1331------1334

95 4 0
                                    

အခန်း (၁၃၃၁)(စာစဉ် ၉၆- အပိုင်း ၁)
“အင်အားစု၏ အစ”

တစ်ခါတစ်ရံတွင် သင်ကြောက်နေသည့် အချိန်မှာ မှ ကြောက်စရာများက ရောက်လာတတ်သည်။
ဤသည်က ဖြစ်လေ့ဖြစ်ထ ရှိသည့် သဘာဝပါပင်။
ယခုအခါတွင်လည်း ဂျိဇန်းဖန်က လျှို့ဝှက်အဖွဲ့ အစည်းကြီးအကြောင်း အထိတ်တလန့် ပြောနေချိန် မှာမှ အဖွဲ့အစည်းကြီးက ထပ်မံလှုပ်ရှားလိုက်ချေပြီ။
သို့သော် ယခုအခေါက်တွင်မူ အခြားမျိုးနွယ်စုများ ထက် ပိုမိုအင်အားကြီးသော စိခုံမျိုးနွယ်စုကို ပစ်မှတ် ထားလိုက်ခြင်း ဖြစ်သည်။
စိခုံဆိုသည်က မျိုးနွယ်စုကြီး ၉ ခုထဲမှ တစ်ခုပင် ဖြစ်၏။
ထို့ကြောင့် လူတိုင်းမှာ ထိတ်လန့်သွားကြပါတော့ သည်။
“ဘယ်အချိန်က ဖြစ်တာလဲ . . .”
ရဲရှောင်က မျက်မှောင်ကြုတ်လျက် ဆေးလုံးတစ် လုံးကို ထုတ်ကာ လက်ဖြင့်တောက်လိုက်သည်။
ရဲရှောင်က သတင်းလာပို့သူနှင့် ပေ ၃၀၀ ခန့် အကွာ၌ ရှိနေသော်လည်း ဆေးလုံးမှာ ထိုလူ၏ ပါးစပ် ထဲသို့ ဖြောင့်တန်းစွာ ဝင်သွားသည်။
ထို့နောက် ဆေးလုံးဝင်သွားသည်နှင့် ထိုလူ၏ ငြီး တွားသံ ထွက်ပေါ်လာပြီး မျက်လုံးများ တဖြည်းဖြည်း ပွင့်လာသည်။
ထိုလူမှာ မျက်လုံးဖွင့်ဖွင့်ချင်း မျိုးနွယ်စု၏ဘိုးဘေး ကြီးနှင့် ခေါင်းဆောင်ဖြစ်သူတို့က သူ့ဘေးနား၌ စိတ်ပူ နေသည့် ပုံမျိုးဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။
ဂျိဇန်းဖန်က -
“ဘယ်အချိန်က ဖြစ်ပျက်ခဲ့တာလဲ . . .”
သတင်းလာပို့သည့် လူမှ -
“မနေ့ညလောက်ကပဲ အခုလောက်ဆိုရင် စိခုံမျိုး နွယ်စုက သူတို့တွေ . . .”
“မနေ့ညကပေါ့လေ . . .”
ဂျိဇန်းဖန် မျက်နှာပျက်ယွင်းစွာဖြင့် ရေရွတ်လိုက် သည်။
ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ရဲရှောင် ဘက်သို့ လှည့်ကာ ထပ်မံ၍ ဒူးထောက်ချလိုက်ပြန်၏။
“ရှောင်ဧကရာဇ် . . .”
ဂျိဇန်းဖန်မှာ မျက်ရည်များဖြင့် ငိုကြွေးလုမတတ် ပင် ဖြစ်နေသည်။
လူတိုင်းမှာလည်း ရဲရှောင်အား ကြည့်လိုက်ကြပြီး တောင်းပန်တိုးလျှိုးသည့် အသံဖြင့် -
“ရှောင်ဧကရာဇ် . . .”
ပြောပြောဆိုဆိုဖြင့် အားလုံးမှာ တစ်ပြိုင်တည်း ဒူး ထောက်လိုက်ကြပြီး ပြန်၍ မထကြတော့ချေ။
ရဲရှောင်လည်း သက်ပြင်းချလိုက်ပြီး ညင်သာသော အသံဖြင့် -
“ကောင်းပြီ ကောင်းပြီ . . .”
