1443-------1443(စ)

72 4 0
                                    

အခန်း (၁၄၄၃ - က)(စာစဉ် ၁၀၅- အပိုင်း ၁၁)
“အနောက်ခန်းမ၏ အဆုံးသတ်”

အနောက်ခန်းမ၏ ဂိုဏ်းချုပ် ထိုင်ခုံကြီးပေါ်တွင် ဇောင်ရှင်းယု အေးစက်စက် ပြုံးရင်း ထိုင်နေသည်။
“မိစ္ဆာဝိညာဉ် အပိုင်းအစ တစ်ခုတဲ့လား ဟား ဟား”
“မိစ္ဆာဝိညာဉ် အပိုင်းအစ တစ်ခု . . .”
“ငါကလည်း မိစ္ဆာဝိညာဉ် အပိုင်းအစ တစ်ခုပဲပေါ့”
“သေသာသေလိုက်တော့ . . .”
“အားလုံးရဲ့ စိတ်ထဲမှာ မိစ္ဆာအတွေးတွေပဲ ပြည့်သွား တာလား၊ အဲဒီအရာတွေကို ငါဘယ်လိုများ တားဆီးနိုင်ရ မလဲ၊ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ဟား ဟား ဟား . . .”
ဇောင်ရှင်းယု ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက် သည်။
သို့သော် သူ၏ မျက်လုံးထဲတွင်မူ မျက်ရည်များ စီးကျ လျက် ရှိနေ၏။
ထိုမျက်ရည်များကြောင့် သူ၏ ခန္ဓာကိုယ်မှ မိစ္ဆာ အငွေ့အသက်များမှာလည်း တဖြည်းဖြည်း လျော့နည်း သွားသလို ခံစားလိုက်ရသည်။
ထိုသို့ဖြစ်တည်သွားသည်က အချိန်ခဏမျှသာ။
သူ့စိတ်များ ပြန်လည်တည်ငြိမ်သွားသည်နှင့် မိစ္ဆာ ချီဓာတ်များမှာ တဖန်ပြန်၍ မြင့်တက်လာပြန်သည်။
ထိုအချိန် တိုက်ပွဲမှာလည်း တစထက်တစ ပြင်းထန် လျက် ရှိနေသည်။
ရဲရှောင်၏ပညာရှင်ပေါင်း ၃၀၀၀ ခန့်မှာ ရန်သူများ၏ ဒုတိယ တိုက်ခိုက်မှုများကို ရင်ဆိုင်ခုခံနေရလေသည်။
သူတို့အဖို့ ကျဉ်းထဲကြပ်ထဲ ရောက်နေရသည်ဟု ဆို နိုင်သည်။
ထိုသို့ဖြစ်နေသည့်တိုင် အနောက်ခန်းမမှ မရေမတွက် နိုင်အောင် များပြားလှသော ပညာရှင်များမှာ အနည်းငယ် မျှပင် မလျှော့။
နေရာအနှံ့မှတိုးဝင်ကာ အပြင်းထန်ဆုံး နည်းများဖြင့် တိုက်ခိုက်နေတုန်းပါပင်။
မည်မျှထိဆိုလျှင် သူတို့၏ အသက်စွမ်းအင်များကိုပင် လောင်ကျွမ်းခံကာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် ရန်သူများကို တိုက်ခိုက်ရာတွင်လည်း သူ တို့ကိုယ်သူတို့ လုံခြုံအောင်ပင် ဂရုမစိုက်တော့ဘဲ တိုက် ခိုက်နေကြလေသည်။
ထိုသို့တိုက်ခိုက်နေချိန် ၎င်းတို့၏ မျက်လုံးများက မီး လုံးကြီးများပမာ နီရဲလျက်ပင် ရှိနေ၏။
(ငါမင်းတို့ကို သတ်ပစ်မယ် . . .)
