1435(ဂ)------1438(ဃ)

94 3 0
                                    

အခန်း (၁၄၃၅ - ဂ)(စာစဉ် ၁၀၄- အပိုင်း ၅)
“ရန်သူ့စခန်းအား စီးနင်းခြင်း”

ရွှမ်ပိုင်၏ လှုပ်ရှားမှုက ရဲရှောင်ထက် ပိုမြန်ဆန်နေ သည်။
ဆိုလိုသည်မှာ ဝတ်ရုံနက်လူများအဖို့ သူမကို ဖမ်းဆီး ရန် မဆိုထားနှင့် ရပ်တန့်ရန်ပင် တတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ရန်သူများမှာ ရွှမ်ပိုင်၏ အမြန်နှုန်းကြောင့် ထိတ်လန့်နေကြတော့သည်။
သို့သော် ၎င်းတို့၏ထိတ်လန့်မှုက ထိုမျှနှင့်မပြီးသေး။
ရွှမ်ပိုင်ပြီးနောက် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားကြ သည့် မိန်းကလေးတစ်စုကို ထပ်မံ၍ မြင်တွေ့လိုက်ကြရ ၍ ဖြစ်သည်။
ထိုမိန်းကလေးများမှာ ကျွင့်ယင်းလျန်နှင့် သူမ၏ ဂိုဏ်းမှ ဂိုဏ်းသူများပင် ဖြစ်ကြ၏။
ယခုအခါ မိန်းကလေးများမှာ သူမတို့၏ အပေါ်ဝတ်ရုံ အမဲများကို ချွတ်ကာ အဖြူရောင် ဝတ်ရုံများဖြင့်သာ ဖြစ် နေကြချေပြီ။
ထိုမိန်းကလေးများမှာ ရွှမ်ပိုင်အတိုင်း အဖြူရောင် ဝတ်ရုံ တလူလူဖြင့် အတွင်းသို့ လျင်မြန်စွာ တိုးဝင်သွား ကြလေသည်။
မိန်းကလေးများ၏ သဘာဝမှာ အလှအပမက်ကြ၍ ဝတ်ရုံနက်နှင့် ဝတ်ရုံဖြူဆိုလျှင် ဝတ်ရုံဖြူကိုပင် ရွေးချယ် ကြမည်သာ။
ထို့ပြင် သူမတို့၏ ဂိုဏ်းချုပ်ဖြစ်သူ ကျွင့်ယင်းလျန်မှာ လည်း အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ထား သည် မဟုတ်ပါလား။
ထို့ကြောင့် ဝတ်ရုံနက်ကို ထပ်မံဝတ်ဆင်ရန် မလိုအပ် ၍ သူမတို့ မြတ်နိုးသည့် လှပသော အဖြူရောင်ဝတ်ရုံများ ကိုသာ ဝတ်ဆင်ထားကြသည်။
ထိုအချိန် ရန်သူ ၉ ဦးမှာမူ ရဲရှောင်၏ သတ်ဖြတ်လို သော အငွေ့အသက်များကြောင့် သတိကြီးကြီးဖြင့်သာ ရှိ နေကြရသည်။
ရန်သူများအဖို့ တစ်ဖက်ကို အာရုံအပြည့်အဝ စိုက်နေ ရ၍ ရွှမ်ပိုင်နှင့် မိန်းကလေးများ အထဲတိုးဝင်သွားသည်ကို ငေးကြည့်ရုံသာ ငေးကြည့်နိုင်ကြတော့သည်။
ထိုအခိုက်အတန့်တွင် ရန်သူများ၏ စိတ်ထဲ၌ တူညီ သော အတွေးကိုယ်စီ ရှိနေကြ၏။
“ငါတို့ ဒီနေရာကနေ ထွက်မသွားဘဲ ရှောင်ဧကရာဇ် ကို ရင်ဆိုင်မယ်ဆိုရင် ငါတို့ နိုင်နိုင်ခြေရှိတယ် . . .”
“အဲဒီလို မဟုတ်ဘဲ ငါတို့သာ ရှောင်ဧကရာဇ်ကို လျစ် လျူရှုပြီး မိန်းကလေးတွေ နောက်လိုက်သွားမယ်ဆိုရင် ငါတို့တွေ အသတ်ခံရဖို့ များတယ်၊ ဘာလို့လဲဆိုတော့ သူ က ငါတို့ တစ်ယောက်ချင်းစီကို အလွယ်တကူ အနိုင်ယူ နိုင်လောက်လို့ပဲ . . .”
