1289-------1290

83 3 0
                                    

အခန်း (၁၂၈၉)(စာစဉ် ၉၃- အပိုင်း ၁)
“မိစ္ဆာစွမ်းအင်”

ဖုန်မှုန့်များ လွင့်ပျယ်သွားသည့်အချိန် ရဲရှောင်နှင့် ဝုဖတို့မှာ မိုင်တစ်ထောင်ခန့် ဆုတ်ခွာလိုက်ကြသည်။

ထိုအချိန် အရာအားလုံးကို ထိုးခွဲမတတ် ဖြစ်စေ နိုင်သည့် အေးစက်သောအလင်းတန်းတစ်ခု ထွက်ပေါ် လာပြန်သည်။

စင်စစ် ဝုဖလက်ထဲ၌ ဓားတစ်လက် ပေါ်လာခြင်း ဖြစ်၏။

ဓားမှာ သာမန်ပုံစံမျိုးရှိ၍ အနက်ရောင်ဖြစ်ပြီး ဝုဖ လက်ထဲ၌ တဆတ်ဆတ် တုန်ယင်နေသည်။

ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့မှာ သူတို့ မြင်နေသည့် မြင်ကွင်းကြောင့် မယုံနိုင်အောင်ပင် ဖြစ်နေကြ၏။

ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင် ဝုဖမှာ ဓားကိုပင် ထုတ်သုံးလိုက်ရပြီ မဟုတ်ပါလား။

ရှောင်ဧကရာဇ် လက်ဗလာဖြင့် ဖြစ်နေချိန် ဝုဖမှာ ဓားထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် မျက်နှာမှာလည်း ပျက်ယွင်းနေပြီး နှုတ်ခမ်း ထောင့်၌ သွေးစသွေးနအချို့ပင် ရှိနေသည်။

ဇန်ယွန်ဖေ့တို့မှာမူ ထိုမြင်ကွင်းကြောင့် အလွန် အံ့ အားသင့်သွားကြသည်။

(ဝုဖက ဒဏ်ရာရသွားတာလား၊ သူ့ဘက်က လက် နက်ကိုတောင် အရင်ထုတ်လိုက်ရပြီပေါ့ . . .)

(ဒါဆိုရင် ဝုဖက အရေးနိမ့်နေတဲ့ သဘောလား)

(ဘယ်လိုဖြစ်နိုင်မှာလဲ ရဲရှောင်က ပိုပြီးတော့ ဒဏ် ရာရရမှာ မဟုတ်ဘူးလား . . .)

ရဲရှောင်၏ မျက်နှာကို လှမ်းကြည့်လိုက်ချိန်တွင် လည်း ဝုဖကဲ့သို့ပါပင်။

မျက်နှာတစ်ခုလုံး နီရဲနေပြီး နှုတ်ခမ်းထောင့်တွင် သွေးစသွေးနအချို့ ရှိနေသည်ကို တွေ့လိုက်ရ၏။

သို့သော် ဟိတ်ဟန်မှာမူ ယခင်အတိုင်း တည်ငြိမ် မြဲ တည်ငြိမ်ဆဲပါပင်။

ဝုဖမှ လက်နက်ကို ထုတ်သုံးသည့်တိုင် ရဲရှောင်မှာ မူ လက်ဗလာဖြင့် ရှိနေသေးသည် မဟုတ်ပါလား။

ဝုဖကဲ့သို့ သူ့လက်နက်ကို ထုတ်သုံးမည့် ပုံလည်း မပေါ်ချေ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now