1235-------1236

93 5 0
                                    

အခန်း (၁၂၃၅)(စာစဉ် ၈၉- အပိုင်း ၃)

“ဟန်ပိုင်ယွဲ့၏ အိပ်မက်”

မြေပြင်ပေါ်၌ သွေးအလိမ်းလိမ်းဖြင့် မြင်မကောင်း အောင် လဲကျနေသော အလောင်းများအား ကြည့်ရင်း ရဲရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။

(နေရောင်ဂိုဏ်းနဲ့ ကြယ်ရောင်ဂိုဏ်းတို့က ငါ့ရဲ့ ဒုတိယ ဘဝအထိပါ လိုက်ပြီး ဒုက္ခပေးမယ်လို့ မထင် ထားခဲ့မိဘူး၊ ဒီဘဝမှာ ငါသူတို့ကို ကလဲ့စားမချေနိုင် ခင်မှာ သူတို့က ငါ့ကိုကြိုပြီး လုပ်ကြံချင်နေကြတယ်)

(သူတို့က ရှောင်ဧကရာဇ်ကိုရော ရဲရှောင်ကိုပါ ပစ် မှတ်ထားခဲ့ကြတာပဲ၊ ငါ့ရဲ့သရုပ်သွင်ပြင်ကို ပြောင်းလဲ ခဲ့ပေမယ့် ဒီရန်သူတွေရဲ့ ရန်ရှာခြင်းကို မရှောင်ရှားနိုင် ခဲ့ဘူး၊ ဒါကငါ့ရဲ့ ကံတရားပဲ ထင်ပါတယ် . . .)

(အဲဒီလောက်တောင် ကံကြမ္မာက ဆိုးလွန်းနေတာ လား၊ ဒီအခြေအနေက တစ်ဖက်ဖက် ကျရှုံးသွားမှသာ အဆုံးသတ်တော့မယ် . . .)

“ကောင်းပြီ ငါ့အဆိုးမဆိုနဲ့တော့ . . .”

ရဲရှောင်၏ မျက်လုံးများ အေးစက်သွားရင်း ကျယ် လောင်စွာ အော်ဟစ်သွား၏။

“အား . . .”

ထိုအော်သံကြောင့် ပတ်ဝန်းကျင်ရှိ တောင်များ၊ မြစ်များ အားလုံးမှာ တုန်ခါသွားတော့သည်။

မူလတာအို အဆင့်ကိုး ပညာရှင်တစ်ဦး၏ အော်သံ ကြောင့် ထိုသို့ဖြစ်သွားရသည်မှာလည်း အဆန်းတော့ မဟုတ်ချေ။

ထိုအချိန် ရုတ်တရက် ကောင်းကင်ယံထက်၌ ရွှေ ရောင် အလင်းတန်းများ လင်းလက်လာလေသည်။

“ရွှစ် . . .”

လင်းယုန်ကြီးနှင့်အတူ ဟန်ပိုင်ယွဲ့ ပေါ်လာခြင်း ဖြစ်၏။

“ဆရာသမား ဘာတွေဖြစ်နေတာလဲ၊ ငါနိုးနိုးချင်း လင်းယုန်ကြီးက ဒီကိုခေါ်လာလို့ . . .”

ဟန်ပိုင်ယွဲ့မှာ အသီးကို မစားခင်ကတည်းက မူလ တာအို အဆင့်ကိုး ထိပ်ဆုံးအဆင့်သို့ ရောက်လုနီးပါး ဖြစ်တော့မည့် လူတစ်ဦး ဖြစ်သည်။

ထို့ပြင် ရှောင်ဧကရာဇ်ထက် အနည်းငယ်သာ အား နည်းသော လူတစ်ဦးလည်း ဖြစ်ခဲ့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now