1463------1465

44 2 0
                                    

အခန်း (၁၄၆၃ - က)(စာစဉ် ၁၁၀- အပိုင်း ၆)
“မလုပ်နိုင်တော့ခြင်း”
(တုံးအသလိုလိုနဲ့ သိုသိုသိပ်သိပ်နေတတ်တဲ့လူပဲ၊ သူက ဒီနယ်ပယ်မှာရှိတဲ့ အားနည်းပြီး အသုံးမဝင်တဲ့ ကျင့်ကြံမှုပညာရှင်တွေနဲ့ ဘာမှမကွာဘူး ဒါပေမယ့် အန္တရာယ်နဲ့ကြုံလာရတဲ့အခြေအနေမှာ သူရဲ့ အံ့ဩဖို့ကောင်းတဲ့ လက်နက်ဖြစ်တဲ့ ရွှေဝိညာဉ်မျှော်စင်ကိုတောင် ထုတ်သုံးတယ်၊ ဒါကြီးကတော့ တော်တော်ကို ကြောက်စရာကောင်း သွားပြီ . . .)
မိစ္ဆာဝိညာဉ်နက်မှာ ရဲရှောင်ကို လျစ်လျူမရှုရဲတော့ချေ။
ထို့ကြောင့် ရဲရှောင်က အရေးမပါသည့်မေးခွန်းပေါင်းများစွာကို မေးမြန်းခဲ့သည့်တိုင် စိတ်ရှည်စွာဖြင့် ရှင်းပြ ပေးခဲ့သည်။
ထို့ပြင် မေးခွန်းတိုင်း၏အဖြေကိုလည်း အသေးစိတ်ပြောပြပေးခဲ့လေသည်။
ထိုသို့လုပ်ပေးရလွန်း၍ သူ့ကိုယ်သူပင် အတွေးဝင်လာမိသည်မှာ -
(ဘုရား . . . ဘုရား . . .)
(ငါကလူတွေကို အသက်ရှင်နေထိုင်ဖို့အတွက် သင်ခန်းစာပို့ချပေးနေရတဲ့လူဖြစ်နေတာပါလား . . .)
မိစ္ဆာဝိညာဉ်နက်အဖို့ လမ်းတစ်လျှောက် ရှင်းပြရလေလေ စိတ်ထဲ၌ အတွေးပေါင်းစုံဖြစ်လာမိလေလေပါပင်။
(ငါ့ဘဝမှာ အများကြီး လုပ်ဖူးခဲ့ပြီးသွားပြီ တိုက်ခိုက်တယ် သတ်ဖြတ်တယ် ဒါပေမယ့် ဒီလိုတော့ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး . . .)
(ငါကအစောင့်တစ်ယောက်လား၊ ကလေးထိန်းတစ်ယောက်လား ဒါမှမဟုတ် အဲဒီအလုပ်နှစ်ခုကို တစ်ပြိုင် တည်း လုပ်နေရတဲ့ လူတစ်ယောက်လား . . .)
မိစ္ဆဝိညာဉ်နက်မှာ တွေးရင်းဖြင့် သူ့ကိုယ်သူလည်း အားမရဖြစ်နေမိလေသည်။
(တော်ပြီ ငါဘာမှထပ်ပြီး မသင်ပေးချင်တော့ဘူး၊ မင်းကို တစ်ချက်တည်းနဲ့ပဲ ရိုက်သတ်ပစ်ချင်တော့တယ်)
သို့သော် သူ့အဖို့ ထိုသို့မလုပ်ဝံ့။
သိုင်းလောကတွင် အတွေ့အကြုံကြွယ်ဝသူပီပီ အဓိကနှင့်သာမညကို ကောင်းစွာခွဲခြားတတ်နေသည်။
ထို့ကြောင့် သူ့အနေဖြင့် သည်းခံရန်ခက်ခဲနေသည့်တိုင် ဆက်၍သည်းခံရမည်သာ။
နောက်ဆုံးတွင်မူ ရဲရှောင်ပြောလိုက်သည့်စကားကြောင့် သူ့အဖို့ စိတ်အလေကြီးလေသွားရတော့သည်။
“အစ်ကိုနက် . . .”
“ကျုပ်မှာ ပိုက်ဆံမရှိဘူး . . .”
