1267-------1268

96 6 1
                                    

အခန်း (၁၂၆၇)(စာစဉ် ၉၁- အပိုင်း ၇)
“သေခြင်းနှင့် ရှင်ခြင်း”

လျှို့ဝှက်အဖွဲ့စည်းကြီးမှာ စိခုံမျိုးနွယ်မှ လူတိုင်း ကို တိတ်ဆိတ်စွာပင် သတ်ဖြတ်သွားခဲ့သည်။
ထို့အတူ အိမ်တော်အတွင်းမှတန်ဖိုးရှိသော အရာ အားလုံးကိုလည်း ချန်ရစ်မထားဘဲ ယူဆောင်သွားကြ ၏။
ထို့နောက် မည်သည့်သဲလွန်စမှ မကျန်အောင် ပြု လုပ်ခဲ့ကြပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
ထိုကဲ့သို့ ခြေရာလက်ရာ မကျန်အောင် လုပ်နိုင်ခဲ့ သည်မှာ မယုံနိုင်ဖွယ် ကောင်းလွန်းလှသည်။
ထို့ပြင် ၎င်းတို့၏ အင်အား၊ ထိန်းချုပ်မှု စွမ်းရည် နှင့် အစီအစဉ်များ အားလုံးမှာ ကြောက်မက်ဖွယ်ပင် ကောင်းလွန်းနေသည်။
ထို့ကြောင့် ခြုံငုံသုံးသပ်လျှင် မယုံနိုင်အောင် အင် အားကြီးသည့် အဖွဲ့အစည်းကြီးပင် ဖြစ်ပါတော့သည်။
. . .
ရွှေလင်းယုန်ကြီးမှာ ကောင်းကင်ထက်တွင် လျင် မြန်စွာ ပျံသန်းလျက် ရှိနေသည်။
၎င်းတို့ ဆေးတောင်ကြီးသို့ ရောက်ရှိသည့် အချိန် တွင်မူ ညဉ့်နက်နေချေပြီ။
ထို့ကြောင့် ရဲရှောင်လည်း တောင်ကြီးပေါ်၌ တစ် ညတာ နားခိုရန် ပြောလိုက်၏။
ယခုနေရာက ရဲမြို့တော်နှင့် သိပ်မဝေးတော့သော် လည်း ညကြီးအချိန်မတော် မြို့ထဲသို့ ဝင်ရန်မှာ မသင့် တော်။
ထို့ကြောင့် နောက်တစ်နေ့ နံနက်မှသွားရန် ဆုံး ဖြတ်လိုက်ခြင်း ဖြစ်သည်။
သို့သော် လင်းယုန်ကြီးမှာမူ သဘောမတူ၊ ခေါင်း ကိုသာ တွင်တွင်ခါယမ်းလျက် ရှိနေသည်။
ရဲရှောင်လည်း နားမလည်ဟန်ဖြင့် -
“ဘာလို့လဲ . . .”
လင်းယုန်ကြီးမှာမူ ဝမ်းနည်းဟန်ဖြင့် -
“ဘာလို့လဲ ဟုတ်လား တောင်ကြီးကိုလည်း ကြည့် ပါဦး၊ ဒါကအတုကြီးလေ ဒီမှာ ဘာဆိုဘာမှ မရှိဘူး၊ ကျုပ်တို့ မြင်နေရတယ်ဆိုတာက တောင်ကြီးရဲ့ ပုံရိပ် ယောင်ပဲ . . .”
“ဒါကတောင်အတုကြီး ဆိုတာထက်ကို ဆိုးသေး တယ်၊ ဒါကလုံးဝ ပုံရိပ်ယောင် တစ်ခုပဲ ကျောက်တုံး တွေ၊ မြက်တွေဆိုတာလည်း မရှိဘူး ဒီလိုနေရာမျိုးမှာ ကျုပ်ကို နေစေချင်တယ်ပေါ့၊ ကျုပ်ကို လာပြီးအရူး လုပ်မနေနဲ့ . . .”
ရဲရှောင် အံ့ဩသွားကာ -
“ဘာအတု ဟုတ်လား၊ ပုံရိပ်ယောင်ပေါ့ ဟုတ် လား . . .”
၎င်းတို့ရှေ့မှောက်တွင် တောင်ကြီးကို မြင်နေရပြီ ဖြစ်ပြီး ကောင်းကင်ဘုံကိုပင် ထိုးခွင်းလုမတတ်ဖြစ်နေ သည် မဟုတ်ပါလား။
ထို့ကြောင့် လင်းယုန်ကြီး ပြောလိုက်သည့် အတု အယောင်ဆိုသည့် စကားကို နားမလည်နိုင် ဖြစ်နေမိ သည်။
“ဟုတ်တယ်လေ တောင်ကြီး မပြောနဲ့ ကုန်းမို့မို့ တောင် မရှိဘူး . . .”
