1181-----1182

103 7 1
                                    

အခန်း (၁၁၈၁)(စာစဉ် ၈၅- အပိုင်း ၅)

“နှစ်ဦးသား ပြေးလွှားခြင်း”

ရဲရှောင်မှာ ကူရာကယ်ရာ မဲ့သလိုပင် ခံစားနေရ၏။

နောက်မှ လိုက်ပါလာသော လူက သူတို့နှစ်ဦးအား တစ်ချက်တည်းဖြင့် အစဖျောက်ပစ်နိုင်သည် မဟုတ်ပါ လား။

ဟန်ပိုင်ယွဲ့မှာမူ နောက်မှ ပါလာသော လူကို မည် သူမည်ဝါမှန်း မသိ၍ ပို၍ပင် ထိတ်လန့်နေမိသည်။

မသိမမြင်ရသော အရာများကို ပိုမို၍ ထိတ်လန့် တတ်ကြသည်မှာ လူသားတို့၏ သဘာဝပါပင်။

ထို့ကြောင့် ဟန်ပိုင်ယွဲ့၏ စိတ်ထဲ၌ အချိန်ကြာလာ သည်နှင့်အမျှ စိုးရိမ်မှုက တဖြည်းဖြည်း ကြီးမား၍သာ လာတော့သည်။

(ငါတော့ တကယ်ကို ကြောက်နေမိပြီ . . .)

သို့သော် ထိုစိတ်ကို ချိုးနှိမ်ကာ အကောင်းဆုံးသာ ဆက်၍ ဟန်ဆောင်နေလိုက်သည်။

“တကယ်ပဲလား ဒီလောက် ပမာဏလောက်လေး က မင်းကို တကယ်ပဲ အားကုန်စေတယ်ပေါ့လေ . . .”

“တကယ်ပါဗျာ ကျုပ်တကယ်ကို အားကုန်နေတာ”

ရဲရှောင်လည်း ပြောပြောဆိုဆိုဖြင့် ထိုင်လိုက်ရင်း ရေထုတ်သောက်လိုက်သည်။

“ဟိုမှာတုန်းက ခင်ဗျား ကျုပ်ကို စိတ်ချင်းဆက် သွယ်ပြီး ပြောခဲ့တယ်မလား၊ ကျုပ်ဒီလိုမျိုး လူတွေကို အန္တရာယ်အကြောင်း မပြောပြသင့်ဘူးလို့ ပြောခဲ့တယ် လေ၊ အခု ကျုပ်တို့က အန္တရာယ်ကနေ လွတ်လာပြီ၊ ကျုပ်တို့ ပြန်သွားကြရင်ရော ဘယ်လိုလဲ၊ အဲဒီနေရာမှာ တိုက်ပွဲတွေ ဘာတွေလည်း ပြီးသွားလောက်ပြီဆိုတော့ အသီးတွေသာ ပြန်ပေါ်လာရင် ကျုပ်တို့အတွက် အခွင့် အရေး ရှိလာမှာပဲလေ . . .”

ရဲရှောင်က မျှော်လင့်ချက်များ ပြည့်နေသည့် မျက် လုံးများဖြင့် ပြောလိုက်၏။

ထိုစကားကို သူလိမ်လည်ပြောဆိုနေခြင်း မဟုတ် ဘဲ နောက်မှ လိုက်ပါလာသည့် လူ၏လက်မှ လွတ်နိုင် မည့် နည်းလမ်းကို တွေးတောမိသွား၍ ဖြစ်သည်။

“ဘာ ပြန်သွားမယ် ဟုတ်လား . . .”

ဟန်ပိုင်ယွဲ့ စိတ်ထဲ နားမလည်နိုင်အောင် ဖြစ်သွား လေသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now