“ရှောင်ဧကရာဇ် တိုက်ခိုက်တဲ့အချိန်မှာ သတိလက် လွတ်လုပ်မိလို့ မဖြစ်ဘူး၊ အမှားတစ်ခုကကို ငါတို့ကို ကျ ရှုံးသွားစေနိုင်တယ် . . .”
ထိုအချိန် တောင်ကြားတစ်ခုလုံးမှာ ဆူပွက်နေသော ရေနွေးအိုးကြီးပမာ အော်ဟစ်သံများဖြင့် ပွက်လောရိုက် လျက် ရှိသည်။
မရေမတွက်နိုင်သော ပျားကြီးများက သက်ရှိများကို ဒေါသတကြီးဖြင့် တိုက်ခိုက်နေတုန်းပင် မဟုတ်ပါလား။
ထိုပျားများကြောင့် သားရဲများမှာ ဆောက်တည်ရာ မရ ထွက်ပြေးနေ၍ ပို၍ပင် ဝရုန်းသုန်းကားဆန်လျက် ရှိ သည်။
ထိုသားရဲများမှာ ပျားများကို ပြန်လည်တိုက်ခိုက်နိုင် ခြင်း မရှိ၍ ဝတ်ရုံနက်ဖြင့် လူများဘက်သို့ မဲ၍သာ ရန်ရှာ ကုန်ကြတော့သည်။
သားရဲများအဖို့ ပျားများကို ပြန်လည်း မတုန့်ပြန်နိုင်၊ နာလည်း နာကျင်နေရသဖြင့် အသိစိတ်လွတ်သလိုပင် ဖြစ်နေကြပြီ မဟုတ်ပါလား။
ထို့ကြောင့် လူသားများကို ၎င်းတို့ တိုက်ခိုက်နိုင်ခြင်း ရှိမရှိကိုလည်း မတွေးတောနိုင်ကြတော့ဘဲ ထိုကဲ့သို့ မဲမဲ မြင်ရာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ပျားများက သားရဲများကိုသာ ထိုသို့ ဖြစ်စေနေသည် မဟုတ်ဘဲ လူသားတို့ကိုလည်း ရင်ဆိုင်ရခက်စေလျက်ရှိ သည်။
ဝတ်ရုံနက်ဝတ် လူများအနက် ထိပ်သီးပညာရှင်များ မှာမူ ၎င်းတို့၏ အားကောင်းသော စွမ်းအင်များဖြင့် သူတို့ ကိုယ်သူတို့ ကာကွယ်နိုင်စွမ်း ရှိကြသည်။
ထို့ကြောင့် လက်ရှိအချိန်ထိ ၎င်းတို့ လုံခြုံနေကြသေး သည်ဟု ဆိုနိုင်သည်။
သို့သော် အားနည်းသော လူများမှာမူ တစ်ယောက် ပြီး တစ်ယောက်ဆိုသလို အချိန်တိုအတွင်း သေဆုံးကုန် ကြရတော့သည်။
သေသူက သေသွားသော်လည်း ရှင်သူတို့မှာ ပို၍ပင် ခံရခက်သော ဝေဒနာများကို ခံစားနေကြရသည်။
အကြောင်းမှာ ပျားတုပ်ခံရသော လူတို့၏ ခန္ဓာကိုယ် မှာ ဘောလုံးကြီးများကဲ့သို့ ယောင်ကိုင်းလာပြီး အရေ ပြားများမှာလည်း အစိမ်းရောင်ပြောင်းလာ၍ ဖြစ်သည်။
ရွှမ်ပိုင် ထိုမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်ဟန် ဖြင့် -
“ဒါကောင်းကင် အဆိပ်ပျားတွေပဲ . . .”