လင်းယုန်ကြီးမှ ခေါင်းညိတ်ကာ ပြန်ပြောလိုက် သည်။
“ပြီးခဲ့တဲ့ တစ်ခေါက်က ကျုပ်ကို ဒီမှာအနားယူဖို့ ပြောခဲ့သေးတယ်လေ မှတ်မိတယ်မလား၊ အဲဒီတုန်းက ကျုပ်ဖြင့် နားဖို့ သစ်ပင်တစ်ပင်ကိုတောင် တော်တော် ရှာလိုက်ရတယ်၊ အခု အဲဒီလို သစ်ပင်က အမြဲတမ်း ရှာ လို့ရမယ် ထင်နေတာလား . . .”
ရဲရှောင် ပါးစပ်အဟောင်းသား ဖြစ်သွား၏။
လင်းယုန်ကြီး ပြောစကားအရ တောင်ကြီးမှာ သူ ၏ ဟင်းလင်းပြင်ထဲ ရောက်သွားပြီးကတည်းက ပုံရိပ် ယောင် ဖြစ်သွားပုံပါပင်။
အကယ်၍ သူသာ တောင်ကြီးကိုအပြည့်အဝ ထိန်း ချုပ်သွားနိုင်မည် ဆိုပါက ထိုပုံရိပ်ယောင်ကြီးလည်း ပျောက်ကွယ်သွားနိုင်သည်။
ထို့ကြောင့် တောင်ကြီးမှာ အလွန်ကို ထူးခြားဆန်း ကျယ်လှသော တောင်ကြီးပင် ဖြစ်ပါတော့သည်။
. . .
ရဲရှောင်လည်း ရွေးချယ်စရာ မရှိတော့၍ လင်းယုန် ကြီးကို နားခိုစရာ နေရာ ရှာခိုင်းလိုက်တော့သည်။
သူကိုယ်တိုင်မှာမူ သစ်ပင်ထက်တွင် မအိပ်စက်ချင် ၍ ရဲမြို့တော်သို့ တစ်ကိုယ်တည်း ဝင်လာခဲ့လိုက်၏။
(အဖေ အမေနဲ့ ငါ့ညီမတွေလည်း ရောက်နေကြ လောက်ပြီ . . .)
. . .
ဆေးတောင်ကြီး၏ အနားတွင် ဖြစ်သည်။
လမ်းမပေါ်တွင် လူ ၆ ယောက်ရှိနေကြ၏။
ထိုလူများမှာ ယွဲ့ရှောင်၊ ယွဲ့ဟန်နှင့် ကျန် လူ ၄ ယောက်တို့ပင် ဖြစ်သည်။
ထိုအချိန် ကောင်းကင်ထက်တွင် ကျယ်လောင်လှ သော မိုးခြိမ်းသံကြီးကို ကြားလိုက်ရပြီး လျပ်စီးဖျတ် ခနဲ လင်းလက်သွားသည်ကိုလည်း မြင်တွေ့လိုက်ကြရ သည်။
“တော်တော်ကို မြန်တာပဲ . . .”
ယွဲ့ဂေါင်ရွှဲ့မှ အံ့ဩဟန်ဖြင့် ရေရွတ်လိုက်၏။
သူမ သုံးသပ်မိသည့်အတိုင်း ထိုအရိပ်မှာ အလွန် လျင်မြန်လှ၍ သေချာပေါက်ပင် အစွမ်းထက်သည့် လူ ဖြစ်လိမ့်မည်။
“အစ်မကြီးတို့ ဒီအဖြူရောင် အရိပ်က ထိပ်တန်း ပညာရှင်တစ်ယောက်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား”
ယွဲ့ဂေါင်ရွှဲ့မှ မေးလိုက်၏။
“ဟုတ်တယ် . . .”
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့လည်း သူမတို့၏ အစ်ကို ကြီး ဖြစ်မည်ကို ရိပ်စားမိလိုက်သော်လည်း ထုတ်ဖော် ၍တော့ မပြောလိုက်တော့ပေ။
ယွဲ့ဂေါင်ရွှဲ့မှ သူမတို့အား ‘အစ်မကြီး’ဟု ခေါ်လိုက် သည့် အပေါ်တွင်လည်း သူမတို့ စိတ်ထဲ နေမထိထိုင် မသာ ဖြစ်နေကြသည်။
သို့သော် လက်မခံ၍လည်း မရ၊ သူမတို့ အနေဖြင့် ထိုသို့မခေါ်ရန် မည်သို့ ပြောနိုင်ပါမည်နည်း။
“ဒီအရိပ်ရဲ့နှုန်းအရ ချင်းရန်နယ်ပယ်ရဲ့ ထိပ်ဆုံး အဆင့်ကို ရောက်နေတဲ့ ပညာရှင်ပဲ ဖြစ်ရမယ်၊ ရွှမ်ပိုင် ဝုဖ၊ ရှဲ့ဒါယူတို့လောက်ကို အစွမ်းထက်တဲ့ လူတစ်ဦးဦး ပေါ့ . . .”
