1251-------1252

118 6 0
                                    

အခန်း (၁၂၅၁)(စာစဉ် ၉၀- အပိုင်း၅)
“ဈေးအကြီးဆုံး ငှားရမ်းခ”

ဟင်းလင်းပြင်ကြီးထဲတွင် ဖြစ်၏။
အားဟူမှာ အသီးများဖြင့် အလုပ်ရှုပ်နေလျက် ရှိ သည်။
လူသုံးယောက် အဆင့်တက်ခြင်းမှ ရရှိလာသော အကျိုးအမြတ်များကြောင့် အသီးများမှာ သူ့အတွက် မည်မျှထိ အကျိုးရှိကြောင်းကို အားဟူ သိနေသည်။
အံ့ဩဖွယ်ရာ ချီဓာတ်များကို နောက်ဆုံးအကြိမ် စုပ်ယူပြီးနောက် သူသည်လည်း အဆင့်အသစ်သို့ တက်နိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည် မဟုတ် ပါလား။
ထို့ကြောင့် အားဟူမှာ စိတ်အားထက်သန်စွာဖြင့် အလုပ်များ ကြိုးစားလုပ်နေခြင်း ဖြစ်သည်။
ရဲရှောင်ပင်လျှင် အားဟူ ထိုမျှလောက်ထိ ကြိုးစား နေ၍ အံ့ဩနေမိလေသည်။
“ဒါကငပျင်းကြောင်ရော ဟုတ်ရဲ့လား ဘာလို့ ဒီ လောက်ထိ ကြိုးစားနေရတာလဲ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို တစ်ယောက်ယောက် ဝင်ပူးနေတာများလား၊ ဒါကြီး ကတော့ မဖြစ်နိုင်ဘူး . . .”
မည်သို့ပင်ဆိုစေကာမူ အားဟူမှာ ကြိုးစားပမ်းစား ဖြင့် အသီးမှ မသန့်စင်မှုများကို ဖယ်ရှားကာ တစ်လုံး တည်းဖြစ်အောင် ပေါင်းစပ်ပေးခဲ့သည်။
ထိုသို့လုပ်ပြီးသည့် အသီးများမှာလည်း ရဲရှောင်ထံ ၌ ရှိနေပြီ ဖြစ်သည်။
ထိုအချိန် လင်းယုန်ကြီးမှာမူ ကောင်းကင်ထက်၌ လျင်မြန်စွာ ပျံသန်းနေလျက် ရှိသည်။
အသီးများ၏ အကျိုးအမြတ်ကို သိနေသော လင်း ယုန်ကြီးမှာလည်း သူသာ ကောင်းကောင်းမွန်မွန် နေ ပါကရဲရှောင်ထံမှ အကျိုးအမြတ်များ ရနိုင်ကြောင်းကို သိနေသည်။
ထို့ကြောင့် ရဲရှောင်အား သခင်အဖြစ် သတ်မှတ် လိုက်ခြင်းက သူ့အတွက် ပျော်ရွှင်ဖွယ်အတိပင် ဖြစ်‌ နေသည်။
ရဲရှောင်မှာလည်း လင်းယုန်ကြီးကို အသီးကျွေးရန် ကြိုးစားခဲ့သည်။
လင်းယုန်ကြီး ကိုယ်တိုင်မှာလည်း အသီးနှင့် သူ၏ ခန္ဓာကိုယ်က လိုက်လျောညီထွေမှု ရှိနေသည်ကို ခံစား နေမိသည်။
စင်စစ် အသီးမှာ မူလတာအို အဆင့်ရှိသည့် လူ သားများထက် လင်းယုန်ကြီး၏ ခန္ဓာကိုယ်နှင့် ပို၍ သင့်တော်နေခြင်းပါပင်။
