1347--------1352

97 4 0
                                    

အခန်း (၁၃၄၇)(စာစဉ် ၉၇- အပိုင်း၃)
“နေရောင်ဂိုဏ်း၏ နေဝင်ချိန်”

“ကိုယ့်ကိုယ်ကိုယ်လည်း ပြန်စဉ်းစား ကြည့်ပါဦး၊ ခင်ဗျားတို့က ခင်ဗျားတို့ လိုချင်လာပြီဆိုရင် ယုတ်မာ ရိုင်းစိုင်းပြီး အပြစ်မဲ့တဲ့ လူတွေကိုတောင် သတ်ဖြတ်ခဲ့ ကြတယ် မဟုတ်လား . . .”
“လိဝူလျန်နေတဲ့ တောင်တန်းကို ခင်ဗျားတို့ အပိုင် သိမ်းခဲ့တုန်းကလည်း သူ့ကို သတ်ဖြတ်ပြီး သူပိုင်ဆိုင် တဲ့ တောင်ကို အပိုင်စီးခဲ့ကြတယ်၊ အဲဒီနေရာက အပြစ် မဲ့တဲ့ လူတွေလည်း သတ်ဖြတ်ခံခဲ့ရတယ် . . .”
“ခင်ဗျားတို့ နေရောင်ဂိုဏ်းက စတည်ရှိခဲ့ကတည်း က အပြစ်မဲ့တဲ့ လူတွေကို သတ်ဖြတ်ခဲ့တယ်၊ ဘယ် လောက်တောင်လဲဆိုရင် ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အ တွင်းမှာ ဘီလီယံနဲ့ချီတဲ့ အပြစ်မဲ့တဲ့ လူတွေ ခင်ဗျားတို့ ကြောင့် အသတ်ခံခဲ့ရတယ် . . .”
ရဲရှောင်မှ ဒေါသတကြီး ပြောလိုက်သည်။
“လိဖေ့ချန် . . .”
“ဖြေစမ်းပါဦး ခင်ဗျားက ဘာလဲ၊ ခင်ဗျားရဲ့ နေ ရောင်ဂိုဏ်းဆိုတာကရော ဘာလဲ၊ ခင်ဗျားတို့က အပြစ် မဲ့တဲ့ လူတွေကို ဂရုစိုက်တတ်တဲ့ လူတွေလား ပြော”
“ခင်ဗျားတို့ ရှိတဲ့နေရာမှာ အပြစ်မဲ့တဲ့ လူတွေရဲ့ ငို ကြွေးသံတွေပဲ ရှိတယ်၊ ခင်ဗျားတို့ကြောင့်ပဲ လူတွေ ခံ စားခဲ့ရတာ၊ အခုနောက်ဆုံး ခင်ဗျားတို့ စိုက်ပျိုးခဲ့တာ တွေကို ခင်ဗျားတို့ ပြန်ရိတ်သိမ်းရတော့မယ်၊ အားလုံး က ခင်ဗျားတို့ လုပ်ခဲ့တဲ့ အကျိုးဆက်တွေပဲ . . .”
“အဲဒါကိုများ အပြစ်မဲ့တဲ့ လူတွေကို ချမ်းသာမပေး ဘူးဆိုပြီး ဘာလို့ အပိုတွေ လာပြောနေတာလဲ၊ အရှက် မဲ့တဲ့ လူတွေက ပိုပြီး အသက်ရှည်ကြတယ် ဒါပေမယ့် ခင်ဗျားကိုတော့ ဒီလောက်ထိ အရှက်မဲ့လိမ့်မယ်လို့ ကျုပ်မထင်ခဲ့မိဘူး၊ နည်းနည်းပါးပါးတောင်မှ အရှက် သိက္ခာကို မငဲ့နိုင်တော့ဘူးလား . . .”
ရဲရှောင်မှ ခနဲ့တဲ့တဲ့ ပြောလိုက်၏။
“ဝတ်ရုံနက်နဲ့ လူတွေက ရက်စက်ပြီး ကြမ်းတမ်း တယ် ဆိုပေမယ့် ကျုပ်သိသလောက်တော့ သူတို့က ကျင့်ကြံမှု ပညာရှင်တွေကိုပဲ သတ်ဖြတ်ကြတာ၊ သူတို့ လက်ချက်နဲ့ သာမန်လူတွေ အသတ်မခံရဖူးဘူး . . .”