(ငါ့အသက်သေမယ်ဆိုရင်တောင် မင်းတို့ကို သတ်ပစ် မှာ၊ မင်းတို့ကို ငရဲကိုခေါ်သွားမယ် . . .)
(ငါ့ရဲ့သေဆုံးမှုက မင်းတို့ကို နည်းနည်းလောက်လေး  ပဲ ထိခိုက်မှုဖြစ်မယ်ဆိုရင်တောင် ငါကသေဖို့အသင့်ပဲ)
ရန်သူများ၏ ခံယူချက်က အလွန်ကို ရဲတင်းလွန်းလှ သည့် ခံယူချက်ပါပင်။
ထို့ပြင် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်သဖြင့် ထိုလူများ၏ တိုက်ခိုက်မှုက ပုံမှန်ထက် ၂ ဆနီးပါးခန့်ကို အစွမ်းထက်နေကြလေသည်။
ထိုသို့ဖြင့် နောက်ဆုံးတွင် တိုက်ပွဲမှာ ရပ်တန့်သွားပြီး လူများမှာလည်း ကိုယ့်ဘက်တွင်ကိုယ် ပြန်စုသွားကြ၏။
သို့တိုင် အနောက်ခန်းမမှ လူများမှာမူ တိုက်ခိုက်ရန် တာဆူနေကြတုန်းပါပင်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရဲရှောင်တို့မှာ စိုးရိမ်စိတ်မရှိ သည့်တိုင် စိတ်ထဲ၌မူ အံ့ဩနေမိကြသည်။
အရှေ့ခန်းမကို တိုက်ခိုက်ခဲ့စဉ်က အောင်မြင်မှုနှင့် အတူ သူတို့စိတ်ထဲ တက်ကြွမှုများ ဖြစ်ခဲ့ကြသည်။
ယခုအခါ အနောက်ခန်းမကို လာရောက် တိုက်ခိုက် ချိန်တွင်မူ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြရ၏။
ထိုသို့ဖြစ်ခဲ့သည့်တိုင် ရဲရှောင်တို့ဘက်မှ လူများမှာ အင်ပြည့်အားပြည့် ဖြစ်နေ၍ ရန်သူများကို ကောင်းစွာ တိုက်ခိုက်နိုင်ခဲ့ကြသည်။
သို့သော် ရန်သူများဘက်မှ အသက်များကိုပင် စတေး ၍ တိုက်ခိုက်ခဲ့ကြ၍ ရဲရှောင်တို့ဘက်မှ လူများမှာ အချိန် ကြာလာသည်နှင့်အမျှ ပြင်းထန်စွာ ထိခိုက်ကုန်ကြသည်။
ထို့ကြောင့် တိုက်ပွဲကာလတစ်လျှောက် ယခုတိုက်ပွဲ က ရဲရှောင်တို့အတွက် ဆုံးရှုံးမှုအများဆုံးဟု ဆိုနိုင်သည်။
အရှေ့ခန်းမတိုက်ပွဲအပါအဝင် အရှေ့ပိုင်း၌ တိုက်ခိုက် ခဲ့ကြသည့် တိုက်ပွဲများအားလုံးပေါင်း ဆုံးရှုံးရမှုမှာ ယခု ဆုံးရှုံးမှုလောက် မများခြင်းဖြစ်၏။
အနည်းဆုံးမူ ရဲရှောင်တို့ဘက်မှ လူပေါင်း ၅၀၀၀၀ ကျော်လောက်ကို ဆုံးရှုံးသွားခဲ့ချေပြီ။
ထို့ပြင် ရန်သူတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများ အောက်တွင် ရဲရှောင်တို့ဘက်မှ ဒုတိယအုပ်စုရှိ လူများမှာ စွမ်းအားများကို မပြနိုင်ခင်တွင် ဖရိုဖရဲဖြစ်ကုန်ရသည်။
