1353-------1356

111 5 0
                                    

အခန်း (၁၃၅၃)(စာစဉ် ၉၇- အပိုင်း၉)
“အားလုံးကို လွှတ်စေခြင်း”
“တိမ်မြူခိုးနန်းတော်၊ ချင်းဟွာနန်းတော်နဲ့ ကောင်း ကင်ရေခဲနန်းတော်တို့ကတော့ လှုပ်ရှားနေပြီ၊ ရေခဲတိမ် တိုက်နန်းတော်ကတော့ မလှုပ်ရှားသေးဘူး ဒါပေမယ့် သူတို့လည်း လူစုနေကြပြီ . . .”
“နောက်ပြီးတော့ အနက်ရောင်မဟာမိတ်မြင်းတပ် နဲ့ မီးခိုးရောင် ဝံပုလွေအုပ်စုတွေလည်း လှုပ်ရှားနေကြ ပြီ၊ သူတို့အားလုံးက ရှောင်ဧကရာဇ်နဲ့ ပတ်သက်နေတဲ့ လူတွေပဲ၊ အဲဒီတော့ သူတို့တွေက သွားကူညီကြမယ် ထင်တယ် . . .”
အနက်ရောင် ပုံရိပ်မှ သတင်းပို့လိုက်၏။
“နောက် ချင်းရန်နယ်ပယ်ရဲ့ မျိုးနွယ်စုကြီးတွေက လည်း စုစည်းနေကြတယ် ပြောတယ်၊ သူတို့ ပုံစံက ကြောက်နေကြတာ ထင်တယ် . . .”
“နေရောင်ဂိုဏ်းကတော့ နိဂုံးချုပ်သွားပြီး ကြယ် ရောင်ဂိုဏ်းလည်း မကြာခင် ပြိုလဲတော့မှာ ဒါပေမယ့် ရေခဲလနန်းတော်ကတော့ လုံခြုံလိမ့်မယ် ထင်တယ်”
“ရဲရှောင်က ရေခဲလနန်းတော်မှာ ရဲခွန်ရှောင်ဆိုတဲ့ နာမည်နဲ့ နေခဲ့ဖူးတယ်လေ၊ သူတို့က ကောင်းမွန်တဲ့ ဆက်ဆံရေးလည်း ရှိကြတယ်၊ အဲဒီတော့ ရေခဲလနန်း တော်ကိုတော့ ခွင့်လွှတ်ပေးမလား မသိဘူး၊ သူတို့တွေ လည်း လူစုထားကြပြီ ကြားတယ် . . .”
“ကြည့်ရတာ ကျုပ်တို့ကို ခုခံကြမလို့လား မသိဘူး၊ ချင်းရန်နယ်ပယ်မှာရှိတဲ့ ကျန်တဲ့အင်အားစုတွေ အား လုံးထဲမှာ အရှေ့ခန်းမတစ်ခုပဲ ငြိမ်နေသေးတာ၊ တခြား အင်အားစုကြီးတွေကတော့ တစ်ခုမဟုတ် တစ်ခုတော့ လုပ်နေကြတာချည်းပဲ၊ သူတို့ ဘာလုပ်နေကြတယ်ဆို တာကိုတော့ ကျုပ်တို့ မသိသေးဘူး . . .”
အနက်ရောင် ပုံရိပ်မှ ရိုကျိုးဟန်ဖြင့် သိထားသမျှ သတင်းအားလုံးကို ပြောပြလိုက်သည်။
ပထမ ဝတ်ရုံနက်ဖြင့်လူမှ ခေါင်းညိတ်လိုက်ရင်း -
“ဝုဖရော ပြန်ရောက်လာပြီလား . . .”
အနက်ရောင် ပုံရိပ်မှ -
“ပြန်ရောက်နေပါပြီ သူက ကုသမှု ခံယူနေပါတယ်၊ ဝုရှန်ကတော့ သေပါပြီ . . .”