“ကျုပ်က အမှီအခိုကင်းတဲ့ တစ်ကိုယ်တော် ပညာ ရှင် တစ်ယောက် ဆိုပေမယ့် ဒီနေ့တော့ အတော်များ များကို သိလိုက်ရတယ် . . .”
“လူတိုင်းမှာလည်း ကိုယ့်အခက်ခဲနဲ့ကိုယ်ပဲလေ အဲ ဒီတော့ ခင်ဗျားတို့ စိုးရိမ်တာကို ကျုပ်အပြည့်အဝ နား လည်ပါတယ် . . .”
ထို့နောက် ရဲရှောင်လည်း တခဏမျှ တွေးလိုက်ပြီး နောက် အံကြိတ်ကာ -
“ကမ္ဘာကြီးက ရှုပ်ထွေးမှုတွေ ဖြစ်တော့မယ် ဒီရှုပ် ထွေးမှုတွေရဲ့ အဝေးမှာ ကျုပ်နေလို့ရတယ် ဒါပေမယ့် ဘေးဒုက္ခရောက်နေတဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့က မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပဲ . . .”
“နောက်ပြီး ခင်ဗျားတို့ အားလုံးကလည်း ကျုပ်ကို ယုံကြည်မှု အပြည့်ရှိပေးကြတော့ ကျုပ်ကလည်း လျှို့ ဝှက်အဖွဲ့အစည်းကြီးကို ကမ္ဘာဆုံးတဲ့အထိ အကောင်း ဆုံး တိုက်ခိုက်ဖို့ ကြိုးစားကြည့်တာပေါ့ . . .”
ထိုစကားကို ကြားချိန် လူအုပ်ကြီးမှာ ချက်ချင်းပင် ထခုန်လုမတတ် ဝမ်းသာသွားကြသည်။
“ကျေးဇူးတင်ပါတယ် . . .”
“ကျေးဇူးတင်ပါတယ် ရှောင်ဧကရာဇ် . . .”
“ခင်ဗျားက တကယ်ကို သမာသမတ်ကျပြီး ကြင် နာတတ်တဲ့ သူရဲကောင်းတစ်ယောက်ပါပဲ . . .”
“ရှောင်ဧကရာဇ်က တကယ်ကို စိတ်နှလုံး ပြည့်ပြီး သဘောထားကြီးတယ် ကျုပ်တို့တွေ အများကြီးကျေး ဇူးတင်ပါတယ် . . .”
“ရှောင်ဧကရာဇ်သာ တိုက်ပွဲကို ဦးဆောင်မယ်ဆို ရင် ဒီလျှို့ဝှက် အဖွဲ့အစည်းကြီးလည်း မကြာခင်မှာ ပျက်စီးရမယ်လို့ ကျုပ်ယုံကြည်တယ် . . .”
ရဲရှောင်မှ တစ်ယောက်တစ်ခွန်း ပြောဆိုနေသည် များကို နားထောင်ရင်း လေးနက်သော အသံဖြင့် -
“ခင်ဗျားတို့တွေ ကျုပ်ကို ယုံကြည်တယ်ဆိုတာ ကျုပ်သိပါတယ် ဒါပေမယ့် ခင်ဗျားတို့ မှတ်ထားရမယ့် အရာတစ်ချို့တော့ ရှိတယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှုရှိဖို့ လိုအပ်သလို ရန်သူကိုလည်း သိပ်ပြီး အထင် မကြီးနဲ့ . . .”
“ကျုပ်တို့တွေ တတ်နိုင်သမျှ အကုန်လုံး လုပ်မယ် ဆိုရင်တောင် အကောင်းဆုံး ရလာဒ် ဖြစ်လာမယ်လို့ မထင်သေးဘူး ဘာလို့လဲဆိုတော့ ရန်သူက သိပ်ပြီးစွမ်း အားကြီးနေတော့ မှန်းဆရခက်တယ်လေ ကျုပ်တို့တွေ သတိလက်လွတ် နေလို့မဖြစ်ဘူး၊ အဲဒီအတွက် အား လုံးပဲ ပြင်ဆင်ထားကြပါ . . .”
