1421-----1430 Unicode

119 5 0
                                    

အခန်း (၁၄၂၁)(စာစဉ် ၁၀၂- အပိုင်း ၇)
“မိသားစု”

ထူးဆန်းစွာ သေဆုံးသွားသည့် လူများကို ကြည့်ရင်း သွေးအေးသော ရဲရှောင်ပင် စိတ်ထဲ တုန်လှုပ်မိသွား၏။
“ဒီလျှို့ဝှက်အဖွဲ့ကြီးက သူတို့လူတွေကို ထိန်းချုပ်နေ ရုံတင်မကဘူး လျှို့ဝှက်တဲ့ နည်းလမ်းတွေ သုံးပြီး သူ့လူ တွေရဲ့ ဝိညာဉ်စွမ်းအားတွေကိုပါ ခိုးယူနေတာပဲ . . .”
“ဒီလူတွေ သေဆုံးသွားတဲ့အချိန် သူတို့ရဲ့ စွမ်းအင် အဆီအနှစ်တွေကို စုပ်ယူနိုင်တဲ့ နည်းစနစ်တွေ ရှိကြပုံပဲ၊ ဒီနည်းစနစ်ကြီးက တစ်ကမ္ဘာလုံးအတွက် အတော်ကြီး ကို ကြောက်ဖို့ကောင်းတယ် . . .”
ရဲရှောင် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
လျှို့ဝှက်အဖွဲ့ကြီးက လူများအား ထူးခြားသော နည်း လမ်းများဖြင့် သတ်ဖြတ်ခြင်း၊ ကြိုးကိုင်ခြင်းများ ပြုလုပ် သည်အထိ နားလည်နိုင်သေးသည်။
သို့သော် သူယခု မြင်တွေ့ရသည့် အခြေအနေများမှာ အဖွဲ့ကြီးက ချင်းရန်နယ်ပယ်မှ မဟုတ်သော နည်းလမ်း များ သုံးနေသည်မှာ အလွန်ယုတ်မာလွန်းသည်။
ကမ္ဘာပေါ်ရှိ လူတိုင်း နားလည်လက်ခံပေးနိုင်သော အခြေအနေထက် ကျော်လွန်နေသည် မဟုတ်ပါလား။
“အလောင်းတွေကို သွားစစ်ဆေးကြည့်ကြစို့ . . .”
“ငါတို့ ဒီရက်ပိုင်းမှာ သတ်ခဲ့တဲ့ အလောင်းတွေကို ပြောတာ . . .”
ရဲရှောင် ပြောလိုက်၏။
ထိုလူများကို သတ်ပြီးနောက် အစအန မကျန်အောင် ပင် ရဲရှောင်တို့ ခြေရာလက်ရာ ဖျောက်ပစ်ခဲ့ကြသည်။
ထိုသို့မလုပ်ပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာနိုင်သည် မဟုတ်ပါလား။
အလောင်းများ မြှပ်နှံထားသည့် နေရာသို့ ရောက် သောအခါရဲရှောင်တို့အားလုံး အံ့ဩသွားကြရသည်။
အကြောင်းမှာ အလောင်းများက သစ်ခြောက်ပင်ပမာ ခြောက်သွေ့နေပြီ ဖြစ်သောကြောင့်ပါပင်။
ရဲရှောင်တို့လည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ပြောစရာစကား ပျောက်ရှကုန်ကြသည်။
မြှပ်နှံထားသည့် အလောင်းများမှာ တစ်ညတည်းသာ ကြာမြင့်သေးသော်လည်း ဆယ်စုနှစ်ပေါင်းများစွာ ရှိနေ သည့် ပုံစံမျိုး ဖြစ်နေသည် မဟုတ်ပါလား။
“ဒါကအရမ်းကို မိစ္ဆာဆန်တဲ့ နည်းစနစ်တစ်မျိုး ဖြစ် လိမ့်မယ်၊ ဒီလိုမှမဟုတ်ရင် ဒီလိုမျိုး ဖြစ်စရာအကြောင်း မရှိဘူး . . .”
ကျွင့်ယင်းလျန် ဒေါသတကြီး ပြောလိုက်သည်။
သူမ၏ မျက်နှာမှာလည်း ဒေါသကြောင့် ရဲရဲနီလျက် ပင် ရှိနေသည်။
ယခုကဲ့သို့ လုပ်ရပ်မျိုးက ချင်းရန်နယ်ပယ်တွင် မည် သို့မှ ခွင့်လွှတ်ပေးနိုင်စရာ မရှိပြီ။
“ဆက်ပြီးရှာဦး . . .”