ယခုရှိနေသော လူများထဲတွင် ရဲရှောင်ပြီးလျှင် ရွှမ်ပိုင် က ဗဟုသုတအနှံ့စပ်ဆုံးဟု ဆိုနိုင်သည်။
ပျားကြီးများကို သူမ စတွေ့ခဲ့စဉ်က တုန်လှုပ်ခဲ့သော် လည်း များများစားစား မတွေးခဲ့မိပေ။
သို့သော် ယခု မြင်ကွင်းကို မြင်ရချိန်တွင်မူ ကောင်း ကင် အိပ်မက်တောင်၌ ထိုသို့သော ကောင်းကင် အဆိပ် ပျားများ ရှိနေ၍ ပိုအံ့ဩသွားသည်။
တကယ်တမ်းတွင် ပျားဘုရင်နှင့် ဘုရင်မတို့ဆိုသည် မှာလည်း အဆင့်ခြောက်မျှသာရှိသော ဝိညာဉ်သားရဲများ ဖြစ်ကြသည်။
သို့တိုင် ထိုပျားများကို ချင်းရန်နယ်ပယ်တွင် မည်သူမှ မထိပါးဝံ့ကြချေ။
ထိုသို့ဖြစ်ရသည့် အကြောင်းအရင်း ၃ ချက် ရှိ၏။
ပထမအချက်အနေဖြင့် ပျားများ၏ အဆိပ်က လွန်စွာ ပြင်းထန်၍ ဖြစ်သည်။
ထိုအဆိပ်ကို မူလဝိညာဉ်အဆင့်နှင့်အထက် ရှိသော လူများဆိုလျှင် တစ်ကြိမ်နှစ်ကြိမ်ခန့် အတုတ်ခံရပါက ခံ နိုင်ရည် ရှိလိမ့်မည်။
ထိုပညာရှင်များအဖို့ အချက်ရေ အနည်းငယ်လောက် နှင့် အဆိပ်ပမာဏ အနည်းငယ်လောက်ကို ဂရုစိုက်စရာ မလိုသည့် သဘောပါပင်။
သို့သော် အဆိပ်က ခန္ဓာကိုယ်ထဲ ဝင်သွားပြီး အကြိမ် ၁၀၀ ခန့် အတုပ်ခံရပါက မူလတာအိုအဆင့် ပညာရှင်ပင် လျှင် သေဆုံးသွားနိုင်သည်။
တိတိပပဆိုရလျှင် မူလတာအိုအဆင့်၏ ထိပ်ဆုံး ဖြစ် နေပါစေ ပျားအုပ်ကြီး၏ တိုက်ခိုက်မှုသာ ခံရပါက ကျိန်း သေပေါက်ပင် သေကို သေဆုံးရမည်သာ။
ဒုတိယအချက်အနေဖြင့် ကောင်းကင်အဆိပ်ပျားများ ၏ မျိုးပွားနိုင်စွမ်းမှာ လွန်စွာ မြင့်မားကြသည်။
ထို့ကြောင့် ထိုပျားများအတွက် သန်းရာချီဖြစ်အောင် မျိုးပွားရန်မှာ နှစ်ပေါင်း ၁၀၀ သာလျှင် လိုအပ်သည်။
တတိယအချက်အနေဖြင့် ရန်ငြိုးရန်စ လွန်စွာ ကြီး မားကြ၍ ဖြစ်သည်။
ထိုအချက်ကြောင့် ၎င်းတို့ကို တိုက်ခိုက်သည့် မည်သူ့ ကိုမဆို ကျိန်းသေပေါက်ပင် ပြန်လည် တိုက်ခိုက်ကြလိမ့် မည်။
အားဟူက ပိုအင်အားကြီးသော်လည်း ၎င်းတို့၏ ပျား အုံကို ဖျက်ဆီးခဲ့၍ အလွတ်မပေးဘဲ နောက်မှ လိုက်လံခဲ့ ကြသည်က အကောင်းဆုံး ဥပမာပင် မဟုတ်ပါလား။
အကယ်၍ အားဟူသာ ရန်စခဲ့ခြင်း မရှိပါက ပျားများ အနေဖြင့်လည်း ကျန်သော အရာများကို စိတ်ဝင်စားလိမ့် မည် မဟုတ်ပါ။
သို့သော် ၎င်းတို့ကို အနှောက်အယှက် ပေးလာလျှင်မူ ချင်းရန် နယ်ပယ်ကြီးကိုပင် သိမ်းပိုက်ရန် ပျားများက ဝန် လေးနေမည် မဟုတ်ပေ။
မိစ္ဆာဝိညာဉ် တာအိုအနေဖြင့်လည်း ထိုကောင်းကင် အဆိပ်ပျားများ၏ တည်ရှိမှုကို သိခဲ့သည်။