“နောက်ပြီး သူတို့ပေါ်လာပြီးနောက်ပိုင်းမှာ သတ် ဖြတ်ခဲ့တဲ့ လူတွေက နေရောင်ဂိုဏ်း သတ်ဖြတ်ခဲ့တဲ့ လူ တွေထက်စာရင် အများကြီးကို နည်းနေသေးတယ်”
“ကျုပ် အဲဒီအဖွဲ့စည်းကြီးကိုလည်း အပြတ်ရှင်းမှာ၊ ဒါပေမယ့် သူတို့ကို မရှင်းခင် ခင်ဗျားတို့ကို အရင်ဆုံး အပြတ်ရှင်းရမယ်၊ သူရဲကောင်း ဖြစ်ချင်းမဖြစ်ချင်းတွေ ကို ကျုပ် ဂရုမစိုက်ဘူး၊ ကျုပ်က ဘယ်တုန်းကမှလည်း သူရဲကောင်း မဟုတ်ဘူး . . .”
“ခင်ဗျားတို့ကို သတ်ရမယ်ဆိုတာက ခင်ဗျားတို့နဲ့ အဖွဲ့အစည်းကြီးကို အတူပူးပေါင်းပြီး ရင်မဆိုင်ချင်လို့ ပဲ၊ နေရောင်ဂိုဏ်းလို ဂိုဏ်းမျိုးနဲ့ ကျုပ် မဟာမိတ် လုံးဝ မလုပ်ချင်ဘူး . . .”
“အဲဒီတော့ ခင်ဗျားတို့လို ယုတ်မာတဲ့ ဂိုဏ်းတစ်ခု က အသက်ရှင်နေတာ ဘာအဓိပ္ပာယ်မှ မရှိဘူး၊ ခင်ဗျား တို့ကို အပြတ်ရှင်းတဲ့ နေရာမှာ နောက်ကျတယ်ဆိုတာ လည်း မရှိပါဘူး . . .”
ရဲရှောင်မှ ပြုံးလျက်ပင် ပြောလိုက်သည်။
ထို့နောက် အဝေးရှိ မီးခိုးများကို ညွှန်ပြလိုက်ရင်း -
“တွေ့လား ခင်ဗျားတို့က ကြမ္မာဆိုးဝင်ပြီ နေရောင် ဂိုဏ်းက သမိုင်းမှာပဲ ကျန်ရှိခဲ့တော့မှာ  . . .”
ထို့နောက် ပြေးလွှားနေကြသူများဘက်သို့ ညွှန်ပြ လိုက်ပြန်ရင်း -
“ခင်ဗျားလူတွေကိုလည်း ကြည့်လိုက်စမ်းပါဦး သူ တို့ ဂိုဏ်းကို သစ္စာမစောင့်သိနိုင်တော့ဘူး၊ သူတို့က လွတ်မြောက်ဖို့အတွက် ဘယ်လောက်တောင် မြန်မြန် ပြေးနေလဲဆိုတာ တွေ့လား . . .”
“နေရောင်ဂိုဏ်းက လူတွေအားလုံးကို သတ်လိုက် လို့သာ ပြောလိုက်ရင် တစ်ရက်တည်းနဲ့ ခင်ဗျားတို့ လူ တွေ အကုန်လုံး သေသွားရမယ်ဆိုတာကို ယုံလား . . .”
သွေးအေးအေးဖြင့် ပြောနေသော ရဲရှောင်၏ စကားများကို နားထောင်ရင်း လိဖေ့ချန် မခံစားနိုင် တော့။
ထို့ကြောင့် ကျယ်လောင်စွာ အော်ဟစ်ရင်း ပါးစပ်မှ သွေးများ အန်ထွက်သွားပြန်သည်။
“ခင်ဗျား ရှက်နေတာလား ဒါမှမဟုတ် ဒေါသထွက် နေတာလား . . .”
ရဲရှောင်မှ ပြုံးလျက် မေးလိုက်၏။
“ကျုပ်ကတော့ တစ်ခုမှ မဟုတ်ဘူးလို့ ထင်တယ်၊ ခင်ဗျားက တကယ်တော့ စိတ်ဓာတ်ကျနေတာပဲ . . .”
“အခု ခင်ဗျားမှာ ဒုက္ခ ၂ မျိုးရှိတယ်၊ ပထမ တစ် မျိုးက အင်အားကြီးတဲ့ လူကို လက်စားချေဖို့နဲ့ နောက် တစ်ခုကတော့ လက်ရှိအခြေအနေကနေ လွတ်မြောက် ဖို့ နည်းလမ်း ရှာဖို့ပဲ . . .”
