1492-----1495

83 1 0
                                    

အခန်း (၁၄၉၂ - က)(စာစဉ် ၁၁၄- အပိုင်း ၈)
“ရဲမျိုးနွယ်၏သွေးနှင့် အနီရောင်ကောင်းကင်”
ရဲရှောင်မှာ တည်တည်ငြိမ်ဖြင့်ပင် ဘူရှန်းဖန်အား ကြည့်လိုက်ပြီး -
“ခင်ဗျားက ဘာတွေသိပ်ပြီးခံစားနေတာလဲ ကျုပ်ပြောတာ ရယ်စရာများပါနေလို့လား ဟုတ်ပါတယ် ခင်ဗျား ပြောသလို ကျုပ်က မူလနတ်သမီးအဆင့်နှစ်ပဲရှိသေးတော့ အားနည်းသေးတယ်၊ အဲဒီလိုအားနည်းလို့ ကျုပ်အတွက် သက်တော်စောင့်တစ်ယောက်လိုတယ်လို့ ဘာလို့မတွေးနိုင်ရတာလဲ . . .”
“အားနည်းတဲ့အတွက် ကျုပ်ကိုလုံခြုံအောင်လုပ်ပေးနိုင်တဲ့ တစ်စုံတစ်ယောက်ကို ကျုပ်လိုအပ်တယ်လေ၊ တကယ်လို့ ကျုပ်သာ ကောင်းကင်ဘုရင် ၅ ပါးလောက် အင်အားကြီးနေရင် သက်တော်စောင့်လိုပါဦးမလား . . .”
ရဲရှောင်မှ ဘူရှန်းဖန်အားကြည့်ရင်း ပြောလိုက်ပြန်သည်။
“ခင်ဗျားက ကျုပ်ကိုနောက်နေတာလား ဒါမှမဟုတ် ခင်ဗျားဈေးမြှင့်ဖို့ကြိုးစားနေတာလား . . .”
(ဘာ . . . နောက်နေတာလား ဈေးမြှင့်ဖို့ကြိုးစားနေတာလား ဟုတ်လား . . .)
ဘူရှန်းဖန်မှာ တွေးရင်းဖြင့် အံ့ဩသွားမိသည်။ ထိုစကားလုံးများက သူပြောချင်သည့် စကားလုံးများဖြစ် သည့်တိုင် ရဲရှောင်က လက်ဦးမှုရယူကာ ပြောသွားခဲ့လေသည်။
ရဲရှောင် ထိုမျှလောက်ထိ ယုံကြည်မှုရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့မိချေ။ သို့သော် သူ့စိတ်ထဲ ရဲရှောင်ပြော သည်မှာလည်း မှန်ကန်နေသည်ကို ခံစားလိုက်ရသည်။ အကယ်၍ ရဲရှောင်သာ ဘူရှန်းဖန်ထက် အင်အားကြီးနေ ပါကအဘယ့်ကြောင့် သက်တော်စောင့် လိုအပ်နေပါမည်နည်း။
ယခုအခါတွင် ဘူရှန်းဖန်မှာ အင်အားကြီးနေ၍ ရဲရှောင်ကို အပြည့်အဝ ကာကွယ်ပေးနိုင်နေသည်။ ဤသည် မှာ ရိုးရှင်းသောအမှန်တရားပင်ဖြစ်၏။ ထိုသို့ဆိုလျှင် ထိုမျှရိုးရှင်းသောအမှန်တရားကိုပင် ဘူရှန်းဖန် အဘယ့်ကြောင့် တုန်လှုပ်သွားရပါသနည်း။
“ကျုပ်က ခင်ဗျားအကူအညီရဖို့အတွက် အခွင့်အရေးပေးနေတာ နောက်ပြီး ခင်ဗျားသာ ကျုပ်လူဖြစ်သွား ရင် ခင်ဗျားရဲ့ ကို့ရို့ကားယားနိုင်တဲ့အခြေအနေကို ကျုပ်က ဘယ်သူ့ကိုမှပြောမှာမဟုတ်ဘူးလေ၊ အဲဒီလိုသာဆိုရင် ခင်ဗျားလည်း စိတ်သက်သာရာရသွားမှာပဲ မဟုတ်ဘူးလား . . .”
“ငါကစိတ်သက်သာရာရသွားမယ် ဟုတ်လား၊ ငါကမင်းလူဖြစ်သွားရင် မင်းကလည်း ငါသတ်မှာကို စိုးရိမ်နေ စရာမလိုတော့ဘူးပေါ့ ဟုတ်တာပဲ ဒါလည်းအမှန်တရားပဲ . . .”
