1413------1420

148 4 0
                                    

အခန်း (၁၄၁၃)(စာစဉ် ၁၀၁- အပိုင်း ၁၃)
“ရှောင်နှင့်ဟန်၏ တိုက်ပွဲ”

ထိုကဲ့သို့သော အခြေအနေတွင် အဖြူရောင် ပုံရိပ်မှာ တောင်အောက်မှ လျပ်စီးကဲ့သို့ အလင်းတန်းမျိုးဖြင့် ပေါ် လာ၏။
ထိုပုံရိပ်က သူ၏ လက်တစ်ဖက်ကိုမြှောက်၍ တောင် ကြီး အောက်သို့ ပြုတ်ကျလာမည်ကို တားဆီးလိုက်ပြန် သည်။
စင်စစ် ပုံရိပ်က တောင်ကြီးကို မလိုက်ခြင်းပါပင်။
တောင်ကြီးနှင့် ယှဉ်လျှင် ထိုပုံရိပ်က သေးငယ်လွန်း ၍ အဝေးမှ ကြည့်ပါက တောင်ကြီးသာ လေထဲ၌ လွင့် မျောနေသလိုပင် ဖြစ်နေလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လူတိုင်းအဖို့ မယုံ နိုင်အောင်ပင် ဖြစ်သွားကြသည်။
ထိုကဲ့သို့ လုပ်ရန်က လူသားတစ်ဦးအနေဖြင့် မည်သို့ မှ မတတ်နိုင်သည့် ကိစ္စပင် မဟုတ်ပါလား။
သို့သော် ထိုအခြင်းအရာက ၎င်းတို့၏ မျက်စိရှေ့၌ပင် ဖြစ်ပျက်နေချေပြီ။
ထို့ကြောင့် အားလုံးမှာ တောင်ကြီးကို ကိုင်မထားသူ အား လှမ်း၍ ကြည့်လိုက်ကြသည်။
ထိုအခါ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ချောမောခန့် ညားသော ရှောင်ဧကရာဇ်ကို မြင်တွေ့လိုက်ကြရသည်။
သူ၏ ဘေးတွင်မူ ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့နှစ်ဦး ရှိနေ ကြ၏။
အမွှာညီအစ်မနှစ်ဦး၏ အခြေအနေမှာမူ မဟန်လှ။
သူမတို့၏ အဝတ်အစားများမှာ ကပိုကယို ဖြစ်နေပြီး ဆံပင်များ ရှုပ်ထွေးကာ၊ ပါးစပ်တွင်လည်း သွေးများဖြင့် ပေကျံနေသည်။
ထိုပုံစံအရ ဒဏ်ရာရထားခြင်းဖြစ်ကြောင်း လူတိုင်း သိလိုက်ကြသော်လည်း မည်မျှထိ အခြေအနေဆိုးသည် ကိုမူ အတပ်မသိကြပေ။
ထို့ကြောင့် မိန်းကလေးနှစ်ဦး၏ ပုံစံကြောင့် အားလုံး မှာ တုန်လှုပ်သွားကြတော့သည်။
(ရန်သူက ဘယ်သူများလဲ . . .)
(ညီအစ်မနှစ်ဦးကိုတောင် ရန်သူက အခုလို ဖြစ်သွား အောင် လုပ်နိုင်တာပဲ . . .)
စင်စစ် ရန်သူက မယုံနိုင်အောင် စွမ်းအားကြီးသူသာ ဖြစ်ပေလိမ့်မည်။
“ထွက်သွားတော့ . . .”
