1253-------1254

115 8 0
                                    

အခန်း (၁၂၅၃)(စာစဉ် ၉၀- အပိုင်း ၇)
“တစ်ကိုယ်တော် ပြပွဲ”
မရဏဓားမှာ ချင်းရန်နယ်ပယ်တွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးကဲ့သို့ ကျော်ကြားသော လူတစ်ဦး ဖြစ် သည်။
ထိုပုဂ္ဂိုလ်မှာ ၃ နှစ်ကြာပြီးနောက် သိုင်းလောက အတွင်းသို့ ပြန်ဝင်လာခဲ့ပြီး ပို၍ပင် အစွမ်းထက်လာ သည့် ပုံပါပင်။
ဝတ်ရုံနက်ဖြင့် လူများသည် လိဝူလျန် ပေါ်လာ၍ အံ့ဩတုန်လှုပ်သွားကြသော်လည်း ယွဲ့ရှောင်နှင့် ယွဲ့ ဟန်တို့မှာမူ ကျေနပ်သွားကြလေသည်။
သူမတို့အဖို့ အခြားကိစ္စများ၌ စိတ်ဝင်စားမှု အား နည်းသည့်တိုင် လိဝူလျန်မှာ ရှောင်ဧကရာဇ်၏ မိတ် ဆွေကောင်း တစ်ဦးဖြစ်သည်ကိုမူ ကောင်းစွာ သိနေ ကြသည်။
ရှောင်ဧကရာဇ်မှာ လိဝူလျန်ကြောင့် ဂိုဏ်းသုံးခုနှင့် တိုက်ပွဲဖြစ်ခဲ့ရခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် ရှောင်ဧကရာဇ်မှာ သူငယ်ချင်း ဖြစ်သူ လိဝူလျန်ကြောင့် သေဆုံးခဲ့ရခြင်းပါပင်။
ရဲရှောင် မိန်းကလေးများနှင့် ပြန်လည်ဆုံတွေ့ပြီး နောက် လိဝူလျန် မသေသေးသည့်အကြောင်းကို ပြော ပြခဲ့ဖူးသည်။
ထို့ပြင် လိဝူလျန်ကိုလည်း သူ့ကဲ့သို့ပင် အစ်ကိုကြီး တစ်ယောက်အဖြစ် မှတ်ယူရန် မိန်းကလေးများအား ပြောကြားခဲ့ပါသေးသည်။
ယခုအခါ လိဝူလျန် ရောက်ရှိလာပြီဖြစ်ပြီး သူမတို့ လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာကို ဓားချက် တစ် ချက်တည်းဖြင့် ဖြေရှင်းနိုင်ခဲ့လေသည်။
ထို့ကြောင့် လိဝူလျန်မှာ မိန်းကလေးနှစ်ဦးအတွက် ကယ်တင်ရှင်ပါပင်။
“အစ်ကိုလိ . . .”
“ကျွန်မတို့က ရှောင်ဧကရာဇ်ရဲ့ ညီမတွေပါ . . .”
ယွဲ့ရှောင်မှ နှုတ်ဆက်စကား ဆိုလိုက်၏။
“ကျွန်မက ယွဲ့ရှောင် ဒါကယွဲ့ဟန် ကျွန်မတို့က ချင်းဟွာနန်းတော်ရဲ့ ယွဲ့ရှောင်နဲ့ ယွဲ့ဟန်ပါ . . .”
လက်ရှိအခြေအနေရ မိန်းကလေးနှစ်ဦးမှာ အကူ အညီတောင်းရန်သာ ရှိတော့သည်။
အသတ်ခံရခြင်းထက် အစ်ကိုကြီး၏ သူငယ်ချင်း ဖြစ်သူကို အကူညီတောင်းခြင်းကသာ ပိုမိုကောင်းမွန် နိုင်မည် မဟုတ်ပါလား။
အကယ်၍ အခြားလူတစ်ဦးဦးကသာ မိန်းကလေး များမှ အသက်ရှင်ရန်အတွက် အကူအညီတောင်းသည် ဟု ပြောကြလျှင် ယုံကြလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုကိစ္စက သူမတို့၏ ဘဝနှင့် သက် ဆိုင်နေသည့်ကိစ္စဖြစ်၍ အခြေအနေများမှာ မတူတော့ ချေပြီ။
ထို့ပြင် သူမတို့နှစ်ဦးမှာ ရဲရှောင်၏ မိဘနှစ်ပါးကို လည်း ကယ်တင်ရဦးမည် ဖြစ်သည်။
ထို့ကြောင့် အစ်ကိုကြီးဖြစ်သူ၏ မိဘများအတွက် ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာ အကူအညီတောင်းမှသာ ဖြစ်ပေလိမ့်မည်။
(အစ်ကိုကြီးက လိဝူလျန်က သူ့ရဲ့အကောင်းဆုံး သူငယ်ချင်း၊ ညီအစ်ကိုလို နေတဲ့လူလို့ ပြောခဲ့ဖူးတယ်၊ ဒါဆိုရင် လိဝူလျန်ကလည်း ငါတို့ရဲ့ အစ်ကိုကြီးပဲပေါ့၊ ကိုယ့်အစ်ကိုကြီးကို ညီမတွေက အကူအညီတောင်း တာ ကျိုးကြောင်းဆီလျော်တယ်မလား . . .)
