1295--------1296

102 6 0
                                    

အခန်း (၁၂၉၅)(စာစဉ် ၉၃- အပိုင်း ၇)
“ပုံရိပ်များ ပျောက်ကွယ်ခြင်း”

ရဲရှောင် နောင်တရသွားသည်။

သူ့၌ရှိသော နတ်ယင်ယန် အသီးများကိုသာ သူ၏ ညီမများနှင့် ညီအစ်ကို နှစ်ယောက်ကိုသာ ကျွေးခဲ့ပါက အခြေအနေများက ယခုကဲ့သို့ အဆုံးမသတ်နိုင်ပေ။

သို့သော် ထိုအချိန်က ရဲမြို့တော်အတွင်း မည်သည့် သံသယမှ မဖြစ်စေရန်အတွက် သူထိုသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ အသီးများကိုသာ စားလိုက်ပါက မလို လားအပ်သော ပြဿနာများ ဖြစ်လာနိုင်သည် မဟုတ် ပါလား။

အနာဂတ်ကိုတွေးပူ၊ လက်ရှိကိုလျစ်လျူရှုခဲ့မိသော ရဲရှောင်အဖို့ ယခုအခါ နောင်တရရှိနေချေပြီ။

နောက်ဆုံးတွင် သူ၏ သတိကြီးကြီးမှုဖြင့် ဆုံးဖြတ် ချက် ချမှုက သေခြင်းတရားကို မတားဆီးနိုင်တော့ချေ။

ယခုအချိန်မှ အမှန်ပြင်ရန်မှာလည်း မည်သို့ အချိန် ရှိပါတော့မည်နည်း။

စင်စစ် ထိုအချိန်က ရဲရှောင်အနေဖြင့် အသီးများကို ပေးရန် အချိန်မရှိခဲ့ရုံမက နေရာလည်း မရှိခဲ့ပေ။

မှန်ပေသည်။

အသီးများ၏ စွမ်းအင်ကို ချေဖျက်နိုင် ရန်အတွက်ဆိုလျှင် နေရာကောင်းတစ်ခု လိုအပ်သည် မဟုတ်ပါလား။

မည်သို့ပင်ဆိုစေကာမူ အသီးများကို မစားခဲ့ရသော် လည်း လက်ရှိတွင် စတေးခံ တိုက်ခိုက်ပေးနေကြသော ဇန်ယွန်ဖေ့တို့ကြောင့် ရဲရှောင် တုန်လှုပ်နေမိသည်။

နှစ်ယောက်လုံးက သူတို့၏ အသက်များကိုပင် စွန့် ကာ အပြင်းထန်ဆုံး တိုက်ခိုက်နေကြခြင်းပင် ဖြစ်၏။

သို့သော် ဓားအလင်းတန်း နှစ်ခုက တစ်ခုတည်း အဖြစ် ပေါင်းဆုံသွားပြီး အလွန်အစွမ်းထက်သည်ဆို သည့်တိုင် ဟန်ပိုင်ယွဲ့၏ ခုနှစ်လွှာပေါင်းစပ်မှု ကျင့်စဉ် ထက် အနည်းငယ်သာ ပိုသွားခြင်းဖြစ်သည်။

ထို့ကြောင့် ဝုဖကို ရပ်တန့်နိုင်လောက်သည်အထိ အစွမ်းထက်မည်ဟု မဆိုလိုနိုင်ပေ။

ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့၏ တိုက်ခိုက်မှုကလည်း အတိုင်းအတာ တစ်ခုထိ သက်ရောက်မှု ရှိနိုင်သည့်တိုင် ဝုဖတစ်ယောက်တည်းကိုသာ ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now