ထို့ကြောင့် အသီးကို စားလိုက်ချိန် မည်သည့်စွမ်း အင်မှ ပျောက်ကွယ်သွားမည် မဟုတ်ဘဲ စွမ်းအင်အား လုံးကို စုပ်ယူနိုင်မည် ဖြစ်သည်။
သို့သော် ထိုစွမ်းအားများ အကုန်လုံးကို ချေဖျက် သန့်စင်လိုက်မည် ဆိုပါက ချက်ချင်းပင် ကောင်းကင် ဘုံအထက် လူသားနယ်ပယ်သို့ ရောက်ရှိသွားပေလိမ့် မည်။
တစ်နည်းအားဖြင့် စွမ်းအင်များက အကန့်အသတ် ထက် ကျော်လွန်သွားမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့ကြောင့် လင်းယုန်ကြီးမှာ တွေဝေတုန့်ဆိုင်းနေ ရခြင်းပါပင်။
လင်းယုန်ကြီးမှာ တစ်ကိုယ်တည်း နှစ်ပေါင်းများ စွာ အဖော်မဲ့ခဲ့ရပြီး ရဲရှောင်နှင့် ဆုံတွေ့ခဲ့ရသည်။
ထို့ပြင် အားဟူနှင့်လည်း မိတ်ဆွေဖြစ်ခဲ့ရသည်။
လင်းယုန်ကြီးအဖို့ ယခုကဲ့သို့သော အခြေအနေမျိုး နှင့် ခွဲခွာလိုခြင်း မရှိသေးပေ။
အကယ်၍ ရဲရှောင်၊ အားဟူတို့နှင့်သာ မဆုံတွေ့ခဲ့ ရပါကသေချာပေါက်ပင် အသီးကို သန့်စင်အောင်ချေ ဖျက်၍ တွေဝေတုန့်ဆိုင်းခြင်း မရှိဘဲ ကမ္ဘာအသစ်သို့ တက်လှမ်းသွားမည်သာ။
သို့သော် မိတ်ဆွေဆိုသော အရာနှင့် နွေးထွေးကြင် နာမှုများကို ခံစားနေရပြီဖြစ်၍ မည်မျှထိ သာလွန်နေ သော အရာဖြစ်နေပါစေ မလဲလိုတော့ချေ။
(ဘယ်လောက်ပဲဖြစ်ဖြစ် ငါစောင့်နိုင်တယ်၊ ငါတို့ တွေ အတူတူတက်လို့ရတာပဲ၊ ငါကနှစ်ပေါင်းများစွာ အထီးကျန်ပြီးသွားပြီ ဒါပေမယ့် အခုငါ့မှာ မိသားစုနဲ့ တူတဲ့ လူတွေရှိနေပြီ၊ ဘာလို့ ငါကအလျဉ်လိုနေရမှာ လဲ၊ ငါထပ်ပြီး အထီးမကျန်ချင်တော့ဘူး . . .)
ဤသည်က လင်းယုန်ကြီး၏ ရွေးချယ်မှုပင် ဖြစ် ၏။
ထိုရွေးချယ်မှုကို အားဟူပင်လျှင် အထင်ကြီးသွား ပြီး စိတ်ထဲ၌လည်း ကျေနပ်သွားမိသည်။
(ဒီငှက်က ငါ့ထက် အားနည်းတယ် ဆိုပေမယ့် အဖော်မွန်ကောင်း တစ်ယောက်တော့ ဖြစ်သားပဲ၊ ဘာ ပဲဖြစ်ဖြစ်လေ အနည်းဆုံးတော့ အထီးမကျန်ရတော့ ဘူးပေါ့ . . .)
အားဟူမှာ ထိုသို့တွေးရင်း သွားများပင်ပေါ်အောင် ပြုံးကာ ကျေနပ်နေမိသည်။
(အင်း ငါ့ရဲ့ စွမ်းအင်တွေသာ အကုန်လုံး ပြန်ရရင် ဒီကောင်ကြီးကို နည်းနည်းလောက်ဖြစ်ဖြစ် ကူညီပေး ရင် ကောင်းမလား . . .)
(ကမ္ဘာဦးသားရဲကြီး ၁၂ မျိုးမှာ အသစ်တစ်ကောင် အဖြစ် ပါဝင်သွားအောင် လုပ်ပေးလိုက်သင့်လား . . .)
