1241------1242

123 8 1
                                    

#အပိုင်းအရမ်းရှည်လို့စာပိုဒ်မခွဲပေးတော့ဘူးနော် 😊😊
အခန်း (၁၂၄၁)(စာစဉ် ၈၉- အပိုင်း ၉)
“အပြီးသတ်ဆုံးဖြတ်ချက်”

“ရှောင်နဲ့ဟန်တို့ ပြောချင်တာ ငါတို့တွေ ခမ်းခမ်း နားနား မင်္ဂလာဆောင်ပေးသင့်တယ်ပေါ့၊ အင်း အဲဒါ က ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ပေး ရမယ့် လက်ဖွဲ့ပစ္စည်းတွေကတော့ . . .”
လဘုရင်မမှ ထိုသို့ စကားစလိုက်၏။
“ရှောင်နဲ့ဟန်တို့က ငါတို့ကို သူတို့အတွက် ထူးထူး ခြားခြား ပစ္စည်းတွေ ပေးရမယ်လို့ ပြောထားတယ်၊ အဲ ဒါတွေက ချင်းဟွာနန်းတော်ရဲ့ ပုလဲလုံး ၁၀၀၊ သန့်စင် တဲ့ ကြာပန်းအစေ့ ၁၀၀ နဲ့ ရေခဲဝိညာဉ် အဆီအနှစ် အခု ၁၀၀ လောက်စီတွေပဲ . . .”
သူမမှာ ထိုသို့ ပြောလိုက်ပြီးနောက် အခြားလူများ ၏ မျက်နှာများကို လှမ်း၍ ကြည့်လိုက်သည်။
သို့သော် အံ့ဩစရာကောင်းစွာပင် မည်သူကမှ ထို အချက်ကို ဂရုမစိုက်ကြပေ။
ထို့ကြောင့် လဘုရင်မမှာ အံ့ဩသွားလေသည်။
ထို့အတူ အခြားလူများ၏ စိတ်ထဲတွင်လည်း သူမ အတိုင်းပင် အံ့ဩနေကြ၏။
(ဒီအရေအတွက်က မနေ့က ပြောပြီးသားပဲ ဘာ လို့ ထပ်ပြီး ပြောနေရတာလဲ၊ အဓိကအချက်က ဘာ လဲ ဘာကို အထူးပြုပြီး ပြောချင်တာလဲ . . .)
(သူက နန်းတော်ရဲ့ ဘုရင်မလေ သူက ဆုံးဖြတ် ချက် ချရမှာ မဟုတ်ဘူးလား၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ၊ ငါတို့က လက်ဆောင်တွေနဲ့ သဘောမတူဘူး ထပြော လိုက်ရင် ရှောင်နဲ့ဟန်တို့ကို ဆန့်ကျင်သလို ဖြစ်သွား ကြမှာ၊ နောက်ပြီး ငါတို့တွေကလည်း သူတို့ဆန္ဒကို လွန်ဆန်နိုင်ကြမှာ မဟုတ်ဘူး၊ အဲဒီတော့ အကောင်း ဆုံး အခြေအနေက တစ်ယောက်ယောက်က ရှေ့ထွက် ပြောမယ့် အနေအထားကို စောင့်နေတာ အကောင်း ဆုံးပဲ . . .)
သို့သော် ထိုသို့ စောင့်နေသည့်တိုင် မည်သူမှ ရှေ့ ထွက်၍ မပြောကြပေ။
အချို့သော သက်ကြီးပညာရှင်များမှာ ကျင့်ကြံမှု ပြုလုပ်နေသလိုမျိုး မျက်လုံးများ မှိတ်ကာ ထိုင်နေကြ လေသည်။
သူတို့အတွက်က ကျင့်ကြံမှုသည်သာ အဓိက ဖြစ် နေသည့် ပုံစံမျိုး ပေါက်နေသည် မဟုတ်ပါလား။
လဘုရင်မလည်း ဒေါသထွက်သွားပြီး -
“လူတိုင်းက ဒီအကြံနဲ့ ပတ်သက်ပြီး သဘောတူ ကြတယ်ထင်တယ်၊ အင်းလေ အဲဒါဆိုရင်တော့ အခု အကြံကို သဘောတူရတော့မယ် ထင်တာပဲ၊ ငါတို့တွေ ယွဲ့ဂေါင်ရွှဲ့ကို ချင်းဟွာနန်းတော် ပုလဲလုံး အလုံး ၁၀၀ သန့်စင်တဲ့ ကြာပန်းအစေ့ ၁၀၀ နဲ့ ရေခဲအဆီအနှစ် ဝိညာဉ် အခု ၁၀၀ စီပေးကြမယ်၊ တခြားဘာများ ပေး ချင်ကြသေးလဲ ဆွေးနွေးကြဦးလေ၊ ဒီလိုမှ ဆွေးနွေး စရာမရှိဘူးဆိုရင်လည်း ကိုယ့်အိမ်ကိုယ်ပြန်ပြီး ကျင့် ကြံမှုသာ သွားလုပ်ကြတော့ . . .”
