1153---1154

137 9 1
                                    

အခန်း (၁၁၅၃)(စာစဉ် ၈၃- အပိုင်း ၅)

“ကျင့်ကြံမှုအဆင့် မြန်ဆန်စွာ မြင့်တက်လိုခြင်း”

ယခု လက်ရှိအဆင့်ထိ ရောက်လာခြင်းက မယုံနိုင် သောနှုန်းဖြင့် တိုးတက်လာခြင်း ဖြစ်ကြောင်းကို ရဲရှောင် သူ့ကိုယ်သူ သိနေသည်။

ချင်းရန်သမိုင်းတွင် အကောင်းဆုံး တိုးတက်မှု ဖြစ် ခဲ့သည့် လူတစ်ဦးဟု မဆိုနိုင်သည့်တိုင် လက်ရှိခေတ် တွင်မူ သူက အမြန်ဆုံးပင် ဖြစ်ပေလိမ့်မည်။

အတိအကျဆိုရလျှင် ပြီးခဲ့သော နှစ်ပေါင်း ၁ သိန်း အတွင်း မည်သူမှ သူ့ထက်မြန်ဆန်အောင် တိုးတက် နိုင်လိမ့်မည် မဟုတ်ပေ။

၃ နှစ်ပင် မရှိသေးဘဲ မူလတာအိုအဆင့်သို့ သူ ရောက်ရှိနိုင်ခဲ့သည် မဟုတ်ပါလား။.

သို့သော် ရဲရှောင်အဖို့ ထိုအခြေအနေဖြင့် မကျေနပ် နိုင်၊ ပို၍ မြန်ဆန်ချင်နေမိခြင်းပင် ဖြစ်တော့သည်။
. . .

လင်းယုန်ကြီး၏ အရှိန်မှာ လျင်မြန်လွန်း၍ ခဏ အတွင်းမှာပင် ရဲမြို့တော်ရှိရာသို့ ပြန်လည် ရောက်ရှိ လာလေသည်။

ထိုအချိန် ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာ စိတ်ရှည် ရှည်ဖြင့် စောင့်စားနေကြပြီး ရဲရှောင်ရောက်လာသည် နှင့် အခန်းထဲသို့ ဆွဲခေါ်သွားကြ၏။

ရဲနန်ရှန်ပင် အဖြစ်အပျက်များကို မေးမြန်းချိန် မရလိုက်တော့ချေ။

အခန်းထဲသို့ ရောက်သောအခါ မိန်းကလေးနှစ်ဦး လုံးမှာ စိတ်လှုပ်ရှားလျက် ရှိနေကြသည်။

“ကျွင့်ယင်းလျန် မဟုတ်လား . . .”

“သူက ငါတို့ရဲ့ ယောင်းမပဲ သူအခု ဘယ်မှာလဲ”

“သူက တော်တော်လှတယ်မလား . . .”

“လှရမှာပေါ့ဟဲ့ ဒီလိုမှမဟုတ်ရင် ငါတို့အစ်ကိုကြီး နဲ့ ဘယ်လိုက်ဖက်ပါ့မလဲ . . .”

“အစ်ကိုကြီး သူနဲ့ တွေ့ခဲ့သေးလား၊ ဒီလောက် အကြာကြီး ဘာလုပ်နေခဲ့ကြတာလဲ . . .”

“တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ပြီး မျက် ရည်တွေ သုတ်ပေးကြသေးလား၊ နောက်ပြီး လွမ်း ဆွတ်တဲ့ အကြောင်းတွေရော ပြောခဲ့ကြသေးလား”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now