ရဲရှောင် ကျယ်လောင်သော အသံကြီးဖြင့် အော်ဟစ် လိုက်သည်။
ထို့နောက် လက်တစ်ဖက်ဖြင့် တောင်ကြီးကို တွန်း ထုတ်လိုက်ပြန်သည်။
ထိုအခါ လေးလံလှသော တောင်ကြီးမှာ ချက်ချင်းပင် အဝေးသို လွင့်ထွက်သွားတော့၏။
ရဲရှောင်လည်း တွေဝေခြင်းမရှိဘဲ ညီမများကို လက် တစ်ဖက်စီ၌ ဆွဲကိုင်ကာ အလွန်လျင်မြန်သော နှုန်းဖြင့် ထိုနေရာမှ ပြေးထွက်လာခဲ့သည်။
လှုပ်ရှားမှုမှာ မြန်ဆန်လွန်း၍ သုံးဦးသားမှာ မြေပြင် ပေါ်သို့ တစ်စက္ကန့်အတွင်းမှာပင် ရောက်ရှိသွားသည်။
၎င်းတို့၏ ခြေထောက်များ မြေပြင်နှင့် ထိချိန်တွင်မူ အနောက်ဘက်မှ ကျယ်လောင်လှသော အသံကြီးတစ်သံ ကို ကြားလိုက်ရသည်။
“ဘုန်း . . .”
ထိုအသံကြီးမှာ ဖြတ်တောက်ခံလိုက်ရသော တောင် ကြီး မူလနေရာသို့ ပြန်လည်ရောက်ရှိသွားသည့် အသံပင် ဖြစ်၏။
တောင်ကြီးမှာ မသိပါက ကြီးမားသော လူကြီးတစ်ဦး မှ လက်ဖြင့်ကောက်၍ တင်လိုက်သည့်အလား မူလရှိရာ နေရာသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
ထိုမျှထိ တိကျလွန်းသော ထိန်းချုပ်မှုကြောင့် လူများ မှာ အံ့ဩကုန်ကြတော့သည်။
“ဘာဖြစ်တာလဲ . . .”
“မင်းတို့တွေ ဘာလို့ ဒဏ်ရာရထားကြတာလဲ . . .”
ရဲရှောင်မှ ညီမဖြစ်သူများအား ကြည့်ရင်း မေးလိုက် သည်။
ယွဲ့ရှောင်မှ အသက်ပြင်းပြင်း ရှူလိုက်ရင်း -
“သူတို့က မူလတာအို အဆင့်ကိုး ပညာရှင်တွေပဲ၊ စု စုပေါင်း အင်အားက ၁၂ ယောက်ကျော်မယ်ထင်တယ်”
(မူလတာအိုအဆင့်ရဲ့ ထိပ်ဆုံးအဆင့်တွေလား . . .)
(အင်အားကလည်း ၁၂ ယောက်လောက်တဲ့ . . .)
လူတိုင်းမှာ ကြားလိုက်ရသည့် စကားကြောင့် အံ့ဩ တုန်လှုပ်သွားကြသည်။
မူလတာအို၏ ထိပ်ဆုံးအဆင့်ဆိုသည်မှာ ယခုကမ္ဘာ တွင် ပြိုင်ဘက်ကင်းများသာ ဖြစ်ကြသည်။
ယခင်ဘဝမှ ရဲရှောင်နှင့် ကျွင့်ယင်းလျန်၊ မရဏဓား တို့ပင်လျှင် အဆင့်ကိုးဆိုသည့် အနေအထားမျိုးသာ ရှိခဲ့ ကြသည် မဟုတ်ပါလား။
သို့သော် ရန်သူများမှာမူ ထိုကဲ့သို့သော အဆင့်မြင့် ပညာရှင် ၁၂ ဦးကိုပင် စေလွှတ်ခဲ့ကြသည်။
မယုံနိုင်လောက်အောင်ပင် ကြီးမားလွန်းသည့် အင် အားမျိုးပါပင်။
“သေချာပြောစမ်းပါ ဘယ်လိုဖြစ်သွားတာလဲ . . .”
ရဲရှောင်မှ ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့၏ ပါးစပ်အတွင်း ထူးခြားအစွမ်းထက် ဆေးလုံးနှစ်လုံး ထည့်ပေးရင်း မေး လိုက်သည်။
ယွဲ့ရှောင်မှ ခေါင်းညိတ်လိုက်ရင်း -
“ကျွန်မတို့ အဆင်ပြေပါတယ် ဆေးလုံးတွေ မဖြုန်းပါ နဲ့ အစ်ကိုကြီး . . .”