လဘုရင်မမှာ ခပ်ပြတ်ပြတ်သာ ပြောလိုက်တော့ သည်။
(အားလုံးက ခေါင်းတွေငုံ့ပြီး ရှောင်နဲ့ဟန်ကို ဘယ် သူမှ ရင်မဆိုင်ရဲကြဘူး၊ ငါကပဲ သူတို့ကို အရူးလုပ်နေ သလိုလိုနဲ့ . . .)
(ငါ့လို လဘုရင်မကို ဦးနှောက်မရှိတဲ့ လူလို့ ထင် နေကြတာလား၊ သူတို့တွေ ဘယ်လိုဆက်လုပ်ကြမလဲ ကြည့်ကြသေးတာပေါ့ . . .)
(ဒီအတိုင်း ဆုံးဖြတ်တာကို သဘောတူတယ်ဆိုရင် တောင် ဒီရတနာတွေဆိုတာ ငါ့ကောင်မလေးဆီကို ရောက်သွားမှာပဲ၊ အနည်းဆုံးတော့ ငါ့ဘက်က အရေး သာသေးတယ် . . .)
(ကျင့်ကြံမှု လုပ်ချင်ကြတယ် ဟုတ်လား၊ အဲဒါဆို ရင်လည်း သွားလိုက်ကြတော့ . . .)
လဘုရင်မ ထင်ထားသည့်အတိုင်း ထိုသို့ ဆုံးဖြတ် ချက် ချလိုက်သည်နှင့် လူများ၏ နှုတ်မှ ချက်ချင်းပင် အာမေဋိတ်သံများ ဖုံးလွှမ်းသွားသည်။
လဘုရင်မဘက်မှ ထိုသို့ ဆုံးဖြတ်ချက် ချလိမ့်မည် ဟု မထင်ထားခြင်းကြောင့်ပါပင်။
(မဖြစ်သေးဘူး . . .)
“သခင်မ ဒါတော့ မဖြစ်သေးဘူးထင်တယ် . . .”
နံပါတ်နှစ် သက်ကြီးပညာရှင်မှ ရုတ်တရက် မတ် တပ်ထရပ်ရင်း ပြောလိုက်၏။
“ချင်းဟွာနန်းတော် ပုလဲလုံး၊ သန့်စင်တဲ့ ကြာစေ့ နဲ့ ရေခဲအဆီအနှစ် ဝိညာဉ်တို့တွေဆိုတာ ချင်းဟွာနန်း တော်ရဲ့ တကယ့်ရတနာတွေပဲ၊ ကျွန်မတို့ နန်းတော်ရဲ့ အခြေခံအုတ်မြစ်တွေဆိုလည်း ဟုတ်တယ် . . .”
“ဒီလို တစ်ခုရဖို့အတွက်က အရမ်းကို ခက်ခဲတာ၊ နှစ်ပေါင်း သောင်းနဲ့ချီပြီးလည်း စောင့်ရတယ်၊ အခုလို အခု ၁၀၀ ဆိုရင်တော့ ပြောမနေနဲ့တော့၊ သခင်မ သေ ချာလေး ထပ်ပြီးစဉ်းစားသုံးသပ်ပေးပါဦး . . .”
နံပါတ်သုံး သက်ကြီးပညာရှင်မှလည်း စိုးရိမ်သွား ဟန်ဖြင့် -
“ဟုတ်ပါတယ် ပြောရရင် သမိုင်းမှာ ကျွန်မတို့ရဲ့ ဘယ်နတ်သမီးကမှ လက်ထပ်ဖူးတာ မရှိဘူး၊ အခု ယွဲ့ဂေါင်ရွှဲ့ကိုပဲ ခွင့်ပြုခဲ့တာ၊ အဲဒါက ကျွန်မတို့ရဲ့ စည်း မျဉ်းကို ဖောက်ဖျက်တာပဲ၊ ဒါပေမယ့် အခုသူ့ရဲ့ လက် ဖွဲ့ ပစ္စည်းအတွက် နန်းတော်က ပေးရမယ်ဆိုလည်း တခြားအရာတွေ ပေးလို့ရတာပဲ၊ နန်းတော်ရဲ့ တန်ဖိုး အရှိဆုံး အရာတွေကိုချည်းပဲ ဘယ်လိုလုပ်ပေးလို့ရမှာ လဲ မဖြစ်နိုင်လိုက်ဘူး . . .”