သို့သော် သူတို့ သိသည့်အချိန် ဖျက်ဆီးဖို့ရာ အလွန် များပြားနေချေပြီ။
ထို့ကြောင့် ပျားများကို မနှောက်ယှက်သရွေ့ ၎င်းတို့ အန္တရာယ်ကင်းနိုင်၍ ထိုအတိုင်းသာ ထားလိုက်ကြတော့ သည်။
ထို့ပြင် ထိုပျားများက သူတို့စခန်းအတွက် သဘာဝ အကာအကွယ်လိုပင် ဖြစ်နေသည် မဟုတ်ပါလား။
ယခုအခါတွင်မူ အားဟူ၏ လုပ်ရပ်ကြောင့် ပျားများ က မိစ္ဆာဝိညာဉ်တာအို စခန်းကို တိုက်ခိုက်နေကြချေပြီ။
ရွှမ်ပိုင်လည်း ပျားများက ကောင်းကင်အဆိပ်ပျားများ ဖြစ်သည်ကို သိလိုက်၍ အခြားလူများကို ဂရုစိုက်ရန် မှာ ကြားလိုက်သည်။
“ဒီပျားတွေ အတုပ်မခံရအောင် အားလုံး ဂရုစိုက်ကြ၊ တစ်ယောက်ယောက်ကသာ ကံဆိုးပြီး အတုပ်ခံလိုက်ရ ရင် သူတို့ကို ပြန်မတိုက်ခိုက်နဲ့၊ သူတို့ကို မုန်းတီးအောင် သွားမလုပ်နဲ့ . . .”
အခြားလူများလည်း ရွှမ်ပိုင်၏ စကားကြောင့် ပျား များကို အနှောက်အယှက် မပေးတော့ရန်သာ ဆုံးဖြတ် လိုက်ကြတော့သည်။
သို့သော် ပျားကြီးများ မည်မျှထိ ကြောက်မက်ဖွယ် ကောင်းနေပါစေ အများစုမှာ သေဆုံးကုန်ကြရပြီ ဖြစ် သည်။
အကြောင်းမှာ တောင်ကြားအတွင်းတွင် သိန်းနှင့်ချီ သော ပညာရှင်များ ရှိနေကြသည် မဟုတ်ပါလား။
ထို့ကြောင့် မည်မျှခက်ခဲပါစေ မိစ္ဆာဝိညာဉ်တာအိုအဖို့ ပျားများကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သော အရာတော့ မဟုတ်ချေ။
ထိုသို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ ပျားများမှာ တဖြည်းဖြည်းဖြင့် အားအင်ချိနဲ့လာတော့သည်။
ထို့ပြင် ကျန်ရှိသော ပျားအရေအတွက်မှာလည်း များ များစားစား မရှိတော့၍ အန္တရာယ်လည်း လျော့နည်းသွား ပြီ ဖြစ်သည်။
ရွှမ်ပိုင်တို့ အားလုံးက အနည်းငယ် နောက်ကျပြီးမှ ရောက်လာသော်လည်း အချိန်ကိုက်ဟု ဆိုနိုင်သည်။
ထိုအချိန် တစ်နေရာရာမှနေ၍ ကြောင်တစ်ကောင်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
“ညောင် . . .”
ထိုအသံ၏ အဓိပ္ပာယ်က အတွင်းသို့ ရောက်လာသော သားရဲများကို အားဟူက တိုက်တွန်းလိုက်ခြင်းပါပင်။
“မင်းတို့တွေ ဘာလုပ်နေကြတာလဲ . . .”
“သွားတော့လေ မြန်မြန်သွားတော့ . . .”
“တိုက်ကြခိုက်ကြစမ်းပါ၊ ဟိုမှာ မင်းတို့ဘက်ကို လူ တွေ ဝင်ပြီး တိုက်ခိုက်ပေးနေကြတာကို မမြင်ဘူးလား၊ သွား သူတို့နဲ့ ပေါင်းပြီး တိုက်ခိုက်လိုက် . . .”
“ဟိုဘက်ကဖြင့် အော်ဟစ်နေကြတာ အဲဒီလို လူတွေ ကို ဘာများကြောက်စရာရှိလို့လဲ . . .”