“နောက်တစ်ချက်က ကျုပ်ကို ခင်ဗျားတို့က ခေါင်း ဆောင်အဖြစ် ရွေးချယ်ပြီဆိုတော့ ခင်ဗျားတို့တွေက ကျုပ်အမိန့်ကို နာခံဖို့ လိုအပ်လာပြီ . . .”
“ကျုပ်တို့တွေ တစ်စုတစ်စည်းတည်း စုစည်းလိုက် ကြမယ်ဆိုရင်တောင် ကျုပ်တို့က မရင်းနှီးကြတဲ့လူတွေ လေ၊ အဲဒီတော့ သေချာလေ့ကျင့်ထိန်းကျောင်းထားတဲ့ ရန်သူတွေနဲ့ နှိုင်းယှဉ်ရင် ကျုပ်တို့က သူတို့ထက် အား နည်းနေသေးတယ် . . .”
“အဲဒါကြောင့် ခင်ဗျားတို့တွေ ကျုပ်အမိန့်ကို မနာခံ ဘူးဆိုရင် ကျုပ်တို့ ကြိုးစားထားသမျှက သဲထဲရေသွန် ဖြစ်သွားမှာပဲ . . .”
အားလုံးမှာ တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြ ပြီး ရှောင်ဧကရာဇ်၏ အမိန့်ကို နာခံရန် အသင့်ရှိနေကြ သည်။
“အခု သူတို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီဆိုမှ တော့ ဆရာဂျိ . . .”
ရဲရှောင်မှ ပြောလက်စ စကားကို ရပ်ရင်း ဂျိဇန်းဖန် အား လှမ်းကြည့်လိုက်သည်။
ထို့နောက်မှ -
“ကျုပ်တို့အားလုံး လိုက်နာရမယ့် စည်းမျဉ်းတွေလို အပ်တယ်၊ အဲဒီတော့ ဆရာဂျိက တိုက်ပွဲကို ဘယ်လို တိုက်ခိုက်ရမယ်ဆိုတာ ပြောလိုက်ပါ . . .”
“ကျုပ်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ် လိုဆက်သွယ်မယ်၊ ဘယ်လိုစောင့်ကြပ်မယ်ဆိုတာတွေ ကို သိဖို့ လိုအပ်တယ် အဲဒါတွေက အခုကိုလိုအပ်တာ”
ရဲရှောင်မှ ပြောလိုက်ချိန် အားလုံးမှာ အသေအချာ နားစိုက်ထောင်နေကြ၏။
ဂျိဇန်းဖန်လည်း လူနှစ်ယောက်အား ရေးမှတ်ထား ရန် စေခိုင်းလိုက်သည်။
ရဲရှောင်မှာလည်း မူလတာအိုအဆင့် ပညာရှင်များ ကို ကြည့်ရင်း စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချ လိုက်မိသည်။
ယခုအခါ လျှို့ဝှက်အဖွဲ့အစည်းကြီးကို ရင်ဆိုင်ရန် အတွက် စစ်သည်တော်များကို သူ အောင်မြင်စွာ ဖြန့်ကျက်နိုင်လိုက်ပြီ ဖြစ်သည်။
လက်ရှိ အင်အားက ရန်သူများကို ခုခံရန် အားနည်း နေဦးမည်ကို သိသည့်တိုင် အနှေးနှင့်အမြန် သူတို့ လည်း အင်အားကောင်းလာနိုင်သည် မဟုတ်ပါလား။
မည်သည့် အင်အားစုမဆို စတည်ထောင်ကတည်း က အင်အားကြီးသည် မရှိပေ။
အင်အားကြီးလာရန်အတွက် သေချာပေါက် အချိန် လိုအပ်မည်သာ။
လူများမှာမူ ရဲရှောင် ပြောသည်ကို နားထောင်ရင်း လိုက်၍ ရေးမှတ်နေကြ၏။
