလုံးများက မှန်ကန်လျက် ရှိနေသည်။
“ငါတို့စိတ်ထဲမှာ ရှိနေတာကို မင်းသိပြီးသားပဲ ဘာ လို့ မင်းရဲ့အချိန်တွေကို ဖြုန်းနေမှာလဲ၊ ငါတို့ကိုသာ သေခွင့်ပေးလိုက်စမ်းပါ၊ အဲဒါသာဆို မင်းရော ငါတို့ ရော လွတ်လပ်သွားလိမ့်မယ် . . .”
တန်ချင်းဖန်မှ ပြတ်သားစွာ ပြောလိုက်၏။
“အင်း မင်းတို့က ငါပြောတဲ့စကားကို သေချာနား မထောင်ဘူးပဲ၊ ဒီနည်းလမ်း ၂ ခုက လူတိုင်း ယုံကြည် ထားကြသလိုပဲ သက်ရောက်မှုရှိတယ် . . .”
“ဒါပေမယ့် ဒါကအခြေခံအဆင့်ပဲ ရှိသေးတာနော်၊ ငါလုပ်မယ့် နည်းလမ်းက အဲဒီ အခြေခံအဆင့်ထက် ပို ပြီး မြင့်တဲ့ အဆင့်ပဲ၊ အဆင့်မြင့်တဲ့ အဆင့်တွေပေါ့”
ရဲရှောင်မှ တည်ငြိမ်သော အသံဖြင့် ဖြည်းညှင်းစွာ ပင် ပြောလိုက်၏။
“မင်းတို့တွေ ကံကောင်းတယ်၊ ဒီလို အဆင့်မြင့်တဲ့ နှိပ်စက်ခြင်း နည်းလမ်းတွေကို တွေ့ကြုံခံစားရတော့ မှာလေ၊ သေဆုံးခြင်းဆိုတာက အရာအားလုံးရဲ့ အဆုံး သတ် ဆိုတာတော့ ဟုတ်ပါတယ် ဒါပေမယ့် အသက် ရှင်နေရချိန် နာကျင်ရတဲ့ ခံစားချက်က သေတာထက် ကို ပိုဆိုးတယ် . . .”
“သေခြင်းနဲ့ ရှင်ခြင်းကြား ရောက်နေတဲ့ အချိန် အတွင်းမှာ ခံစားရတဲ့ နာကျင်မှုက ဘယ်လိုတောင် အံ့ဩဖို့ ကောင်းတယ်ဆိုတာ မင်းတို့တွေ မကြာခင် ကောင်းကောင်းကြီး တွေ့ရတော့မှာပါ . . .”
ရဲရှောင်မှ အေးစက်စက် ပြုံးရင်း ပြောလိုက်၏။
“ကဲ ဒီနည်းလမ်းကို မင်းတို့ ခံစားဖို့ အဆင့်သင့်ပဲ လား၊ ငါကတော့ ဒီနည်းလမ်းကို နာမည်ပေးထား တယ်၊ အဆင့်မြင့် အရိုးကြွက်သားနှိပ်စက်ခြင်းတဲ့”
“ဆိုလိုတာကတော့ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိုး တွေ ကြွက်သားတွေ အားလုံးကို လိမ်ချိုးပစ်မှာပေါ့၊ သွေးကြောတွေလည်း အပါအဝင်ပေါ့ကွာ . . .”
ရဲရှောင် ထိုသို့ပြောလိုက်ချိန် ရန်သူများ၏ မျက်နှာ များမှာ သွေးမရှိတော့သည့်အလား ဖြူစုတ်ကုန်ကြ သည်။
“အံ့ဩမသွားနဲ့ဦး ဒါကအဆုံးသတ် မဟုတ်သေး ဘူး၊ ပထမအဆင့်မှာ မင်းတို့တွေ နာကျင်မှုကို ခံစားရ လိမ့်မယ်၊ လုံးဝကို သန့်စင်တဲ့ နာကျင်မှုမျိုး၊ မခံမရပ် နိုင်အောင် နာတဲ့ နာကျင်မှုမျိုးပေါ့ . . .”
“ဒါကတော့ နားလည်ရလွယ်ပါတယ် လူတစ်ဦးရဲ့ သွေးကြောတွေကို ခန္ဓာကိုယ်ထဲမှာ ဆွဲလိမ်လိုက်ရင် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်လိုက်လေ၊ သံသယ မဖြစ်နဲ့နော် အဲဒါကို မင်းတို့လည်း သေချာနားလည် မှာပါ . . .”
ပြောပြောဆိုဆိုဖြင့် ရဲရှောင်လည်း လူတစ်ဦးအား ဆွဲ၍ မလိုက်၏။
ထို့နောက် သူ၏ လက်တစ်ဖက်ကို ဝေ့ယမ်းလိုက် သောအခါ ထိုလူ၏ အဝတ်အစားများအားလုံး ပြာဖြစ် သွားလေသည်။
ထိုသို့လုပ်ပြီးသည်နှင့် ထိုလူ၏ ခန္ဓာကိုယ်ကို ကျန် လူများဘက်ကို့ လှည့်ပြလိုက်ပြန်သည်။
ရဲရှောင် လက်ထဲရှိ လူ၏ အရေပြားအောက်တွင် သွေးကြောများက မရေမတွက်နိုင်သော မြွေငယ်လေး များကဲ့သို့ပင် တည်ရှိနေကြသည်။
ခဏအကြာတွင် ထိုသွေးကြောများမှာ  သက်ဝင် လှုပ်ရှားလာသည့်အလား ယိမ်းထိုးလာကြသည်။
ထိုလူလည်း ငယ်သံပါသည်အထိ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
“အား အား အား . . .”
စင်စစ် ထိုလူ၏ ကြွက်သားများ၊ သွေးကြောများ အားလုံး ဆွဲလိမ်ခံလိုက်ရခြင်း ဖြစ်၏။
ထို့နောက် သူ၏ ခြေထောက်မှ ကြွက်သားများမှာ ပေါင်ဆီသို့ တက်သွားပြီး လည်ပင်းရှိ သွေးကြောများ မှာလည်း ဆွဲလိမ်ချိုးလိုက်သလိုပင် ခံစားလိုက်ရပြန် သည်။
စကားများဖြင့် ဖော်ပြ၍ မရနိုင်အောင် နာကျင်ရ သည့် နာကျင်မှုများကြောင့် ထိုလူမှာ ခဏမျှသာ အော် ဟစ်နိုင်လိုက်ပြီး ငြိမ်ကျသွားလေသည်။
နောက်ဆုံးတွင် အရပ် ၆ ပေနီးပါးခန့်ရှိသော လူ မှာ လူရုပ်ပင် မပေါ်တော့အောင် ကျုံ့၍ သွားပါတော့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားOnde histórias criam vida. Descubra agora