ရဲရှောင် ပြောလိုက်၏။
ထိုသို့ တည်တည်ငြိမ်ငြိမ် ပြောလိုက်သော်လည်း သူ ၏ ရင်ထဲ၌မူ ဒေါသလှိုင်းတံပိုးများက ပြင်းထန်လျက် ရှိ သည်။
ထိုအချိန် သူ့စိတ်ထဲ၌ ပြိုင်ဘက်ကင်းလောက်အောင် အထိ တော်လွန်းသော သခင်ကြီးဘိုင်ကိုပင် တွေးလိုက်မိ သည်။
ထို့ကြောင့် သက်ပြင်းချလိုက်ရင်း -
(သခင်ကြီးဘိုင် ခင်ဗျား တည်ထောင်ခဲ့တဲ့ မုန်တိုင်း အိမ်တော်က အခု ဒီလိုအဖွဲ့အစည်းကြီး ဖြစ်နေတာကို ခင်ဗျား သိရဲ့လား . . .)
(ခင်ဗျား တည်ထောင်ခဲ့တဲ့ အင်အားကြီး ဒီအဖွဲ့ကြီး က  မိစ္ဆာတွေ ဖြစ်နေပြီဆိုတာကိုရော ခင်ဗျားသိရဲ့လား)
(အခု ခင်ဗျား လက်နဲ့ ပျိုးထောင်ပေးခဲ့တဲ့ အဖွဲ့ကြီး က တစ်ကမ္ဘာလုံးကို ဖျက်ဆီးနေပြီ . . .)
(ခင်ဗျားသာ သိရင် ဒီအတိုင်း လက်ပိုက် ကြည့်မနေ လောက်ဘူးလို့ ကျုပ်ထင်ပါတယ် . . .)
ရဲရှောင်လည်း အသက်ပြင်းပြင်း ရှူရင်း သက်ပြင်း မောကြီးသာ ချလိုက်တော့သည်။
သခင်ကြီးဘိုင်နှင့် ပတ်သက်လျှင် သူ့ထံ၌ သံသယ မရှိချေ။
သခင်ကြီးဘိုင်က သူ၏ ရန်သူဖြစ်သည့်တိုင် ဂုဏ် သိက္ခာရှိသော ပြိုင်ဘက်သာ ဖြစ်သည်။
ထို့ပြင် သခင်ကြီးဘိုင်က သွေးအေး ရက်စက်သည် ဆိုသော်ငြား လူသားဆန်သည့် စိတ်တော့ ရှိသေး၏။
အကယ်၍ သခင်ကြီးဘိုင်သာ လျှို့ဝှက်အဖွဲ့ကြီး၏ နောက်တွင် ရှိမည်ဆိုပါက ရဲရှောင်နှင့် သူ့လူများ လွန်ခဲ့ သော နှစ်ပေါင်းများစွာကတည်းက သေဆုံးပြီးနှင့်ချေပြီ။
သခင်ကြီးဘိုင်မဆိုနှင့် ဝမ်အာတို့ ချူးအာတို့ နှစ်ဦး ကပင် ချင်းရန်နယ်ပယ် တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိ နေသည် မဟုတ်ပါလား။
သူမတို့၏ လက်တစ်ဖက်တည်းဖြင့်ပင် အရာအားလုံး နိဂုံးချုပ်မှန်းမသိ ချုပ်သွားပေလိမ့်မည်။
ထို့ကြောင့် သခင်ကြီးဘိုင်သာ အဖွဲ့ကြီးနှင့် ဆက်စပ် နေလျှင် ယခုကဲ့သို့ အကြံအစည်မြောက်များစွာဖြင့် ကြံ စည်နေရန် လိုအပ်မည် မဟုတ်ပါ။
“ကျုပ်တို့က တစ်ယောက်ကို တစ်ယောက် အပြန် အလှန် လေးစားကြတယ်၊ တစ်ယောက်ရဲ့ အကြောင်းကို လည်း တစ်ယောက် ကောင်းကောင်း သိကြတယ် . . .”
ရဲရှောင် ကောင်းကင်ကြီးအား မော့ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျားအတွက် ကျုပ်ကပဲ ရှင်းလင်းရေး လုပ်ပေးပါ ရစေ . . .”
. . .