“ဟုတ်တယ် ကျွန်မတို့ ဒီလိုတော့ အဖြစ်မခံနိုင်ပါ ဘူး သခင်မ . . .”
အခြားသော သက်ကြီး ပညာရှင်များ အားလုံးမှာ လည်း အလျင်စလိုပင် ပြောလိုက်ကြသည်။
အများစမှာ ရှောင်နှင့်ဟန်တို့၏ တောင်းဆိုချက်ကို စတင် ကန့်ကွက်လာကြပြီ ဖြစ်သည်။
ညီအစ်မနှစ်ဦးမှာ နန်းတော်၏ ပိုင်ဆိုင်သမျှ ၈၀ ရာခိုင်နှုန်းလောက်ကို တောင်းဆို အကြံပြုလိုက်ခြင်း ဖြစ်ကြောင်း လူတိုင်း သိနေကြသည်။
အကယ်၍ ထိုတောင်းဆိုမှုများကိုသာ လိုက်လျော လိုက်ပါက နန်းတော်အဖို့ ပုံမှန်အတိုင်း လည်ပတ်နိုင် တော့မည် မဟုတ်ပေ။
ထို့ပြင် ထိုရတနာများသာ မရှိတော့ပါက ချင်းဟွာ နန်းတော်အဖို့ တိုးတက်မှုများ ရပ်တန့်သွားနိုင်သည်။
ထိုသို့ဆိုလျှင် ချင်းဟွာနန်းတော်အနေဖြင့် မကြာ ခင် ပြိုလဲသွားနိုင်သည် မဟုတ်ပါလား။
လဘုရင်မလည်း စဉ်းစားဟန် ပြုလိုက်ပြီးနောက် မှ -
“မင်းတို့တွေက ငါတို့ရဲ့ အခြေအနေနဲ့ ပတ်သက် ပြီး စိုးရိမ်နေကြမယ်ဆိုတာကို ငါအပြည့်အဝနားလည် ပါတယ်၊ ဒါပေမယ့် ရှောင်နဲ့ဟန်တို့ ပြောခဲ့တုန်းက ဘယ်သူမှဘာမှ ဝင်မပြောခဲ့ဘူးလေ အဲဒါကြောင့်မလို့ ယွဲ့ဂေါင်ရွှဲ့ကို သဘောတူတယ်ပဲ ထင်ခဲ့တာပေါ့၊ ဒါ ကြောင့်လည်း ငါကရတနာတွေကို သူ့ရဲ့ မင်္ဂလာ လက် ဖွဲ့အဖြစ် ပေးဖို့ ဆုံးဖြတ်လိုက်တာ . . .”
“ကျွန်မ ကျွန်မတို့က အခြေအနေတွေရဲ့ အကျိုး အပြစ်ကို စဉ်းစားနေကြလို့ပါ၊ အဲဒီတော့ အခြေအနေ အားလုံးကို ခြုံငုံမသုံးသပ်ခင်မှာ ဘယ်သူမှ ဘာမှ မပြောချင်ခဲ့ကြတာပါ . . .”
“ဟုတ်တယ် သခင်မ ကျွန်မတို့အကြောင်း သခင်မ အသိဆုံးပါ၊ ကိုယ့်စိတ်ထဲမှာ မတင်မကျ ဖြစ်နေသေး တဲ့ အရာကို ဘယ်လိုများ ထုတ်ပြောရမလဲ . . .”
“ဘယ်လိုပဲဖြစ်ဖြစ် ဒီရတနာ သုံးမျိုးကို အခု ၁၀၀  စီ ပေးမယ်ဆိုတဲ့ အကြံကို ကျွန်မတော့ သဘောမတူ နိုင်ဘူး . . .”
“ဟုတ်တယ် လုံးဝကို သဘောမတူဘူး . . .”
