1447(က)------1448(က)

73 1 0
                                    

အခန်း (၁၄၄၇ - က)(စာစဉ် ၁၀၆- အပိုင်း ၁၄)
“မိစ္ဆာနယ်ပယ် မုဒ်ဝ”

ရဲရှောင် အလျင်မြန်ဆုံးနှုန်းဖြင့် ပြေးထွက်သွား၏။
သူ၏လက်ထဲ၌လည်း ကြယ်ဓားကြီးကို မြဲမြံစွာ ဆုပ်ကိုင်ထားလေသည်။
ထို့နောက် ဝဝပုပုနှင့်လူ၏ မျက်လုံးများအား စိုက်ကြည့်လိုက်ပြီး -
“အခုကစပြီး ငြိမ်းငြိမ်းချမ်းချမ်း အနားယူပေတော့ . . .”
“မင်းက မိစ္ဆာဝိညာဉ်အပိုင်းအစ တစ်ခုပဲ . . .”
“မိစ္ဆာတွေရဲ့ အဆုံးသတ်အတိုင်း အဆုံးသတ်ပေတော့ . . .”
ဝဝပုပူလူမှာမူ မျှော်လင့်ချက်မဲ့သော မျက်လုံးများဖြင့် ရဲရှောင်ကို စိုက်ကြည့်လျက်ရှိသည်။
သို့သော် ခဏအကြာတွင် ကျယ်လောင်စွာ ရယ်မောလိုက်ပြန်ရင်း -
“ရှောင်ဧကရာဇ် . . .”
“ငါ့ကို တစ်ခုလောက် ကူညီပေးနိုင်မလား . . .”
“ဘာများလဲ . . .”
ရဲရှောင် ပြန်မေးလိုက်၏။
“အနီရောင်သွေးဆီကနေ ငါကြားခဲ့တယ် . . .”
“မင်းက သခင်ကြီးဘိုင်နဲ့ သိတယ်ဆို၊ အဲဒါကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန် မင်းသခင်ကြီးဘိုင်နဲ့ ပြန်တွေ့ တဲ့အချိန်ကျရင် ငါ့အတွက် စကားတစ်ခွန်းလောက် ပြောပေးပါ . . .”
“သခင်ကြီးဘိုင် ဟုတ်လား . . .”
“ခင်ဗျားက ဘယ်သူလဲ . . .”
ရဲရှောင် အံ့ဩဟန်ဖြင့် မေးလိုက်သည်။
ဝဝပုပုလူက ရဲရှောင်၏ အမေးကို ပြန်မဖြေ။
ရယ်သာ ရယ်နေလိုက်ပြီး -
“သူ့ကို ပြောလိုက်ပါ . . .”
“သူတော်စင် ဖက်တီးက စိတ်မကောင်းပါဘူးလို့ . . .”
“အဲဒီစကားကိုသာ သူ့ကိုပြောလိုက်ပါ . . .”
ထိုသို့ပြောပြီးနောက် ဝဝပုပုလူလည်း အရူးတစ်ယောက်ကဲ့သို့ ရယ်မောပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်ကြီးမှာလည်း တစစီဖြစ်တည်သွားတော့သည်။
ခဏအကြာတွင် အနက်ရောင်ချီဓာတ်များ ထွက်ပေါ်လာပြီး ဝဝပုပုနှင့်လူ၏ ပုံစံမျိုးသို့ ပြောင်းလဲသွားသည်။
စင်စစ် ချီဓာတ်များက လူပုံစံနှင့် တစ်ထေရာတည်း တူနေခြင်းပါပင်။
ဝဝပုပုနှင့်လူက သေဆုံးသွားပြီး ထိုသို့ဖြစ်သွားသည့်တိုင် ရဲရှောင်ကို တစ်စုံတစ်ခု ပြောချင်နေသေးသည့် အလား စိုက်ကြည့်လျက် ရှိနေလေသည်။
သို့သော် ထိုသို့ဖြစ်နေစဉ်မှာပင် မိစ္ဆာကြီးက ကျယ်လောင်သော အသံဖြင့် -
“မိစ္ဆာဝိညာဉ် အပိုင်းအစ လာခဲ့စမ်း . . .”