ညအချိန် ရောက်လျှင် သတ်ဖြတ်မှုများ စတင်ကြ၏။
ရွှမ်ပိုင်က ကူညီပေးနေသည့်တိုင် ပင်တိုင် လှုပ်ရှား နေရသော ယုအာ၏ စွမ်းအင်များမှာ ကုန်ဆုံးလာရသည်။
ထို့ကြောင့် ယုအာလည်း ဆေးလုံးတစ်လုံးကို ထပ်မံ သောက်လိုက်ပြီး အနားယူလိုက်ရတော့သည်။
ယုအာ မရှိတော့၍ ရဲရှောင်တို့လည်း ညတိုင်းလိုလို သူလျှိုများကို ရှာဖွေရင်း အလုပ်များကြရသည်။
ယုအာ၏ ဖြစ်တည်မှုမှာ လျို့ဝှက်ချက် တစ်ခုဖြစ်နေ ၍ အခြားလူများကို အသိမခံလိုသောကြောင့် ရဲရှောင်တို့ ကိုယ်တိုင် လှုပ်ရှားနေရခြင်းပါပင်။
လက်ရှိတွင် သူတို့သုံးဦးသာလျှင် ယုံကြည်စိတ်ချ၍ ရနိုင်သည် မဟုတ်ပါလား။
လိဝူလျန်၊ ဟန်ပိုင်ယွဲ့နှင့် အခြားလူများမှာ ၎င်းတို့၏ ဧရိယာတစ်ဝိုက် စောင့်ကြပ်လျက် ရှိနေကြသဖြင့် မအား လပ်ကြပေ။
ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်နေရ ၍ ၎င်းတို့အနေဖြင့် ရဲရှောင်တို့အနား မည်သို့ ရှိနေနိုင်ပါ မည်နည်း။
ရဲရှောင်တို့မှာမူ ညတိုင်း လှုပ်ရှားနေကြသဖြင့် မရေ မတွက်နိုင် သူလျှိုများ သေဆုံးကုန်ကြရပါတော့သည်။
. . .
ယုအာအတွက် ဆေးလုံးများက စွမ်းအင်များကို တိုး တက်စေရုံမက ကျင့်ကြံမှုများကိုလည်း တိုးတက်စေနိုင် သဖြင့် သူမ အလွန်အံ့အားသင့်ခဲ့ရသည်။
ထို့ကြောင့် သုံးရက်ကြာပြီးနောက်တွင် ထိုနေရာတစ် ဝိုက် မိုင် ၁၀၀၀ ပတ်လည်အတွင်း ရှာဖွေသည့်တိုင် လျှို့ ဝှက်အဖွဲ့ကြီးမှ လူများကို သူမ မတွေ့ရတော့ချေ။
တစ်နည်းအားဖြင့် လျှို့ဝှက်သတ်ဖြတ်မှု လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဟု ဆိုနိုင်သည်။
ယုအာမှာလည်း အားအင်ကုန်ခမ်းသွားပြီ ဖြစ်သော ကြောင့် ကျောင်းဖင်းရှန်ထံသို့ ပြန်သွားကာ အနားယူနေ ပြီ ဖြစ်သည်။
အဆုံးသတ်တွင် လုပ်ကြံသတ်ဖြတ်ရေး လုပ်ငန်းစဉ် ကြီး ပြီးဆုံးသွားချေပြီ။
ထို့ကြောင့် ရဲရှောင်လည်း ၎င်းတို့ သတ်ဖြတ်ခဲ့သည့် လူအရေအတွက်ကို စစ်ဆေးနေရသည်။
“၉၉၉၈ ယောက် . . .”
ထိုသို့များပြားလှသော လူပမာဏကို သတ်ဖြတ်ခဲ့ရ၍ ကျွင့်ယင်းလျန်၏ မျက်နှာတစ်ခုလုံး ဖြူရော်နေသည်။
သူမ မည်မျှအစွမ်းထက်နေပါစေ မိန်းမသား တစ်ဦး ပင် မဟုတ်ပါလား။
ထို့ကြောင့် ထိုပမာဏက မိန်းမသားတိုင်းကို အံ့အား သင့်စေမည်သာ။
သို့သော် သူမတို့ သတ်ဖြတ်ခဲ့ကြသည့် လူများမှာ လူ သားများ မဟုတ်ကြတော့ဘဲ မိစ္ဆာများအဖြစ် ပြောင်းလဲ နေသည်မှာ ပို၍ပင် အံ့ဩဖို့ကောင်းနေပါသေးသည်။
“ဆိုလိုတာက ကျောင်းဖင်းရှန်နဲ့ နင်ဘီလျူတို့အပါ အဝင်ဆိုရင် ဒီနေရာကို ရန်သူ ၁၀၀၀၀ စေလွှတ်လိုက် တာပေါ့ . . .”
