1448(ခ)--------1450(စ)
83 4 1
အခန်း (၁၄၄၈ - ခ)(စာစဉ် ၁၀၇- အပိုင်း ၅)
“ပျက်ပြယ်သွားခြင်း”
ထူးခြားလှသော ဓားအလင်းတန်းနှစ်ခု . . .
လင်းလက်သွားပုံက သက်တန့်နှစ်စင်းအလားပါပင်။
ထိုဓားအလင်းတန်းနှစ်ခုက မိစ္ဆာကြီး၏ တိုက်ခိုက်မှု ရဲရှောင်တို့ ညီအစ်ကိုနှစ်ယောက်ကို ထိမှန်တော့မည့် အချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
စင်စစ် မိစ္ဆာကြီးနှင့် ရဲရှောင်တို့ကြားတွင် ဓားအလင်းတန်းများက ဝင်ရောက်နေရာယူသွားခြင်းပါပင်။
မိစ္ဆာကြီးမှာလည်း ယခင်ကထက် ပိုမိုအင်အားကြီးနေသည့် ပုံစံမျိုးပေါက်နေသည့်တိုင် တကယ်တမ်းတွင် ပုံမှန်ရှိနေသည့် စွမ်းအားများ၏ ၁၀ ရာခိုင်နှုန်းလောက်ပင် မရှိတော့ချေ။
ထိုသို့ဆိုသော်ငြား ထိုမျှသောစွမ်းအားမျိုးဖြင့် တိုက်ခိုက်သည့် တိုက်ခိုက်မှုမျိုးကိုပင် သာမန်ပညာရှင်များ အဖို့ ရင်ဆိုင်နိုင်ရန်မှာ မလွယ်ကူ၊ ခက်ခဲနိုင်သည်။
သို့သော် ယခု ရုတ်တရက် ရောက်ရှိလာသည့် ဓားအလင်းတန်းနှစ်ခုမှာလည်း သာမန်ပညာရှင်များ၏ ဓား အလင်းတန်းများ မဟုတ်ကြပေ။
အစွမ်းထက်ပညာရှင်များ၏ ဓားအလင်းတန်းများသာ ဖြစ်ကြသည်။
ထိုဓားအလင်းတန်းပိုင်ရှင်များက မည်သူများပါနည်း။
မည်သို့ပင်ဖြစ်ပါစေ ယခုကဲ့သို့ ခက်ခဲသောအချိန်မျိုးတွင် ကူညီပေးရန် ရောက်ရှိလာ၍ ရဲရှောင်စိတ်ထဲ စိတ် သက်သာရာရသွားမိသည်။
ထို့အတူ ထိုအခိုက်အတန့်၌ သူ့အဖို့ မျက်လုံးများ ပိတ်သွားလုမတတ်ပင် အားအင်များ ကုန်ခန်းသလို ခံစား လိုက်ရသည်။
ရှည်ကြာသောတိုက်ပွဲကို အားတင်းတိုက်နေသော ရဲရှောင်တစ်ယောက် ယခုအခါ ခဏတာမျှ စိတ်လျှော့ချ လိုက်နိုင်ပြီ မဟုတ်ပါလား။
သို့သော် သူ၏မျက်ခွံများ ပိတ်မသွားစေရန် ရဲရှောင် အသည်းအသန် ကြိုးစားလိုက်သည်။
ထို့နောက် အားတင်း၍ ဓားအလင်းတန်း ရောက်ရှိလာသောနေရာကို လှမ်း၍ကြည့်လိုက်၏။
ထိုအခါ မိစ္ဆာကြီးကို ဟန့်တားလိုက်ကြသည့်လူများက ဝတ်ရုံနက် ဝတ်ဆင်ထားသော လူနှစ်ဦးဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။
ထိုလူနှစ်ဦး ရပ်နေသည့်ပုံစံက မသိပါက ကြီးမားလှသော တောင်ကြီးနှစ်တောင်နှင့်ပင် တူနေပါသေးသည်။
အလွန်ဟိတ်ဟန်အရှိန်အဝါ ကြီးမားသော လူများပါပင်။
ထိုလူများက မိစ္ဆာကြီး၏ တိုက်ခိုက်မှုကိုသာ ဟန့်တားလိုက်သည် မဟုတ်။
၎င်းတို့၏ဓားများဖြင့် မိစ္ဆာကြီးကို နောက်သို့လှန်ထွက်သွားအောင်ပင် တွန်းထုတ်လိုက်နိုင်ကြခြင်း ဖြစ် သည်။