ထိုစကားဆုံးသည်နှင့် ပြင်းထန်လှသော စွမ်းအားတစ်ခု သက်ရောက်လာပြီး ဝဝပုပုလူနှင့်လူ၏ ဝိညာဉ်ကို အစီရင်ရှိရာသို့ ဆွဲခေါ်သွားတော့သည်။
ရဲရှောင်လည်း ထိုမြင်ကွင်းကို မြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်ရင်း ခရမ်းရောင် ချီဓာတ်များကို ထွက်ပေါ်စေလိုက်သည်။
ထို့နောက် ဝဝပုပုနှင့်လူ၏ ဝိညာဉ်အား အားအင်အပြည့် ခုတ်ပိုင်းချလိုက်၏။
“ဘုန်း . . .”
သို့သော် အခြေအနေများက ရဲရှောင်ထင်သလို ဖြစ်မလာ။
သူ၏ ခရမ်းရောင် ချီဓာတ်များက တိုက်ပွဲတိုင်း၌ အကောင်းဆုံး အစွမ်းပြနိုင်သော်လည်း ယခုအခါတွင်မူ ဝဝပုပုနှင့်လူ၏ ဝိညာဉ်ကို အနည်းငယ်မျှပင် ထိခိုက်သွားခြင်း မရှိပေ။
ထို့ကြောင့် ရဲရှောင်အဖို့ သူတောင်စင် ဖက်တီး၏ ဝိညာဉ် အစီရင်ရှိရာသို့ စီးဆင်းသွားသည်ကို တားဆီးနိုင် ခြင်းမရှိဘဲ ဖြစ်နေရလေသည်။
ထိုအချိန်မှာပင် ၆ ခုမြောက် အစီရင်၏ မီးတောက် ရုတ်တရက် ထတောက်သွားသည်။
ထိုမီးတောက်၏ အရောင်ကား အဝါရောင် ဖြစ်၏။
ယခုအခါ ၆ ခုမြောက် အစီအရင် အောင်မြင်စွာ ပြီးမြောက်သွားချေပြီ။
ထို့ပြင် ၇ ခုမြောက် အစီရင်ထံ၌လည်း အနက်ရောင်ချီဓာတ်များ စုစည်းနေပြီ ဖြစ်သည်။
ထိုမြင်ကွင်းကို မိစ္ဆာကြီးမြင်သောအခါ ကျေနပ်ဟန်ဖြင့် ရယ်မောလိုက်ရင်း -
“ရဲရှောင် . . .”
“မင်းမြင်လား၊ မင်းလုပ်ခဲ့တဲ့ အရာတွေက အဓိပ္ပာယ်မရှိတဲ့အရာတွေပဲ . . .”
“မင်းဘယ်လောက်ပဲကြိုးစားကြိုးစား ဘာမှထူးခြားလာမှာ မဟုတ်ဘူး၊ မင်းရဲ့ဝိညာဉ်ကိုလည်း ငါ့အစီရင် တွေဆီ ပေးရမှာပဲ . . .”
ရဲရှောင် နှုတ်ခမ်းများကွေးအောင်ပင် ပြုံးလိုက်ရင်း -
“တကယ်ပဲလား . . .”
“ခင်ဗျားက အဲဒီလိုပဲ တကယ်ထင်တယ်ပေါ့၊ စိတ်ရှည်ရှည်ထားစမ်းပါ . . .”
“ခင်ဗျားရဲ့ အစီရင်တွေ ကျုပ်လက်ထဲမှာ တစစီဖြစ်စေရမယ်လို့ ကျုပ်ကတိပေးတယ် . . .”
