1303--------1306

91 11 0
                                    

အခန်း (၁၃၀၃)(စာစဉ် ၉၄- အပိုင်း၁)
“သိက္ခာမဲ့ခြင်း”

အရိပ်လက်သည်းပျံများမှာ ဝုဖ၏ နောက်ထပ် ထူး ခြားသော တိုက်ကွက်တစ်ခုပင် ဖြစ်၏။
ထိုလက်သည်းပျံများကို ထုတ်လွှတ်ပြီးနောက် ဝုဖ မှာ သူ၏ လက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြန် သည်။
ထိုအခါ စက္ကန့်ပိုင်း အတွင်းမှာပင် ရာနှင့်ချီသော စွမ်းအင်လှိုင်းများက ရဲရှောင်ထံ တိုးဝင်သွားကြသည်။
တဖန် ထပ်မံ၍ လက်ဝါးရိုက်ချက် တိုက်ခိုက်မှုများ ကို ပြုလုပ်လိုက်ပြန်သည်။
ထိုသို့ဖြင့် ဝုဖမှာ လက်သည်း၊ လက်ချောင်းနှင့် လက်ဝါးရိုက်ချက်များကို သာသာယာယာပင် အသုံးပြု လျက် ရှိသည်။
ရဲရှောင်မှာလည်း ထိုတိုက်ခိုက်မှု တစ်ခုချင်းစီ၏ စွမ်းအင်စီးဆင်းမှုများကို သူ၏ မျက်လုံးများထဲ၌ ရှင်း လင်းစွာ မြင်တွေ့နေရသည်။
အတိအကျဆိုရလျှင် မည်သည့် တိုက်ခိုက်မှုက အ ရင်ရောက်မည်၊ မည်သည်က နောက်ကျမှ ရောက်မည် ကိုပင် ရှင်းလင်းစွာ မြင်နေရခြင်း ဖြစ်၏။
ထိုအချိန် ထိုတိုက်ကွက်များကို မည်သို့ ရင်ဆိုင်ရ မည်ကို ယုံကြည်ချက်ရှိနေ၍ ရဲရှောင် ကိုယ့်ကိုယ်ကိုယ် အံ့ဩသွားမိသည်။
ထို့ပြင် တိုက်ခိုက်မှုများကို မည်သို့ ရှောင်တိမ်းပြီး စွမ်းအင်များကို မည်ကဲ့သို့ အသုံးပြုနိုင်မည်များကိုပါ တွက်ဆထားပြီး ဖြစ်နေသည်။
ထို့ကြောင့် ရဲရှောင်လည်း တွေဝေမှုမရှိ၊ ယုံကြည်မှု အပြည့်ဖြင့် သူ၏ ဓားကြီးကို ဝေ့ယမ်းလိုက်သည်။
ထိုအခါ အလွန်လှပသော ဓားအလင်းတန်းများပင် ထွက်ပေါ်သွားကြ၏။
နောက်ဆုံးတွင် ဝုဖ၏ တိုက်ခိုက်မှုများမှာ ရဲရှောင် ၏ ဓားချက်များကြောင့် ပျက်ပြယ်သွားရတော့သည်။
တကယ်တမ်းတွင် ရဲရှောင်အနေဖြင့် ထိုသို့ လုပ်နိုင် စွမ်းမရှိသည့်တိုင် လုပ်ပြနိုင်ခဲ့သည်။
ဝုဖ၏ တိုက်ခိုက်မှုများကို လှလှပပ ရှောင်တိမ်း ခုခံ နိုင်လိုက်သည် မဟုတ်ပါလား။
တိုက်ခိုက်မှုများ ပျက်ပြယ်သွားပြီးနောက် ရဲရှောင် မှာ မားမားမတ်မတ်ပင် ရပ်လျက်ရှိသည်။
သူ၏ မျက်နှာက ဖြူရော်ရော် ဖြစ်နေသည့်တိုင် ထိခိုက်မှု မရှိဘဲ တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။
ထို့ကြောင့် ထိုမြင်ကွင်းကို ကြည့်ရင်း ဝုရှန်နှင့် မိန်း ကလေးများပင် အံ့ဩတုန်လှုပ်သွားကြသည်။
ဝုဖလည်း မျက်မှောင်ကြုတ်လျက် -
“ရဲရှောင် ဒါမင်းရဲ့ ခေါင်းစည်းအဆင့်လား၊ အရာ အားလုံးကို ခွဲခြမ်းစိတ်ဖြာခြင်းပေါ့ . . .”
