1329-------1330

101 7 0
                                    

အခန်း (၁၃၂၉)(စာစဉ် ၉၅- အပိုင်း ၁၄)
“ခေါင်းဆောင်စေလိုခြင်း”


ဂျိဇန်းဖန်က တိတ်တဆိတ်ဖြင့် မျိုးနွယ်စုတစ်ခုလုံး အား အမိန့်ပေးခဲ့၏။
“ရှောင်ဧကရာဇ်ကို နုပျိုဆေးတွေအကြောင်း မေးဝံ့ တဲ့ ဘယ်သူ့ကိုမဆို ချက်ချင်းပဲ ခြေတွေလက်တွေဖြတ် မျက်နှာကို ဖျက်ဆီးပြီး မျိုးနွယ်စုကနေ ထုတ်ပယ်စေ”
အတွေ့အကြုံ ရှိသောလူပီပီ မိန်းကလေးများ၏ ဆေးလုံးများအပေါ် စွဲလမ်းမှုကို တားဆီး၍ မရနိုင် ဖြစ် လာမည်ကို ရိပ်စားလိုက်မိသည်။
ထို့ကြောင့် သူ့ဘက်မှ ထိုအမိန့်သာ မထုတ်ပြန်ပါ က ရဲရှောင် အနား၌ မိန်းကလေးပေါင်းများစွာ ဝန်းရံ နေတော့မည်မှာ အသေအချာပင်။
ထိုသို့ အမိန့်ဖြင့် တားဆီးလိုက်၍ မိန်းကလေးများ မှာ ရဲရှောင် အနီးနားသို့ မသွားရဲကြတော့ပေ။
သို့သော် အနီးအနားသို့ မသွားဝံ့ကြတော့သည့်တိုင် ရဲရှောင်၏ အခန်းအပြင်ဘက်၌မူ ရှိနေကြသည်။
ထိုမိန်းကလေး ကြီးကြီးငယ်ငယ်တို့မှာ ရဲရှောင်၏ အခန်းရှိရာသို့သာ ငေးမော ကြည့်နေကြပါတော့သည်။
. . .
ထိုနေ့ညတွင် ရောက်ရှိလာသော ဧည့်သည်များကို ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
ဂျိမျိုးနွယ်စုအနေဖြင့် ယခုကဲ့သို့ ကြီးမားလှသော ညစာစားပွဲကြီးကို ယခင်က တစ်ခါမှ မပြုလုပ်ခဲ့ဖူး၍ အလွန်ပျော်ရွှင်လျက် ရှိနေသည်။
ထိုအချိန် ရဲရှောင်မှာလည်း လူအများနှင့် ရယ်မော ပြောဆို စားသောက်လျက် ရှိနေသည်။
ထို့ကြောင့် လူအားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်ဟု ဆိုနိုင်သည်။
ညစာစားနေရင်း အချိန်ခဏအကြာတွင် ဂျိဇန်းဖန် က သူ့လူများကို ရဲရှောင်အတွက် ပြင်ဆင်ထားသည့် လက်ဆောင်များ ယူဆောင်လာခိုင်းလိုက်သည်။
ရဲရှောင်လည်း ငြင်းဆန်ခြင်းမရှိ ကျေးဇူးတင်စကား ဆိုရင်း ပြုံးလျက်သာ လက်ခံလိုက်သည်။
ထို့နောက် ဂျိဇန်းဖန်မှ မတ်တပ်ထရပ်လိုက်ရင်း -
“ဒီနေ့ည ကျုပ်တို့ရဲ့ မိတ်ဆွေကြီး ရှောင်ဧကရာဇ် ဒီကိုရောက်နေပြီ အဲဒီတော့ ကျုပ်မှာ ပြောစရာစကား နည်းနည်းလောက် ရှိနေပါတယ် . . .”
ယခုနေရာတွင် ရဲရှောင်ပြီးလျှင် သူက ဒုတိယ အင် အားအကြီးဆုံး လူလိုဖြစ်နေ၍ ထိုကဲ့သို့ ဦးဆောင်ပြော ရန်မှာ သင့်တော်လှပေသည်။
ထိုအချိန် အခြားလူများကလည်း -
“ဆရာကြီးကလည်းဗျာ ဒီလောက်ထိ စကားပလ္လင် ခံနေစရာ မလိုပါဘူး ပြောစရာရှိတာသာ ပြောပါ . . .”