ဆရာကြောင် တစ်ဖြစ်လဲ အားဟူမှာ ဟိတ်ဟန် အပြည့်ဖြင့်ပင် အတွေးနယ်ချဲ့နေမိသည်။
နောက်ဆုံးတွင် အားဟူမှာ ကျေနပ်ဟန်ဖြင့် လင်း ယုန်ကြီးအား -
“ညောင် . . .”
“သေချာမှတ်ထား မင်းရဲ့ဆရာကို မင်းလေးစားရ မယ်၊ အမြဲတမ်း ကောင်းတဲ့စကားတွေပဲ ပြောရမယ်၊ အချိန်ကျလာရင် မင်းထိုက်သင့်တာကို မင်းခံစားရမှာ ပေါ့ . . .”
လင်းယုန်ကြီးမှာမူ အားဟူ၏ အခြေအနေကို မသိ ခဲ့၍ အားဟူအပေါ် အထင်သေးသလို ဖြစ်ခဲ့မိသည်။
တစ်ခါတစ်ရံတွင် ၎င်း၏ တောင်ပံကြီးများကိုဖြန့် ၍ အားဟူကို တိုက်ခိုက်မည်အထိ ပြင်ခဲ့ဖူးသည်။
လက်ရှိအချိန်တွင် အားဟူမှာ လင်းယုန်ကြီးကို တိုက်ခိုက်နိုင်စွမ်း မရှိသေးသော်လည်း ကံကောင်းစွာ ဖြင့်ပင် အားဟူမှာ လျင်မြန်စွာ လှုပ်ရှားနိုင်နေသည်။
ထိုသို့သာ မဟုတ်ပါက အားဟူလည်း လင်းယုန် ကြီး၏ တိုက်ခိုက်မှုကို ခံရမည်သာ။
ထိုသို့ မတည့်အတူ နေလာရင်းဖြင့် အားဟူမှာ လင်းယုန်ကြီးအပေါ် ညီအစ်ကို တစ်ဦးကဲ့သို့ပင် မှတ် ယူလာမိသည်။
သို့သော် လင်းယုန်ကြီးမှာမူ အားဟူကို ထိုမျှအထိ မမှတ်ယူနိုင်သေးပေ။
ဥမှပေါက်လာပြီးကတည်းက ရဲရှောင်မှလွဲ၍ ကျန် သော သက်ရှိများကို စိတ်မဝင်စားခဲ့သော အားဟူအဖို့ လင်းယုန်ကြီး၏ ထိုတုန့်ပြန်မှုအပေါ် မကျေမချမ်းဖြစ် ခဲ့ရသည်။
(ငါသာ ငါ့ရဲ့ ထိပ်ဆုံးအခြေအနေကို ပြန်ရောက် လို့ကတော့ ဒီငှက်စုတ်ကို ပညာပြရသေးတာပေါ့ . . .)
. . .
“ဒီမှာပဲ အမှောင်တောအုပ် ငါတို့ရဲ့ ဦးတည်ရာကို ရောက်ပြီ . . .”
ဟန်ပိုင်ယွဲ့မှာ လင်းယုန်ကြီး၏ ကျောပေါ်၌ မတ် တပ်ရပ်ရင်း ရှေ့သို့ ညွှန်ပြလိုက်သည်။
“ဆရာသမား မင်းအရင်တုန်းက ဒီနေရာမှာ ခက်ခဲ တဲ့ တိုက်ပွဲကို ရင်ဆိုင်ခဲ့ရတယ်မလား၊ တိုက်ပွဲလည်း ပြီးရော ဒီတောအုပ်က ဂိုဏ်းတွေရဲ့ ဂိုဏ်းသားတွေ လေ့ကျင့်ရာနေရာ ဖြစ်လာတယ် . . .”
“အခု ကြည့်စမ်းပါဦး အဆင့်မြင့်သားရဲကြီးတွေဆို တာတောင် မရှိတော့ဘူး၊ ပြီးတော့ အရင်လိုမဟုတ်ဘဲ ခြောက်တောင် ခြောက်သွေ့နေသလိုပဲ . . .”