ရဲရှောင်၏ စကားကြောင့် မိစ္ဆာကြီးမှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထို့နောက် ရုတ်တရက် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူ့ခန္ဓာကိုယ်ထံမှ လက် ၈ ခု ထွက်ပေါ်လာအောင် ပြုလုပ်လိုက်သည်။
ထို့နောက် ထိုလက်များဖြင့် ဟန်ပိုင်ယွဲ့၊ ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့၏ တိုက်ခိုက်မှုများကို ဟန့်တားလိုက်၏။
ထို့ပြင် သူ၏ခန္ဓာကိုယ်မှ အနက်ရောင်ချီဓာတ်များကို ထွက်ပေါ်စေပြန်ပြီး ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲ လိုက်ပြန်သည်။
ထိုပုံရိပ်မှာ တိုက်ပွဲဖြစ်နေသည့် လူအုပ်အတွင်းသို့ လျပ်စီးကဲ့သို့ လျင်မြန်မှုနှုန်းဖြင့် ပြေးထွက်သွားလေ သည်။
ခဏအကြာတွင်မူ လူအများ၏ အော်ဟစ်သံများ နေရာအနှံ့မှ ထွက်ပေါ်လာတော့သည်။
ထိုအထဲတွင် ချင်းဟွာနန်းတော်မှ ထိပ်သီးကြီး ၄ ဦး၊ တိမ်မြူခိုးနန်းတော်မှ ထိပ်သီးကြီး ၃ ဦးတို့လည်း ပါဝင် နေသည်။
ထိုပညာရှင်များက ၁ စက္ကန့်အတွင်းမှာပင် မိစ္ဆာကြီး၏ အရိပ်တိုက်ခိုက်မှုကြောင့် တစ်ယောက်ပြီး တစ် ယောက် သေဆုံးကုန်ခြင်း ဖြစ်သည်။
အနက်ရောင်အရိပ်က တစ်ချက်တည်းဖြင့် ပညာရှင် ၇ ဦး၏ အသက်ကို နှုတ်ယူသွားခြင်းပါပင်။
သို့တိုင် ထိုအရိပ်က ရပ်တန့်ခြင်း မရှိသေး။
မိစ္ဆာကြီးထံ ချက်ချင်းပြန်ရောက်သွားပြီး ဟန်ပိုင်ယွဲ့၊ ယွဲ့ရှောင်၊ ယွဲ့ဟန်တို့နှင့် ဆက်လက်တိုက်ခိုက်ပြန် သည်။
ထိုသို့ လူများစွာနှင့် တိုက်ခိုက်နေရသည့်တိုင် မိစ္ဆာကြီးမှာ တုန်လှုပ်ခြင်းမရှိဘဲ ကျယ်လောင်စွာသာ ရယ် မောနေလေသည်။
မသိပါက သူ့လက်ထဲ၌ ကမ္ဘာတစ်ခုလုံး ရောက်ရှိနေသလိုပါပင်။
မိစ္ဆာကြီး ထိုသို့ အထက်စီးဆန်နေသည်မှာလည်း အံ့ဩစရာတော့ မရှိချေ။
သူ့အရိပ်နှင့် တိုက်ခိုက်စေရုံဖြင့်ပင် ပညာရှင် ၇ ဦးမှာ ခြောက်ကပ်သော အရိုးစုများဘဝသို့ပင် ရောက်ရှိသွား ကြသည် မဟုတ်ပါလား။
ထို့ပြင် ထိုလူ ၇ ဦးလုံး၏ စွမ်းအင်များကိုလည်း ၇ ခုမြောက် အစီရင်ရှိရာသို့ စီးဆင်းသွားစေခဲ့ပြန်သည်။
ရဲရှောင်နှင့် လိဝူလျန်တို့လည်း ထိုမြင်ကွင်းကို မြင်သောအခါ ဒေါသအကြီးအကျယ် ထွက်သွားကြသည်။
ထို့ကြောင့် ၎င်းတို့၏ ဓားများကို ကိုင်မြှောက်ရင်း မိစ္ဆာကြီးထံသို့ တဟုန်ထိုး တိုးဝင်သွားကြလေသည်။
မိစ္ဆာကြီးမှာမူ ထီမထင်ဟန်ဖြင့် ရယ်မောလိုက်ရင်း -
“မင်းတို့က ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေကြတယ် . . .”