ထိုလူနှစ်ဦးအနက် တစ်ယောက်မှာ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး တည်ကြည်ခန့်ညားကာ ဩဇာအရှိန်အဝါကြီးမားသော အသွင်မျိုးရှိ၏။
ကျန်တစ်ယောက်မှာမူ ချောမောလှပသော မိန်းမပျိုတစ်ဦးသာဖြစ်သည်။
သို့သော် လူတိုင်း သတိပြုမိစေသည့် အချက်တစ်ချက် ရှိနေသည်။
ထိုအမျိုးသမီးက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းပါပင်။
ရဲရှောင် ထိုမြင်ကွင်းကိုကြည့်ရင်း နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်လာသည်။
မျက်လုံးများမှ မျက်ရည်များကလည်း အလိုလိုပင် တစ်ပေါက်ပြီး တစ်ပေါက် ကျဆင်းလာ၏။
ထို့အတူ သူ့စိတ်ထဲ၌လည်း အရောင်အသွေးစုံလင်သော ခံစားချက်မျိုးစုံ ပေါက်ဖွားသွားလေသည်။
စင်စစ် သူမြင်တွေ့လိုက်ရသည့် လူများမှာ အခြားမဟုတ်။
ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့ပါပင်။
မှန်ပေသည်။
ယခုကဲ့သို့ ခက်ခဲသောအချိန်မျိုးတွင် ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
ထိုအချိန် လဘုရင်မမှာလည်း ဒဏ်ရာအပြင်းအထန်ရထားချိန် ဖြစ်သည်။
သို့သော် အံ့ဩသွား၍ ကျယ်လောင်သော အသံကြီးဖြင့် -
“ရွှဲ့အာ . . .”
“ဆရာ . . .”
ယွဲ့ဂေါင်ရွှဲ့ ဓားကိုဝေ့ယမ်းရင်း ဆရာဖြစ်သူကို လှမ်းကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ရဲရှောင်ကိုလည်း ကြည့်မိလိုက်၍ မတော်တဆ အကြည့်ချင်းဆုံမိသွားကြ၏။
ထိုအခါ ဒဏ်ရာအပြင်းအထန်ရထားသော ရဲရှောင်ကိုကြည့်ရင်း သူမ၏ရင်တစ်ခုလုံး မီးစနှင့်ထိုးခံလိုက်ရ သည့်အလား ပူလောင်သွား၏။
ထို့အတူ ခံစားချက်မျိုးစုံလည်း ရင်ထဲ၌ ရောယှက်သွားလေသည်။
ထို့နောက် သူမလက်ထဲရှိ ဓားကြီးဖြင့် မိစ္ဆာကြီးကို နောက်သို့လှန်ထွက်အောင် တွန်းထုတ်လိုက်ပါတော့ သည်။
. . .
၅ ခုမြောက် အစီရင်တွင် ဖြစ်သည်။
အားဟူက မီးတောက်ရှေ့တွင် ထိုင်နေရင်း ၎င်း၏ပါးစပ်လေးကို အစွမ်းကုန်ဟကာ ဝိညာဉ်စွမ်းအင်များအား စုပ်ယူနေလေသည်။
ပြီးခဲ့သောအခေါက်တွင်လည်း အစီရင်နှစ်ခုမှ စွမ်းအင်များကိုစုပ်ယူနိုင်ခဲ့၍ တိုးတက်မှုများစွာ ရရှိနိုင်ခဲ့သည်။
ထို့ကြောင့် ယခုအခေါက်တွင် ယခင်ထက် ၁၀ ခန့်ပိုမြန်စွာ စုပ်ယူနိုင်လျက်ရှိသည်။
ထိုအချိန် ရဲနန်ရှန်မှာမူ ရဲရှောင်ရှေ့တွင် မားမားမတ်မတ် ရပ်တည်ကာကွယ်နေ၍ နောက်သို့ လှည့်မကြည့် နိုင်သေးချေ။
သို့သော် ဓားကိုဝေ့ယမ်းရင်းဖြင့် ရဲရှောင်အား -
“ရဲရှောင် . . .”