“အဆင့်မြင့်သားရဲကြီးတွေ ဟုတ်လား . . .”
ရဲရှောင်မှာ ဆေးတောင်ကြီး၏ စတုတ္ထအလွှာရှိ ဝိညာဉ် သားရဲများစွာကို အားဟူ၏ အကူအညီဖြင့် အပိုင်ရရှိနိုင်ခဲ့သည်။
ယခု ဟန်ပိုင်ယွဲ့သာ သားရဲအကြောင်း စကားမစ ခဲ့ပါက သူ့အနေဖြင့် ထိုကိစ္စကို မေ့လျော့ကောင်း မေ့ လျော့နိုင်ပေသေးသည်။
သို့သော် ယခုအခါ ဟန်ပိုင်ယွဲ့မှ အစဖော်ပေး လိုက်၍ ရဲရှောင် စိတ်ထဲ အကြံတစ်ခု ချက်ချင်း ရသွား ခဲ့သည်။
ထိုသားရဲအုပ်ကြီးက သူ့အတွက် တိုက်ခိုက်ပေးနိုင် မည် မဟုတ်ပါလား။
သူ့အနေဖြင့် အဆိုပါသားရဲများကို အမိန့်ပေးနိုင် ခြင်း မရှိသည့်တိုင်အောင် အားဟူမှာမူ အမိန့်ပေးနိုင် လိမ့်မည်။
(အားဟူက ရှေးဦးသားရဲ တစ်ကောင်ပဲ၊ မြွေတွေ ကိုပဲ ကြည့်လေ သူတို့က အခုဆိုရင် ဟင်းလင်းပြင်ထဲ မှာ စွမ်းအင်တွေကို စုပ်ယူပြီး အများကြီး အစွမ်းထက် လာကြပြီ၊ ဒီမြွေတွေသာ အပြင်ကမ္ဘာကို ရောက်သွား မယ်ဆိုရင် တကယ့်ကို အဆင့်မြင့်သားရဲကြီးတွေ ဖြစ် နေမှာပဲ . . .)
(ဒါပေမယ့် သူတို့ဘာသာ ဘယ်လောက်ပဲ အဆင့် မြင့်မြင့်၊ အစွမ်းထက်ထက် အားလုံးက အားဟူကို ဦး ညွှတ်ရတယ်၊ အားဟူရဲ့ အမိန့်ကို နာခံရတယ် . . .)
(အဟက် အဟက် ဒါဆိုရင် ငါ့လက်ထဲမှာ ဝှက်ဖဲ တစ်ချပ် ရှိနေတဲ့ သဘောပဲ . . .)
(ဆေးတောင်ကြီးရဲ့ လေးလွှာက သားရဲတွေသာ အတူတူ တိုက်ခိုက်ကြမယ်ဆိုရင် ဝုဖတို့ ရွှမ်ပိုင်တို့လို လူမျိုးတွေတောင် ခံနိုင်မယ် မထင်ဘူး . . .)
ရဲရှောင်မှာ တိုက်ခိုက်ရမည့်အကြောင်း လေးလေး နက်နက်ပင် စဉ်းစားနေမိသည်။
သူတွေးသည့်အတိုင်း သားရဲများ၏ အကူအညီဖြင့် သာ ဆိုပါက ဂိုဏ်းသုံးခုလုံးမှ လူများအားလုံးကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိမည်မှာ မလွဲဧကန်ပင်။
ရဲရှောင် ထိုသို့ တွေးနေစဉ်မှာပင် အဝေးတစ်နေရာ မှ ဓားစွမ်းအင်တစ်ခုကို အာရုံခံမိလိုက်သည်။
လင်းယုန်ကြီး၏ ကျောပေါ်၌ ရှိနေသေးသည့်တိုင် ကောင်းစွာ အာရုံခံမိလိုက်ခြင်း ဖြစ်သည်။
“အဲဒီမှာ ထိပ်သီးပညာရှင် တစ်ယောက် တိုက်ခိုက် နေတာပဲ . . .”