ထိုစကားကြောင့် မိစ္ဆာဝိညာဉ်နက်မှာ ငိုချင်လွန်း၍ မျက်ရည်များပင် ဝေ့တက်သွားသည်။
ရဲရှောင်ကြောင့် သူ့စိတ်ထဲ အတော်ကို ပြိုလဲနေပြီဖြစ်၏။
(ဘာ . . . မင်းက ပိုက်ဆံပါမယူလာဘူးပေါ့၊ တော်တော်ကို တုံးအတဲ့ကောင်ပဲ . . .)
(မင်းက တစ်ယောက်ယောက်အပေါ်မှာ မှီခိုရတာကို အသားကျနေတာလား၊ အခုရော ငါ့အပေါ်မှာ မှီခိုမလို့ စဉ်းစားနေတာလား . . .)
(ငါကမင်းရဲ့လမ်းပြ၊ အစောင့်၊ ကလေးထိန်းသဘောမျိုး လုပ်နေရပြီးပြီ အဲဒီအတွက်လည်း ဘာမှရနေတာ မဟုတ်ဘူး၊ ဒါတောင် ငါကမင်းကိုပြန်ပေးရဦးမယ်ပေါ့ အဲဒီလိုသာဆိုရင် ငါကဘာဖြစ်သွားပြီလဲ . . .)
မိစ္ဆာဝိညာဉ်နက်တစ်ယောက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အတော်လေးပင် ပြိုလဲနေပြီဖြစ်သည်။
ထို့ကြောင့် မျက်နှာပေါ် ထင်ဟပ်လာသည့် စိတ်ခံစားချက်များကိုပင် ဖုံးဖိမထားနိုင်တော့ချေ။
“မင်းမှာ ပိုက်ဆံမရှိဘူး ဟုတ်လား . . .”
“ဒါဆို မင်းအိမ်မှာတုန်းက မင်းဘာနဲ့သုံးလဲ၊ ဘယ်လိုအသက်ရှင်နေထိုင်လဲ . . .”
“ဪ . . . အစ်ကိုနက်ရယ် ကျုပ်အိမ်မှာတုန်းကတော့ ကျုပ်က ပိုက်ဆံမလိုဘူးလေ . . .”
ရဲရှောင်က သခင်လေးတစ်ပါးအဖြစ် ဟန်ဆောင်သည့်နေရာတွင် ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦးဖြစ်သည်။
ထို့ကြောင့် ယခုအခါတွင်လည်း တကယ့်ကိုပင် ဟိတ်ဟန်အပြည့်နှင့်ဖြစ်နေ၏။
“အိမ်မှာဆို ကျုပ်ကြိုက်တာကို ကျုပ်ယူရုံပဲလေ၊ အမှန်ဆို ပိုက်ဆံဆိုတာကို မြင်ဖူးတာတောင် လွန်ခဲ့တဲ့ ရက်ပိုင်းကမှ၊ အဲဒီကျမှ လူတွေသုံးနေတဲ့ ဒင်္ဂါးတွေကို ကျုပ်မြင်ဖူးတာ . . .”
မိစ္ဆာဝိညာဉ်နက်မှာ သူ့နားသူပင် မယုံနိုင်ကာ သတိလစ်မတတ်ပင် ခံစားလိုက်ရသည်။
(သေစမ်း . . .)
(ပိုက်ဆံကို မမြင်ဖူးတဲ့လူ တကယ်ရှိတယ်ဆိုပြီး ငါ့ကိုပြောချင်နေတာလား . . .)
“ကျုပ်အိမ်မှာ အားတဲ့အခါ ကျုပ်မိတ်ဆွေတွေနဲ့ လောင်းကစားလုပ်လေ့ရှိတယ် . . .”
“ဪ . . . ဒါနဲ့ ရွှေဝိညာဉ်မျှော်စင်ဆိုတာလည်း လင်းဝုရှဲ့ဆီကနေ ကျုပ်နိုင်ခဲ့တာလေ၊ သူက သူ့မိတ်ဆွေ တစ်ယောက်အတွက် ကျုပ်ကိုပေးခဲ့တာ၊ သူကျုပ်ကို မျှော်စင်ပေးတုန်းက အတင်းပေးနေတာကိုတောင် မှတ်မိနေ သေးတယ်၊ ကျုပ်က သူ့ကိုငြင်းခဲ့ပါသေးတယ် . . .”
ရဲရှောင် ထိုစကားများကို ထူးမခြားနားဟန်ဖြင့်သာ ပြောဆိုလျက်ရှိနေလေသည်။
(ရွှေဝိညာဉ်မျှော်စင် . . .)
(မင်းကိုသူက သူ့မိတ်ဆွေအတွက်ပေးခဲ့တာ ဟုတ်လား . . .)