“ငါသေစေချင်တဲ့လူတွေကို ငါသတ်နေတာ မင်းတို့က ရပ်တန့်နိုင်မယ်လို့များ ထင်နေတာလား . . .”
ပြောပြောဆိုဆိုဖြင့် မိစ္ဆာကြီးလည်း အရိပ်တစ်ခုကို ထပ်မံထုတ်လွှတ်လိုက်ပြန်ပြီး လူအုပ်အတွင်းသို့ တိုးဝင် သွားစေပြန်သည်။
ထိုအခါ ယခင်အတိုင်း အော်ဟစ်သံများ ထွက်ပေါ်လာပြီး ပညာရှင် ၁၄ ယောက်၊ ၁၅ ယောက်ခန့် သေဆုံး သွားကြသည်။
ထို့နောက် အရိပ်မှာ မိစ္ဆာကြီးထံသို့ ပြန်လည်ရောက်ရှိသွားပြန်သည်။
မိစ္ဆာကြီးလည်း ပိုမို၍ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး -
“ငါ့ကိုကြည့်စမ်းပါဦး၊ ငါကဒီနေရာမှာ ပြိုင်ဘက်ကင်းပဲ . . .”
“အဲဒီတော့ ရဲရှောင်နဲ့ လိဝူလျန် နားထောင် . . .”
“မင်းတို့ကို ငါအကောင်းဆုံးအကြံပေးမယ်၊ မင်းတို့ကိုယ်မင်းတို့ သတ်သေလိုက်တာက အကောင်းဆုံးပဲ”
“တကယ်လို့ ငါသတ်တာကို ခံရင်တော့ မင်းတို့အဲဒီလောက် မလွယ်ဘူး ဒါမှမဟုတ် မင်းတို့တွေ တကယ်ပဲ ခံစားကြည့်ချင်နေတာလား၊ ဒီတိုက်ပွဲမှာ မင်းအချိန်ကြာကြာ တောင့်ခံလေလေ မင်းတို့အတွက် ယုံကြည်မှုမဲ့လာ လေလေ ဖြစ်မှာပဲ . . .”
မိစ္ဆာကြီး၏ စကားများကို နားထောင်ရင်း ရဲရှောင်၏ မျက်လုံးများက အေးစက်သထက် အေးစက်လာသည်။
သို့သော် စကားတစ်လုံးမှမဆိုဘဲ ဆက်လက်၍သာ တိုက်ခိုက်နေ၏။
ထို့နောက် မထင်မှတ်စွာပင် ရဲရှောင်လည်း မိစ္ဆာကြီးအတိုင်း ပြုမူလိုက်လေသည်။
ထိုအပြုအမူက အခြားမဟုတ်။
မိစ္ဆာကြီးကဲ့သို့ပင် အရိပ်အဖြစ် ဖန်တီးကာ ဓားအလင်းတန်းများနှင့်အတူ လူအုပ်အတွင်းသို့ တိုးဝင်သွားခြင်း ဖြစ်သည်။
ခဏအကြာတွင် အော်ဟစ်သံများနှင့်အတူ ရန်သူထိပ်သီး ၃၀ ခန့်မှာ အရိပ်တိုက်ခိုက်မှုကြောင့် အငွေ့ပျံကာ ပျောက်ကွယ်သွားသည်။
အနီရောင်သွေးမှာလည်း ရဲရှောင်၏ အရိပ်တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရန် ကြိုးစားလျက်ရှိသည်။
သို့သော် မမျှော်လင့်စွာပင် သူမည်သို့ရှောင်တိမ်းပါစေ ရဲရှောင်က လိုက်ပါတိုက်ခိုက်လျက် ရှိနေသည်။
ထို့ကြောင့် နောက်ဆုံးတွင် ရဲရှောင်၏ဓားမှ စွမ်းအင်များမှာ အနီရောင်သွေးထံသို့ သက်ရောက်သွားတော့ သည်။
စင်စစ် အနီရောင်သွေး၏ ခန္ဓာကိုယ်သို့ ထပ်တလဲလဲ ထိမှန်ကာ သက်ရောက်သွားခြင်း ဖြစ်သည်။
“ဘုန်း ဘုန်း ဘုန်း . . .”
