1301-------1302

90 8 0
                                    

အခန်း (၁၃၀၁)(စာစဉ် ၉၃- အပိုင်း ၁၃)
“နွေဦးအဆင့် ကျင့်စဉ်”

ဂုဏ်သိက္ခာ ကင်းမဲ့သော လူများက ကိုယ့်စိတ်နှင့် နှိုင်း ရိုင်းကာ အခြားလူများကိုလည်း သူတို့ကဲ့သို့ ထင် မှတ်ကြသည်။

ယခုအခါ ဝုရှန်မှာလည်း ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့ ထွက်ပြေးသွားကြခြင်းမှာ ရှောင်ဧကရာဇ် အရေးနိမ့်နေ ခြင်းကြောင့်ဖြစ်မည်ဟု တွေးထင်လိုက်မိသည်။

အစပိုင်းတွင် ဇန်ယွန်ဖေ့တို့က အသက်ကိုပင် စွန့် ၍ တိုက်ခိုက်ခဲ့ကြသော်လည်း ယခုအခါ ထွက်ပြေး သွားကြပြီ မဟုတ်ပါလား။

သို့သော် ဝုရှန်က ၎င်းတို့ကို ထွက်ပြေးခွင့် ပေးလိမ့် မည် မဟုတ်။

မရရအောင် လိုက်ဖမ်း၍ ကလဲ့စားချေမည်သာ။

ညီအစ်ကိုနှစ်ယောက်မှာလည်း အချိန်ကိုက် ထွက် ပြေးသွားသည့်တိုင် ဝုရှန်၏ လက်မှ လွတ်ရန်မှာမူ အား နည်းလွန်းလှသေးသည်။

ထိုအချိန် ရဲရှောင်နှင့် မိန်းကလေးနှစ်ဦးမှာမူ ဝုဖကို သာ အာရုံစိုက်နေကြသည်။

ထို့ကြောင့် ဝုရှန်၏ စိတ်ထဲ၌ ရဲရှောင်တို့ ၃ ယောက် က ဇန်ယွန်ဖေ့တို့ကို ကယ်တင်လိမ့်မည်ဟု မထင်မှတ် ထားပေ။

ဇန်ယွန်ဖေ့တို့က ရဲရှောင်အပေါ် သစ္စာဖောက်သွား ခဲ့သည် မဟုတ်ပါလား။

သို့သော် အခြေအနေများက မထင်မှတ်ထားဘဲ ထပ်မံ ပြောင်းလဲသွားပြန်သည်။

ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာ သူမတို့၏ ဓားများကို ဝေ့ယမ်းလျက် ပြေးထွက်သွားကြ၍ ဖြစ်သည်။

စင်စစ် သူမတို့မှာ ဝုရှန်၏ လမ်းကို ပိတ်ဆို့လိုက် ကြခြင်း ဖြစ်သည်။

အကယ်၍ ဝုရှန်သာ ဇန်ယွန်ဖေ့တို့နောက် ဆက် လိုက်နေပါက မိန်းကလေးနှစ်ဦး၏ တိုက်ခိုက်မှုကို ခံရ မည်သာ။

ထို့ပြင် ဝုရှန်မှာ အပြည့်အဝ ပြန်မသက်သာသေး၍ ညီအစ်မနှစ်ဦး၏ တိုက်ခိုက်မှုကိုသာ ခံရပါက ထိုနေရာ မှာပင် သေဆုံးသွားနိုင်သည်။

ထို့ကြောင့် ဝုရှန်လည်း မစွန့်စားတော့ဘဲ နောက် သို့သာ လှည့်ကြည့်ကာ ဒေါသတကြီးဖြင့် -

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now