သို့သော် ရဲရှောင်ကမူ ဆေးလုံးများကိုသာ အတင်း တိုက်ကျွေးလိုက်သည်။
“ကျွန်မတို့တွေ ကင်းလှည့်နေကြတာ အရာအားလုံး က ပုံမှန်အတိုင်းပဲ ဒါပေမယ့် ကျွန်မတို့ ထွက်သွားတော့ မယ့် အချိန်မှာ မကောင်းတဲ့ အငွေ့အသက်မျိုး အလိုလို ခံစားလိုက်ရတယ်၊ အဲဒီအချိန် ကျွန်မတို့လည်း သတိ အနေထား ဖြစ် သွားကြတယ် . . .”
ယွဲ့ရှောင်မှ အထိတ်တလန့်ဖြင့် ပြောလိုက်သည်။
အခြားလူများမှာလည်း သူမ ဆက်ပြောမည့် စကား ကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေကြသည်။
မိန်းကလေးများကဲ့သို့ ထိပ်သီးပညာရှင် နှစ်ဦး၏ အာ ရုံခံနိုင်စွမ်းက သာမန်လူများထက် ပိုကောင်းမည်မှာ သေ  ချာလှသည်။
တစ်နည်းအားဖြင့် အလိုလိုသိစိတ်ဟု ဆိုရပေမည်။
ထိုကဲ့သို့သော အလိုလို သိစိတ်က ကြီးမားလှသော ဘေးအန္တရာယ် တစ်ခုခု ချဉ်းကပ်လာသည့် အချိန်တွင် ဖြစ်ပေါ်တတ်ကြသည်။
ထိုအသိစိတ် လှုံ့ဆော်ချိန် စိတ်ထဲ ထင့်သွားတတ်ပြီး ထိုအတိုင်းလည်း အမှန်တကယ် ဖြစ်ပျက်တတ် စမြဲပါ ပင်။
“အဲဒါကြောင့် ကျွန်မတို့တွေ လူစုမခွဲဘဲ တောထဲကို ဓားနဲ့ လှမ်းပိုင်းလိုက်တယ်လေ၊ ကျွန်မတို့အောက်မှာရှိ တဲ့ တောအုပ်တစ်ခုလုံးက လုံးဝကို ရှင်းသွားတာပေါ့”
ယွဲ့ဟန်မှ အသက်ပြင်းပြင်းရှူရင်း ပြောလိုက်၏။
သူမ၏ မျက်လုံးများကလည်း ယခုအချိန်ထိ တုန် လှုပ်နေဆဲပါပင်။
နားထောင်နေသော လူများလည်း သူမတို့၏ မှန်ကန် သော လုပ်ရပ်ကြောင့် သဘောကျသွားကြသည်။
“သိပ်တော်တာပဲ . . .”
မိန်းကလေးနှစ်ဦး၏ လုပ်ရပ်က မှန်ကန်သော ဆုံး ဖြတ်ချက်ဟုပင် ဆိုရမည်။
ထိုသို့သော ဓားတိုက်ခိုက်မှုက ရန်သူများ ပုန်းခိုနေ သော တောအုပ်ကို ပျက်စီးသွားစေနိုင်သည် မဟုတ်ပါ လား။
ထို့ပြင် ရန်သူများ၏ လျပ်တပြက် တိုက်ခိုက်မှုမှ ကာ ကွယ်ပေးနိုင်ရုံမက မိမိတို့ဘက်မှ လူများကိုလည်း အသိ ပေးလိုက်သလို ဖြစ်သွားစေလေသည်။
သူမတို့၏ လုပ်ရပ်က ရန်သူများ ချုံခိုမတိုက်နိုင်တော့ သည့်အတွက် အလွန်မှန်ကန်သော ဆုံးဖြတ်ချက်ဟု ဆိုရ ပေမည်။
(ယွဲ့ရှောင်နဲ့ ယွဲ့ဟန်တို့က လူတွေပြောကြသလိုမျိုး တကယ်ကို အစွမ်းထက်တာပါလား . . .)
(သူတို့ရဲ့ အပြုအမူကလည်း တကယ်ကို မယုံနိုင်စရာ ကောင်းတယ်၊ သူတို့ အတူတူရှိတဲ့ အချိန်မှာဆို တကယ် ကို ပြိုင်ဘက်ကင်းပဲ . . .)