“ငါတို့ရောက်နေကြပြီ . . .”
“အခုချိန်မှာ မင်းကို ငါတို့ဘယ်လိုခေါ်ရမယ်ဆိုတာကို မသိသေးဘူး . . .”
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မင်းကို အသိအမှတ်ပြုတယ်၊ ငါတို့မင်းကို လိုလားတယ် . . .”
“ဒါပေမယ့် ငါတို့မဝံ့မရဲ ဖြစ်မိတယ်၊ ငါဆိုလိုချင်တာကို မင်းနားလည်မယ်လို့ ထင်ပါတယ်၊ ငါတို့ခံစားခဲ့ရတာ တွေက ပြောပြဖို့ ခက်ခဲလွန်းတယ် . . .”
“အရေးကြီးအဆုံးအချက်က မင်းကို ဘာအတွက်မှ အပြစ်မတင်ဘူးဆိုတဲ့အကြောင်း ပြောချင်တယ်၊ အခု ပြောပြတယ်ဆိုတာကလည်း မင်းကို သိစေချင်ယုံသက်သက်ပါ၊ ငါတို့အပြစ်မတင်ဘူးဆိုတာ မင်းကိုသိစေချင်တယ်”
“နောက်ထပ်တစ်ချက်ရှိသေးတယ် မင်းအန္တရာယ်ကျရောက်နေတဲ့အချိန်မှာ ငါတို့တွေက မင်းရဲ့ဘေးမှာ သေချာပေါက် ရှိနေမှာပဲ၊ မင်းကိုဘယ်လိုနည်းနဲ့မှ ထိခိုက်နာကျင်စေမှာ မဟုတ်ဘူး . . .”
“ငါတို့ရဲ့ အသက်ကိုတောင်စွန့်ပြီး မင်းကိုကာကွယ်ပေးမယ်၊ ငါတို့မသေမချင်း ဘယ်သူမှ ထိခိုက်နာကျင် အောင် မလုပ်နိုင်စေရဘူး . . .”
“တကယ်တော့ ငါပြောချင်တာက . . .”
ရဲနန်ရှန်၏ရင်ထဲ၌ ခံစားချက်မျိုးစုံ ရောပြွန်းနေ၍ မည်သည့်စကားဆက်ပြောရမည်မှန်း မသိနိုင်အောင် ဖြစ် သွားသည်။
ထို့ကြောင့် ပြောလက်စ စကားကိုတန့်ရင်း ခဏတာမျှ ရပ်နားလိုက်သည်။
ထို့နောက်မှသာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး ကျယ်လောင်သော အသံကြီးဖြင့် -
“ငါ့သားကို ဘယ်သူထိဝံ့သလဲ . . .”
ဓားသွားပမာ ထက်ရှလှသော ထိုစကား။
ပွင့်လွှာများပမာ နူးညံ့မှုလှသော ဖခင်မေတ္တာအပြည့်ပါသည့် ထိုစကား။
တစ်ခွန်းတစ်လေမျှ ဖြစ်သည့်တိုင် ထိုစကားက ရဲရှောင်၏ရင်ထဲသို့ တိုက်ရိုက်ထိမှန်သွား၏။
ထို့ကြောင့် ရဲရှောင် မည်သို့မှ ဟန်မဆောင်နိုင်တော့ဘဲ စတင်ငိုကြွေးတော့သည်။
(ငါသိတယ် ငါသိတာပေါ့ . . .)