ဝတ်ရုံနက်ဖြင့် လူမှာ မည်သည့်စကားမှ ပြန်မပြော တော့ဘဲ အဝေးရှိ တောင်တန်းများကိုသာ ငေးမော၍ ကြည့်နေသည်။
ထို့နောက်မှ ရုတ်တရက် -
“ဝုရှန်က သေပြီ ဝုဖကလည်း ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရထားတယ်၊ ရဲရှောင်က အဲဒီလောက်ထိကို အစွမ်းထက်တာလား . . .”
အနက်ရောင် ပုံရိပ်မှ ခဏမျှ တွေဝေသွားကာ -
“အတိအကျတော့ မပြောတတ်ဘူး ကျုပ် ပြန်သွား စစ်ဆေးကြည့်လိုက်ရမလား . . .”
“အင်း အပြောကတော့ ကောင်းတယ် ကိုယ့်ရန်သူ ရဲ့ အစွမ်းအစကို အမြဲတမ်း သိနေရမယ်လေ . . .”
ဝတ်ရုံနက်ဖြင့် လူမှ ပြောလိုက်၏။
“ဝုဖရဲ့ ဒဏ်ရာတွေက ထူးခြားနေသလိုမျိုး ခံစားရ တယ်၊ အခု အခြေအနေတွေက မတူတော့ဘူး၊ အစီစဉ် ကို ပြန်ပြီး ပြောင်းလဲကြဦးမလား . . .”
အနက်ရောင်ပုံရိပ်မှ မေးလိုက်၏။
“အင်း ငါတို့တွေ သွေးဝိညာဉ်တွေ ဘယ်လောက် လိုသေးတာလဲ . . .”
ဝတ်ရုံနက်ဖြင့် လူမှ မေးလိုက်သည်။
“အစီအရင် တစ်ခုစာလောက်တော့ သွေးဝိညာဉ်က လုံလောက်နေပါပြီ . . .”
“အတိအကျပြောရရင် ကျုပ်တို့တွေ ကျင့်ကြံမှု ပညာရှင်တွေဆီက သွေးဝိညာဉ် ၁ ဘီလီယံတောင် မလိုအပ်တော့ပါဘူး . . .”
အနက်ရောင် ပုံရိပ်မှ ပြောလိုက်သည်။
ဝတ်ရုံနက်ဖြင့်လူမှ သက်ပြင်းချလိုက်ရင်း -
“ကျင့်ကြံမှု ပညာရှင်တွေရဲ့ သွေးဝိညာဉ်တွေ . . .”
ထိုလူမှာ ဆက်မပြောတော့ဘဲ ခဏမျှ ရပ်နားလိုက် သည်။
ထို့နောက်မှ ဆက်လက်၍ -
“ငါတို့တွေ အဓိက အစီရင်ကြီးကို မပြောင်းလဲဘဲ ထားရမယ်၊ ဒုတိယမြောက် သွေးဝိညာဉ် အစီအရင်ကို တတ်နိုင်သမျှ မြန်မြန်တည်ဆောက်ကြ . . .”
“ပြီးသွားရင်တော့ တောင်ကနေ မြောက်အထိ မျိုး နွယ်စုကြီးတွေကို ငါတို့ အပြတ်ရှင်းကြမယ်၊ အားလုံး ကို တစ်ယောက်မကျန် အကုန်ရှင်းမှာ . . .”
“ငါတို့ကို ရပ်တန့်ဖို့ ကြိုးစားတဲ့ လူတွေကိုလည်း သတ်ပစ်လိုက်၊ သူတို့ရဲ့ ဝိညာဉ်တွေကတော့ သွေး ဝိညာဉ် ရေကန်ထဲကို ရောက်သွားပါစေ . . .”
“ကောင်းပါပြီ ကျုပ်တို့ လုပ်လိုက်ပါမယ် . . .”