(ဒါကြီးကတော့ တော်တော်များသွားပြီ . . .)
မိစ္ဆာဝိညာဉ်နက်မှာ တွေးရင်းဖြင့် ကတုန်ကယင် ဖြစ်လာလေသည်။
(လင်းဝုရှဲ့က ရွှေဝိညာဉ်မျှော်စင်ကို သူ့သူငယ်ချင်းအတွက် အကြွေးဆပ်ပေးတဲ့သဘောပေါ့ ဟုတ်လား . . .)
(လင်းဝုရှဲ့က အတင်းပေးခဲ့တယ် သူကငြင်းဆန်နေခဲ့ရတယ် ဟုတ်လား . . .)
(လင်းဝုရှဲ့ မင်းကို ရွှေဝိညာဉ်မျှော်စင်ပေးချိန် မင်းက ငြင်းတောင်ငြင်းဆန်ခဲ့ရတယ်ပေါ့ ဟုတ်လား၊ ဘယ်လို တောင် ငြင်းနိုင်ရတာလဲ . . .)
(မင်းငါ့ကို တမင်ကြွားနေတာလား၊ ဒါနဲ့နေစမ်းပါဦး သူက မိတ်ဆွေတွေနဲ့ လောင်းကစားလုပ်တယ် ဟုတ် လား၊ လင်းဝုရှဲ့ကလည်း သူ့ကို ရွှေဝိညာဉ်မျှော်စင်ပေးတယ်ဆိုတာ လောင်းကြေးရှုံးတဲ့ သူငယ်ချင်းအတွက်လား၊ သူနဲ့ လောင်းကြေးစားကြေးလုပ်တဲ့ လူကလည်း ထိပ်သီးပညာရှင်ပဲဖြစ်ရမယ် . . .)
(လင်းဝုရှဲ့က သူ့ရဲ့မျှော်စင်ကို အဆုံးရှုံးခံပြီး အကြွေးဆပ်ပေးလိုက်ရတယ်ဆိုကတည်းက အဲဒီလူကလည်း ဒီကမ္ဘာမှာ အနေအထားတစ်ခုရောက်နေတဲ့ လူပဲဖြစ်ရမယ်၊ အနည်းဆုံးတော့ လင်းဝုရှဲ့နဲ့ အဆင့်တူလောက်ပဲ . . .)
(ဒါဆိုအဲဒီလူက ဘယ်သူလဲ၊ လင်းဝုရှဲ့နဲ့အဆင့်တူက ဘယ်သူရှိလဲ . . .)
မိစ္ဆာဝိညာဉ်နက်မှာ ဆက်၍ မစဉ်းစားဝံ့တော့။
ရုတ်တရက် သူ့ကိုယ်သူ သိမ်ငယ်လာသလို ခံစားလာရလေသည်။
ထိုအခိုက်အတန့်တွင် ရဲရှောင်အပေါ် ဘာမှမလုပ်ခဲ့မိသည်ကပင် ကံကောင်းသည်ဟုလည်း ခံယူလိုက်မိ၏။
“လောင်းကစားကတော့ ရှုံးလိုက်နိုင်လိုက်ပဲပေါ့ အဲဒီအခေါက်မှာ မင်းက ကံကောင်းတဲ့ လူတစ်ယောက်ဖြစ် လို့နေမှာပေါ့ ဒါပေမယ့် မင်းအမြဲတမ်းနိုင်တယ်လို့တော့ ငါမထင်ပါဘူး၊ မင်းရှုံးရင်ရော ဘာလုပ်လဲ . . .”
မိစ္ဆာဝိညာဉ်နက်မှ လောင်းကစားအကြောင်း သိလိုဟန်ဖြင့် ဟန်ဆောင်ကာ မေးလိုက်သည်။
စင်စစ် သူကိုယ်တိုင်မှာလည်း ဟန်ဆောင်ကောင်းသူတစ်ဦးပါပင်။
“ဒါပေါ့ . . . တစ်ခါတစ်ရံ ကျုပ်ရှုံးတယ်လေ . . .”
“အဲဒီအခါကျရင် ကျုပ်ကလည်း သူတို့ကို အကြွေးပြန်ပေးရတာပေါ့ . . .”
