1285-------1286

119 7 1
                                    

အခန်း (၁၂၈၅)(စာစဉ် ၉၂- အပိုင်း ၁၁)
“လမ်း၌ ပိတ်ဆို့ခြင်း”

“ကပ်ဆိုးကြီးက ချင်းရန်နယ်ပယ်ကို ရိုက်ခတ်လာ တော့မယ်၊ လူတိုင်းက ဒီတိုက်ပွဲမှာ ပါဝင်ကြရမှာ၊ ဒါ က ငါတို့ရဲ့ တာဝန်ပဲ . . .”

“ငါသိုင်းလောကထဲ ထပ်ပြီးဝင်တော့မယ်၊ ငါရှုံးရှုံး နိုင်နိုင် အရေးမကြီးဘူး၊ ငါ့ဘဝမှာ နောင်တတွေနဲ့ မရှင် သန်ရဖို့ပဲ အရေးကြီးတယ် . . .”

ရွှမ်ပိုင်မှ ပြောလိုက်၏။

“တိမ်မြူခိုးနန်းတော်ကလည်း တိုက်ပွဲအတွက် ပြင် ဆင်ထားရမယ်၊ ချင်းရန်နယ်ပယ်ရဲ့ တိုက်ပွဲမှာ အမျိုး သမီးတွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်တယ် မဟုတ်လား၊ သေသေရှင်ရှင်ပေါ့ . . .”

သူမ စကားကြောင့် တိမ်မြူခိုးနန်းတော်ရှိ လူများ အားလုံး၏သွေးများ ပွက်ပွက်ဆူသွားကြပါတော့သည်။
. . .

ပေပေါင်းသောင်းချီ မြင့်မားလှသော တိမ်မြူခိုးနန်း တော် တည်ရှိရာ တောင်ကြီးပေါ်မှ အနက်ရောင်အခိုး အငွေ့တစ်ခု ဆင်းသက်လာသည်။

“ရွှစ် . . .”

ထိုအခိုးအငွေ့၏ လှုပ်ရှားမှုကြောင့် ကျယ်လောင် သော အသံများ ထွက်ပေါ်လာပြီး လေဟာနယ်လည်း တုန်ခါသွား၏။

ခဏအကြာတွင် ရွှမ်ပိုင်မှာ မိုင်လေးငါးရာအကွာရှိ တောင်ကြီးတစ်တောင်ပေါ်တွင် ပေါ်လာလေသည်။

ထို့နောက် ထပ်မံ၍ ပျောက်ကွယ်သွားပြန်သည်။

ထိုတောင်ပေါ်တွင် ကျန်ရစ်ခဲ့သည်ဆို၍ သူမ၏ အ ငွေ့အသက်များသာ ရှိတော့သည်။

“ကမ္ဘာကြီးက အရှုပ်အထွေးတွေ ဖြစ်နေပြီ . . .”

“ဒါပေမယ့် ငါအရင်ဆုံးလုပ်စရာတစ်ခု ရှိသေးတယ် နေရောင်ဂိုဏ်းနဲ့ ကြယ်ရောင်ဂိုဏ်းတို့က ငါတပည့်ကို သတ်ဖြတ်ခဲ့တယ်၊ သူ့အတွက် ငါအရင်ဆုံး ကလဲ့စား ချေပေးရမယ် . . .”

ရွှမ်ပိုင်၏ နှလုံးသားက အမုန်းတရားများကြောင့် အေးစက်လျက် ရှိနေသည်။

ဝရမ်ချူးချူးက ပိုင်ရှင်းယွဲ့အကြောင်း နန်းတော်သို့ သတင်းပို့ခဲ့၍ ဖြစ်ကြောင်းကုန်စင်ကို ရွှမ်ပိုင် သိခဲ့ရချေ ပြီ။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now