“သွေးဝိညာဉ် ခန်းမထဲမှာရှိတဲ့ ဘယ်သူ့ကိုမဆို ပြောထား တတ်နိုင်သမျှ နည်းတွေနဲ့ အစီရင်ကို မြန် မြန် တည်ဆောက်ကြလို့ . . .”
“လိုအပ်ရင် ထပ်သတ်ကြ အချိန်က မရှိတော့ဘူး”
“ကောင်းပါပြီ . . .”
ထိုဝတ်ရုံနက်ဖြင့် လူ၏ မျက်လုံးများက စူးရှအေး စက်လှသည်။
သူ၏ မျက်လုံးများကို ကြည့်ရုံဖြင့်ပင် အလွန်တရာ သွေးအေးရက်စက်တတ်မည့် လူမှန်း သိသာလှသည်။
ချင်းရန်နယ်ပယ်ရှိ ပညာရှင်များကိုပင် သူ အစီရင် တည်ဆောက်ရာ၌ သုံးသော ကျောက်တုံးများသဖွယ် သဘောထားခဲ့သည် မဟုတ်ပါလား။
သူ့အတွက်မူ ထိုထက်ပိုသော ခံစားချက် မရှိပေ။
မည်မျှ သွေးအေးရက်စက်တတ်သော လူပါနည်း။
“သတ်ဖြတ်ခြင်း ခန်းမရဲ့ အစောင့်အရှောက်ကို ငါ့ ကို လာတွေ့ဖို့ ပြောလိုက် . . .”
“ကောင်းပါပြီ . . .”
“လိုအပ်တာတွေ အကုန်လုံး လုပ်ပြီးသွားရင် ကျုပ် ရဲရှောင်ဆီ သွားလိုက်ပါမယ်၊ ဆရာ ဘာများ အလိုရှိပါ သေးလဲ . . .”
“တစ်ခုပဲ . . .”
ဝတ်ရုံနက်ဖြင့် လူမှ ပြောလိုက်၏။
“မင်းက သူ့ကို သွားစမ်းသပ်မှာမလား၊ အဲဒီတော့ မင်းအသက်ကို လောင်းကြေးထပ်တဲ့အထိ မတိုက်ခိုက် ခဲ့နဲ့၊ ကွာခြားမှုကို နားလည်တယ်မလား . . .”
“ကောင်းပါပြီ ကျုပ်သိပါပြီ . . .”
ထိုသို့ပြောပြီးသည်နှင့် သတင်းလာပို့သည့် အနက် ရောင် ပုံရိပ်မှာ ချာခနဲလှည့်ကာ ပျောက်ကွယ်သွားလေ သည်။
ဝတ်ရုံနက်ဖြင့်လူသာ မူလနေရာတွင်သာ ရပ်တန့် လျက် အဝေးရှိ တိမ်တိုက်များ၊ မြူခိုးများကို ငေးမော၍ ကြည့်နေသည်။
ထိုသို့ ကြည့်နေသည့် သူ၏ မျက်လုံးများက လူသေ တစ်ကောင်၏ မျက်လုံးများကဲ့သို့ပင် အသက်ကင်းမဲ့လှ သည်။
ထို့ကြောင့် သူမည်သည့်အရာများကို စဉ်းစားတွေး တောနေသည်ကို မည်သူမှ သိနိုင်မည် မထင်။
အလွန်တရာ လျှို့ဝှက်နက်နဲသော လူတစ်ဦးပါပင်။
ခဏအကြာတွင် နောက်ထပ် အနက်ရောင် ပုံရိပ် တစ်ခု ရောက်ရှိလာပြီး -
“ဆရာ . . .”
“အင်း ငါတို့မှာ တိုက်ခိုက်နိုင်တဲ့ လူဘယ်လောက် ကျန်သေးလဲ . . .”
ဝတ်ရုံနက်ဖြင့်လူမှ လှည့်ပင် မကြည့်ဘဲ မေးလိုက် ၏။
“တစ်ကမ္ဘာလုံးမှာဆိုရင် လူနှစ်သိန်းလောက်တော့ ရှိနိုင်ပါတယ် . . .”