“ဟုတ်တယ် ပြောစရာရှိတာသာ ပြောပါ ဆရာကြီး ပြောမယ့်စကားကို ကျုပ်တို့က အပြည့်အဝ နားထောင် နေပြီးသားပါဗျ . . .”
ထို့ကြောင့် ဂျိဇန်းဖန်လည်း လည်ချောင်း တစ်ချက် ရှင်းလိုက်ပြီး -
“ခင်ဗျားတို့အားလုံး သိကြတဲ့အတိုင်း ချင်းရန်နယ် ပယ်ကြီးက အရှုပ်အထွေးတွေ ဖြစ်နေပြီ၊ သိုင်းလောက ကြီးကို ကပ်ဘေးကြီးက ဝင်ရောက်လာတော့မယ် . . .”
“အဲဒီ ကပ်ဘေးကို ဖန်တီးမယ့် သူတို့အားလုံးက ကျင်ကြံမှု ပညာရှင်တွေချည်းပဲ ကျုပ် ပြောနေတဲ့ကိစ္စ ကို ခင်ဗျားတို့အားလုံးလည်း သိကြမှာပါ . . .”
ဂျိဇန်းဖန် စကားကြောင့် အားလုံးမှာ မျက်နှာပျက် ယွင်းသွားကြ၏။
ဝတ်ရုံနက်ဖြင့် လူများကြောင့် အချို့သော မျိုးနွယ် စုများနှင့် ဂိုဏ်းများမှာ ရက်ပိုင်းအတွင်းမှာပင် အပြတ် ရှင်းခံခဲ့ကြရသည်။
ထိုအထဲတွင် ထိပ်သီးဂိုဏ်းများ မပါဝင်သေးသည့် တိုင် ထိုဂိုဏ်းများမှ လူအတော်များများ ပျောက်ကွယ် နေသည်ကိုမူ အားလုံး သိကြသည်။
ထို့ကြောင့် ထိုအနက်ရောင်ဝတ် လူများ၏ သတင်း က ချင်းရန်နယ်ပယ် တစ်ခုလုံးကို ကြောက်မက်ဖွယ် ကောင်းအောင်ပင် ပျံ့နှံ့နေချေပြီ။
လူတိုင်း၏စိတ်ထဲ၌လည်း စိုးရိမ်ပူနေကြပြီ ဖြစ်၏။
ထို့ပြင် ထိုဝတ်ရုံနက်လူများက ရဲရှောင် ပြောသကဲ့ သို့ ၎င်းတို့၏ အသက်ကိုသာ အသေခံမည်၊ မည်သည့် အခါမှ လက်လျှော့ကြမည့် ပုံမပေါ်ချေ။
ထို့ကြောင့် အားလုံးမှာ ဂျိဇန်းဖန် ဆက်ပြောမည့် စကားကို စိတ်ဝင်တစား ရှိနေကြသည်။
“ဒီလူတွေက လူလုံးထွက်ပြလာကြပြီ ကျုပ်တို့တွေ ရှောင်ပုန်းပြီး အသက်ရှင်ဖို့အတွက် မျှော်လင့်လို့ မရနိုင် တော့ဘူး . . .”
“အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့် ချက်က သူတို့ကို ရဲရဲဝံ့ဝံ့နဲ့ ပြန်တိုက်ခိုက်ပြီး အနိုင်ယူ တာပဲ ဒါပေမယ့် ကျုပ်တို့မှာ ဒီလူတွေနဲ့ပတ်သက်ပြီး ဘာအချက်အလက်မှ မရှိဘူး . . .”
“သူတွေ ဘယ်ကလာတယ် သူတို့အဖွဲ့အစည်းက ဘာဖြစ်တယ်၊ သူတို့ရဲ့ နောက်ကြောင်းရာဇဝင်နဲ့ သူတို့ ထဲမှာ ဘယ်ဂိုဏ်းတွေ ပါဝင်လဲဆိုတာ ဘာမှကိုမသိဘူး သူတို့နဲ့ပတ်သက်ပြီး ဘာမှကို မသိဘူးဖြစ်နေတာ . . .”