ထို့ကြောင့်ပင် ခေါင်းဆောင်ပိုင်းများမှာ အံ့ဩနေကြ ခြင်း ဖြစ်သည်။
သို့သော် ရဲရှောင်၊ လဘုရင်မ၊ ရှဲ့ဒါယူနှင့် အခြားထိပ် သီး ပညာရှင်များမှာမူ ရလာဒ်ကို သိပ်အံ့ဩကြခြင်း မရှိ ပေ။
အနောက်ခန်းမက သူတို့၏ ရှိသမျှလူတိုင်းကို အသေ ခံတိုက်ခိုက်ရန် စေလွှတ်ခဲ့ခြင်း ဖြစ်နိုင်သည် မဟုတ်ပါ လား။
ထို့ပြင် အနောက်ခန်းမက အရှေ့ခန်းမထက် များစွာ ပို၍ အင်အားကြီးနေ၏။
ထို့ကြောင့် ယခုကဲ့သို့ရလာဒ်က အံ့ဩစရာမရှိသည့် ရလာဒ်မျိုးပါပင်။
အရှေ့ခန်းမတွင်မူ ရန်သူတို့၏ စွမ်းအားက တစ်ဝက် လောက်သာ ရှိနေ၍ အကောင်းဆုံး အခြေအနေမျိုး မရှိခဲ့ ကြချေ။
ထို့ပြင် တိုက်ပွဲမစတင်ခင်တွင် အရှေ့ခန်းမမှ ထိပ်သီး ပညာရှင်များစွာကို ရဲရှောင်က သတ်ဖြတ်နှင့်ပြီးသား ဖြစ် နေသည်။
ထို့ကြောင့် ထိုတိုက်ပွဲတွင် ရဲရှောင်တို့ဘက်မှ အသာ စီး ရနိုင်ခဲ့ကြသည်။
သို့တိုင်အောင် တိုက်ပွဲ၌ ရဲရှောင်တို့ဘက်မှ လူပေါင်း ၃၀၀၀၀ ခန့် သေဆုံးခဲ့ကြရသည်။
ထိုသို့ဆိုလျှင် ယခုအနောက်ခန်းမ တိုက်ပွဲ၌ လူပေါင်း ၅၀၀၀၀ ကျော်မျှ သေဆုံးရသည်မှာ အံ့ဩစရာတော့ မရှိ ချေ။
တကယ်တမ်းတွင် လူ ၁၀၀၀၀၀ လောက် ဆုံးရှုံးသွား မည်ဆိုလျှင်ပင် လက်ခံလို့ရသည့် ရလာဒ်မျိုးပါပင်။
အနောက်ခန်းမက တိုက်ပွဲစတင်သည်နှင့် အကောင်း ဆုံးနှင့် အပြင်းထန်ဆုံး တိုက်ခိုက်ခဲ့ကြသည် မဟုတ်ပါ လား။
စင်စစ် ရန်သူများမှာ ယခုတိုက်ပွဲကို နောက်ဆုံးတိုက် ပွဲအဖြစ် သတ်မှတ်ကာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
နိုင်လျှင် သူတို့ အသက်ရှင်နိုင်ပြီး ရှုံးလျှင်မူ သေဆုံး ရန်သာရှိသည့် တိုက်ပွဲတစ်ခုပါပင်။
တိုက်ပွဲဆိုသည်က အနိုင်အရှုံး၊ သေခြင်းနှင့် ရှင်ခြင်း သာရှိသည့် အရာပင် မဟုတ်ပါလား။
ရဲရှောင် အံ့ဩနေမိသည်မှာ အနောက်ခန်းမမှ လူ များမှာ သူတို့မှ အနိုင်ကျင့်ခံနေရသည့်အလား အသေခံ တိုက်ခိုက်နေကြသည့် အချက်ကိုပင် ဖြစ်၏။
အဘယ့်ကြောင့် ထိုသို့ဖြစ်နေသည်ကိုလည်း ရဲရှောင် သိချင်လာမိသည်။
(ငါတို့ကသာ တိုက်ပွဲမှာ အသေခံတိုက်ခိုက်ကြရမယ့် လူတွေ မဟုတ်ဘူးလား၊ ငါတို့ကပဲ အားတင်းပြီး တိုက် ခိုက်ကြရမှာလေ၊ ငါတို့တွေကပဲ ဒီလိုတိုက်မှဖြစ်မယ်ဆို တဲ့ စိတ်မျိုး ရှိရမှာ မဟုတ်ဘူးလား . . .)