အနက်ရောင် ပုံရိပ်မှ ရိုရိုကျိုးကျိုးဖြင့်ပင် ပြန်ဖြေ လိုက်သည်။
“အားလုံးက မူလအိပ်မက်အဆင့်သုံး ဒါမှမဟုတ် အဆင့်လေးတွေချည်းပါပဲ၊ တစ်ချို့တွေဆိုရင် မူလအိပ် မက် အဆင့်ကိုးတောင် ရောက်နေကြပါပြီ၊ အဲဒီအထဲ မှာတော့ မူလတာအို အဆင့်ကိုးကတော့ ၃၀၀ လောက် ရှိပါတယ် . . .”
ဝတ်ရုံနက်ဖြင့် လူမှ -
“အားလုံးကို အခုချက်ချင်း လွှတ်ပေးလိုက်တော့”
“ကောင်းပါပြီ . . .”
“နောက်ဆုံးတော့ ဒီနေ့က ရောက်လာခဲ့ပြီ၊ ဒီနေ့ ကို ရောက်နိုင်ဖို့အတွက် နှစ်ပေါင်းထောင်ချီကို ပြင်ဆင် ခဲ့ရတယ် . . .”
ဝတ်ရုံနက်ဖြင့် လူမှ အဝေးသို့ မျှော်ကြည့်ရင်း ပြော လိုက်သည်။
“အခု ငါတို့က ဘာမှ ဖုံးကွယ်နေစရာ မလိုတော့ ဘူး၊ ငါတို့ လူတွေကိုလည်း စတေးနေစရာ မလိုတော့ ဘူး . . .”
“ငါ့ရဲ့ နေ့ရက်တွေ ရောက်လာဖို့ ဘယ်သူသေသေ ငါဂရုမစိုက်ဘူး၊ သွေးဝိညာဉ် ခန်းမထဲကို လူတိုင်းရဲ့ အလောင်းတွေ ရောက်လာတာကိုပဲ လိုချင်တယ်၊ ငါတို့ တွေ အရှိန်မြင့်ဖို့ လိုတယ် . . .”
“ကောင်းပါပြီ ဆရာ . . .”
“ငါတို့တွေ လူမြင်ကွင်းထဲ ထွက်လိုက်ရင် ဘယ်လို နေမလဲ . . .”
ဝတ်ရုံနက်ဖြင့် မေးလိုက်သည်။
“ငါတို့တွေ ဘယ်လောက်ထိတောင် လွှမ်းမိုးနိုင်မှာ လဲ . . .”
အနက်ရောင် ပုံရိပ်မှ -
“ဆရာ ဒါကစစ်ပွဲကို ကြေညာတော့မလို့လား”
“မင်းက ဘယ်လိုထင်လို့လဲ . . .”
ဝတ်ရုံနက်ဖြင့်လူမှ မထူးခြားဟန်ဖြင့် မေးလိုက်၏။
“ကျုပ်တို့မှာရှိတဲ့ လေ့ကျင့်ပေးထားတဲ့ လူတွေကို ပါထုတ်လိုက်မယ်ဆိုရင် မူလအိပ်မက် အဆင့်မြင့် ပညာရှင် အယောက် ၃၀၀၀၀၊ မူလတာအို အဆင့် ပညာရှင် ၁၇၀၀၀၊ အဲဒီထဲမှာမှ အဆင့်တစ်က ၄၀၀၀၊ အဆင့်နှစ်က ၅၀၀၀၊ အဆင့်သုံးက ၁၀၀၀ . . .”
“အရေအတွက် အတိအကျကို မလိုဘူး ငါဒါတွေကို လည်း ဂရုမစိုက်ဘူး . . .”