“ကျုပ်တို့ သိနိုင်တဲ့ အရာဆိုလို့ ကျုပ်တို့ လည်ပင်း ပေါ် ချိန်ရွယ်လိုက်တဲ့ ဓားရောက်လာမယ်ဆိုတာကိုပဲ ကျုပ်တို့ သိနိုင်မယ် ဒါပေမယ့် လည်ပင်းသာ ခုတ်ပိုင်းခံ လိုက်ရမယ် သူတို့အကြောင်းကတော့ ကျုပ်တို့ သေတဲ့ အထိ သိနိုင်မှာ မဟုတ်ဘူး . . .”
ဂျိဇန်းဖန်မှ မျက်စိပျက်မျက်နှာပျက်ဖြင့် ပြောလိုက် ၏။
“ကျုပ်တို့ ဘာမှတတ်နိုင်တဲ့အရာ မရှိဘူး ဒီအချက် ကို ကျုပ်လည်း မငြင်းနိုင်ပါဘူး . . .”
မည်သူမှ ပြန်မပြောကြဘဲ ငြိမ်သက်စွာပင် နားစိုက် ထောင်လျက် ရှိနေကြသည်။
“ကျုပ်တို့ဘက်က သူတို့ကို စတင် တိုက်ခိုက်မယ် ဆိုရင်တောင် ဘယ်လိုစလုပ်ရမယ်ဆိုတာကို ကျုပ်တို့ မသိဘူး . . .”
ဂျိဇန်းဖန်၏ မျက်နှာက စိုးရိမ်မှုအပြည့်ပင် ဖြစ်နေ သည်။
“ကျုပ်တို့အားလုံးက ဒီအတိုင်းပဲ သေရမယ့်အချိန် ကို ထိုင်စောင့်နေရမှာလား . . .”
အခြားလူများအားလုံးမှာ ထိုအချိန်ထိ နှုတ်ဆိတ် နေကြသော်လည်း ရဲရှောင်ကိုမူ မျှော်လင့်ချက်များပြည့် နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ရဲရှောင်မှာ ပြုံးရုံသာ ပြုံးလိုက်တော့သည်။
(အင်း ဒီလူတွေ အားလုံးက တကယ်ဉာဏ်ကောင်း ကြတာပဲ၊ ငါ့ရဲ့စည်းရုံးမှုတွေက အလဟသတော့ မဖြစ် ပါဘူးလေ . . .)
တကယ်တမ်းတွင် ဂျိဇန်းဖန်က ရဲရှောင် ဖြစ်စေချင် သည်ကို ကောင်းစွာ နားလည်နေ၍ ရဲရှောင်အတွက် စကားလမ်းကြောင်း ခင်းပေးနေခြင်းပင် ဖြစ်၏။
“ကိုယ့်လူတို့ ကျုပ်တို့အားလုံးက မိသားစုဝင်တွေ ချည်းပဲ၊ ခင်ဗျားတို့အများစုကလည်း တစ်ကောင်ကြွက် တွေ မဟုတ်ကြဘူး မိသားစုကိုယ်စီနဲ့ပဲလေ ဒီလိုပဲ ကျုပ်မှာလည်း ဂျိမျိုးနွယ်စုရှိတယ် . . .”
“တကယ်လို့ လျှို့ဝှက်အဖွဲ့အစည်းကြီးကသာ ဂျိ မျိုးနွယ်စုကို တိုက်ခိုက်လာမယ်ဆိုရင် ကျုပ်နှစ်ပေါင်း များစွာ တည်ဆောက်ထားရတဲ့ ဒီဂျိမျိုးနွယ်ကြီးလည်း ပျက်စီးသွားရမှာပဲ . . .”
ဂျိဇန်းဖန်မှ စိတ်မသက်မသာဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
ထိုအချိန် အားလုံးမှာလည်း မျက်နှာပျက်ယွင်း၍ သာ ရှိနေသည်။
ယခုရှိနေသာလူများအနက် အများစုမှာ အချို့သော ဂိုဏ်းများ၊ မျိုးနွယ်စုများ၏ ခေါင်းဆောင်များ ဖြစ်ကြ သည်။
ထို့ကြောင့် ဂျိဇန်းဖန်‌ပြောသည့် အချက်များက သူ တို့နှင့်လည်း ကိုက်ညီနေသည် မဟုတ်ပါလား။
(တိုက်ပွဲသာ စတင်လာမည်ဆိုရင် ဂျိမျိုးနွယ်စုက ပျက်စီးသွားလိမ့်မယ် ဒါဆိုရင် ငါတို့ကရော . . .)