ယွဲ့ဟန်မှ စကားလမ်းကြောင်းလွှဲလိုဟန်ဖြင့် ပြော လိုက်သည်။
“ဒီလို လူတစ်ယောက်ကို ကျွန်မတို့ နှစ်ယောက် ပေါင်းပြီး တိုက်ခိုက်မယ်ဆိုလည်း ကျွန်မတို့ ရှုံးသွား နိုင်တယ် . . .”
“ဒါကမယုံနိုင်ဖို့ ကောင်းလိုက်တာ၊ တော်တော်ကို အစွမ်းထက်တဲ့ လူပဲ ဖြစ်ရမယ် ဒီလို အစွမ်းထက်တဲ့ လူမျိုး ရှိလိမ့်မယ်လို့ ကျွန်မ ထင်တောင် မထင်ထားမိ ဘူး . . .”
ယွဲ့ဂေါင်ရွှဲ့မှ အံ့ဩဟန်ဖြင့် ပြောလိုက်သည်။
“ဒီလိုတောင် အမြန်ဆုံး ပျံသန်းသွားရအောင် ဘာ တွေများ အရေးကြီးနေလို့လဲ မသိဘူး . . .”
မိန်းကလေးများမှာ ယွဲ့ဂေါင်ရွှဲ့၏ စကားကြောင့် ဆွံ့အသွားလေသည်။
(အရေးကြီးတယ် ဟုတ်လား . . .)
(သိပ်ကို အရေးကြီးတာပေါ့ သူက သူ့အမေကို တွေ့ဖို့ ပြန်လာတာလေ၊ အဲဒါထက် အရေးကြီးတာ ရှိ သေးလို့လား . . .)
“ဒီလို ပညာရှင်မျိုးက အနည်းဆုံးတော့ ရှောင် ဧကရာဇ်၊ မရဏဓားတို့နဲ့ အဆင့်တူလောက်ကို ဖြစ်ရ မယ် . . .”
ရဲနန်ရှန်မှ ရေရွတ်လိုက်၏။
“သူတို့အားလုံးက တကယ့်ကို ဒဏ္ဍာရီလာ ပုဂ္ဂိုလ် ကြီးတွေလိုပဲ၊ သူတို့နဲ့ လေးငါးကြိမ်လောက် ဆုံဖူးပေ မယ့် မိတ်ဆွေဖြစ်ခွင့် မရခဲ့ဘူး ဒါကတော့ ရှက်စရာပဲ”
“အဟမြး အဟမြး . . .”
“လမ်းပေါ်မှာ စကားပြောရင်း အချိန်မဖြုန်းကြရင် ကောင်းမယ် . . .”
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့ နှစ်ဦးလုံး ရေရွတ်လိုက် ကြသည်။
“ချင်းရန်နယ်ပယ်မှာက ကပ်ဘေးကြီး တစ်ခု ကျ ရောက်တော့မယ်၊ အဲဒါကြောင့် ရဲမြို့တော်ကို ပြန် ရောက်ပြီးရင် ကိုယ့်ဘဝကိုယ်ပဲ ဂရုစိုက်ကြပါ . . .”
“ဘယ်ကိစ္စမှကို ဝင်မပါနဲ့တော့ . . .”
ယွဲ့ရှောင်မှ ပြောလိုက်၏။
“ကျွန်မ နားလည်ပါပြီ . . .”
ယွဲ့ဂေါင်ရွှဲ့မှ ရဲနန်ရှန်အား ကြည့်ရင်း ပြန်ဖြေ လိုက်သည်။
“ကျွန်မတို့တွေ ၁၈ နှစ်လုံးလုံး ခွဲခွာခဲ့ရတာ ကျွန်မ ရဲ့ သားကိုတောင် ကျွန်မ မတွေ့ရသေးဘူး၊ ကျွန်မရဲ့ ကလေးနဲ့ပဲ ကျွန်မ အချိန်ဖြုန်းရမှာပေါ့၊ ကျွန်မရဲ့ လက်ကျန်ဘဝကို ကျွန်မချစ်ရတဲ့ လူတွေအတွက်ပဲ ကုန်ဆုံးစေရမယ် . . .”