ထို့ကြောင့် မိန်းကလေးနှစ်ဦးမှာ စိတ်ထဲ၌ မည် သည့်အရာမှ မတွေးဘဲ အကူအညီ တောင်းလိုက်ကြ ခြင်းပါပင်။
“ရဲရှောင်ရဲ့ ညီမတွေလား . . .”
လိဝူလျန်၏ စိတ်ထဲ တစ်မျိုးတစ်ဖုံ ခံစားလိုက်ရ သည်။
အကြောင်းမှာ ရဲရှောင်၌ ညီမများ ရှိသည်ဟု သူ မသိ၍ ဖြစ်သည်။
(ငါသူနဲ့ ဆုံတာ သိပ်မကြာသေးပါဘူး၊ သူက သူ့ရဲ့ ဒုတိယဘဝအကြောင်း အားလုံး ပြောပြခဲ့တယ်၊ သူ့ရဲ့ ဒုတိယဘဝမှာတောင် ညီမရှိတယ်လို့ ငါမသိခဲ့ဘူး)
သို့သော် စဉ်းစားရင်းဖြင့် ရဲမြို့တော်မှ အကြောင်း များကို ပြန်မှတ်မိသွားသည်။
လိဝူလျန်မှာ ရဲမျိုးနွယ်မှ လူငယ်လေး ရဲရှောင်ဆို သည်မှာ သူ၏ သူငယ်ချင်း ဖြစ်ကြောင်းကို ကောင်းစွာ သိထားသည်။
ထို့ကြောင့် မိန်းကလေးများမှာ ရှောင်ဧကရာဇ်၏ ညီမများ ဖြစ်သည်ဆိုလျှင် ရဲမြို့တော်မှ ရဲရှောင်၏ ညီ မများလည်း ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် မိန်းကလေးများမှ အမှန်များသာ ပြောနေသည်ကို သေချာသိသွား၍ လိဝူလျန်၏ စိတ် ထဲ ကံကောင်းသည်ဟုလည်း ခံစားလိုက်ရသည်။
(တော်သေးတာပေါ့ ငါအချိန်ကိုက် ရောက်လာပြီး ဟန့်တားလိုက်နိုင်လို့၊ မဟုတ်လို့ကတော့ သူတို့လည်း တော်တော် ဒုက္ခရောက်မှာ . . .)
(နောက်ပြီး ငါသာ ရပ်ကြည့်နေမိလိုက်ရင် ငါ့ကိုငါ လည်း ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး၊ အဲဒီလိုသာဆိုရင် ရဲရှောင်ကို ငါဘယ်လို တောင်းပန်ရမလဲ . . .)
ထိုအချိန် ခေါင်းဆောင်ဖြစ်သူ ဝတ်ရုံနက်ဝတ်လူ မှ ရယ်မောလိုက်ရင်း -
“ယွဲ့ရှောင်နဲ့ ယွဲ့ဟန်လို နာမည်ကြီးနှစ်ယောက် က ဒီလို ရယ်စရာကောင်းလိမ့်မယ်လို့ မထင်ထားခဲ့မိ ဘူး၊ ရှောင်ဧကရာဇ်က ဘယ်တုန်းက ညီမတွေ ရှိသွား ရတာလဲ၊ ရှောင်ဧကရာဇ် ဆိုတာကလည်း သေသွားခဲ့ တာ ကြာပြီလေ၊ အဲဒါတောင် မင်းတို့ကသူ့ရဲ့ ညီမတွေ လို့ အရှက်မရှိ ပြောဝံ့တယ်ပေါ့ . . .”