တစ်ချိန်တည်းမှာပင် အသုံးဝင်သည့် အကြံမျိုး ပေး နိုင်ရန်လည်း ကြိုးပမ်းနေကြလေသည်။
ထို့ကြောင့် ရှောင်ဧကရာဇ် စကားဆုံးသည်နှင့် သူ တို့စဉ်းစားမိသမျှ အကြံများကို ပြောဆိုကြတော့သည်။
ထိုလူများမှာ သူတို့၏ ခွန်အား၊ စွမ်းအားများထက် သာလွန်သော တိုက်ပွဲ ရင်ဆိုင်ရတော့မည်ကို ကောင်း စွာ သိနေကြသည်။
ဖြစ်လာမည့် တိုက်ပွဲက သူသေကိုယ်သေ တိုက်ပွဲ ပင် မဟုတ်ပါလား။
ထို့ကြောင့် စတင်သည်နှင့် နောက်ဆုတ်ရန် မရှိ၊ ရှေ့ဆက်တိုးရန်သာ ရှိပြီး အဆုံးသတ်၌လည်း သေဆုံး ခြင်းနှင့် အောင်မြင်ခြင်းသာ ရှိသည်။
တိုက်ပွဲက ပါဝင်သူအားလုံးအတွက် သေလျှင်မြေ ကြီး၊ ရှင်လျှင် ရွှေထီးသာ ဖြစ်နိုင်၍ မည်သူမှ တစ်ကိုယ် ကောင်းဆန်လိုစိတ် မရှိကြတော့ပေ။
အားလုံးညီညွတ်မှသာ အနာဂတ် တိုက်ပွဲကို အနိုင် ရနိုင်မည် မဟုတ်ပါလား။
လက်ရှိတွင် အားလုံးအတွက် အနာဂတ် တိုက်ပွဲ ထက် မည်သည့်အရာကမှ အရေးမကြီးတော့ဘဲ ဖြစ် နေပါတော့သည်။
. . .
ရဲရှောင်က ဟန်ဆောင်ကောင်းသည် ဆိုသော်ငြား သိသာအောင်တော့ မလုပ်ခဲ့ပေ။
ထိုသို့သာ မလုပ်ပါက အခြားလူများက သူ့ကို ယုံ ကြည်ကြလိမ့်မည် မဟုတ်ပေ။
တစ်နည်းအားဖြင့် သူက ထိုလူများ၏ အကူအညီ ကို လိုအပ်နေသည်ဟု တွေးထင်နေကြမည့်အဖြစ်မျိုး ရဲရှောင် အဖြစ်မခံလို။
ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင်မှ အခြားလူများ၏ အကူအညီကို လိုအပ်နေခြင်းက မသင့်တော်သည့် ကိစ္စ မဟုတ်ပါလား။
ထို့ပြင် ရဲရှောင်က ၎င်းတို့ကို အသုံးချနေသည်ဟု လည်း အများ၏ အမြင်တွင် အထင်မခံစေလိုချေ။
နှစ်ဘဝ ဖြတ်သန်းပြီးသော သူ့အဖို့ လူများ၏ စိတ် ထဲရှိ ခံစားချက်များကို ကောင်းစွာ သိနေသည်။
ထို့ကြောင့် ထိုအချက်ကို ပိုင်နိုင်စွာ အသုံးချကာ လူ အများက သူ့အား ကူညီပေးရန် တောင်းဆိုမည့် နည်း လမ်းကိုသာ ရွေးချယ်ဖန်တီးခဲ့သည်။
သူ့ဘက်မှလည်း ဝင်ရောက်ကူညီရန် ခက်ခဲသည့် ဆုံးဖြတ်ချက် ချရသည့် ပုံစံမျိုး ဟန်ဆောင်ခဲ့ပါသေး သည်။
အနည်းဆုံးမူ ထိုလူများ၏ စိတ်ထဲ ရဲရှောင် ပါဝင် ခြင်းကြောင့် စိတ်အားတက်ကြွသွားကြမည်မှာ အသေ အချာပင်။
ထို့ပြင် အားလုံးမှာ ပုံမှန်ထက် ပိုမိုစည်းလုံးသွားနိုင် ကြပြီး အောင်မြင်မှုကိုလည်း ရရှိနိုင်မည် ဖြစ်ပါတော့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now