ရန်သူအရေအတွက်ကြောင့် ရဲရှောင် အံ့အားသင့်သွား သည်။
သူတို့ နေရာတွင် ရှိနေသည်က အလွန်များပြားသော သူလျှိုပမာဏပင် မဟုတ်ပါလား။
အကယ်၍ တိုက်ပွဲသာ စတင်ခဲ့လျှင် ထိုလူများ ၎င်း တို့အနား ရှိနေပါက မည်မျှထိ အန္တရာယ်ကြီးနိုင်ကြောင်း ကို ရဲရှောင် တွေးနေမိသည်။
ရက်ပေါင်းများစွာ အတူသွား၊ အတူစားသောက်ခဲ့ကြ ၍ ထိုလူများနှင့်အတူ ရှိခဲ့သော လူများမှာ သူလျှိုများဟု မည်သူက ထင်ရက်ပါမည်နည်း။
ယခုကဲ့သို့ ရန်သူများကို မသုတ်သင်ခဲ့ပါက ထိုလူများ အစား သေဆုံးသွားရမည်မှာ ရဲရှောင်တို့ဘက်မှ သောင်း နှင့်ချီသော လူများပါပင်။
အခန့်မသင့်ပါက ထိုပမာဏထက်ပင် ပိုမိုများပြားနိုင် ပါသေးသည်။
ထိုအခါ ရဲရှောင်၏ အင်အားစုကြီးမှာလည်း တစ်ချက် တည်းဖြင့် ပျက်စီးသွားမည်သာ။
ထိုကဲ့သို့သာ ဖြစ်သွားပါက ရဲရှောင်လည်း မည်သို့မှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။
လူတစ်ယောက်၏ စွမ်းအားက အကန့်အသတ်နှင့် သာ ရှိနေသည် မဟုတ်ပါလား။
အင်အားဆိုသည့်အရာက ချင်းရန်နယ်ပယ်၌ အရေး ပါသည့်အတိုင် အရေးအပါဆုံး အရာတော့ မဟုတ်ချေ။
ထို့ကြောင့် လူတစ်ယောက် မည်မျှအစွမ်းထက်နေပါ စေ တစ်ယောက်တည်းနှင့် ထောင်သောင်းချီသော ရန်သူ များကို ရင်ဆိုင်ရန်မှာ မလွယ်ကူလှပြီ။
ရဲရှောင်လည်း စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်း သာ ချမိလိုက်တော့သည်။
ထိုအချိန် သူ့စိတ်ထဲ ထူးခြားမှုတစ်ခုကို သတိပြုမိ လိုက်သည်။
ကျွင့်ယင်းလျန်ကဲ့သို့ အတွေ့အကြုံ ရင့်ကျက်သော အမျိုးသမီးတစ်ဦးက ရန်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့ ရ၍ မျက်နှာတစ်ခုလုံးဖြူရော်ကာ ပင်ပန်းနွမ်းနယ်သည့် ပုံ ပေါက်နေသည်။
သို့သော် သွေးထွက်သံယိုများနှင့် ရင်းနှီးကျွမ်းဝင်မှု မ ရှိသော ပိုင်အာမှာမူ အေးဆေးတည်ငြိမ်စွာဖြင့် ရှိနေသည် ကို သူမြင်တွေ့လိုက်ရ၍ ဖြစ်သည်။
ဤသည်က ထူးဆန်းလွန်းနေသည် မဟုတ်ပါလား။
ပိုင်အာက အားနွှဲ့လွန်းသဖြင့် သွေးထွက်သံယို သတ် ဖြတ်မှုများ လုပ်ရမည်ကို လက်ရွံ့နေလိမ့်မည်ဟု ရဲရှောင် ထင်ခဲ့မိသည်။
ယုအာနှင့် ပိုင်အာက အတူရှိနေခဲ့၍ ရဲရှောင်လောက် သတ်ဖြတ်သည့် ပမာဏမများသည့်တိုင် သူမ သတ်ဖြတ် ခဲ့သည့် ပမာဏကလည်း များသည်ဟု ဆိုနိုင်သည်။
သို့သော် ကျွင့်ယင်းလျန်သာ အားအင်ကုန်ခမ်းသလို ဖြစ်နေပြီး ပိုင်အာမှာမူ စိုးစဉ်းမျှပင် ထိုသို့ မဖြစ်ချေ။
“ဘယ်လိုဖြစ်တာလဲ . . .”