“မင်းတို့ အကူအညီတောင်းချင်ရင်လည်း ရိုးရိုး တောင်းပါလား၊ ဘာလို့ မရဏဓားကို မင်းတို့အသက် ရှင်ဖို့အတွက် လိမ်နေရတာလဲ၊ မင်းတို့နှစ်ယောက်က တကယ်ကို အရှက်မရှိတဲ့ လူတွေပဲ . . .”
“မရဏဓားက အားနည်းတဲ့ လူတွေဘက်က အမြဲ ရပ်တည်တတ်တဲ့ လူဆိုပေမယ့် မင်းတို့နှစ်ယောက်ရဲ့ အရူးလုပ်တာကိုတော့ ခံမယ် မထင်ဘူး . . .”
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့ မည်သည့်စကားမှ ပြန် မပြောနိုင်ခင်မှာပင် လိဝူလျန်မှ သူ၏ ဓားကြီးကို မြောက်ရင်း ပြောလိုက်သော လူထံသို့ ချိန်ရွယ်လိုက် သည်။
ထို့နောက် ဒေါသတကြီးဖြင့် -
“စောက်ပိုတွေ လာပြောမနေနဲ့တော့ ရဲရှောင် သေ သွားပြီလို့ မင်းတို့ကို ဘယ်သူပြောလဲ၊ သေမှာက မင်း တို့သာ သေမှာ၊ မင်းတင်မဟုတ်ဘူး မင်းတို့ တစ်မျိုး နွယ်စုလုံး သေမှာ၊ မင်းတို့ သေကိုသေရမယ် . . .”
ထိုစကားကြောင့် ပြောလိုက်သော လူမှာ အံ့ဩ သွားလေသည်။
(နေပါဦး ငါကသူ့ဘက်ကတောင် ဝင်ပြောနေတာ၊ သူအလိမ်ခံရမှာစိုးလို့ ပြောနေတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါကသူ့အပေါ် လေးစားမှုပြခဲ့တာပဲ မဟုတ်လား . . .)
(နောက်ပြီး ရဲရှောင် သေသွားပြီဆိုတာကို ချင်းရန် နယ်ပယ်ကြီး တစ်ခုလုံး သိတယ်၊ အဲဒါကို သူက ဘာ တွေ ပြောနေတာလဲ၊ အနည်းဆုံးတော့ ရဲရှောင်က ငါ တို့ရဲ့ ရန်သူဖြစ်တယ်ဆိုရင်တောင် သူ့ရဲ့ သေဆုံးမှုကို ငါဘာမှစော်ကားတာလည်း မဟုတ်ဘူးလေ၊ ဒီအတိုင်း သေသွားပြီပဲ ပြောခဲ့တာ . . .)
(ဒါတောင် သူက ဘာလို့ ဒေါသထွက်သွားရတာလဲ ငါကတစ်ခုခု အမှားလုပ်မိသလို ဘာလို့ ပြောနေရတာ လဲ၊ ခေါင်းထိပြီး စိတ်လွတ်သွားတာများလား . . .)
ထိုအချိန် လိဝူလျန်မှာ သူ၏ အနားသို့ တိုးကပ် လာ၍ ရန်သူအဖို့ သူ၏ ခေါင်းပေါ်သို့ တောင်များစွာ ဖြင့် ဖိချလိုက်သလိုပင် ဖိအားများစွာကို ခံစားလိုက်ရ သည်။
စွမ်းအားများမှာ ကြီးမားလွန်းလှသဖြင့် ထိုလူမှာ နောက်သို့ပင် ဆုတ်ခွာလိုက်ရလေသည်။
သို့သော် လိဝူလျန်မှာ လျန်မြန်စွာ လှုပ်ရှားလိုက် ပြီး ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့၏ ရှေ့သို့ ချက်ချင်းပင် ရောက်ရှိသွားသည်။
ထို့နောက် သူ၏ ဓားကြီးကို ဝေ့ယမ်းလိုက်ရင်းဖြင့် ရယ်မောကာ -
“ရဲရှောင်ရဲ့ ညီမတွေဆိုတာ ငါ့ရဲ့ ညီမတွေပဲ၊ မင်း တို့က ဘယ်က မျိုးမစစ်ကောင်တွေလဲ၊ ဘာလို့ ငါ့ညီမ တွေကို အနိုင်ကျင့်နေရတာလဲ၊ မင်းတို့ရဲ့ နာမည်ကို ပြောစမ်း၊ ငါ့ရဲ့ဓားက နာမည်မသိတဲ့ လူတွေကိုဆိုရင် မသတ်ဘူး . . .”