“ခင်ဗျားက ဒီဒုက္ခ ၂ မျိုးကို တစ်ရက်တည်းနဲ့ ကြုံ လိုက်ရတာပဲ . . .”
လိဖေ့ချန်မှ ဒေါသတကြီးဖြင့် -
“ရဲရှောင် . . .”
“နေရောင်ဂိုဏ်းဆိုတာ နှစ်ပေါင်း သောင်းနဲ့ချီပြီး တည်တံ့လာခဲ့တာ ဒါတွေအားလုံး ပျက်စီးအောင် မင်း လုပ်ခဲ့တာပဲ၊ ငါတို့အားလုံးကို ဒီလိုအခြေအနေရောက် အောင် မင်းလုပ်ခဲ့တာ . . .”
“ငါမင်းကို လုံးဝခွင့်မလွှတ်ဘူး မင်းကို ငါနဲ့အတူတူ သေရွာကို ခေါ်သွားမယ် . . .”
စကားအဆုံးတွင် လိဖေ့ချန်မှာ အရူးတစ်ယောက် ကဲ့သို့ပင် ရုတ်တရက် ထခုန်လိုက်သည်။
သူ၏ လက်ဝါးများမှာ ရဲရဲနီလျက်ရှိပြီး မျက်လုံး များမှာလည်း အမုန်းတရားများဖြင့် ပြည့်နေသည်။
“ထင်ထားတဲ့အတိုင်း ခင်ဗျားက နောင်တမရဘူးပဲ၊ ခင်ဗျားက တကယ်ကို သေဖို့ထိုက်တန်တယ် . . .”
ရဲရှောင်လည်း အေးစက်စက် ပြုံးလိုက်ပြီးနောက် လက်ဝါးရိုက်ချက် တစ်ချက်ကို ပြုလုပ်လိုက်သည်။
“သွားပေတော့ နေရောင်ဂိုဏ်း . . .”
“ဘုန်း . . .”
ထိုရိုက်ချက်ကြောင့် လိဖေ့ချန်မှာ ဘောလုံး တစ် လုံးကဲ့သို့ပင် အဝေးသို့ လွင့်ထွက်သွားတော့သည်။
ရဲရှောင်က သာမန်လက်ဝါးရိုက်ချက် တစ်ချက်သာ ပြုလုပ်လိုက်ခြင်း ဖြစ်သော်လည်း လိဖေ့ချန်မှာမူ ပေ သုံးလေးထောင်ခန့်သို့ လွင့်ထွက်သွားခြင်း ဖြစ်သည်။
ထို့ပြင် ပြင်းထန်လှသော အရှိန်ကြောင့် အရိုးများ အားလုံးလည်း ကျိုးကြေကုန်သည်။
ထိုသို့ အရိုးများအားလုံး ကျိုးကြေကုန်၍ လိဖေ့ချန် ထံ၌ အသားများသာ ကျန်ရှိတော့သည်။
ထို့ကြောင့် အသားလုံးကြီး တစ်ဖြစ်လဲ လိဖေ့ချန် မှာ နေရောင်ဂိုဏ်း ပင်မခန်းမကြီး၏ အပြင်ဘက်ရှိ ရွှေ ရောင်ခေါင်းလောင်းကြီးကို အရှိန်ပြင်းပြင်းဖြင့် ထိမှန် သွားသည်။
ထိုခေါင်းလောင်းကြီးမှာ ဂိုဏ်းကို တည်ထောင်ခဲ့သူ ပထမဆုံး ဂိုဏ်းချုပ်မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ခေါင်းဆောင်းကြီး မြည်သည်နှင့် ဂိုဏ်းသားများမှာ မည်သည့်ကိစ္စ ရှိနေပါစေ ပင်မခန်းမကြီးထဲ၌ စုရုံးခဲ့ ကြရသည်။
ထို့ကြောင့် ခေါင်းလောင်းကြီးက နေရောင်ဂိုဏ်း၏ နှစ်ပေါင်းသန်းနှင့်ချီသော သမိုင်းဝင် အမွေအနှစ်တစ်ခု ဟုပင် ဆိုရမည်။
ထိုသို့ ခေါင်းလောင်းကြီးမှာ ကြီးမြတ်လှ၍ တီးခဲလှ ပြီး အထိမ်းအမှတ်ပွဲများ၊ ပူဇော်ပွဲများ၌သာ ဒူးထောက် အရိုအသေ ပြုလေ့ရှိကြသည်။
သို့သော် ယခုအခါတွင်မူ နေရောင်ဂိုဏ်း၏ နံပါတ် ၁ သက်ကြီးပညာရှင်ကြီးမှာ အသားလုံးကြီးဖြစ်သွား ပြီး ခေါင်းလောင်းကြီးကို ပြင်းစွာ ထိမှန်သွားခဲ့လေပြီ။
“ဒေါင် . . .”