ထိုအချိန် ရဲရှောင်မှာမူ ဝုဖနှင့် တိုက်ခိုက်ပြီးနောက် အဆင့်တက်သွားသလို ခံစားလိုက်ရသည်။
ထို့ကြောင့် ချင်းရန်နယ်ပယ်၏ အစွမ်းထက်ဆုံးလူ များထဲတွင် တစ်ဦးအဖြစ် သူလည်း ပါဝင်သွားခဲ့ချေပြီ။
သခင်လေးရဲ၏ ဝိညာဉ် သူ့ခန္ဓာကိုယ်မှ ထွက်သွား ပြီးနောက် သူ၏ စိတ်အခြေအနေက များစွာ တိုးတက် လာခဲ့သည်။
သို့သော် ထိုသို့ တိုးတက်သွားတိုင်း စွမ်းအင်အစစ် အမှန်များ တိုးတက်လာခြင်းတော့ မဟုတ်ပေ။
ယခုအခါတွင်မူ အလွန်အမင်း တိုးတက်နေ၍ သူ ကိုယ်တိုင်ပင် နားမလည်နိုင် ဖြစ်နေမိ၏။
ရဲရှောင်လည်း လေသံ ခပ်တင်းတင်းဖြင့် -
“ဟုတ်တယ်လေ အဲဒီတော့ ဘာဖြစ်လဲ . . .”
ဝုဖ မျက်နှာကွက်ခနဲ ပျက်သွားပြီး -
“ကောင်းပြီလေ ဒါဆိုရင်တော့ မင်းကိုငါ ဘယ်လိုမှ ရှင်သန်ခွင့်ပေးစရာ မရှိတော့ဘူး၊ မင်းမသေဘူးဆိုရင် မင်းက ငါ့အတွက် ပြဿနာတစ်ခု ဖြစ်လာတော့မှာ”
“ရဲရှောင် ဒီနေ့က မင်းသေဆုံးရမယ့်နေ့ပဲ . . .”
ပြောပြောဆိုဆိုဖြင့် ဝုဖလည်း ရုတ်တရက် လေထဲ သို့ ခုန်တက်လိုက်၏။
ထို့နောက် အနက်ရောင် ပုံရိပ်ယောင် တစ်ခုကဲ့သို့ ပင် ရဲရှောင်၏ ပတ်ပတ်လည်မှ အဆက်မပြတ် တိုက် ခိုက်လိုက်တော့သည်။
သူနှင့် တိုက်ခိုက်ရင်းဖြင့် ရဲရှောင်တစ်ယောက် တိုး တက်မှုများ ရှိသွားသည်ကို ဝုဖကောင်းစွာ ရိပ်စားမိခဲ့ သည်။
ထိုသို့ ရဲရှောင် တိုးတက်ခါစ အခြေအနေတွင် ဝုဖ အနေဖြင့် ရဲရှောင်ကို သတ်ရန်မှာ ဖြစ်နိုင်သေးသည်။
အကယ်၍ ရဲရှောင်သာ ထိုစွမ်းအင်များကို ထိန်း ချုပ် သွားနိုင်ပါက ဝုဖအဖို့ ရဲရှောင်ကို သတ်ရန်မှာ မဖြစ်နိုင်တော့ချေ။
ထိုအချက်ကို ဝုဖကိုယ်တိုင်လည်း ကောင်းစွာ သိ နေသည်။
ဝုဖဆိုသည်မှာ ခေါင်းစည်းအဆင့်၌ နှစ်ပေါင်းများ စွာ အသားကျနေပြီးသော ထိပ်သီးပညာရှင်ကြီးပင် မဟုတ်ပါလား။
ထို့ကြောင့် ရဲရှောင်၏ ခေါင်းစည်းအဆင့်စွမ်းအင် က ကမ္ဘာပေါ်ရှိ ကျင့်စဉ်အားလုံးကို ဒုက္ခပေးနိုင်လာနိုင် ကြောင်းကိုလည်း ကောင်းကောင်းကြီး သိလိုက်သည်။
တိုက်ပွဲတစ်ခုတွင် ရန်သူ၏ တိုက်ခိုက်မှုများကိုသာ တစစီ ဖြိုခွဲနိုင်နေလျှင် မည်သို့ ဖြစ်သွားနိုင်ပါသနည်း။
ရန်သူကို အသာစီးမှအလွယ်တကူ အနိုင်ယူနိုင်မည် မှာ အသေအချာပါပင်။
ယခုအခါ ရဲရှောင်မှ ထိုသို့ လုပ်နိုင်နေ၍ သိုင်းလော က၌ သူ့နေရာကို ခြိမ်းခြောက်လာနိုင်ကြောင်း ဝုဖ သိ လိုက်သည်။
အကယ်၍ ရဲရှောင်သာ ထိုခေါင်းစည်းအဆင့် စွမ်း အင်ကို ပိုင်နိုင်ကျွမ်းကျင်သွားပါက ဝုဖအဖို့ မည်သို့မှ ယှဉ်နိုင်တော့မည် မဟုတ်ပေ။
ရဲရှောင်၏ ခေါင်းစည်းအဆင့် စွမ်းအင်က ဝုဖကို တုန်လှုပ်စေသည်အထိ ကောင်းလွန်းနေသည် မဟုတ် ပါလား။
(မဖြစ်ဘူး ရဲရှောင်ကို အသက်ရှင်လျက် ပြန်လွှတ် ပေးလို့ မဖြစ်ဘူး . . .)