ထိုစကားကြောင့် မိန်းကလေးနှစ်ဦးကို ဝန်းရံထား သော ဝတ်ရုံနက်ဝတ် လူများအပြင် ကြယ်ရောင်ဂိုဏ်း က လူများပါ အံ့ဩသွားကြလေသည်။
(လိဝူလျန်က ဘာဖြစ်သွားတာလဲ၊ ဘာလို့ ဒီလိုမျိုး အရူးလုပ်ရတာ လွယ်နေရတာလဲ . . .)
(ယွဲ့ရှောင်နဲ့ ယွဲ့ဟန်တို့က ရဲရှောင်ရဲ့ ညီမတွေ မဟုတ်ဘူးလေ နောက်ပြီး ဘာမှလည်း သက်သေပြ နိုင်တာ မဟုတ်ဘူး၊ နောက်ဆုံး ဟုတ်တယ်ဆိုရင် တောင် ရဲရှောင်သေသွားတာ လေးငါးနှစ်လောက် ရှိ နေပြီ၊ ဒါပေမယ့် မိန်းကလေးနှစ်ယောက်က သူ့ရဲ့ ညီမ တွေပါဆိုတဲ့ အကြောင်းအရာကို ဘယ်သူမှ တစ်ခါမှ မကြားဖူးခဲ့ကြဘူး၊ ဒါကြီးက သံသယဖြစ်စရာကောင်း မနေဘူးလား . . .)
(နောက်ပြီး သူတို့က ရှောင်ဧကရာဇ်ရဲ့ ညီမတွေ ဆိုရင်တောင် သက်သေတော့ ပြသင့်တယ်မလား၊ ဘာ လို့ ဒီအတိုင်းကြီး ယုံလိုက်ရတာလဲ၊ ဒါကြီးကတော့ ရယ်စရာ ကောင်းလွန်းနေပြီ၊ မသိရင် ကလေးကစား နေသလိုပဲ . . .)
(မင်းတို့တွေ စိတ်လွတ်သွားကြပြီထင်တယ် . . .)
မိန်းကလေးနှစ်ဦးမှလွဲ၍ ကျန်လူများ အားလုံးမှာ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
သို့သော် ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့၏ စိတ်ထဲတွင်မူ နွေးထွေးမှုကို ခံစားနေရလေသည်။
(အစ်ကိုကြီးက တကယ့်ကို လူကောင်းနဲ့ မိတ်ဆွေ ဖြစ်ခဲ့တာပဲ . . .)
(အစ်ကိုကြီးက ငါတို့ကို အစ်ကိုလိရဲ့အကြောင်း ပြောပြဖူးတယ် ဒါပေမယ့် ငါတို့ရဲ့ အကြောင်းကိုတော့ ဘာမှ သိပ်ပြောထားမယ် မထင်ဘူး . . .)
(အစ်ကိုလိက အစ်ကိုကြီးရဲ့ ကလေးဘဝတုန်းက အကြောင်းကို သိပေမယ့် ငါတို့ညီမအကြောင်းတော့ သိမှာမဟုတ်ဘူး နောက်ပြီး ငါတို့နဲ့ တွေ့ပြီးတဲ့နောက် မှာ အစ်ကိုကြီးနဲ့ အစ်ကိုလိနဲ့က တွေ့ဦးမှာမဟုတ်ဘူး၊ ဒါပေမယ့် အစ်ကိုလိက ငါတို့ကို ချက်ချင်းပဲ ယုံကြည် တယ်၊ ငါတို့ကို လက်ခံဖို့ တွေဝေမှုတောင် မရှိဘူး . . .)