“တောအုပ်တစ်ခုလုံး ရှင်းလင်းသွားတဲ့အချိန်မှာ ဝတ် ရုံနက်ဝတ်လူ ၁၀ ယောက်ကျော်လောက်က တောအုပ် ထဲကနေပြီး ပျံသန်းလာကြတယ် . . .”
“သူတို့က ကျွန်မတို့ကို စကားတစ်ခွန်းမှ မပြောဘဲ စ ပြီး တိုက်ခိုက်တော့တာပဲ . . .”
ယွဲ့ရှောင်မှ ဆက်၍ ပြောလိုက်၏။
“ယွဲ့ဟန်က သူတို့ထဲက တစ်ယောက်နဲ့ လက်ဝါးချင်း တိုက်ရိုက် ရိုက်ပြီး တိုက်ခိုက်ခဲ့တယ်၊ အဲဒီလူကတော့ သွေးအန်သွားတယ် ဒါပေမယ့် ထူးဆန်းတာက နောက် ကို သူ ခြေသုံးလှမ်း ဆုတ်သွားတဲ့အချိန် မြေပြင်ပေါ်မှာ ဘာခြေရာမှ မကျန်ခဲ့ဘူး . . .”
ထိုစကားကြောင့် ရဲရှောင် အံ့ဩသွား၏။
မိန်းကလေးနှစ်ဦးက အသီးများကို စားသုံးပြီးနောက် များစွာ တိုးတက်လာခဲ့၍ ကမ္ဘာပေါ်ရှိ မည်သည့် ထိပ်သီး ပညာရှင်ထက်မဆို အားမနည်းကြပေ။
အတိအကျဆိုရလျှင် ချင်းရန်နယ်ပယ်၏ သမိုင်းတွင် သူမတို့ထက် သာလွန်သည့် လူဆို၍ လက်ငါးချောင်းပင် မပြည့်နိုင်သည်မှာ အသေအချာပင်။
ယွဲ့ဟန်မှ ရန်သူနှင့် လက်ဝါးရိုက်ချက် ပြုလုပ်လိုက် သည့်အချိန် ရန်သူ နောက်ဆုတ်ခွာသွားသဖြင့် တိုက်ပွဲ၌ သူမ အနိုင်ရသွားသည်ဟု ဆိုနိုင်သည်။
သို့သော် မြေပြင်ပေါ်တွင်မူ ခြေရာမထင်ကျန်ခဲ့ချေ။
ဆိုသည်လိုသည်မှာ ရန်သူက တိုက်ခိုက်မှု ပြုလုပ်ခဲ့ သည့် ယွဲ့ဟန်အား အထင်သေးခဲ့ပုံပါပင်။
ထို့ပြင် ရန်သူက အားနည်းသည့် ပုံမျိုး မရှိနိုင်ဘဲ ယွဲ့ ဟန်မှပင် ခက်ခက်ခဲခဲ တိုက်ခိုက်ရမည့် အနေအထားမျိုး ရှိနိုင်သည်။
ထို့ကြောင့် ယွဲ့ဟန်အား တိုက်ခိုက်ခဲ့သည့် မည်သူ မဆို ဝုဖ၏ညီ ဝုရှန်လောက်ကို အစွမ်းထက်နေသည့် လူ ပင် သေချာပေါက် ဖြစ်နိုင်သည်။
ယခင်တုန်းက ရွှမ်ပိုင် သို့မဟုတ် ရှဲ့ဒါယူလောက်ကို အစွမ်းထက်နေသည့် လူမျိုးဟု ဆိုနိုင်လေသည်။
“ရန်သူရဲ့အင်အားကြောင့် ကျွန်မတို့တွေ အံ့ဩသွားရ တယ် အဲဒါကြောင့် ကျွန်မတို့တွေ သတိလက်လွတ်မလုပ် ရဲကြတော့ဘူး . . .”
“သူတို့ကို တိုက်ခိုက်ဖို့ဆိုပြီး အမွှာဓားတိုက်ကွက်ကို တောင် ထုတ်သုံးခဲ့ရတယ်လေ . . .”
ယွဲ့ရှောင်မှ အသက်ပြင်းပြင်းရှူရင်း ပြောလိုက်ပါ တော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now