ဝုဖ တွေးရင်းဖြင့် ဒေါသများ ထွက်လာသည်။
(ဝုဖဆိုတဲ့ ငါကချင်းရန်နယ်ပယ်မှာ အစွမ်းထက် ဆုံး ပညာရှင်တစ်ယောက်ပဲ၊ ဘယ်တော့မှ မသေဆုံး နိုင်တဲ့ လူတစ်ယောက် . . .)
ဝုဖ စိတ်ထဲ ထိုသို့ တွေးပူနေသည့်တိုင် တိုက်ခိုက်မှု များကိုမူ သတိလက်လွတ် မလုပ်ချေ။
တိုက်ခိုက်မှုများက အားမာန်အပြည့်ပင် ဖြစ်နေ၍ ရဲရှောင်ပင် ခက်ခက်ခဲခဲ ရင်ဆိုင်နေရလေသည်။
ထို့ကြောင့် သူ၏ စိတ်စွမ်းအင်များမှာလည်း ဖြည်း ဖြည်းချင်း ကုန်ဆုံးလာနေတော့သည်။
မည်မျှထိဆိုလျှင် ဟင်းလင်းပြင်ကြီးက သူ့အား ထောက်ပံ့ပေးထားသည့်တိုင် လုံလောက်မှု မရှိတော့ ခြင်း ဖြစ်သည်။
ထိုအတိုင်းသာ ဆက်သွားနေပါက ရဲရှောင်အဖို့ ရေ ရှည် တောင့်ခံထားနိုင်မည်မှာ မသေချာပေ။
လက်ရှိတွင်လည်း ဝုဖ၏ တိုက်ခိုက်မှုက ဧရိယာ တစ်ဝိုက် သက်ရောက်သော တိုက်ခိုက်မှုမျိုး ဖြစ်နေ သည် မဟုတ်ပါလား။
ထို့ကြောင့် သူ့အနေဖြင့် ရှောင်တိမ်းနိုင်နေသည် ဆို သော်ငြား စွမ်းအင်အစအနများမှာမူ ထိမှန်နေတုန်းပါ ပင်။
တိုက်ပွဲအခြေအနေက အသာစီးဖြစ်မနေ၍ ရဲရှောင် စိတ်ထဲ အန္တရာယ်တွင်းထဲကျရောက်နေသလိုပင် ခံစား လိုက်ရသည်။
ထိုအချိန် ဝုရှန်နှင့် တိုက်ခိုက်နေသော ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာမူ အရေးသာလျက် ရှိနေသည်။
ထို့ကြောင့် အစ်ကိုကြီးဖြစ်သူကို ကူညီအားဖြည့်ရန် ဟန်ပြင်လိုက်ကြသည်။
သို့သော် ရဲရှောင်မှ အသံကျယ်ကြီးဖြင့် -
“သွားတော့ . . .”
ဤသည်မှာ ဒုတိယအကြိမ် အမိန့်ပေးလိုက်ခြင်း ပင် ဖြစ်၏။
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာမူ မသွားလို၊ သူမတို့က အသာစီး ရနေ၍ အစ်ကိုဖြစ်သူကိုသာ အကူအညီပေး လိုနေကြသည်။
သို့သော် အမိန့်က အမိန့်ဖြစ်နေ၍ သူမတို့အဖို့ ရွေး ချယ်စရာ မရှိ။
တိုက်ပွဲမစခင်ကတည်းက အစ်ကိုဖြစ်သူက အမိန့် ကို တသွေမတိမ်း နာခံရန် မှာကြားထားသည် မဟုတ် ပါလား။
ထို့ကြောင့် ညှိုးငယ်သော မျက်နှာများဖြင့် -
“အစ်ကိုကြီး ဂရုစိုက်ပါ . . .”
ထို့နောက် ယွဲ့ရှောင်မှ သူမ၏ ဓားကို ဝုရှန်ထံသို့ ခုတ်ပိုင်းချလိုက်ရင်း -
“အစ်ကိုကြီးသာ ဒီမှာ သေသွားမယ်ဆိုရင် ကျွန်မ တို့လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ်၊ အစ်ကို ကြီးနောက်ကို ကျွန်မတို့ လိုက်ခဲ့မယ်၊ အဲဒါ ကျွန်မတို့ တကယ်‌ပြောနေတာ . . .”