အနီရောင်သွေးလည်း တောင့်ခံမထားနိုင်တော့။
သွေးများ တရစပ် စီးကျနေသည်ကိုသာကြည့်ရင်း လေထဲ၌ အော်ဟစ်ပျံသန်းလျက် ရှိနေသည်။
ထို့အတူ သူ၏ မျက်လုံးများကလည်း မျှော်လင့်ချက် ကင်းမဲ့နေလေသည်။
“ဆရာ . . .”
“ကျုပ် ကျုပ်ကို ကယ်ပါဦး . . .”
ထိုအသံကို ကြားချိန် မိစ္ဆာကြီး မျက်မှောင်ကြုတ်သွားသည်။
အနီရောင်သွေးက ဝဝပုပုလူနှင့် မတူချေ။
သူ့အတွက် အသုံးဝင်သော လူတစ်ဦးသာ ဖြစ်သည်။
ထို့ကြောင့် မိစ္ဆာကြီးလည်း အနီရောင်သွေးအား ကယ်တင်ရန် ဟန်ပြင်လိုက်သည်။
သို့သော် ထိုအချိန် သူနှင့် အနီရောင်သွေးကြား၌ အနက်ရောင် အရိပ်တစ်ခု လျပ်တပြက်ရောက်ချလာ၏။
“ဆရာ ကယ်ပါဦး . . .”
လူနှစ်ဦးက တစ်ချိန်တည်းမှာပင် အကူအညီတောင်းခံလာခြင်း ဖြစ်သည်။
မိစ္ဆာကြီး အံ့ဩသွားသည်။
ထိုအချိန် အနက်ရောင် အရိပ်မှာမူ သူ့ဘေး၌ ရောက်ရှိနေချေပြီ။
ယွဲ့ရှောင်လည်း ထိုအရိပ်ကို ဓားဖြင့် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
သို့သော် သူမထိုသို့မလုပ်ခင် အနက်ရောင် အရိပ်၏ အပြုအမူကြောင့် အံ့အားသင့်သွားရတော့သည်။
အကြောင်းမှာ အနက်ရောင် အရိပ်က တစ်ဖက်သို့လှည့်ကြည့်လိုက်ပြီးနောက် မိစ္ဆာကြီးရှိရာသို့ လျင်မြန်စွာ ပြေးကပ်သွား၍ ဖြစ်သည်။
ထိုလူ၏ အပြုအမူက မသိပါက သွေးဆာနေသော လူတစ်ဦးနှင့်ပင် တူနေပါသေးသည်။
ထို့နောက် သူ့လက်ထဲရှိ ဓားကြီးဖြင့် အနီရောင်သွေး၏ ရင်ဘတ်ထဲသို့ အားကုန် ထိုးစိုက်ချပစ်လိုက်သည်။
“သေစမ်း . . .”
အနီရောင်သွေးမှာမူ မယုံနိုင်သော မျက်လုံးများဖြင့် သူ့ကို တိုက်ခိုက်လာသူအား ငေးကြည့်နေသည်။
ခဏအကြာတွင် ထိုလူအား ရဲရဲနီသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်ပြီး -
“မင်း မင်း မင်း . . .”
“ဟိုင်ဇောင်လုံ . . .”
“မင်းစိတ်လွတ်သွားပြီလား . . .”
“ရဲရှောင် . . .”
“ငါ့ကို ကြည့်စမ်း . . .”
“ဒီနေ့ သခင်ကြီးဘိုင်ရဲ့ လူတွေက မိစ္ဆာတွေချည်းပဲ မဟုတ်ဘူးဆိုတာကို မင်းကို ပြရသေးတာပေါ့ . . .”
“သခင်ကြီးဘိုင်ရဲ့ လူတွေထဲမှာ သူရဲကောင်းတွေလည်း ရှိနေသေးတယ်ကွ . . .”