ဘူရှန်းဖန်မှာ အတွေးများဖြင့် ခေါင်းထဲတွင် ဝေဝါးလျက်ရှိနေသည်။
“ကျုပ်တို့ အသက်ရှင်ချင်တယ်ဆိုရင် တစ်စုံတစ်ခုကိုတော့ ကျုပ်တို့စွန့်လွှတ်ရမှာပဲလေ၊ အရာအားလုံးက တန်ဖိုးရှိတယ် အဲဒါကြောင့် ကိုယ်လိုချင်တာပဲ သိမ်းကြုံးယူပြီး ဘာမှပြန်မပေးဘူးဆိုတာတော့ မဟုတ်သေးဘူး၊ အဲဒါထက် ခင်ဗျား ကျုပ်ဘက်မှာရှိသွားတာနဲ့ ခင်ဗျားရဲ့ အကျည်းတန်တဲ့ အခြေအနေကို ကျုပ်ဘယ်သူ့ကိုမှ မပြော ပြပါဘူး ကတိပေးတယ် . . .”
ရဲရှောင်မှ ပြုံးလျက်ပြောလိုက်၏။
“ထိပ်တန်းပညာရှင်အဆင့်စာရင်းမှာ နံပါတ်အစွမ်းထက်ဆုံးလူ၊ ဟုန်ချန်အဆင့်စာရင်းမှာ ထိပ်ဆုံး ၁၀၀ စာရင်းထဲမှာပါတဲ့ နှုတ်ဆက်ဓားသမားက ကျုပ်ရဲ့ခြေထောက်ကိုကိုင်ပြီး နောက်ကနေ တောင်းပန်နေခဲ့တာနော်၊ သူတို့သာ ဒီအကြောင်းတွေသိသွားရင် ဘယ်သူမှ ခင်ဗျားကို ငှားချင်ကြတော့မှာမဟုတ်ဘူး၊ ကျုပ်ကအခု ခင်ဗျားကို မျက်နှာသာပေးနေတာ စဉ်းစားပေါ့ . . .”
“တော်စမ်း . . .”
ဘူရှန်းဖန်မှ နီရဲနေသောမျက်နှာကြီးဖြင့် အော်ဟစ်လိုက်၏။
“ဟား . . . ဟား . . . ဟား . . .”
မိစ္ဆာဝိညာဉ်နက်မှာလည်း နောက်ဆုံးတွင် မထိန်းနိုင်တော့၍ ရယ်မောလိုက်တော့သည်။
“သခင်လေး . . . သခင်လေးက သိပ်ပြီးမအရှာဘူးပဲ . . .”
“လူတိုင်း ကိုယ်လိုချင်တာပဲ သိမ်းကြုံးယူလို့ရမလားဆိုတဲ့စကားက သိပ်ပြီးတော့ မမှန်တော့ဘူးထင်တယ်၊ ဒီအတိုင်းသာဆို သခင်လေးဘက်ကပဲ အကျိုးရှိနေမှာပေါ့ . . .”
မိစ္ဆာဝိညာဉ်နက်မှာ ရဲရှောင်ကို အလွန်လေးစားနေမိပြီဖြစ်သည်။
မည်မျှထိဆိုလျှင် ဒူးထောက်၍ပင် လေးစားမှုကိုပြသချင်နေမိပြီဖြစ်၏။
သို့သော် ဘူရှန်းဖန်၏ မီးဝင်းဝင်းတောက်နေသော မျက်လုံးများကို မြင်လိုက်ရ၍ ထိုအတွေးကို လက်လျှော့ လိုက်ရပြီး ဆက်ပြီးလည်း မရယ်ဝံ့တော့ချေ။
ထိုစဉ် ရဲရှောင်မှ -
“အစ်ကိုဘူ . . . ခင်ဗျားကို ကျုပ်ကတိတစ်ခုပေးနိုင်တယ်၊ ခင်ဗျားသာ ကျုပ်ရဲ့သက်တော်စောင့်ဖြစ်သွားရင် ဒီလူ့ကို ခင်ဗျားကြိုက်သလိုလုပ်နိုင်တယ် . . .”
“အခုကြည့်လိုက်စမ်းပါဦး . . . သူခင်ဗျားကို ပြောနေတဲ့ပုံကို ခင်ဗျားတကယ်ပဲခံနိုင်လား၊ ကျုပ်သာခင်ဗျား နေရာမှာဆိုရင် မခံဘူး . . .”