ရဲရှောင် ထိုနေရာသို့ မျှော်ကြည့်ရင်း ရေရွတ်လိုက် သည်။
“အဲဒီလို တိုက်ခိုက်နေတယ် ဆိုကတည်းက သူတို့ တွေက ငါ့မိဘတွေနဲ့ ငါ့ညီမတွေကို နာကျင်အောင် လုပ်ချင်နေတဲ့ လူတွေပဲ ဖြစ်ရမယ်၊ ဒီမှာက ဘယ်သူမှ အကြောင်းမဲ့ လာတိုက်ခိုက်နေမှာ မဟုတ်ဘူးလေ”
“လာ ငါတို့ သွားကြည့်ကြစို့ . . .”
ရဲရှောင်လည်း လင်းယုန်ကြီး၏ ခေါင်းကို ညင်သာ စွာ ပွတ်ရင်း ပြောလိုက်၏။
လင်းယုန်ကြီးမှာလည်း ကျယ်လောင်စွာ အော် ဟစ်လိုက်ပြီး အမှောင်တောအုပ်အတွင်းသို့ မြားတစ် စင်း ပစ်ခွင်းလိုက်သကဲ့သို့ တိုးဝင်သွားပါတော့သည်။
တစ်ချိန်တည်းမှာပင် ရဲရှောင်မှ ဟင်းလင်းပြင်ကြီး ထဲ၌ အလုပ်ရှုပ်နေသော အားဟူအား -
“အားဟူ မင်း ဆေးတောင်ကြီးက သားရဲတွေကို သုံးလို့ရနိုင်လား . . .”
“ညောင် . . .”
အားဟူမှာမူ ထိုသို့ အသံပြုလိုက်ရင်း ရဲရှောင်အား ကြည့်ကာ တွေးလိုက်မိသည်။
(သုံးလို့ ရနိုင်လားဆိုတာ ဘာကိုပြောတာလဲ၊ သုံး မယ် ဟုတ်လား ဒါကထူးခြားတဲ့ စကားလုံးပဲ၊ သားရဲ တွေကို စားမယ်ဆိုတာကမှ နားထောင်လို့ ကောင်းနေ သေးတယ် . . .)
ထိုသို့တွေးမိလိုက်ချိန် အားဟူမှာ နှုတ်ခမ်းကို လျှာ ဖြင့်ပင် သပ်လိုက်မိသည်။
ထို့နောက် ရဲရှောင်အား စိတ်ချင်းဆက်သွယ်၍ -
“ဘာလို့လဲတော့ မသိဘူး အရသာတော့ ကောင်း မယ် ထင်တယ်၊ ဒီကောင်တွေက ချင်းရန်နယ်ပယ်က သားရဲတွေဆိုတော့ အားအများကြီး မရှိလောက်ဘူး၊ အဲဒီတော့ ကျုပ်လည်း အများကြီးမစားချင်ဘူး၊ နည်း နည်းလောက် စမ်းကြည့်တာပေါ့၊ အရသာကတော့ ကောင်းနိုင်ပါတယ်၊ တစ်ချို့ဟာတွေက အရသာတော့ မရှိပေမယ့် အာဟာရတော့ ဖြစ်နိုင်တယ်လေ . . .”
“ပါးစပ်ပိတ်ထားလိုက်စမ်း အရူးကောင် မင်းက စားဖို့သောက်ဖို့ပဲ တွေးနေ၊ ငါကသူတို့ကို တိုက်ပွဲမှာ တိုက်ဖို့အတွက် သုံးချင်တာ . . .”
ရဲရှောင်မှ အားဟူကို မာန်မဲရင်း ပြောလိုက်၏။
“ဒါပေါ့ သူတို့တွေက ကျုပ်အတွက် တိုက်ခိုက်ပေး ကြမှာ . . .”