(သူတို့က ငါ့ကိုခွင့်လွှတ်ကြတယ် ဒါပေမယ့် သူတို့ခံစားချက်တွေကိုလည်း ဖုံးကွယ်ထားမှ သူတို့အတွက် အဆင်ပြေမှာလေ၊ သူတို့အနေနဲ့က ဘယ်လိုလုပ် ထုတ်ဖော်ပြသလို့ရမှာလဲ . . .)
(ငါသိတယ် ငါနားလည်တယ် ငါလုံးဝကို နားလည်တယ် . . .)
ရင်ထဲ၌ ခံစားချက်များ ပြည့်နှက်လာသော ရဲရှောင်လည်း ကျယ်လောင်စွာသာ အော်ဟစ်လိုက်တော့သည်။
သူ့အဖို့ လက်ရှိအချိန်တွင် ပင်ပန်းနွမ်းနယ်မှုနှင့်အတူ အားအင်များချိနဲ့နေပြီ ဖြစ်သည်။
သို့သော် ရဲနန်ရှန်၏ အော်သံကြီးကြောင့် စိတ်ဓာတ်များတက်ကြွသွားပြီး ချက်ချင်းပင် ကုန်းထလိုက်၏။
“ကျုပ်နားလည်ပါတယ် . . .”
(အခုအချိန်မှာ ငါ့အတွက် နောင်တရစရာ ဘာမှမရှိတော့ဘူး . . .)
ထိုအချိန် သူ၏နှလုံးသား အနက်ရှိုင်းဆုံး နေရာမှလည်း မိဘများကို ကျေးဇူးတင်နေမိလေသည်။
(အဖေနဲ့အမေ ကျေးဇူးတင်ပါတယ် . . .)
သို့သော် ထိုစကားကိုမူ သူနှုတ်မှထုတ်ဖော်မပြော။
ရင်ထဲ၌သာ သိမ်းထားလိုက်တော့၏။
ထိုအချိန်တွင် သူ့ရင်ထဲ၌ စူးစိုက်နေသော ဆူးတစ်ချောင်းမှာလည်း ရုတ်တရက် ဆွဲနှုတ်ခံလိုက်ရသလိုပင် ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ အလွန်အမင်း ကျေနပ်သွားသလို ခံစားမှုမျိုးရလိုက်သော်လည်း ထိုခံစား ချက်ကိုမူ အတိအကျမူ ထုတ်ပြနိုင်ခြင်း မရှိချေ။
ထို့ကြောင့် သူ၏ခံစားချက်ကို မည်သူမှ သိနိုင်တော့မည် မဟုတ်ပါ။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်အတွင်းမှ အသက်ဓာတ်ချီဓာတ်တစ်မျိုး ထွက်ပေါ်သွားသည်ကို ခံစား မိလိုက်ပြန်သည်။
စင်စစ် ထူးခြားသော စွမ်းအင်တစ်မျိုး ထွက်ပေါ်သွားခြင်းပါပင်။
ထိုသို့ ထွက်ပေါ်လာသည့်အချိန်ကလည်း ရင်ထဲရှိဆူး ရှင်းလင်းသွားသည့်အချိန်တွင် အချိန်ကိုက် ထွက်ပေါ် လာခြင်း ဖြစ်သည်။
ထိုအချိန် ရဲရှောင်ကို ကြည့်မိသူတိုင်းအဖို့ အံ့ဩတုန်လှုပ်သွားကြလေသည်။
(သူက အဆင့်တက်သွားတာလား . . .)
(ဒီလိုအချိန်မှာတောင် အဆင့်တက်အောင် လုပ်လိုက်နိုင်တာလား . . .)