ယွဲ့ဟန်မှလည်း ငိုယိုရင်း ဝုရှန်ကို တိုက်ခိုက်လိုက် ပြန်သည်။
မိန်းကလေးနှစ်ယောက်ပေါင်း တိုက်ခိုက်ခြင်းဖြစ်၍ ဝုရှန်လည်း တိုက်ခိုက်မှုမသက်ရောက်နိုင်စေရန် အဝေး သို့ ရှောင်တိမ်းလိုက်ရသည်။
ထိုအချိန် မိန်းကလေးများမှာ ကောင်းကင်ထက်သို့ ပျံသန်းရင်း ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
“မဖြစ်ဘူး . . .”
ဝုရှန် ဒေါသအလွန်အမင်း ထွက်သွားသည်။
သူ့အဖို့ တိုက်ပွဲတစ်လျှောက်လုံး ဖိနှိပ်ခံခဲ့ရပြီး ယခု အခါ မိန်းကလေးများက သူ့ကို လုပ်ချင်သလို လုပ်ပြီး ထွက်သွားကြပြန်ပြီ မဟုတ်ပါလား။
ထို့ကြောင့် ဒေါသတကြီးဖြင့် သူမတို့ နောက်သို့ လိုက်ရန် ပြင်ဆင်လိုက်၏။
“ရပ်စမ်း . . .”
“မင်းကိုယ်မင်းလည်း ကြည့်ဦး၊ မင်းသူတို့ကို လိုက် ဖမ်းနိုင်မှာ မဟုတ်ဘူး . . .”
ဝုဖမှ ကျယ်လောင်စွာ အော်ဟစ်ရင်း တားဆီးရန် ကြိုးစားလိုက်သည်။
“ရဲရှောင်ကိုပဲ အာရုံစိုက် အတူတူတိုက်ခိုက်ကြမယ် ငါတို့တွေ တိုက်ပွဲမှာ သူ့ကို အနိုင်ရမှ ဖြစ်မယ်၊ ဒီလိုမှ မဟုတ်ရင် အနာဂတ်မှာ သူက ငါတို့အတွက် ပြဿနာ တစ်ခု ဖြစ်လာနိုင်တယ် . . .”
“ရှောင်ဧကရာဇ်သာ သေသွားရင် ယွဲ့ရှောင်နှင့် ယွဲ့ ဟန်တို့က ဘယ်ကိုသွားနိုင်မယ် မင်းထင်နေလို့လဲ . . .”
ရဲရှောင်၏ ခေါင်းစည်း အဆင့်စွမ်းအားကို ဝုဖ အမှန်တကယ်ကိုပင် ထိတ်လန့်နေပုံပါပင်။
ထိုစွမ်းအင်များက ဝုဖအဖို့ ပြဿနာတစ်ခုလိုပင် ဖြစ်နေသည် မဟုတ်ပါလား။
ထို့ကြောင့် ယခုကဲ့သို့သော အခြေအနေတွင် ဝုဖ အနေဖြင့် သူ၏ဂုဏ်သိက္ခာများကို လုံးဝထည့်တွက်နိုင် ခြင်း မရှိတော့ပေ။
သူ့စိတ်ထဲ၌ ရဲရှောင်ကိုသာ မြန်မြန် သေစေချင်နေ မိ၏။
“ဝုဖ ကမ္ဘာ့ထိပ်တန်း ပညာရှင်ကြီးက တော်တော် ကို အရှက်မရှိတာပဲ၊ သိက္ခာမဲ့လိုက်တာ . . .”
ရဲရှောင်မှ ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်၏။
“မင်းဘာသာမင်း မင်းညီမတွေကို ထွက်သွားခိုင်း လိုက်တာလေ၊ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ . . .”
ဝုဖမှ ရှက်အမ်းအမ်းဖြင့် ပြန်ချေပလိုက်သည်။
ဝုရှန်ကို တိုက်ပွဲအတွင်း ပါဝင်စေခြင်းမှာ သိက္ခာမဲ့ သော လုပ်ရပ်ဖြစ်သည်ကို သူကိုယ်တိုင်လည်း သိနေ သည်။
ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင်ကြီးက ရဲရှောင်ကို တိုက်ခိုက်ရန် အကူအညီ လိုအပ်နေရသည် မဟုတ်ပါ လား။
သို့သော် ထိုသို့လုပ်ရန် မသင့်တော်သည်ကို သိ သည့်တိုင် ရဲရှောင်ကို သတ်ဖြတ်နိုင်မည့် အခွင့်အရေး လက်လွတ်မခံနိုင်ချေ။
ထိုအခွင့်အရေးသာ လက်လွတ်သွားပါက ဒုတိယ အခွင့်အရေး မရနိုင်တော့သည်ကို ဝုဖ ကောင်းစွာသိနေ ခြင်းကြောင့်ပင် ဖြစ်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now