(အခုကျ သူတို့က တပြန်ကြီး ဘာလို့ ဒီလိုပြုမူနေရ တာလဲ၊ ဒါကြီးက ထူးဆန်းလွန်းမနေဘူးလား . . .)
(မယုံနိုင်ဖို့ကောင်းလိုက်တာ၊ သူတို့ကပဲ မတရားခံရ တဲ့ လူတွေလိုမျိုး အသေခံတိုက်ခိုက်နေကြတာ ထူးဆန်း လိုက်တာ . . .)
“ရဲရှောင် . . .”
“တော်တော်ကို စိတ်ကြီးဝင်နေတဲ့ကောင်ပဲ . . .”
“မင်းလိုကောင်ကများ အနောက်ခန်းမဆီကို လာဝံ့ တယ်ဆိုမှတော့ အရှေ့ကိုထွက်လာပြီးတော့ တိုက်ခိုက် လှည့်လေ . . .”
မုတ်ဆိတ်ရှည်ကြီးများဖြင့် သက်လတ်ပိုင်းအရွယ် လူ တစ်ဦးက လူအုပ်အတွင်းမှ ခုန်ထွက်လာရင်း‌ ပြောလိုက် သည်။
ထိုလူ့လက်ထဲရှိ ဓားမှာလည်း ရေခဲတမျှ အေးစက် သော အလင်းတန်းများ ထွက်ပေါ်လျက်ရှိ၏။
ထိုဓားဖြင့်ပင် ပေထောင်ချီအကွာအဝေး၌ ရှိနေသော ရဲရှောင်ကို လှမ်း၍ ချိန်ရွယ်ထားလေသည်။
ရဲရှောင်ဘေးရှိ လူအများစုမှာမူ ထိုဓားထံမှ ရေခဲချီ ဓာတ်များကြောင့် အေးစက်မှုများကိုပင် ခံစားလိုက်ကြရ သည်။
“ဒါကအနောက်ခန်းမရဲ့ တတိယသက်ကြီးပညာရှင် ဖန်ပုပင်ပဲ . . .”
လဘုရင်မမှ ထိုလူအား ကြည့်ရင်း ပြောလိုက်၏။
“ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်သီးပညာရှင်တွေကို အဆင့် သတ်မှတ်လိုက်မယ်ဆိုရင် ဖန်ပုပင်က သေချာပေါက် လူ အယောက် ၂၀ ထဲမှာ ဝင်မှာပဲ၊ ယွဲ့ရှောင်နဲ့ ယွဲ့ဟန် တို့ထက်ကို သာလွန်နေမယ် ထင်တယ် . . .”
“ထိပ်ဆုံးအယောက် ၂၀ တဲ့လား . . .”
ရဲရှောင်မှ ပြုံးလျက် ရေရွတ်လိုက်၏။
“ဖန်ပုပင် . . .”
“အရင်တုန်းကဆိုရင်တော့ ခင်ဗျားမှာ ဒါမျိုး ပြောဖို့ အခွင့်အရေး ရှိပါတယ် ဒါပေမယ့် အခုချိန်မှာ ခင်ဗျားရဲ့ ပါးစပ်က ဒီလိုမျိုးပြောဖို့ ထိုက်တန်တယ် ထင်နေလား”
ဖန်ပုပင်မှ ရယ်မောလိုက်ရင်း -
“မင်းက ဒီနေရာနဲ့ မထိုက်တန်ပါဘူး၊ ကမ္ဘာ့အစွမ်း ထက်ဆုံး ပညာရှင်ဆိုတဲ့ နေရာကိုလည်း မင်း မပိုင်ဆိုင် သင့်ဘူး . . .”