(ငါတို့လည်း ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ရမှာပဲ မဟုတ်လား . . .)
(ဒီလိုအိပ်မက်ဆိုးမျိုးကို ငါတို့ ဘယ်လိုများ ရင်ဆိုင် နိုင်မှာလဲ၊ ငါတို့ဂရုစိုက်ရတဲ့ လူတွေ ငါတို့မျိုးနွယ်စုတွေ ဒီအတိုင်း ငါတို့ရှေ့မှာ ပျက်စီးသွားရမှာကို စောင့်ကြည့် နေရမှာလား . . .)
(ငါတော့ စောင့်နေပြီး မသေချင်ဘူး ဒါပေမယ့် ငါ ဘာလုပ်နိုင်မလဲ . . .)
(အဲဒီ လျှို့ဝှက်အဖွဲ့အစည်းကြီးဆိုတာ သိပ်ပြီးကို အင်အားကြီးလွန်းတယ် ငါတို့က ခုခံနိုင်မှာတဲ့လား)
ထိုအချိန် ဂျိဇန်ဖန်၏ အသံကြောင့် အားလုံးမှာ အတွေးစ ပျက်သွားကြသည်။
“လျှို့ဝှက် အဖွဲ့အစည်းကြီးက အင်အားကြီးတယ် ဆိုတာကို ကျုပ်တို့ လက်ခံတယ်၊ ချင်းရန်နယ်ပယ်ကြီး တစ်ခုလုံးကိုတောင် အုပ်စိုးနိုင်စွမ်း ရှိလိမ့်မယ် . . .”
“ဒါပေမယ့် ကျုပ်တို့တွေ အတူတူစုပေါင်းလိုက်မယ် ဆိုရင်ရော အင်အားကြီးမသွားနိုင်ဘူးလား၊ ကျုပ်တို့မှာ ထိပ်သီး အဆင့်ပညာရှင် ဘယ်နှစ်ယောက်လောက် ရှိ မလဲ၊ အဲဒီလူတွေကိုသာ စုစည်းလိုက်မယ်ဆိုရင် တစ်ဖွဲ့ ချင်း နေတာထက် ပိုပြီးခုခံနိုင်မယ်ထင်တာပဲ . . .”
“အင်း တစ်ခုတော့ရှိတယ် ကျုပ်တို့ကို ဦးဆောင် မယ့် လူလိုတယ်၊ ခေါင်းဆောင်လိုတယ် . . .”
“ကျုပ်တို့ဆီ ရောက်လာမယ့် မုန်တိုင်းကို ခုခံနိုင်ဖို့ ကျုပ်တို့အတွက် ခေါင်းဆောင်လိုတယ် . . .”
ပြောပြောဆိုဆိုဖြင့် ဂျိဇန်းဖန်မှ ရဲရှောင်ဘက်သို့ ဒူး ထောက်ထိုင်ချလိုက်ရင်း ကျယ်လောင်သောအသံဖြင့် -
“ကြီးမြတ်လှတဲ့ ရှောင်ဧကရာဇ်က ဒီကို ရောက်နေ ပြီ သူက ချင်းရန်နယ်ပယ်မှာ အစွမ်းထက်ဆုံး လူပဲ၊ သူ အကောင်းဆုံး ဖြစ်နေရတာ ကျင့်ကြံမှုအဆင့် တစ်ခု တည်းကြောင့် မဟုတ်ဘူး သူ့ရဲ့ ကြီးမြတ်မှု၊ မှန်ကန်မှု၊ တရားမျှတမှု၊ ရဲရင့်မှု၊ သူရဲကောင်းဆန်မှုနဲ့ ကြင်နာမှု တွေကြောင့်ပဲ . . .”
ဂျိဇန်းဖန်မှ အားမာန်အပြည့်ဖြင့် အော်ဟစ်၍ ပြော လိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now