မိစ္ဆာကြီးမှာလည်း အခြားလူများကဲ့သို့ပါပင်။
ရဲရှောင်အား အံ့ဩဟန်ဖြင့် မျက်လုံးပြူး မျက်ဆံပြူးဖြင့် ငေးကြည့်လျက်ရှိနေသည်။
မိစ္ဆာကြီးအဖို့ ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့ကြောင့် နောက်သို့ဆုတ်ခွာသွားရသည့်တိုင် ဂရုစိုက်ခဲ့ခြင်းအလျဉ်း မရှိပေ။
တကယ်တမ်းတွင် ရဲနန်ရှန်တို့ကိုပင် ကျေးဇူးတင်နေမိခြင်း ဖြစ်သည်။
နှစ်ယောက်သားက သူ၏ရူးသွပ်မှုများကို ထိန်းချုပ်ပေးလိုက်သလိုပင် ဖြစ်ခဲ့သည် မဟုတ်ပါလား။
သို့သော် သူအသိစိတ်ပြန်ဝင်ပြီးနောက်ပိုင်းတွင်မူ လက်ရှိအခြေအနေများကို ချက်ချင်းပင် သဘောပေါက် သွားခဲ့သည်။
အကယ်၍ ရဲနန်ရှန်တို့သာ ရောက်မလာပါက ရဲရှောင်နှင့် လိဝူလျန်တို့က သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်၍ စတေးကြတော့မည် ဖြစ်သည်။
ထိုသို့သာပေါက်ကွဲသွားပါက မိစ္ဆာကြီးအနေဖြင့်လည်း ခုခံနိုင်စွမ်းမရှိမည်မှာ သေချာလှသည်။
ထို့ကြောင့် ရဲရှောင်တို့နှစ်ဦး၏ ဝိညာဉ်စွမ်းအင်များကြောင့် အစီရင်ကြီးက ပြည့်သွားမည်ဆိုသည့်တိုင် မိစ္ဆာ ကြီးအဖို့ ထိုမြင်ကွင်းကို မြင်တွေ့နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
အနှစ်နှစ်အလလ ကြိုးစားခဲ့သည့်တိုင် သူ့အောင်မြင်မှုသူ မမြင်ရပါက အဓိပ္ပာယ်မရှိသော အဆုံးသတ်သာ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
မိစ္ဆာကြီးလည်း ရဲနန်ရှန်တို့၏ တွန်းထုတ်ခြင်းကို ခံရပြီးနောက် ခဏတာမျှ အနားယူလိုက်သည်။
ထို့နောက် ယခင်အတိုင်း စွမ်းအင်များ ပြန်လည်ရရှိလာလေသည်။
သူ့အား တွန်းထုတ်ခဲ့သည့် ရဲနန်ရှန်တို့မှာမူ ခေါင်းစည်းအဆင့်သာရှိသေး၍ သတ်ဖြတ်ရန်မှာ မိစ္ဆာကြီးအဖို့ မခက်ခဲလှချေ။
သို့သော် ထိုအချိန်မှာပင် ရဲရှောင်က မယုံနိုင်ဖွယ်ကောင်းအောင်ပင် အဆင့်တက်သွားခဲ့သည်။
ထိုအဆင့်တက်ခြင်းက လူတိုင်း၏အသက်ကို ကယ်တင်ပေးနိုင်ပါမည်လော။
“လူတိုင်းအဝေးကို ဖယ်ကြတော့ . . .”
“ကျုပ်အဆင့်တက်သွားပြီ . . .”
ရဲရှောင်မှ အသက်ပြင်းပြင်းရှူရင်း ပြောလိုက်၏။
“ကျုပ် မိစ္ဆာကြီးကို သတ်ဖြတ်ဖို့ မိုးကြိုးကပ်ဘေးကြီး ကျရောက်အောင် လုပ်လိုက်မယ် . . .”