“လူအများကြီး သတ်ရလို့ မင်းစိတ်ထဲ မသက်မသာ ဖြစ်နေတာလား . . .”
ရဲရှောင်က ကျွင့်ယင်းလျန်အား ညင်သာစွာ မေးလိုက် သည်။
‘သတ်ဖြတ်ခြင်း’ ဆိုသည့် စကားကို ထပ်မံကြားချိန် ကျွင့်ယင်းလျန်၏ မျက်နှာတစ်ခုလုံး ဖြူရော်ရော်ဖြစ်သွား ပြန်ပြီး ထိတ်လန့်သွားရပြန်သည်။
ထို့ကြောင့် သူမလည်း မည်သည့်စကားမှ မဆိုနိုင်ဘဲ ခေါင်းသာ ညိတ်ပြလိုက်တော့သည်။
“ဟား ဟား ဟား . . .”
ရဲရှောင်လည်း ကျွင့်ယင်းလျန်ကို ကြည့်ကာ ရယ်မော ရင်း လှောင်ပြောင်လိုက်သည်။
“မင်းက ချင်းရန်နယ်ပယ်ရဲ့ နာမည်ကြီးတစ်ယောက် မဟုတ်ဘူးလား၊ အဲဒါတောင် မင်းက ပိုင်အာထက် အား နည်းနေသေးတယ် . . .”
“ဟိုမှာကြည့်ပါလား ကောင်မလေးကဖြင့် နွဲ့နွဲ့လျလျ လေး ဒါတောင်မင်းက သူ့ထက်ပိုပြီး အားနည်းနွဲ့နေသေး တယ် . . .”
ကျွင့်ယင်းလျန်လည်း မျက်စောင်းသာ ထိုးကြည့်ရင်း ရဲရှောင်အား ထုရိုက်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာ သည်။
(အားနည်းတဲ့ မိန်းကလေး ဟုတ်လား၊ သူနဲ့ယှဉ်ရင် တော့ ငါကတကယ်ကို အားနည်းတဲ့ မိန်းကလေးလေ၊ သူကဖြင့် ချင်းရန်နယ်ပယ်ရဲ့ နံပါတ်တစ် နတ်ဆိုးအမျိုး သမီးပဲဟာကို၊ ရဲရှောင် နင်ကတော့ ငတုံး တကယ့်ကို ငတုံးပဲ . . .)
(နင်က ဒါတွေကို ဘယ်မသိလဲ အဲဒါတောင် ငါ့ကိုလာ ပြီး လှောင်နေသေးတယ် . . .)
“အဟမ်း . . .”
ရွှမ်ပိုင် ရဲရှောင်၏ စကားကြောင့် ချောင်းဟန့်လိုက်မိ သည်။
အကယ်၍ ယခုနေရာတွင် အခြားသောလူများ မရှိပါ က သူမအနေဖြင့် ရှက်ရွံ့ရုံသာ ရှက်ရွံ့မိလိမ့်မည်။
သို့သော် ကျွင့်ယင်းလျန် ရှိနေ၍ သူမအဖို့ နေရလွန် စွာ ခက်နေသည်။
ကျွင့်ယင်းလျန်လည်း နှင်းဆီရောင်သမ်းနေသော ရွှမ် ပိုင်၏ မျက်နှာနားသို့ တိုးကပ်ကာ ပြုံးလိုက်ရင်း -
“တကယ်ပဲလား မင်းက တကယ်ကိုပဲ အားနွဲ့တဲ့ မိန်း ကလေးပေါ့လေ၊ ဟုတ်မဟုတ် ငါကြည့်စမ်းပါရစေဦး”
“ဪ ဟုတ်သား အင်မတန်ကို အားနွဲ့ပြီး နူးညံ့သိမ် မွေ့တဲ့ မိန်းကလေးပါလား . . .”
ကျွင့်ယင်းလျန် စကားကြောင့် ရွှမ်ပိုင် ဒေါသလည်း ထွက်သွားသလို ရှက်လည်း ရှက်ရွံ့သွားမိသည်။
သို့သော် သူမအဖို့ မည်သည့်စကားနှင့် ပြန်မချေပနိုင် ၍ မျက်နှာလွှဲ၍သာ နေနေရသည်။
“တော်တော်ကို နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးပဲ . . .”