ရဲရှောင်မှ မိစ္ဆာဝိညာဉ်နက်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။
“ခင်ဗျားရဲ့ဒေါသတွေကို နေ့စဉ်နဲ့အမျှ သူ့အပေါ်ပုံချနိုင်မယ်၊ ဒီလိုသာဆို သိပ်ပြီးတော့ ခံစားလို့ကောင်းမှာပဲ မဟုတ်လား . . .”
“ဘယ်လို . . .”
ရဲရှောင်စကားကြောင့် မိစ္ဆာဝိညာဉ်နက်မှာ အလွန်ထိတ်လန့်တုန်လှုပ်သွားလေသည်။
(ဆရာသမားကတော့ ငါ့ကိုလုပ်ပြီ၊ ငါအရင်တုန်းက သူ့ရဲ့အစ်ကိုနက်လေ အခုတော့ အစ်ကိုဘူရောက်တာနဲ့ ပဲ အစ်ကိုနက်ကို စွန့်ပစ်တော့မလို့လား . . .)
ဘူရှန်းဖန်မှာမူ မကျေမချမ်းဖြင့် မိစ္ဆာဝိညာဉ်နက်ကို လှမ်းကြည့်လိုက်၏။ သူ့စိတ်ထဲ ရဲရှောင် ပြောသည့် စကားကိုလည်း စိတ်ဝင်စားသွားမိလေသည်။
ထိုအချိန် မိစ္ဆာဝိညာဉ်နက်မှာ အတော်လေးပင် ငိုချင်သွားနေပြီဖြစ်သည်။
(သေစမ်း . . . ငါဘာများလုပ်ခဲ့မိလို့လဲ ငါရယ်မိခဲ့တာလေးပဲရှိတာလေ ဘာမှလည်း မလုပ်ခဲ့မိပါဘူး၊ ဒါတွေ ဆိုတာ ငါစီစဉ်ခဲ့တဲ့အရာတွေ မဟုတ်ပါဘူး ဒါတောင်သူကဘာလို့ ငါ့ကိုဒီလိုကြည့်နေရတာလဲ . . .)
“နောက်တစ်ချက်က ကျုပ်ရဲ့သက်တော်စောင့်ဆိုရင် ဆုကြေးကောင်းကောင်းရမှာ၊ ခင်ဗျားက သိုင်းလောက ထဲမှာ တစ်ကိုယ်တော် ကျင်လည်ခဲ့ရတာကြာပြီ၊ အဲဒီဘဝမှာ ခင်ဗျားအလုပ်ရဆုံးက အခကြေးငွေရတဲ့အလုပ်တွေကို ပြီးဆုံးအောင် လုပ်ပေးရတာပဲမလား . . .”
ရဲရှောင်မှ ဘူရှန်းဖန်အားကြည့်ကာ မေးလိုက်၏။
“ဟုတ်တယ် . . .”
ဘူရှန်းဖန်မှလည်း ခေါင်းညိတ်လိုက်ပြီး ဂုဏ်ယူဝံ့ကြွားသည့်ဟန်မျိုးဖြင့် ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် သိက္ခာမဲ့တဲ့အလုပ်မျိုးတွေကိုတော့ ငါဘယ်တော့မှမလုပ်ဘူး . . .”
(ဒီလူက တကယ့်အရူးပဲ . . .)
ရဲရှောင်စိတ်ထဲ ထိုသို့သာ တွေးလိုက်မိသည်။
သို့သော် အပြင်ဘက်တွင်မူ လက်ခုပ်လက်ဝါးတီးလိုက်ပြီး -
“ဟား . . . ဒါဆိုရင် ကျုပ်ရဲ့သက်တော်စောင့် ဘာလို့မဖြစ်ချင်ရတာလဲ၊ ကျုပ်ကို ကာကွယ်ပေးတဲ့အတွက် ခင်ဗျား အခကြေးငွေရမယ်လေ၊ ခင်ဗျားကို ကျုပ်ကငွေတွေပေးမှာပေါ့၊ ခင်ဗျားနဲ့ ထိုက်တန်တာထက်ကို ကျုပ်က ပို ပိုပြီးပေးဦးမှာ . . .”
“တခြားလူတွေအတွက်ဆိုရင်တောင် ဆုကြေးရဖို့အတွက် ခင်ဗျားက အချိန်နဲ့အမျှ အလုပ်လုပ်ပေးနေရတာ မဟုတ်လား၊ ဒါဆိုရင် ကျုပ်အတွက် ဘာကြောင့်များ မလုပ်ပေးနိုင်ရမှာလဲ၊ ခင်ဗျားစိတ်ထဲ ဘာတွေစဉ်းစားနေတာ လဲ၊ ခင်ဗျားစိတ်ရော မှန်သေးရဲ့လား၊ ဘာလို့ဒီလောက်ထိ မိုက်မဲနေရတာလဲ . . .”