အားဟူမှ ခေါင်းကိုမော့ရင်း ပြန်ပြောလိုက်သည်။
“ဒီသားရဲတွေက ကျုပ်ရဲ့ အသုံးတော်ခံတွေပဲ၊ သူ တို့ကို စားချင်စားနိုင်တယ်၊ လုပ်ချင်တာကိုလည်း လုပ် ခိုင်းလို့ရတယ်၊ မနာခံတဲ့ကောင်ရှိရင် ချက်ချင်းပဲ ကျုပ် က စားပစ်လိုက်မှာ၊ မယုံရင်စမ်းကြည့်လိုက်လေ . . .”
ရဲရှောင်လည်း အားဟူကို ကြည့်ရင်း အံ့ဩသွားမိ သည်။
(မင်းက စားဖို့ကလွဲပြီး ကျန်တာ ဘာမှကို မတွေး တတ်တော့ဘူးလား . . .)
(ကြည့်စမ်းပါဦး မင်းက ငါ့လက်သီးဆုပ်လောက်ပဲ ရှိတယ်၊ ဟိုကသားရဲတွေကဖြင့် မင်းထက် အဆပေါင်း ရာထောင်ချီလောက်ကို ကြီးတယ်၊ အဲဒါတောင် မင်း က သူတို့ကို စားဖို့ တွေးနေတယ်ပေါ့ . . .)
သို့သော် သူမည်သို့ တွေးနေမိပါစေ အားဟူ၏ အစွမ်းနှင့် ပတ်သက်လျှင်မူ သံသယမဖြစ်မိချေ။
အားဟူက မြွေများကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိနေ သည် မဟုတ်ပါလား။
“ဟုတ်ပြီ ဒါဆိုလည်း ငါတို့ တိုက်ခိုက်ဖို့ လိုနေပြီ ဆိုတဲ့အကြောင်း သူတို့ကို သွားပြောလိုက်စမ်းပါ၊ မင်း က သူတို့ကို ဦးဆောင်ပြီး ထွက်သွားလိုက်ပေါ့၊ သားရဲ တွေ အစွမ်းနဲ့ ကမ္ဘာကြီးကို အုပ်စိုးကြမယ် . . .”
ရဲရှောင်မှ ပြုံးလျက် ပြောလိုက်၏။
“ညောင် . . .”
အားဟူလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြ လိုက်သည်။
ရဲရှောင် ပြောလိုက်သည်မှာ လွယ်ကူသော အလုပ် ဖြစ်သော်လည်း နောက်ဆုံး ပြောလိုက်သော စကားမှာ မူ အားဟူကို စိတ်လှုပ်ရှားသွားစေခဲ့သည်။
‘သားရဲအစွမ်းနှင့် ကမ္ဘာကြီးကို အုပ်စိုးမည်’ ဆို သော စကားပင် ဖြစ်၏။
ထိုစကားအတိုင်း များပြားလှသော သားရဲအုပ်ကြီး ကို မည်သူကမှ တားဆီးနိုင်စွမ်း ရှိလိမ့်မည် မဟုတ် ပေ။
ထိုအချိန်တွင် အားဟူမှာ အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်ရပေလိမ့်မည်။
(အဲဒီနေ့ ရောက်လာရင် ငါကဘုရင်တစ်ပါး ဖြစ် လာမှာပဲ၊ သနားစရာ လင်းယုန်လေးကတော့ ငါ့ခြေ ထောက်အောက်မှာ ခစားပြီး ခေါင်းဆောင်ကြီး ခေါင်း ဆောင်ကြီးနဲ့ ခေါ်နေရမှာပေါ့ . . .)
(သူငါ့ကို အဲဒီလို တောင်းပန်တဲ့အချိန် ငါကထပ် တလဲလဲကို ငြင်းဆန်ပစ်ဦးမှာ . . .)