လူအုပ်ကြီးမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ် သွားကြလေသည်။
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့လည်း ထိုအခြေအနေတွင် ဘာမှဝင်မပြောကြဘဲ နှုတ်ဆိတ်၍သာ ရှိနေသည်။
အကယ်၍ ယခုနေသာ ယွဲ့ဂေါင်ရွှဲ့အား ထိုသို့ ပေး ရန် ပြောလိုက်မည်ဆိုပါက ပဋိပက္ခများက ကြီးထွား သွားနိုင်သည် မဟုတ်ပါလား။
တစ်နည်းအားဖြင့် ယခုကဲ့သို့ ဆိတ်ဆိတ်နေလိုက် ခြင်းက တစ်ဖက်လူများအား လေးစားမှုပေးလိုက်ခြင်း ပါပင်။
ထို့ကြောင့် အားလုံး အခြေအနေ တည်ငြိမ်သွားမှ သာ သူမတို့ စိတ်ထဲရှိ စကားများကို ထုတ်ဖော်ပြောဆို ကြမည်သာ။
လဘုရင်မလည်း စိတ်သက်သာရာ ရသွားပြီး‌ နောက် စိုးရိမ်သည့် ဟန်ဆောင်လိုက်ရင်း -
“ငါသိပါတယ် မင်းတို့အားလုံးက ဒါကို သဘော မတူနိုင်ကြဘူးဆိုတာ၊ ဒါဆိုလည်း ကောင်းပြီလေ ဘာ လက်ဆောင်ပေးသင့်တယ်ဆိုတာ ဘယ်သူများ ပြော နိုင်မလဲ၊ သင့်တော်တဲ့ ပမာဏလောက်ပေါ့ အနည်းဆုံး တော့ ငါတို့တွေ ပမာဏကို သေချာဆုံးဖြတ်သင့်တယ် မဟုတ်လား . . .”
“ဒီမဖြေရှင်းနိုင်တဲ့ ပြဿနာလေးကို တစ်သက်လုံး စဉ်းစားကြတော့မလို့လား၊ ရှောင်နဲ့ ဟန်တို့ကလည်း အကြာကြီး စောင့်နေကြရမှာ . . .”
လဘုရင်မမှ ပွင့်လင်းစွာပင် ပြောလိုက်၏။
(မင်းတို့ဘက်ကသာ ငါ့ကို သင့်တော်တဲ့ အစီအစဉ် မျိုး မပေးနိုင်ဘူးဆိုရင် ယွဲ့ရှောင်နဲ့ ယွဲ့ဟန်တို့က သူ တို့ ဆုံးဖြတ်ချက်အတိုင်း သူတို့ ရအောင် လုပ်သွားမှာ ပဲ၊ နန်းတော်အတွင်းမှာ ပဋိပက္ခတွေ ဖြစ်လာမယ်ဆို ရင်တောင် ငါ့အတွက်က တာဝန်မရှိတော့ဘူး . . .)
(ဒီညီအစ်မနှစ်ယောက်က မင်းတို့ ရင်ဆိုင်နိုင်ကြ တယ် ဆိုရင်လည်း စိတ်ကြိုက်ပဲပြောကြပေါ့ . . .)
“ကောင်းပြီ ကျွန်မတို့တွေ တစ်ခုခုတော့ အဖြေ ထုတ်ရမှာပေါ့၊ မိန်းကလေးတစ်ယောက်ကို လက်ဖွဲ့ ပေးရမယ်ဆိုတာတော့ ဖြစ်သင့်ပါတယ် ဒါပေမယ့် ဒီ ပစ္စည်းတွေကိုတော့ ကျွန်မတို့ မပေးနိုင်ဘူး . . .”
အခြား သက်ကြီးပညာရှင်တစ်ဦးမှ ဝင်ပြောလိုက် ပြန်သည်။
“ဟုတ်တယ် အခု ၁၀၀ စီကတော့ ကျွန်မတို့ လုံးဝ လက်မခံနိုင်ဘူး . . .”
“အခု ၁၀၀ မပြောနဲ့ ၁ ခုဆိုရင်တောင် တော်တော် များနေပြီ၊ ကျွန်မတို့တွေ အဲဒီသုံးမျိုးထဲက တစ်မျိုးကို ပေးလိုက်ရင်တောင် ဖြစ်လာနိုင်တဲ့ အကျိုးအပြစ်တွေ ကို စဉ်းစားရမယ်၊ အခု ၁၀၀ ဆိုရင်တော့ ပြောမနေနဲ့ ပေါ့၊ ဒါတွေက တကယ့်ကို ရှားပါးတဲ့ပစ္စည်းတွေလေ”
. . .

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now