ရဲရှောင်ပြောသည့်စကားများကို နားထောင်ရင်း ဘူရှန်းဖန်၏ခေါင်းတစ်ခုလုံး နောက်ကျိလာသလိုပင် ခံစား လိုက်ရ၏။ တကယ်တမ်း ရဲရှောင်ပြောသည့် စကားများက မှန်ကန်နေသည့်တိုင် သူ၏ကိုယ်ပိုင်ခံယူချက်အရ လက် မခံနိုင် ဖြစ်နေမိသည်။ သို့သော် ငြင်းဆန်ရန် စကားလုံးလည်း ရှာမရသည့်အတွက် စိတ်ရှုပ်နေမိလေသည်။
(သူပြောသလို ငါကစိတ်လွတ်သွားပြီလား . . .)
“အစ်ကိုဘူ . . . ခင်ဗျား တစ်ခုခုကို နားလည်မှုလွဲနေတယ်၊ ခင်ဗျားကို ကျုပ်က သက်တော်စောင့်အဖြစ် လုပ် ခိုင်းနေတာနော်၊ ကျုပ်အတွက် လုပ်ပေးရမယ့်အရာလေးတွေတော့ ရှိရင်ရှိမှာပေါ့ ဒါပေမယ့် ခင်ဗျားကို ကျုပ်က လေးစားမှုနဲ့ပဲပြောမှာပါ ခင်ဗျားက ကျုပ်ရဲ့ကျွန်မဟုတ်ဘူးလေ၊ အဲဒါတောင် ခင်ဗျားက ဘာလို့တွေဝေနေရတာလဲ”
ရဲရှောင်မှ ရှင်းရှင်းလင်းလင်းပင် ပြောလိုက်၏။
“ဒီမှာကြည့် ကျုပ်ကချမ်းသာတယ် ပိုက်ဆံဆိုတာကို ကျုပ်ကဂရုမစိုက်ဘူး အဲဒီတော့ ကျုပ်ဆီကနေ ငွေ တွေအများကြီး ခင်ဗျားရနိုင်မှာ မဟုတ်ဘူးလား ဒါပေမယ့် အဲဒီလိုငွေပေးတဲ့အတွက်လည်း ခင်ဗျားကို ကျုပ်က ဆိုး ဆိုးရွားရွား မဆက်ဆံပါဘူး . . .”
“နောက်ပြီးတော့ သက်တော်စောင့်တစ်ယောက်ရမယ့်ငွေထက် ၂ ဆပိုများတဲ့ငွေခင်ဗျားကိုပေးဦးမှာ၊ ဒါက တကယ့်ကိုအကျိုးရှိတဲ့အလုပ်လေ အဲဒါကို ခင်ဗျားက ဖျက်ဆီးချင်နေတာလား ဒီလိုမှမဟုတ်ရင် ဘာလို့ တွေဝေနေ ရတာလဲ . . .”
ရဲရှောင်မှ ဘူရှန်းဖန်အားကြည့်ကာ မေးလိုက်ပြန်သည်။
“ခင်ဗျား ဦးနှောက်ရောကောင်းသေးရဲ့လား . . .”
ဘူရှန်းဖန်မှာမူ ခေါင်းကိုသာတဗျင်းဗျင်းကုတ်နေပြီး ဘာပြောရမှန်းမသိအောင်ပင် ဖြစ်နေလေသည်။
ထို့နောက် လေသံတီးတိုးဖြင့် -
“နှစ်ဆဟုတ်လား . . . တကယ်ပဲလား . . .”
“ဟုတ်တာပေါ့ . . . တကယ်ပြောတာ နှစ်ဆပေးမယ်၊ ကျုပ်ကဘာလို့လိမ်ရမှာလဲ . . .”
ရဲရှောင်မှ ပြုံးလျက်ပြောလိုက်၏။
“ခင်ဗျားလည်း လက်ခံမယ်ဆိုတာ ကျုပ်သိပါတယ်၊ ခင်ဗျားလက်ခံမှာပါ ဟုတ်တယ်မလား၊ ဒါကအကျိုး အမြတ်အများကြီးရှိတဲ့ ကိစ္စလေ၊ ကျုပ်တို့က အခုဆိုရင် မိသားစုဝင်တွေဖြစ်သွားကြပြီ . . .”
ဘူရှန်းဖန်မှာ ကြောင်ငေးသွားပြီး -
“မိသားစု . . . ဟုတ်တယ် . . . ငါတို့ကမိသားစု . . .”