“ဟေ့ ဟေ့ ကျားတွေ မင်းတို့ကောင်တွေ မင်းတို့ရဲ့ ပါးစပ်ကို ဟပြီး တစ်ခုခု လုပ်လို့ မရဘူးလား၊ ဒဏ်ရာရ နေတဲ့ လူကိုတောင် မတိုက်ခိုက်နိုင်ကြဘူးပေါ့၊ မင်းတို့ ကောင်တွေ မရှက်ကြဘူးလား . . .”
အားဟူက ဘေးမှနေ၍ သားရဲများကို စိတ်ဓာတ် တက်ကြွအောင် လှုံ့ဆော်ပေးလျက် ရှိ သည်။
သားရဲများမှာမူ သေးငယ်လှသော ကြောင်ဖြူလေးကို ကြောင်ငေး၍သာ ကြည့်နေကြသည်။
သေဘေးမှ သီသီလေး လွတ်လာသော ၎င်းတို့အဖို့ အားဟူကို ဂရုမစိုက်နိုင်ကြတော့ပြီ မဟုတ်ပါလား။
စင်စစ် အားဟူထက် သေဆုံးရမည်ကို ပိုကြောက်နေ ကြသည့် သဘောပါပင်။
သေဘေးနှင့် တစ်ကြိမ်တစ်ခါ ကြုံတွေ့ဖူးသော သား ရဲများအဖို့ အားဟူကို မည်သို့ ဂရုစိုက်နိုင်ပါမည်နည်း။
“ဟိုကြောင်ကိုလည်း ကြည့်စမ်းပါဦး . . .”
“သူက ငါတို့ဘာဖြစ်ဖြစ် စိတ်ဝင်စားခဲ့တာ မဟုတ် ဘူး၊ သူက ငါတို့ကို ကြည့်ရုံပဲ ကြည့်နေခဲ့တာလေ . . .”
“ငါတို့ကို ဒီလိုတွေ လာပြောနေမယ့်အစား ကိုယ့်ဘာ သာ သေချာပြန်စဉ်းစားကြည့်၊ မင်းကသာ ဒီလိုတွေ ဖြစ် အောင် လုပ်ခဲ့တာ၊ မင်းက တရားခံပဲ၊ ငါတို့အားလုံးကို အသတ်ခံရလုနီးပါး ဖြစ်အောင် လုပ်ခဲ့တာ . . .”
“အဲဒီအတွက် မင်းနည်းနည်းပါးပါးလေးတောင် စိတ် မကောင်းမဖြစ်မိဘူးလား၊ အခုငါတို့တွေ လုံခြုံခါနီးမှ ငါ တို့အသက်ကို လာထပ်ပြီး စွန့်ခိုင်းနေပြန်ပြီလား . . .”
“မင်းလိုကောင်မျိုးကို ငါတို့ဖြင့် တစ်ခါမှ မမြင်ခဲ့ဖူး ဘူး၊ မင်းက ဒီနေရာကို ဒုက္ခပေးဖို့များ ရောက်လာခဲ့တာ လား၊ တော်တော် အံ့ဩဖို့ကောင်းတဲ့ကောင် . . .”
အားဟူနှင့် သားရဲများ ထိုသို့ အပြန်အလှန် ပြောဆို နေကြချိန် ဓားအလင်းတန်းများမှာ နေရာအနှံ့တွင် လင်း လက်လျက် ရှိနေကြသည်။
ရွှမ်ပိုင်၊ ကျွင့်ယင်းလျန်နှင့် အခြား လူများ အားလုံး ကောင်းစွာ တိုက်ခိုက်နေကြခြင်း ဖြစ်၏။
ထိုအချိန် ရဲရှောင်မှာလည်း တလက်လက် တောက်ပ သော ကြယ်ဓားကြီးဖြင့် ပြင်းထန်လှသော ဓားခုတ်ချက် တစ်ချက်ကို ပြုလုပ်လိုက်သည်။
“ဘုန်း . . .”
ကျယ်လောင်သော အသံကြီးနှင့်အတူ ဝင်ပေါက်ကို ကာရံထားသည့် စွမ်းအင် အကာအကွယ်များမှာလည်း ပေါက်ကွဲထွက်သွားပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now