မိန်းကလေးနှစ်ဦးအဖို့ ရဲရှောင်အပြင် လိဝူလျန်ကဲ့ သို့ အစ်ကိုတစ်ဦးကိုလည်း ရလိုက်ကြသည်။
တစ်ခါတစ်ရံ လူတို့၏ ပေါင်းသင်းဆက်ဆံရေးမှာ အံ့ဩဖွယ် ကောင်းလွန်းလှသည်။
အချို့သော လူများမှာ အချိန်ကြာမြင့်သည့်တိုင် တစ်ဦးနှင့် တစ်ဦး ရင်းနှီးကြခြင်း မရှိပေ။
သို့သော် အချို့မှာမူ အကြည့်တစ်ချက်ဖြင့်ပင် မိတ် ဆွေကောင်း ဖြစ်သွားနိုင်ကြသည်။
ယခု မိန်းကလေးနှစ်ဦးနှင့် လိဝူလျန်တို့မှာ ဒုတိယ အမျိုးအစားတွင် ပါဝင်နေကြလေသည်။
သူတို့မှာ ယခင်က မတွေ့ဖူးခဲ့ကြသည့်တိုင် ယခု အခါ မြင်မြင်ချင်းပင် မောင်နှစ်မရင်းချာများကဲ့သို့ ခံ စားလိုက်ကြရသည် မဟုတ်ပါလား။
ရဲရှောင်သာ ယခုမြင်ကွင်းကို မြင်လိုက်ရမည်ဆိုပါ က သေချာပေါက်ပင် မနာလို ဖြစ်သွားနိုင်သည်။
“မင်းတို့တွေ ဘာလို့ ဒီမှာ ပိတ်မိနေကြတာလဲ”
လိဝူလျန်မှ မိန်းကလေးနှစ်ဦးအား ကြည့်ရင်း မေး လိုက်သည်။
“မင်းတို့တွေ ထွက်ပြေးလို့ရရဲ့သားနဲ့ ဘာလို့ ပေ ကပ်ပြီး နေနေကြတာလဲ၊ မင်းတို့ ထွက်ပြေးတာကို ဒီ ကောင်တွေက တားနိုင်မယ်လို့ မထင်ပါဘူး၊ မင်းတို့ကို လိုက်ဖမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ၊ အဲဒါတောင် ဘာ လို့ ဒီမှာ အသေခံပြီး နေနေကြရတာလဲ၊ မင်းတို့ရဲ့ လုပ်ရပ်က တကယ်ကို ရူးမိုက်လွန်းတယ် . . .”
ထိုစကားကြောင့် ယွဲ့ရှောင်မှာ ရယ်ရမလို ငိုမရလို ပင် ဖြစ်သွားမိသည်။
သူမ အနေဖြင့်လည်း ယခုအချိန်တွင် ရှင်းပြရန် အချိန်မရှိသဖြင့် အတိုချုံးသာ ပြောလိုက်တော့သည်။
“ဒါကထူးခြားတဲ့ အခြေအနေမလို့ ကျွန်မတို့ ထွက် မပြေးနိုင်ဘူး၊ ကျွန်မတို့ ဆက်ပြီး တိုက်မှကို ဖြစ်မှာ မလို့ပါ . . .”
ထိုသို့ပြောရင်း ယွဲ့ရှောင်မှာ မျက်နှာရိပ် မျက်နှာ ကဲ ပြလိုက်ပြန်သည်။
လိဝူလျန်လည်း အံ့ဩသွားဟန်ဖြင့် -
“သူတို့က ဘယ်သူတွေလဲ . . .”
ရဲနန်ရှန်အားလှမ်းကြည့်ရင်း လိဝူလျန်မှ မေးလိုက် ခြင်း ဖြစ်သည်။
“သူက ရဲနန်ရှန် ရဲမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပဲ၊ ဒါ ကတော့ ကျွန်မတို့ နန်းတော်ရဲ့ နတ်သမီး၊ ချင်းဟွာ နန်းတော်ရဲ့ ယွဲ့ဂေါင်ရွှဲ့လေ . . .”
“ကျွန်မတို့က သူတို့ကို ရဲမျိုးနွယ်ဆီ ပြန်တဲ့ လမ်း တစ်လျှောက် ကာကွယ်ပေးနေကြတာ . . .”
ယွဲ့ရှောင်မှ ပြုံးလျက် ပြောလိုက်သည်။
“အဲဒီတော့ ကျွန်မတို့တွေ ဒီအတိုင်း ထွက်သွားလို့ ဘယ်ဖြစ်မလဲ . . .”
“ဘုရား ဘုရား သူတို့က ဒါဆိုရင် ငါ့ရဲ့ . . .”
လိဝူလျန်လည်း ထိုသို့သာပြောရင်း အရှိန်ကို တန့် လိုက်ရသည်။
သူ၏ ပါးစပ်မှ ‘ဦးလေးရဲ’ ဟုပင် ခေါ်မိမတတ် ဖြစ်သွားရသည် မဟုတ်ပါလား။
သူနှင့် ရဲရှောင်က ညီအစ်ကိုများဆိုလျှင် ရဲနန်ရှန် က သူ၏ ဦးလေးပင် ဖြစ်ပေလိမ့်မည်။
သို့သော် သူသာ ရဲနန်ရှန်ကို ဦးလေးဟု ခေါ်လိုက် မည် ဆိုပါက ရန်သူများအနေဖြင့် သေချာပေါက်ပင် တစ်မျိုးတစ်မည် ထင်မြင်သွားနိုင်သည်။
ချင်းရန်နယ်ပယ်၏ နာမည်ကျော် မရဏဓားကပင် ရဲနန်ရှန်ကို ဦးလေးဟု ခေါ်လိုက်သည့် အဖြစ်မျိုး ဖြစ် သွားမည် မဟုတ်ပါလား။
ထို့အတူ ရဲနန်ရှန်မှာလည်း အံ့ဩမှုကြောင့် နှလုံး ခုန်နှုန်းပင် ရပ်တန့်သွားနိုင်သည်။
လိဝူလျန်လည်း ခေါင်းကိုသာ ကုတ်လိုက်ရင်း -
“တော်သေးတာပေါ့ ငါအရောက်မြန်ပေလို့ . . .”