စင်စစ် ရဲရှောင် ယခုကဲ့သို့ အဆင့်တက်သွားရခြင်းမှာလည်း အခြားမဟုတ်။
သူ့ရင်ထဲ၌ စူးနစ်ဝင်နေသော ဆူးတစ်ချောင်း ကွယ်ပျောက်သွား၍ ကျင့်ကြံမှုပိုင်းတွင် အမြင့်ဆုံးအနေထား သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
ထိုသို့အဆင့်တက်သွား၍လည်း မကြာခင် မိုးကြိုးလျပ်စီးများ ကောင်းကင်ထက်မှ ကျရောက်လာတော့ပေ မည်။
ရဲရှောင်က ယခုအစီအစဉ်ကို ကြိုတင်စီစဉ်ထားခဲ့သည်ဟု ဆိုနိုင်သည်။
မိစ္ဆာကြီးကို သူ့တွင်ရှိသော လူများနှင့်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ကြောင်း သူကောင်းစွာ သိခဲ့သည်။
မိစ္ဆာကြီးက ယုံကြည်မှုအပြည့်ရှိနေပြီး သူ၏လူများကိုပင် ယုံကြည်မှုရှိရှိဖြင့် စတေးနိုင်သူတစ်ဦးပင် မဟုတ် ပါလား။
ထိုကဲ့သို့ ယုံကြည်မှုမရှိဘဲနှင့် သူ၏လူများကို ဆုံးရှုံးခံလိမ့်မည် မဟုတ်ပြီ။
ထို့ကြောင့်ပင် ရဲရှောင်က အစီအစဉ်မြောက်များစွာကို စီစဉ်ခဲ့ရခြင်း ဖြစ်သည်။
ပထမဦးစွာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင်းဖြင့် ရဲရှောင်က တိုက်ပွဲကို စတင်ဖွင့်ခဲ့သည်။
ထိုအချိန်တွင် သူ၏လူများနှင့်သာ အနိုင်ရသွားနိုင်ပါက အကောင်းဆုံးပင် ဖြစ်လိမ့်မည်။
ဒုတိယအနေဖြင့် အားဟူကို မိစ္ဆာအစီအရင်မှ မီးတောက်များကို ငြိမ်းသတ်နိုင်အောင် စေခိုင်းခဲ့သည်။
တတိယအနေဖြင့် သူစီမံထားသည့် ထိုအရာများသာ မအောင်မြင်ခဲ့ပါက ဟင်းလင်းပြင်ထဲရှိ စွမ်းအင်များကို စုစည်းကာ ဖောက်ခွဲပစ်ရန် ကြံရွယ်ထားသည်။
ထိုအခါ သူအဆင့်တက်သွားနိုင်ပြီး မိုးကြိုးကပ်ဘေးကြီးနှင့်လည်း မလွဲမသေ ကြုံရနိုင်သည်။
ထိုမိုးကြိုးကပ်ဘေးကြီးသာလျှင် သူ့အတွက် နောက်ဆုံးကောက်ရိုးတစ်မျှင် ဖြစ်နိုင်သည်။
ထိုသို့လုပ်လိုက်၍အတွက် သူသည်လည်း မိစ္ဆာကြီးနှင့်အတူ သေဆုံးကောင်းသေဆုံးသွားနိုင်သည်။
ထို့ကြောင့်ပင် လင်းယုန်ကြီးအား ကောင်းကင်ထက်တွင် အချိန်ပြည့် နေရာယူထားခိုင်းခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စေခိုင်းခဲ့ခြင်းမှာလည်း အခြားအကြောင်းကြောင့် မဟုတ်။
မိုးကြိုးကပ်ဘေး ကျရောက်စေရန် လုံလောက်သည့် စွမ်းအားများ မပေးနိုင်လျှင် လင်းယုန်ကြီးမှ ၎င်း၏ သဘာဝမိုးကြိုးဓာတ်များကို အသုံးပြုကာ မိုးကြိုးများ ပစ်ချပေးစေရန်အတွက်ဖြစ်သည်။
သို့သော် ထိုအစီအစဉ်များထဲတွင် သူမမျှော်လင့်ထားသည့် အချက်မှာ ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့ ရောက်ရှိ လာခြင်းပါပင်။
ယခုလို သေရေးရှင်ရေးအချိန်တွင် ယခုကဲ့သို့ လာရောက်ကူညီလိမ့်မည်ဟု သူအိပ်မက်ပင် မမက်ခဲ့ဖူးချေ။
ထိုအချိန် သူ့ရင်ထဲရှိ အစိုင်အခဲများကလည်း ပြယ်လွင့်သွားပြီး မထင်မှတ်စွာပင် အဆင့်တစ်ခုသို့ တက်လှမ်း သွားရခြင်းပင် ဖြစ်ပါတော့သည်။