“အဲဒီတော့ မင်းလိုကောင်မျိုးကို ဘာလို့ စိန်မခေါ်ဝံ့ရ မှာလဲ၊ ရဲရှောင် မင်းက ကမ္ဘာ့အစွမ်းထက်ဆုံး နေရာကို ရ ပြီးသွားပြီဆိုရင်တောင် ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းကို မင်းစိတ်ရှိတိုင်း ပြုမူလို့ရမယ် ထင်နေတာလား . . .”
ရဲရှောင် နှုတ်ခမ်းများကွေးအောင်ပင် ပြုံးကာ -
“ကျုပ် ထိုက်တန်တာ၊ မတန်တာ အဲဒီအကြောင်း အရာနဲ့ပတ်သက်ပြီး ခင်ဗျားဘယ်လိုထင်ထင် ဂရုမစိုက် ဘူး ဒါပေမယ့် ခင်ဗျားက မိစ္ဆာဖြစ်နေပြီ၊ ခင်ဗျားမှာ ကျုပ်ကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေးမျိုး မရှိဘူး . . .”
ရဲရှောင် စကားကြောင့် ဖန်ပုပင်တစ်ယောက် အနာ ပေါ် တုတ်ကျသွားသည်။
ထို့ကြောင့် မီးဝင်းဝင်းတောက်နေသော မျက်လုံးများ ဖြင့် ရဲရှောင်ကို ကြည့်ကာ -
“ရဲရှောင် . . .”
“ဘာလဲ မင်းကြောက်နေပြီလား . . .”
“မင်းကိုယ်မင်း ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင်လို့ သတ်မှတ်ဝံ့တယ်ပေါ့လေ . . .”
ရဲရှောင် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း -
“ဖန်ပုပင် . . .”
“အပိုတွေ ပြောမနေနဲ့တော့ . . .”
“ခင်ဗျားရဲ့ အပိုစကားတွေကို တော်လိုက်တော့ . . .”
“သေချာနားထောင် ကျုပ်သေသွားမယ်ဆိုရင်တောင် ကျုပ်နာမည်က ချင်းရန်နယ်ပယ် သမိုင်းမှာ မှတ်တမ်း ကျန်ခဲ့ဦးမယ် . . .”
“ကဲ ခင်ဗျားကရော ခင်ဗျားသေသွားရင် ဘာကျန်မှာ လဲ၊ ခင်ဗျားကိုယ်ခင်ဗျား လူသားလို့ရော ထင်သေးရဲ့လား ဟား ဟား ဟား . . .”
ဖန်ပုပင်၏ မျက်လုံးများ ဒေါသကြောင့် ရဲရဲနီလျက် ရှိနေသည်။
ထို့နောက် ကျယ်လောင်သော အသံကြီးဖြင့် -
“မင်းသိတာက မင်းကိစ္စ၊ ငါသိတာက ငါ့ကိစ္စ . . .”
“ရှောင်ဧကရာဇ် ဒါကသိုင်းလောကကြီးလေ၊ လူတွေ က သေရမယ်ရှင်ရမယ်၊ မင်းနိုင်ရင် မင်းရှင်မယ်၊ အေး မင်းရှုံးရင်းတော့ မင်းသေမှာပဲ . . .”
“အခုမင်းက ဒီကိုရောက်နေပြီဆိုတော့ ငါကမင်းကို အဆုံးထိ တိုက်ခိုက်ရမှာပဲ၊ အရေးမပါတာတွေ ပြောမနေ တော့ဘူး၊ တိုက်ခိုက်လိုက်ကြစို့ . . .”
ဖန်ပုပင်မှ ဒေါသတကြီးဖြင့် ပြောလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now