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့လည်း လိဝူလျန်အား မျက်စောင်းသာ ထိုးကြည့်လိုက်ကြတော့သည်။
(အရောက်မြန်ပေလို့ ဟုတ်လား ဘာအရောက်မြန် တာလဲ . . .)
(နောက်ပြီး သူ့ပါးစပ်ကနေ ယောင်ပြီး ထွက်သွား တော့မလို့၊ သူတို့က ငါ့ရဲ့ ဟုတ်လား ဘာဆက်ပြော မလို့ စဉ်းစားနေတာလဲ အရူး . . .)
(တော်တော်ကို ရူးတာပဲ၊ ကျွန်မတို့တွေ အခုဘာ ကို အကြောက်ဆုံးလဲ သိလား၊ ကျွန်မတို့ ရှေ့က တိုက် ပွဲကို မဟုတ်ဘူး၊ ဦးလေးရဲ တစ်ခုခု သိသွားမှာကိုသာ အကြောက်ဆုံးပဲ . . .)
(ဦးလေးရဲ ဘယ်လောက်ထိ ဦးနှောက်ပြေးတယ် ဆိုတာကို မသိသေးဘူးထင်တယ်၊ သူ့ရဲ့ အတွေးက နက်နဲ သိမ်မွေ့တယ်၊ သူသာ ကျင့်ကြံမှုအဆင့်မနိမ့်ဘူး ဆိုရင် ဝုဖတောင်မှ ဦးလေးရဲကို ယှဉ်နိုင်မယ် မထင် ဘူး၊ အဲဒါတောင်မှ လိဝူလျန်ဆိုတဲ့ ဒီလူကြီးက အခြေ အနေအချိန်ခါကို မသိဘဲ ဖြစ်နေသေးတယ် . . .)
ထိုအချိန် လိဝူလျန်၏ အသံကြီးကြောင့် ညီအစ်မ နှစ်ဦးမှာ အတွေးစ ပြတ်သွားလေသည်။
“အခု ငါရောက်လာပြီ ဘယ်ကောင် အနိုင်ကျင့်ရဲ လဲ၊ အနိုင်ကျင့်တဲ့ လူမှန်သမျှကို ငါ့ဓားနဲ့ တစစီဖြစ် အောင် လုပ်ပစ်မယ် . . .”
လိဝူလျန်မှ ဒေါသတကြီး ပြောလိုက်ရင်း ရန်သူ များဘက်သို့ ဓားကို ချိန်ရွယ်လိုက်သည်။
“မင်းတို့တွေ ငါ့မျက်စိရှေ့ကနေ ချက်ချင်း ထွက် သွားကြစမ်း၊ အေး မထွက်သွားလို့ကတော့ မင်းတို့ ကောင်တွေ အကုန်လုံးကို ဘဝကူးသွားအောင် လုပ် ပေးလိုက်မယ် . . .”
ထိုအချိန် ခေါင်းဆောင်ဖြစ်ဟန်တူသူမှ အေးစက် စက် အသံဖြင့် -
“ဪ လိဝူလျန် မင်းက ငါတို့ကို ဆန့်ကျင်မယ် ဆိုတာ သေချာသွားပြီလား၊ မင်းက ဒီနေ့ တိုက်ပွဲမှာ ဝင်ပါတော့မယ်ပေါ့ . . .”
လိဝူလျန်မှ ထိုသို့ပြောလိုက်သည့် လူအား ခေါင်း အစ ခြေအဆုံး ကြည့်လိုက်ရင်း -
“နေစမ်းပါဦး မင်းကို ငါရင်းနှီးနေသလိုပဲ၊ ကြည့်ရ တာ ငါမင်းကို သိနေတယ် ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ငါမင်းကို သိသိမသိသိ အရေးမကြီးပါဘူး၊ အခု မင်းက ဦးနှောက်မရှိတဲ့ လူတစ်ယောက်ဆိုတာကို ငါသိလိုက် ပြီ၊ လူစကား နားမလည်တဲ့ ကောင်ပေါ့ကွာ . . .”