သို့သော် ခဏအကြာတွင် အသိစိတ်ပြန်ဝင်သွားပြီး ဒေါသတကြီးအော်ဟစ်လိုက်ပြန်သည်။
“ဘာမိသားစုလဲ . . . ငါဘာတွေပြောနေတာလဲ၊ ငါဒါကိုလက်မခံဘူး . . .”
ရဲရှောင်မှ မျက်မှောင်ကြုတ်လိုက်ရင်း -
“အဲဒါဆိုရင် ခင်ဗျားပဲ ဘာလို့နှစ်ဆဟုတ်လား တကယ်လားဘာညာဆိုပြီး မေးနေသေးတာလဲ . . .”
ဘူရှန်းဖန်မှ ဒေါသတကြီးဖြင့် -
“ငါကမေးရုံပဲမေးတာလေ . . .”
“ကျုပ်သိပါတယ် ဒါပေမယ့် ကျုပ်ခင်ဗျားကိုပြောလိုက်မယ်၊ နှစ်ဆကိုမဟုတ်ဘူး ခင်ဗျား တောင်းတဲ့ဈေးကို ကျုပ်ပေးမယ်ဗျာ . . .”
ရဲရှောင်မှ ခေါင်းကုတ်ရင်း ပြောလိုက်၏။
“ခင်ဗျားက ကိုယ့်စကားကို ရုတ်သိမ်းတော့မလို့လား ဒါမှမဟုတ် ဒီထက်ပိုပိုက်ဆံလိုချင်နေတာလား . . .”
(ကိုယ့်စကားကို ရုတ်သိမ်းတော့မလို့လား၊ ပိုက်ဆံပိုလိုချင်နေတာလား ဟုတ်လား . . .)
ရဲရှောင်၏စကားများကြောင့် ဘူရှန်းဖန် ခေါင်းများမူးဝေနေပြီဖြစ်သည်။
(ငါကလက်ခံတယ်လို့ ပြောခဲ့မိတာလား၊ ငါကငါ့စကားငါရုတ်သိမ်းမိတာလား၊ ငါကပိုက်ဆံပိုတောင်းမိခဲ့တာ လား၊ တကယ်ပဲငါအဲဒီလိုတွေလုပ်ခဲ့တာလား . . .)
“အစ်ကိုဘူ . . .”
“ကျုပ်တို့တွေ သဘောတူညီမှုလုပ်ထားတယ်လေ၊ ခင်ဗျားဓားကို ကျုပ်ပြန်ပြုပြင်ပေးမယ်လို့လည်း ကတိ ပေးထားတယ်၊ အဲဒီလိုပြုပြင်နိုင်ဖို့အတွက် ရှားပါးသတ္တုလိုတယ်ဆိုတာကိုလည်း ခင်ဗျားသိမှာပါ ပြီးတော့ သတ္တုက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို ခင်ဗျားသေချာပေါက်သိမှာပါ . . .”
ရဲရှောင်မှ ဘူရှန်းဖန်အားကြည့်ရင်း ပြောလိုက်သည်။
“နှုတ်ဆက်ဓားကို ခင်ဗျားအတွက် ကျုပ်ပြင်ပေးမယ် ပြီးတော့ ခင်ဗျားနဲ့ထိုက်တန်တာထက်ကို ၂ ဆ ကျုပ် ပေးမယ်၊ လိုအပ်တဲ့နေစရာနဲ့ စားစရာသောက်စရာတွေကိုလည်း ထောက်ပံ့ပေးမယ် အဲဒီအတွက် ခင်ဗျားအိတ်ထဲ က အဝါရောင်ဒင်္ဂါးပြား ၁ ပြားတောင် ထွက်စရာမလိုဘူး၊ ဒီထက်ကောင်းတဲ့အလုပ်ရှိသေးလား ပြောကြည့်ဦး . . .”
“သိုင်းလောကထဲမှာ ဒင်္ဂါးပြားလေးနည်းနည်းအတွက်နဲ့ လူတွေသတ်ဖြတ်နေတာထက်စာရင် အများကြီး ပို ကောင်းပါတယ်၊ ခင်ဗျားကို ကျုပ်ကသဘောကျတဲ့အတွက် ခင်ဗျားဈေးကိုလည်း မြှင့်တောင်းလို့လည်းရသေးတယ်၊ ဒီလောက်ထိ ကျုပ်ဘက်က အစွမ်းကုန်လုပ်ပေးထားတာ တော်သင့်ပြီမလား . . .”
ရဲရှောင်မှ ဘူရှန်းဖန်အားကြည့်ရင်း ပြောလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now