ဝတ်ရုံနက်ဖြင့်လူမှ ခပ်ပြတ်ပြတ် ပြောလိုက်၏။
“အခု မင်းရဲ့ သတ်ဖြတ်ခြင်း ခန်းမမှာ လူဘယ်နှစ် လောက် ရှိလဲပဲ ငါသိချင်တယ် . . .”
“ခန့်မှန်းခြေ ၂၀၀၀ လောက်ပါ . . .”
အနက်ရောင် ပုံရိပ်မှ ကြောက်ရွံ့ဟန်ဖြင့် ဖြေလိုက် သည်။
“ငါတို့ ဒီထက်ပိုပြီး လိုသေးတယ် . . .”
ဝတ်ရုံနက်ဖြင့် လူမှ ဒေါသတကြီး အော်ဟစ်လိုက် ၏။
“ကောင်းပါပြီ . . .”
“ဆရာ ဒါကျုပ်ရဲ့ အမှားပါ . . .”
အနက်ရောင် ပုံရိပ်မှ ချွေးဒီးဒီးကျရင်း ကြောက်ရွံ့မှု အပြည့်ဖြင့် ပြောလိုက်သည်။
“သွေးဝိညာဉ် ခန်းမမှာရော . . .”
“သူတို့မှာ လူပေါင်း ၁၇၀၀၀ လောက် ရှိပါတယ်”
“မော်တယ်ခန်းမမှာရော . . .”
“၁၀၀၀ ပါဆရာ . . .”
“နတ်ဆိုးဝိညာဉ် ခန်းမမှာရော . . .”
“ . . .”
“ဝိညာဉ်သတ် ခန်းမမှာရော . . .”
“ . . .”
ဝတ်ရုံနက်ဖြင့်လူမှ အဆက်မပြတ် မေးမြန်းနေ သလို အနက်ရောင် ပုံရိပ်မှလည်း ကြောက်ရွံ့မှုအပြည့် ဖြင့်ပင် ပြန်ဖြေလျက် ရှိသည်။
ထိုလူ၏ အတွေးထဲတွင် -
(ငါကသတ်ဖြတ်ခြင်း ခန်းမရဲ့ ခေါင်းဆောင်လေ၊ အဲဒီတော့ ကျန်တဲ့ဟာတွေကို ငါမှမသိတာ၊ သူတို့ဟာ တွေကို ဘာလို့ ငါ့ကို လာမေးနေရတာလဲ . . .)
ထိုသို့တွေးရင်း သူ့စိတ်ထဲ တုန်လှုပ်သည့် စိတ်များ ဖြစ်ပေါ်လာမိသည်။
(ဒီလိုတွေ မေးနေတာ ငါတို့တွေ စစ်ပွဲကြီး စတင်ရ တော့မှာလား . . .)
(ဆရာက ငါ့ကို အသေးစိတ်တွေ မေးမြန်းနေပြီ၊ သိုင်းလောက တစ်ခုလုံးကို လွှမ်းမိုးဖို့ ငါတို့မှာ အရေ အတွက် ဘယ်လောက်ရှိလဲ သိချင်နေပုံပဲ . . .)
“ရှိသမျှ လူငယ်တွေကိုပါ ထုတ်လိုက်မယ်ဆိုရင် တော့ . . .”
အနက်ရောင် ပုံရိပ်မှ ရေရွတ်လိုက်သည်။
“ကျုပ်တို့က ရန်သူတွေရဲ့ မြင်ကွင်း နောက်ကွယ် မှာပဲ အမြဲတမ်း နေခဲ့ကြတာ၊ သူတို့ကို ဘာမှမလုပ်ခိုင်း ခဲ့ကြဘူးလေ . . .”
“အဲဒါက အရင်တုန်းကလေ အခုက အားလုံးခြား နားသွားပြီ ဟား ဟား ဟား . . .”
ဝတ်ရုံနက်ဖြင့် လူမှ ခြောက်ကပ်ကပ် ရယ်မောရင်း ပြောလိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now