ထိုလူမှ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ရင်း -
“ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ် မရဏဓားက ဒီလိုမျိုးပဲ ဆုံးဖြတ်ချက် ချလိုက်ပြီပေါ့၊ ငါတို့ကလည်း စကားတွေ အများကြီးပြောပြီး အချိန် မဖြုန်းချင်ပါဘူး၊ အဲဒီတော့ မင်းဝင်မပါဖို့ ငါတို့ မကြိုး စားတော့ဘူး၊ အခု မင်းက ငါတို့ကို ဓားနဲ့ချိန်ပြီဆိုမှ တော့ အပိုစကားတွေ မပြောဘဲ တိုက်ပဲ တိုက်ခိုက်ကြ တာပေါ့ . . .”
“ငါတို့က ယွဲ့ရှောင်နဲ့ ယွဲ့ဟန်တို့ကိုတောင် အရေး နိမ့်အောင် လုပ်ခဲ့ပြီးသွားပြီ၊ မင်းကိုလည်း အရေးနိမ့် အောင် လုပ်ဖို့ဆိုတာ ခက်ခဲမှာ မဟုတ်ပါဘူး၊ နည်း နည်းလေး အချိန်ယူလိုက်ရုံပါပဲ . . .”
ထို့နောက် ထိုလူမှ အေးစက်စက်ဖြင့်ပင် ဆက် လက်၍ -
“အခြေအနေတွေက မခန့်မှန်းနိုင်ဘူးပဲ၊ ဘဝကြီး က ထူးဆန်းလိုက်တာ၊ မင်းကလည်း ကောင်းကင်ဘုံ က ကောင်းချီးပေးလိုက်တယ် ထင်ပါရဲ့ သေရာကနေ တောင် ပြန်ရှင်လာခဲ့တယ် . . .”
“တကယ်တော့ မင်းက လွန်ခဲ့တဲ့ နှစ်တွေထဲက သေသွားခဲ့ရမှာ၊ ကြည့်စမ်းပါဦး အခုကျ ပိုတောင် တိုး တက်လာသေးတယ် တော်တော်ကို ကံကောင်းတဲ့လူပဲ ဒါပေမယ့် အခုမင်းက ငါတို့ရဲ့ကိစ္စကို ဝင်ပါလိုက်ပြီဆို တော့ ဂိုဏ်းသုံးခုကို လက်စား ပြန်မချေနိုင်မှာတောင် စိတ်ပူမိတယ် . . .”
ထိုလူမှာ လိဝူလျန်အား သိမ်းငှက်ကဲ့သို့ စူးရှလှ သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်၏။
“လိဝူလျန် မင်းနောင်တမရဘူးလား ဒါကြီးက မင်း အတွက် မတန်သလိုပဲနော်၊ မင်းရဲ့ ကံကောင်းမှုတွေ ကြောင့် မင်းကို နောက်ထပ် အခွင့်အရေး ပေးလိုက် မယ်၊ အခုနေ မင်းထွက်သွားရင် ငါတို့လူ ၄ ယောက်ကို သတ်တဲ့အတွက် မင်းကို အပြစ်မတင်ဘဲ ခွင့်လွှတ်ပေး မယ်၊ မင်း လိုရာထွက်သွားပြီး ကလဲ့စားချေမယ့် အ လုပ်ကိုသာ အေးဆေးလုပ်၊ ငါတို့တွေ နောက်ပိုင်း ဆက်ပြီး တိုက်ခိုက်မယ့် အခွင့်အရေးလည်း ရှိလာဦး မှာပါ၊ ဒါကို မင်းဘယ်လိုထင်လဲ . . .”
“ငါကတော့ ဒီလို မထင်ဘူး . . .”
လိဝူလျန်မှ ခေါင်းခါယမ်း၍ ပြောလိုက်သည်။
“မင်းက ဦးနှောက်မရှိတဲ့ လူတစ်ယောက်လို့ပဲ ငါ ထင်တယ်၊ တကယ့်ကို ခေါင်းထဲမှာ ချီးတွေနဲ့ ပြည့်နေ တဲ့ လူတစ်ယောက်ပေါ့၊ ငါဘာပြောခဲ့လဲဆိုတာ မင်း မကြားဘူးလား၊ ငါ့ညီမတွေကလည်း ငါ့ကို အစ်ကိုလို့ ခေါ်တာ မကြားဘူးလား၊ ဒါတောင် ဘာလို့ စကားတွေ ပြောပြီး ညှိနှိုင်းနေဦးမှာလဲ၊ တကယ့်ကို ဦးနှောက်မရှိ တဲ့ ကောင်ပဲ . . .”