ကျွင့်ယင်းလျန်လည်း ရွှမ်ပိုင်ကို တစိမ့်စိမ့်ကြည့်ကာ ရယ်မောရင်း ပြောလိုက်တော့သည်။
. . .
တိုးတက်မှုများ ရှိခဲ့သော နင်ဘီလျူ၊ ကျောင်းဖင်းရှန် နှင့် လျူချန်းဂျန်တို့မှာ ထိုနေရာတစ်ဝိုက်ကို စောင့်ကြပ် လျက် ရှိနေကြသည်။
စင်စစ် ၎င်းတို့မှာ နှစ်ဖက်လုံး၏ သူလျှိုများလို ဖြစ် နေကြခြင်းပါပင်။
လျှို့ဝှက်အဖွဲ့ကြီး၏ ကျန်သူလျှိုများမှာမူ ဇီဝိန်ချုပ် သွားကြချေပြီ။
သို့သော် ၎င်းတို့က အသက်ရှင်နေသေး၍ သရုပ်မှန် ပေါ်သွားပြီဟု ဆိုနိုင်သည်။
အံ့အားသင့်စရာ ကောင်းသည့်အချက်မှာ ထိုလူနှစ်ဦး က ပိုမို၍ အစွမ်းထက်လာကြခြင်း ဖြစ်သည်။
အကယ်၍ နင်ဘီလျူနှင့် ကျောင်းဖင်းရှန်တို့သာ ယခု နေရာမှ ထွက်ခွာသွားပါက သေချာပေါက်ပင် အဖွဲ့ကြီး၏ ဒေါသတကြီး တုန့်ပြန်မှုကို ခံရမည်သာ။
သို့တိုင် နှစ်ဦးသားမှာ ဂရုမစိုက်ဘဲ အပြင်သို့ ထွက်ခွာ သွားကြသည်။
လျူချန်းဂျန်သည်လည်း နင်ဘီလျူတို့နှင့်အတူ လိုက် ပါသွားရန် ဆုံးဖြတ်ခဲ့၏။
ထို့ကြောင့် သုံးဦးသားမှာ မော်တယ်ကမ္ဘာမှာတုန်းက ကဲ့သို့ တက်ညီလက်ညီဖြင့် ထွက်ခွာသွားကြတော့သည်။
စင်စစ် နင်ဘီလျူတို့ တိုးတက်မှု ရရှိခဲ့ခြင်းမှာ မလွဲ ဧကန် နတ်ယင်ယန် အသီးကြောင့်ပါပင်။
ယခုအခါ ထိုအသီးကြောင့် ၎င်းတို့မှာ မူလတာအို၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားကြချေပြီ။
သို့သော် အခြေအနေ တစ်ခုမူ ရှိသေး၏။
သူတို့၏ စိတ်အခြေအနေများက သာမန်လူများထက် ပိုသာလွန်သည့်တိုင် လက်ရှိရောက်နေသည့် အဆင့်တွင် မူ အသားမကျသေးခြင်း ဖြစ်သည်။
ထိုအခက်အခဲကို ဖြေရှင်းရန်မှာ သေစေနိုင်လောက် အောင် အန္တရာယ်များသည့် တိုက်ပွဲများ ဆင်နွှဲမှသာ ဖြစ် နိုင်လိမ့်မည်။
လုပ်ကြံသတ်ဖြတ်သူ ပညာရှင်များအတွက် ထိုကဲ့သို့ သော နည်းလမ်းသာ အသင့်တော်ဆုံး ဖြစ်သည်။
ထို့ကြောင့် သုံးဦးသားမှာ အခြားလူများကို ၎င်းတို့၏ အစီအစဉ်များ မပြောဘဲ တိတ်တဆိတ်ဖြင့် ထွက်လာကြ ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် သူတို့၏ စိတ်အခြေအနေနှင့် စွမ်း အင် တိုးတက်မှု ညီမျှစေရန် စွန့်စားခန်း ဖွင့်လာသော လူ သုံးဦးပင် ဖြစ်ပါတော့သည်။
. . .