“အဲဒါကြောင့် ကျွန်မ ဘယ်ကိစ္စကိုမှ ဝင်ပါတော့ မှာ မဟုတ်ဘူး၊ ဘယ်လောက်ပဲ အခြေနေဆိုးဆိုးပေါ့”
ယွဲ့ဂေါင်ရွှဲ့မှ ဆက်၍ ပြောလိုက်သည်။
“ကျွန်မသားလေး စားဖို့ နေ့တိုင်း ချက်ပြုတ်ပေး မယ်၊ သူမအိပ်ခင်မှာ အိပ်ရာဝင် ပုံပြင်လေးတွေကို လည်း ပြောပြမယ် . . .”
“အဟမြး အဟမြး . . .”
ရဲနန်ရှန်နှင့် မိန်းကလေးနှစ်ဦးလုံး ရှက်အမ်းအမ်း ဖြင့် ချောင်းဟန့်လိုက်ကြသည်။
(ဟင်းချက်ကျွေးမယ်၊ အိပ်ရာပုံပြင် ပြောပြမယ် ဟုတ်လား သူ့ကို ကလေးလို့ ထင်နေတုန်းပဲလား၊ သူ က မင်းနဲ့ဝေးနေတာ ၁၈ နှစ်လောက် ရှိနေပြီလေ . . .)
ယွဲ့ရှောင်၏ စိတ်ထဲ၌လည်း -
(ယောက်ျားနဲ့ အတူတူ တစ်ဘဝလုံး ဖြတ်သန်းဖို့ ဆိုတာတော့ မခက်ခဲပါဘူး၊ ဒါပေမယ့် ရှင့်ရဲ့ သားက တော့ ရှင်နဲ့ အကြာကြီး အတူနေနိုင်မယ် မထင်ဘူး၊ ရက်နည်းနည်းလောက်ပဲ နေပြီး ထွက်သွားလောက် မယ် ထင်တယ် . . .)
သို့သော် ယွဲ့ရှောင်မှာ ထိုအတွေးကို ထုတ်ဖော်၍ တော့ မပြောလို။
မိခင်တစ်ယောက်၏ ပျော်ရွှင်နေသည့် စိတ်လေး များ ပျက်စီးသွားနိုင်သည် မဟုတ်ပါလား။
ထိုသို့ဖြင့် စကားတပြောပြော ခရီးနင်လာကြသည် မှာ ရဲမြို့တော်နှင့်ပင် သိပ်မဝေးတော့ချေ။
၎င်းတို့အဖို့ တတ်နိုင်သမျှ အိမ်ကို မြန်မြန် ပြန်ချင် ကြသော်လည်း အသိမိတ်ဆွေတစ်ဦးအိမ်ကို လမ်းကြုံ အဖြစ် ဝင်ခဲ့ကြပါသေးသည်။
ထိုနေရာက ရဲနန်ရှန်၏ သွေးသောက် ညီအစ်ကို တော်စပ်သူ ဆောင်မျိုးနွယ်စုပင် ဖြစ်၏။
ရဲနန်ရှန် ရောက်ချလာ၍ ဆောင်မျိုးနွယ်စု တစ်စု လုံးမှာ ထိတ်လန့်အံ့ဩခဲ့ကြရလေသည်။
(ဘုရား ဘုရား . . .)
(ရဲမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဆိုတာ တကယ့်ကို အင်အားကြီးပြီး အစွမ်းထက်တဲ့ လူတစ်ဦးပဲ၊ သူက ငါတို့ဆီကို လူကိုယ်တိုင် ရောက်လာတယ်ပေါ့ . . .)
ဆောင်ဂျူမှလွဲ၍ ဆောင်မျိုးနွယ်ရှိ လူများအားလုံး မှာ ရဲနန်ရှန်ကို တွေ့သည်နှင့် ရိုရိုကျိုးကျိုးဖြင့် ပျာပျာ သလဲလဲပင် မိတ်ဆက်ကြသည်။
သို့သော် ဆောင်ဂျူမှာမူ ယခင်အတိုင်းပင် ဖြစ်၏။
ရဲနန်ရှန်မှာ သူ၏ အစ်ကိုကြီးဖြစ်၍ လေးစားမှု ရှိ သော်လည်း အလွန်အကျွံ အပြုအမူမျိုး မလုပ်ချေ။
ရဲရှောင်က ဆောင်ဂျူ၏ ထိုအကျင့်စရိုက်ကြောင့် လေးစားမိခြင်းပင် ဖြစ်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now