“ဒါကို ကြည့်ခြင်းအားဖြင့် မင်းတို့တွေက အချိန် ဖြုန်းချင်နေတယ်ဆိုတာ သိသာသွားပြီ၊ တကယ့်ကို ဦးနှောက်ဉာဏ်ရည် အဆင့်အတန်း မမီတဲ့ မျိုးမစစ် ကောင်တွေ . . .”
လိဝူလျန်မှာ ဝတ်ရုံနက်ဖြင့် လူအား ကြည့်ရင်း ဆက်၍ ပြောလိုက်သည်။
“ငါနားမလည်နိုင်ဘူး မင်းက ဘာလို့ မိန်းမကြီးလို မျိုး ပါးစပ်ဖွာနေရတာလဲ၊ မင်းတို့အဖွဲ့ကို ဦးဆောင်နေ တဲ့ လူကလည်း တကယ့်ကို ဉာဏ်မရှိတဲ့ လူပဲ ဖြစ်ရ မယ်၊ အဲဒါကြောင့်မလို့ မင်းတို့ကောင်တွေကလည်း ဉာဏ်မရှိတဲ့ ကောင်တွေ ဖြစ်နေရတာပေါ့ . . .”
ဝတ်ရုံနက်နှင့် လူမှ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် -
“ငါသိပြီ . . .”
“အေး မအေဘေး မင်းသိတာဘာလဲ . . .”
လိဝူလျန်မှာ အဆက်မပြတ်ပင် စော်ကားပြောဆို လျက် ရှိသည်။
“မင်းတို့ရဲ့ ဦးလေးလိကို ဒီလို မဆက်ဆံရဘူးဆို တာ သဘောပေါက်သွားတာလား၊ အချိန်အကြာကြီး နေမှ ဒီလို သဘောပေါက်သွားတယ်ပေါ့ တကယ့်ကို အရူးပဲ . . .”
ထိုစကားကြောင့် တစ်ဖက်လူမှာ ပိုမို၍ အေးစက် သွားပြီး လိဝူလျန်အား ရေခဲတမျှ အေးစက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
ထို့နောက် သူ၏ လက်ကို ဝေ့ယမ်းကာ -
“သတ်ကြ . . .”
ဤသည်မှာ ထိုလူ နောက်ဆုံး ပြောလိုက်သော စကားသာ ဖြစ်၏။
အမိန့်အသံ အဆုံးတွင် သူ၏ လူများမှာလည်း တစ်ပြိုင်နက်တည်းပင် လှုပ်ရှားလိုက်ကြသည်။
လိဝူလျန်မှာမူ ကျယ်လောင်စွာပင် ရယ်မောလိုက် ပြီး -
“ဟား ဟား ဟား ငါ့ညီမတွေကို ဒီနေရာမှာ‌ တွေ့ရ တာ နေ့ကောင်းရက်မြတ် တစ်ခုပဲ၊ အဲဒါကြောင့် မင်း တို့ကို သင်ခန်းစာပေးရသေးတာပေါ့ . . .”
“တိုက်ပွဲမှာ အရေးကြီးတာက အင်အားနဲ့ လက် နက်ပဲ၊ ပါးစပ်က အရေးမကြီးဘူး အဲဒါကို မင်းတို့နား လည်လား ကောင်လေးတို့ . . .”
“မင်းတို့တွေ မိန်းမတွေလို တစ်ချိန်လုံး ပွစိပွစိ ပြောမနေကြနဲ့၊ ငါကယောက်ျား တစ်ယောက်ဆိုတော့ အဲဒီလို ပြောတာကို မကြိုက်ဘူး . . .”
ထို့နောက် လိဝူလျန်မှာ ဓားကြီးကို ဝေ့ယမ်းရင်း ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။
“ကောင်လေးတို့ မင်းတို့ ငါပြောတာကို နားလည် ရင် ငါ့ဓားကြီးကနေ လွတ်မြောက်နိုင်လိမ့်မယ်၊ မင်းတို့ တွေ တစ်နေ့နေ့တော့ ယောက်ျားဆန်လာမှာပါ ဟား ဟား ဟား . . .”
လိဝူလျန်မှ ကျယ်လောင်စွာ ရယ်မောရင်း ပြော လိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now