ထိမှန်သွားသည့် အသံက ကျယ်လောင်လွန်း၍ မိုင် ထောင်ချီ ပတ်ချာလည်ရှိ လူများပင် ထိုအသံကို ကြား လိုက်ကြရသည်။
ခေါင်းလောင်းသံကြီးကို ထိုသို့ ကြားလိုက်ရသည့် တိုင် ဂိုဏ်းသားများမှာ ဆောက်တည်ရာမရ ပြေးလွှား နေကြတုန်းပါပင်။
မည်သူမှ နောက်ကို လှည့်၍ မကြည့်ကြတော့သလို ခေါင်းလောင်းကြီးကိုလည်း မည်သူမှ စိတ်မဝင်စားကြ တော့ပေ။
ခေါင်းလောင်းကြီးက ယခင်က မည်မျှထိ မြင့်မြတ် သည့် ပစ္စည်းတစ်ခုဖြစ်ခဲ့ပါစေ ယခုအခါတွင်မူ တန်ဖိုးမဲ့ နေပြီ မဟုတ်ပါလား။
နောက်ဆုံးတွင် နေရောင်ဂိုဏ်း၏ သင်္ကေတဖြစ် သော ရွှေခေါင်းလောင်းကြီးမှာ ကျယ်လောင်စွာ မြည် ဟီးသွားပြီးနောက် တစစီအက်ကွဲသွားတော့သည်။
ထို့နောက် မူလ ဂိုဏ်းချုပ်ကြီး၏ ခန်းမကြီးမှာ လည်း ပျက်စီးသွားပြီး ဖုန်မှုန့်များမှာ နေရာအနှံ့သို့ ပျံ့ လွင့်သွားသည်။
ဝရမ်ချူးချူးလည်း ဖုန်မှုန့်များကြားမှ ကောင်းကင် ထက်သို့ မော့ကြည့်လိုက်ပြီး အသံကျယ်ကြီးဖြင့် -
“ဆရာတွေ့လား . . .”
“ကြည့်စမ်းပါဦး နေရောင်ဂိုဏ်းကြီး ပျက်စီးသွားခဲ့ ပြီ၊ ကျွန်မ ဆရာ့အတွက် ကလဲ့စားချေတာ အောင်မြင် သွားပြီ . . .”
သူမ၏ ထိုအော်သံကြောင့် ကောင်းကင်ယံထက်ရှိ တိမ်တိုက်များပင် လွင့်ပြယ်သွားသည်။
ထို့နောက် သူမလက်ထဲရှိ အလင်းတန်းများ လင်း လက်နေသော ဓားဖြင့် နေရောင်ဂိုဏ်း တည်ရှိရာ တောင်ကြီးကို ခုတ်ပိုင်းချလိုက်၏။
ထိုဓားချက်တွင် ဝရမ်ချူးချူး၏ စွမ်းအင် အကုန် အစင် ပါဝင်နေ၍ ကမ္ဘာကြီးကိုပင် တုန်လှုပ်နိုင်စွမ်း ရှိ နေသည်။
“ဘုန်း . . .”
ကျယ်လောင်သော အသံကြီးနှင့်အတူ တောင်ကြီး မှာ နှစ်ပိုင်းပြတ်ထွက်သွားလေသည်။
တဖန် ခဏအကြာတွင် -
“ဘုန်း . . .”
စူးရှလှသော ရောင်စုံအလင်းတန်းများ ထွက်ပေါ် လာပြန်ပြီး ထိုအလင်းတန်းများက သက်တန့်များ အ လား အရပ်မျက်နှာ အသီးအသီးမှ တောင်ကြီးထံသို့ တိုးဝင်သွားကြပြန်သည်။
ခဏအကြာတွင် အဖြူရောင် အလင်းတစ်ခုမှာ မြေ ပြင်ပေါ်မှ ကောင်းကင်ပေါ်သို့ တိုးထွက်သွားပြီး ‌အသူ ရာ နေမင်းကြီးအလား လင်းလက်သွားပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now