1141----1142

158 12 2
                                    

အခန်း (၁၁၄၁)(စာစဉ် ၈၂- အပိုင်း ၇)

"နောက်မှ လိုက်ပါခြင်း"

ယွဲ့ဂေါင်ရွှဲ့အနေဖြင့် သားဖြစ်သူနှင့် အမြန်ဆုံးပြန် လည် ဆုံစည်းချင်နေပြီး မိသားစုအတူတကွ နေထိုင် ချင်နေပြီ ဖြစ်သည်။

သို့သော် သားဖြစ်သူအပေါ် အန္တရာယ် ကျရောက် လာမည်ကို သူမ မလိုလား၊ မလိုချင်ပေ။

ထို့ကြောင့် သူမ အချစ်ရဆုံးသားကို အန္တရာယ်ကျ ခံမည့်အစား သူမသာ တစ်သက်လုံး အကျဉ်းချခံထား လိုက်ပေမည်။

ကြီးမြတ်လှသော မိခင်တစ်ဦး၏ မေတ္တာပါပင်။

ရဲနန်ရှန် ကျွင့်ယင်းလျန်၏ စကားလုံးများကို နား ထောင်ရင်း စိတ်ထဲ နာကျင်လာမိ၍ သက်ပြင်းရှည် ကြီးသာ ချလိုက်မိ၏။

ထို့အတူ ရဲရှောင်လည်း မိခင်ဖြစ်သူအတွက် စိတ် မကောင်း ဖြစ်နေမိသည်။

"အဲဒါကြောင့် ငါရောက်လာရတာပဲ၊ အခု သတင်း စကားပါးပြီးပြီဆိုတော့ ငါထွက်သွားသင့်ပြီထင်တယ်"

ကျွင့်ယင်းလျန်လည်း အေးစက်စက် ပြောလိုက်ပြီး နောက် တစ်ဖက်သို့လှည့်ကာ ထွက်သွားရန် ဟန်ပြင် လိုက်သည်။

"အိမ်ထဲဝင်ပြီး လက်ဖက်ရည်ကြမ်းလေး သောက် ပါဦး၊ ခင်ဗျားက အခု ရဲမျိုးနွယ်ရဲ့ အိမ်တော်တံခါးဝ ရှေ့ကိုတောင် ရောက်နေပါပြီ၊ ကျုပ်တို့ ဧည့်ခံပေးပါရ စေဦး . . ."

"ဒီလောက် အဝေးကြီးလာပြီး သတင်းစကားလာ ပါးလို့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်၊ အထဲကို ဝင်ပြီး ကောင်းကောင်း အနားယူလိုက်ပါဦး၊ ကျုပ်ဘက်က ကျေးဇူးတင်ကြောင်း ပြသနိုင်တဲ့ အခွင့်အရေးလေး ပေးပါဦး . . ."

"ရတယ် မလိုပါဘူး . . ."

ကျွင့်ယင်းလျန် စိတ်ထဲ ယခုနေရာက ထူးဆန်းနေ သည်ဟု ခံစားနေရ၍ အလိုမကျဟန်ဖြင့် ငြင်းဆန် လိုက်လေသည်။

"ဒါက ကျွန်မတို့ နောက်ဆုံးအကြိမ် တွေ့ဆုံခြင်း လည်း ဖြစ်တယ်၊ ထပ်ပြီး တွေ့ဖို့ မလိုတော့ပါဘူး . . ."

"ရွှစ် . . ."

ထိုသို့ ပြောပြီးနောက် ကျွင့်ယင်းလျန်လည်း တိမ် တိုက်ပမာပျံသန်းသွားကာ အဝေးသို့ ရောက်ရှိသွား၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now