ထို့နောက် သူ၏စကားမဆုံးသေးခင်မှာပင် မိစ္ဆာကြီး၏ လက်ကို ဆွဲဆုပ်၍ ကိုင်လိုက်သည်။
ခဏအကြာတွင် မိစ္ဆာကြီးကို ဖက်ရင်းဖြင့် သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်တော့သည်။
“ဘုန်း . . .”
အဖြစ်အပျက်များမှာ မြန်ဆန်လွန်း၍ လူတိုင်းမှာ ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်အောင် ဖြစ်သွားကြသည်။
ထိုလူမှာ မိစ္ဆာကြီး၏ အနားတွင် ရှိနေခြင်းဖြစ်၍ အနီရောင်သွေး မည်သို့မည်ပုံ ကျန်ရစ်ခဲ့သည်ကို ဂရုစိုက် မအားတော့ချေ။
မိစ္ဆာကြီးကိုသာ လက်ဖြင့် ပြင်းထန်စွာ ဆုပ်ကိုင်ရင်း ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန် မိစ္ဆာကြီး၏ စိတ်ထဲ၌လည်း နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။
(ဘာတွေဖြစ်ကုန်တာလဲ၊ သူကဘာလို့ ငါ့ကို အတင်းဖက်ထားရတာလဲ . . .)
ထိုသို့စဉ်းစားနေစဉ်မှာပင် အနက်ရောင်ပုံရိပ်က သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်လေသည်။
ဟိုင်ဇောင်လုံ၏ လုပ်ရပ်က အံ့ဩဖွယ်ကောင်းလွန်းလှသည်။
မိစ္ဆာတစ်ကောင်က ထိုသို့လုပ်လိမ့်မည်ဟု မည်သူက ထင်နိုင်ပါမည်နည်း။
သို့သော် ဟိုင်ဇောင်လုံမှာမူ အပြင်းထန်ဆုံး ပေါက်ခွဲကာ ကိုယ့်ကိုယ်ကိုယ် စတေးသွားခဲ့၏။
ပေါက်ကွဲမှု အရှိန်ကလည်း ပြင်းထန်လွန်း၍ ဟန်ပိုင်ယွဲ့နှင့် အခြားလူများပင် အဝေးသို့ လွင့်ထွက်သွားခဲ့ရ လေသည်။
ထို့ကြောင့် အခြားလူများပင် ထိုသို့ဆိုလျှင် ပစ်မှတ်ဖြစ်သည့် မိစ္ဆာကြီးအဖို့ ဆိုဖွယ်ရာ မရှိတော့ချေ။
“အား အား အား . . .”
မိစ္ဆာကြီးမှာ ကျယ်လောင်စွာ အော်ဟစ်ရင်း ငြီးတွားလျက် ရှိနေသည်။
ပေါက်ကွဲမှုကြောင့် သူ၏ လက်တစ်ဖက် ပြတ်ထွက်သွားခဲ့ရသည် မဟုတ်ပါလား။
ထို့ပြင် သူ၏ခန္ဓာကိုယ် တစ်ပိုင်းမှာလည်း မီးသွေးကဲ့သို့ မည်းနက်သွားလေသည်။
မိစ္ဆာကြီးလည်း ဒေါသယမ်းပုံကျသွားပြီး -
“ဟိုင်ဇောင်လုံ . . .”
“ခွေးမသား မင်းဘာတွေ လုပ်လိုက်တာလဲ . . .”
သို့သော် ထိုအော်သံကို သေဆုံးသွားပြီဖြစ်သည့် ဟိုင်ဇောင်လုံတစ်ယောက် ကြားနိုင်တော့မည် မဟုတ်ပေ။
ရဲရှောင်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း အတိုင်းမသိ အံ့ဩသွားသည်။
ထို့အတူ ထိုအကြည့်များထဲတွင် လေးစားမှု၊ အထင်ကြီးမှုများက အထင်းသားပင် ပေါ်လွင်နေပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now