ရွက်ဖျင်တဲ အတွင်းတွင် ရဲရှောင်၊ ကျွင့်ယင်းလျန်နှင့် ရွှမ်ပိုင်တို့ အနားယူနေလျက် ရှိကြသည်။
ခဏအကြာတွင် သုံးဦးသား မျက်လုံးဖွင့်လိုက်ကြပြီး တစ်ဦးမျက်နှာ တစ်ဦး လှမ်းကြည့်လိုက်ကြပြန်သည်။
ရဲရှောင်၏ မျက်လုံးများမှာ ကန်ရေပြင်အလား တည် ငြိမ်နေပြီး ကျွင့်ယင်းလျန်၏ မျက်လုံးများမှာမူ တလက် လက် တောက်ပနေသည်။
ရွှမ်ပိုင်ကမူ ရှက်ရွံ့နေသည့် ဟန်မျိုးဖြင့် ရှိနေ၏။
ရဲရှောင်လည်း မေးစေ့ကို ဟန်ပါပါဖြင့် ပွတ်သပ်လိုက် ရင်း -
“သူလျှိုတွေကိုတော့ ရှင်းပြီးသွားပြီ ဒါပေမယ့် ငါတို့ လုပ်ကြရမှာက . . .”
ထိုအချိန် ကျွင့်ယင်းလျန်က ရှေ့သို့ တိုးကာ ရဲရှောင် ၏ လက်ကို တယုတယ ဆုပ်ကိုင်လိုက်သည်။
ထို့နောက် ဝိုင်ကဲ့သို့ ချိုအီသော အသံဖြင့် -
“ကျွန်မတို့ နားလည်ပါတယ်၊ ဘယ်အရာကိုမဆို ရှင် ပဲ ဆုံးဖြတ်ချက်ချပါ ကျွန်မတို့ကတော့ ရှင့်ဆုံးဖြတ်ချက် ကို လေးစားပြီး ရှင့်ဦးဆောင်မှုနောက် လိုက်ပါပါ့မယ်”
ရဲရှောင် ပါးစပ်အဟောင်းသားဖြင့် ကျွင့်ယင်းလျန်ကို လှမ်းကြည့်လိုက်သည်။
ကျွင့်ယင်းလျန်မှ ဆက်လက်၍ -
“ဒီနေ့ ကျွန်မတို့တွေ အတူတကွ ရှိနေကြရပြီ၊ ကျန် တဲ့ အရာတွေကို ခေါင်းထဲ သိပ်မထားဘဲ အားလပ်ချိန်ရ တဲ့ အခိုက်အတန့်လေးမှာ ပျော်ပျော်သာနေပါ၊ ခေါင်းပူရ မယ့်ဟာတွေ သိပ်ပြီး စဉ်းစားမနေပါနဲ့ . . .”
“ကမ္ဘာကြီးရဲ့ အရေးကြီးကိစ္စတွေကို နောက်နေ့ကျမှ ဆက်ပြောချင်ပြောပေါ့ . . .”
ရွှမ်ပိုင်မှလည်း ရှက်အမ်းအမ်းဖြင့် -
“ဟုတ်တယ် ကျွန်မတို့က မိသားစုဝင်တွေပဲ၊ ခဏ တဖြုတ် အတူရှိချိန်မှာ ဘာလို့ သွေးထွက်သံယိုကိစ္စတွေ၊ တိုက်ခိုက်မှုအကြောင်းတွေပဲ ပြောနေမှာလဲ အဲဒါတွေက ပျင်းစရာကောင်းတယ် . . .”
တကယ်တမ်းတွင် ရွှမ်ပိုင်၏ နှုတ်မှ ကျွင့်ယင်းလျန် အား လေးစားသမှုဖြင့် သခင်မဆိုသည့် စကားလုံးကို သုံး နှုန်းသင့်ပေသည်။
သို့သော် သူမအဖို့ ကိုယ်လုပ်တော်အဖြစ် မည်သို့ ခံ ယူထားပါစေ ‘သခင်မ ပြောတာ ဟုတ်သည်’ ဆိုသည့် စကားကို မသုံးနိုင် ဖြစ်နေသည်။
ရဲရှောင်ကမူ မိန်းကလေးနှစ်ဦး မည်သို့ခေါ်ဝေါ်နေပါ စေ ထိုအခြင်းအရာအပေါ် အရေးမစိုက်နိုင်ချေ။
အကြောင်းမှာ သူ၏ မျက်လုံးများကို အရောင်တ လက်လက် တောက်ပသွားစေသည့် ‘မိသားစု’ ဆိုသည့် စကားလုံးအပေါ် အာရုံရောက်သွားခြင်းကြောင့်ပါပင်။
“လျန်လျန် . . .”
