1293--------1294

85 6 0
                                    

အခန်း (၁၂၉၃)(စာစဉ် ၉၃- အပိုင်း ၅)
“ဝန်ခံခြင်း”

ထိုသို့ဖြစ်ရခြင်းမှာ ဝုဖမှာ တိုက်ခိုက်မှု ပြုလုပ်စဉ် အတွင်း တိုက်ရိုက်ထိတွေ့မှု မဖြစ်စေရန် ရှောင်တိမ်းခဲ့ ၍ ဖြစ်သည်။

တိုက်ခိုက်မှု အချိန်ကြာလာသည်နှင့် ရဲရှောင်လည်း ဝုဖ၏ တိုက်ခိုက်မှုများကို မနည်းခုခံနေရလေသည်။

ရှေးဦးခရမ်းရောင် ချီဓာတ်များက မိစ္ဆာစွမ်းအင်များ ကို သက်ရောက်မှု များစွာ ရှိစေသည့်တိုင် ဝုဖမှ ရဲရှောင် လက်လှမ်းမမီနိုင်သော တိုက်ခိုက်မှုများဖြင့် တိုက်ခိုက် နေခြင်း ဖြစ်သည်။

ထို့ကြောင့် ရဲရှောင်အဖို့ တဖြည်းဖြည်း အရေးနိမ့် လာပြီး ခုခံနေရင်းဖြင့် ရှုံးနိမ့်မလိုပင် ဖြစ်လာသည်။

အကယ်၍ ယခုအတိုင်းသာ ဆက်လက်ခုခံနေပါက တိုက်ပွဲရလာဒ်က အရှုံးဖြစ်တော့မည်မှာ အသေအချာ ပင်။

“ဘုန်း . . .”

ဝုဖလည်း အခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်ကာ ရဲရှောင်၏ ပခုံးကို လက်ဝါးဖြင့် တစ်ချက် ရိုက်ချလိုက် သည်။

ရဲရှောင်၏ ပါးစပ်မှ သွေးများ အန်ထွက်သွားပြီး နောက်သို့ လွင့်ထွက်သွား၏။

ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့လည်း ရဲရှောင် ရှိရာသို့ ချက်ချင်းပင် ပြေးသွားကြသည်။

သူမတို့၏ ဓားများကိုလည်း ဝေ့ယမ်း၍ အနက် ရောင် အခိုးအငွေ့များကို ခုတ်ပိုင်းလိုက်ကြသည်။

ခဏအကြာတွင် ဓားအလင်းတန်းများ လင်းလက် လာပြန်ပြီး ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့ပါ ရောက်ရှိလာ ကြသည်။

“ဘုန်း ဘုန်း . . .”

ကျယ်လောင်သော အသံကြီးနှင့်အတူ ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့ နှစ်ယောက်လုံး လွင့်ထွက်လာကြ၏။

ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့မှာ မူလတာအိုအဆင့်ကိုး သာ ရှိသေး၍ အခြားလူများထက် အားနည်းနေသည်။

သို့သော် သူ့တို့ အသက်ကို စွန့်၍ တိုက်ခိုက်သည့် တိုင် တိုက်ပွဲအနား ကပ်လိုက်သည်နှင့် အနောက်သို့ ချက်ချင်း လွင့်ထွက်သွားကြရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now