ရဲရှောင်က ရွှေဟင်းလင်းပြင်ထဲရှိ သူ့သတ္တုများ တန်ဖိုးကြီးကြောင်းကို ကောင်းစွာသိနေသည်။
တကယ်တမ်းတွင် သူ၏ဟင်းလင်းပြင်ကြီးထဲရှိ ပစ္စည်းများမှာ သာမန်ပစ္စည်းများ မဟုတ်ကြပေ။
ထိုအချက်ကို မျှော်စင်နှင့် ပတ်သက်လျှင် ကောင်းစွာ မြင်နိုင်ပေသည်။
မော်တယ်ကမ္ဘာတွင်ရှိစဉ်က လင်းဝုရှဲ့က ရွှေဝိညာဉ်မျှော်စင်အကြောင်း သူ့ကိုပြောပြခဲ့ဖူးသည်။
ရဲရှောင် အားနည်းနေသေး၍ မျှော်စင်ကို အပြည့်အဝမသုံးနိုင်သေးကြောင်း ပြောပြခဲ့ခြင်းဖြစ်သည်။
ရဲရှောင်အဖို့ ထိုမျှော်စင်ကို အသုံးပြုလျှင်ပင် အားနည်းနေသေး၍ အပြည့်အဝ သုံးနိုင်ဦးမည် မဟုတ်ချေ။
တကယ်တမ်းတွင် လင်းဝုရှဲ့က ရဲရှောင်ကို မျှော်စင်ပေးအပ်ခဲ့ချိန် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ရှိ ရွှေစွမ်းအင်အဆီအနှစ်အချို့ကိုသာ ထည့်သွင်းပေးခဲ့ခြင်းဖြစ်သည်။
စင်စစ် ထိုအဆီအနှစ်များမှာ ရွှေဝိညာဉ်မျှော်စင်ကို ထောက်ပံ့ပေးသည့် စွမ်းအင်များသာဖြစ်သည်။
သို့သော် လင်းဝုရှဲ့က ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ထည့်သွင်းပေးခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် ထိုစွမ်းအင်များသာ ကုန်ဆုံးသွားပါက မည်သို့မှ သုံး၍ရတော့မည် မဟုတ်ချေ။
ထိုသို့ဆိုသော်ငြား ရဲရှောင်တွင် လင်းဝုရှဲ့ မသိနိုင်သည့် ဝှက်ဖဲတစ်ခုရှိနေသည်။
ထိုဝှက်ဖဲက ရဲရှောင်၏ အံ့ဩဖွယ် ရှေးဦးခရမ်းရောင်ချီဓာတ်များပင်ဖြစ်၏။
ထိုချီဓာတ်များကြောင့် ရဲရှောင်က အားနည်းနေသေးသည့်တိုင် မျှော်စင်ကို ကောင်းစွာ အသုံးချနိုင်စွမ်းရှိနေ သည်။
ထို့ပြင် လင်းဝုရှဲ့မသိသည့် နောက်ထပ်အချက်တစ်ချက်လည်းရှိသေးသည်။
ရဲရှောင်၏ ရွှေဟင်းလင်းပြင်က သတ္တုများမှ စွမ်းအင်များကိုစုပ်ယူကာ ရွှေစွမ်းအင်အဆီအနှစ်အသစ်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိနေခြင်းပင်ဖြစ်၏။
သို့သော် ထိုအခြင်းအရာက ချင်းရန်နယ်ပယ်နှင့် မော်တယ်ကမ္ဘာတို့တွင် အလုပ်မဖြစ်ခဲ့ချေ။
ရှေးဟောင်းစွန့်ပစ်နယ်မြေအတွင်း လက်နက်အပိုင်းအစများကိုရရှိပြီးမှသာ အလုပ်ဖြစ်ခဲ့လေသည်။
တစ်နည်းအားဖြင့် ထိုအချိန်မှ ရွှေဟင်းလင်းပြင်ကြီးက တိုးတက်ခဲ့ပြီး ရွှေစွမ်းအင်အဆီအနှစ်များစွာကို ပြု လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ရဲရှောင်အဖို့ အားနည်းနေသေးသည့်တိုင် ထိုစွမ်းအင်များဖြင့် မျှော်စင်ကို အချိန်အတော်ကြာ အသုံးပြုနိုင်တော့မည်ဖြစ်သည်။
ယခုအချိန်တွင်မူ သူ၏ရတနာများကို ကောင်းစွာထုတ်ပြရမည့် အခွင့်အရေးရရှိလာခဲ့ချေပြီ။
အကယ်၍ ထိုအခွင့်အရေးကို အသုံးမချနိုင်ပါက သူ့ကို အထင်သေးသွားနိုင်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now