“မင်းဘာကို ပြောချင်နေတာလဲ . . .”
“မင်းပြောတဲ့ စကားလုံးတွေကို ငါနားမလည်ဘူး ဖြစ် နေတယ် . . .”
ကျွင့်ယင်းလျန်က ရဲရှောင်အား မှီလိုက်ရင်း ချွှဲနွှဲ့သော အသံလေးဖြင့် -
“ဘာလို့လဲ ဘာကို နားမလည်ရမှာလဲ ကျွန်မက ဒီ အတိုင်းပဲ ပြောလိုက်တဲ့ဟာကို၊ ဘာတွေ ဘယ်လိုပဲဖြစ် ဖြစ်၊ ဘာတွေ ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ ရှင်က ကျွန်မတို့ရဲ့ ယောက်ျား၊ ကျွန်မတို့ရဲ့ ရဲရှောင်ပဲလေ . . .”
“ရှင်က ကျွန်မတို့ရဲ့ ယောက်ျား ရဲရှောင် ဖြစ်နေတဲ့ အတွက် ရှင်ဘာတွေပဲ ဆုံးဖြတ်ဖြတ် ကျွန်မတို့က ရှင့်ကို ထောက်ပံ့ပေးမယ်၊ ရှင့်ကို အမြဲချစ်ပေးမယ်၊ ရှင်လုပ်တာ မှန်သမျှ လိုက်လုပ်မယ် ဒါပဲလေ . . .”
ကျွင့်ယင်းလျန်မှ ပြုံးလိုက်ပြန်ရင်း -
“အဲဒါကြောင့် ရှင်လုပ်တာ ဘယ်အရာကိုမဆို ကျွန်မ တို့က လိုက်လုပ်ဖို့ အဆင့်သင့်ပဲ၊ ကျွန်မတို့က မိသားစု တွေ တခြားလူတွေမှ မဟုတ်တာ . . .”
ရဲရှောင်လည်း သက်ပြင်းချလိုက်ရင်း -
“ငါဘာများ ပြောနိုင်ဦးမှာလဲ . . .”
“ဒါကရှင့်အမှား မဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုယ် သိပ် ပြီး တွန်းအားပေးမနေပါနဲ့ . . .”
ကျွင့်ယင်းလျန်က ရဲရှောင်၏ ခေါင်းကို တယုတယ ပွတ်သပ်ရင်း ချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့် ပြောလိုက်၏။
“ငါ့အမှား မဟုတ်ဘူးဆိုတာ ငါသိပါတယ် . . .”
ရဲရှောင် မချိပြုံး ပြုံးရင်း ပြန်ပြောလိုက်သည်။
“ဒါတွေက ထူးခြားတဲ့ အခြေအနေနဲ့ အချိန်အခါတွေ ကြောင့်ပါ . . .”
မှန်ပေသည်။
ထူးခြားသော အခြေအနေနှင့် အချိန်အခါများ တိုက် ဆိုင်သွားသောကြောင့် ထိုသို့ ဖြစ်သွားရခြင်းပါပင်။
ရွှမ်ပိုင်မှ အံတင်းတင်း ကြိတ်လိုက်ရင်း -
“တကယ်တော့ ကျွန်မကလည်း မိဘမဲ့တစ်ယောက် ပါ . . .”
ရဲရှောင်နှင့် ကျွင့်ယင်းလျန်တို့ နှစ်ဦးလုံး အံ့ဩသည့် မျက်လုံးများဖြင့် ရွှမ်ပိုင်ကို လှမ်းကြည့်လိုက်ကြသည်။
ပိုင်အာတစ်ယောက် သူမ၏ အကြောင်း ရဲရဲဝံ့ဝံ့ပြော လိုက်၍ ရဲရှောင် အံ့ဩသွားမိခြင်း ဖြစ်သည်။
ကျွင့်ယင်းလျန်မှာလည်း သူမကိုပင် မပြောခဲ့သည့် အကြောင်းကို ရွှမ်ပိုင်မှ ရုတ်တရက် ဖွင့်ဟပြောဆိုလိုက် ၍ အံ့ဩသွားမိခြင်းပါပင်။
ပိုင်အာ ပြောလိုက်သည့် စကားမှာလည်း ကြားရသူ အပေါင်းကို အံ့ဩသွားစေမည့် စကားပင် ဖြစ်နေပါတော့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now