တကယ်တမ်းတွင် အားဟူမှာ ရဲရှောင်၏ ဟန်ပန် အမူအယာများ လွှမ်းမိုးနေခြင်း ဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ မော်ကြွားနေရခြင်းပါပင်။
သို့သော် ဤသည်မှာ အားဟူ၏ အိပ်မက်သာ ဖြစ် ၏။
အကြောင်းမှာ ဆေးတောင်ကြီးရှိ သားရဲများမှာ တိုက်ခိုက်လိုစိတ် မရှိသောကြောင့် ဖြစ်သည်။
ထိုသို့ မရှိရခြင်းမှာလည်း ၎င်းတို့ထံ၌ အကြောင်း အရင်း ၂ ချက် ရှိနေသည်။
ပထမအချက်အနေဖြင့် ရဲရှောင်မှာ ဆေးတောင် ကြီး တစ်ခုလုံးကို အုပ်စိုးနိုင်ခြင်းမရှိသေး၍ ဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခိုင်းနေ၍ ၎င်းတို့ စိတ်ထဲ၌ မကျေမချမ်းပင် ဖြစ်နေမိသည်။
(တောင်တစ်တောင်လုံးကိုတောင် လွှမ်းမိုးနိုင်စွမ်း မရှိသေးဘဲနဲ့ သူက ဆရာကြီး လုပ်ချင်နေတာလား၊ ဒါကမဖြစ်နိုင်ဘူး . . .)
အားဟူအဖို့ စိတ်အနှောက်အယှက် ဖြစ်ရသည်မှာ သူ၏ စွမ်းအားများမှာ ဟင်းလင်းပြင်အတွင်းရှိ ဆေး တောင်ကြီး၏ စတုတ္ထအလွှာတွင် အလုပ်မဖြစ်သော ကြောင့် ဖြစ်သည်။
အားဟူမှာ ကမ္ဘာဦးသားရဲ ဖြစ်သောကြောင့် သား ရဲများက အားဟူအပေါ်တွင် လေးစားမှု ပြလိမ့်မည်။
သို့သော် အားဟူ၏ စွမ်းအား အစစ်အမှန်ကိုမူ မမြင်တွေ့ဖူးကြသေးချေ။
ထို့ကြောင့် အားဟူ၏ အမိန့်အောက်တွင် တိုက်ပွဲ ကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလို ဖြစ်နေသည်။
အားဟူလည်း ထိုသို့ ဖြစ်နေသည့် သားရဲများ ကြောင့် အကြီးအကျယ်ပင် ဒေါသထွက်နေမိသည်။
(ငါကဖြင့် ငါ့သခင်ကို အာမခံပြီးသွားပြီ၊ အခုကျ ကြည့်ပါဦး မင်းတို့က ငါ့ဦးဆောင်မှုနောက်ကို မလိုက် ချင်ကြဘူးပေါ့ . . .)
(ငါ့ကို မင်းတို့ နည်းနည်းပါးပါး လေးစားမှု ပေးရ မယ်လို့ မထင်ဘူးလား၊ ငါကကမ္ဘာဦး သားရဲကြီး တစ် ကောင်လေ . . .)
အားဟူလည်း သည်းမခံနိုင်တော့၍ နောက်ဆုံး တွင် ဝိညာဉ်သားရဲဖြစ်သော ကျားကြီးတစ်ကောင်၏ လက်ကိုဆွဲကာ ထိုမေးခွန်းအား မေးလိုက်၏။
ထိုအခါ ကျားကြီး၏ အဖြေကြောင့် အားဟူလည်း ထိတ်လန့်သွားရတော့သည်။
“ကျားလေး နားထောင်စမ်း . . .”
“ငါကအစွမ်းထက်တဲ့ ကြောင်တစ်ကောင်ဆိုတာ ကို မင်းသိတယ်မလား၊ အဲဒီတော့ကွာ မင်းက ငါ့ရဲ့ အကူအဖြစ် ရှိပေးနိုင်မယ်မလား . . .”
“လုံးဝပဲ မလုပ်နိုင်ဘူး . . .”
“နေစမ်းပါဦး ဘာ ဘာပြောလိုက်တယ် . . .”
“ငါကမွေးကတည်းက အရည်အချင်းတွေ အပြည့် နဲ့ မွေးဖွားလာတာ၊ ငါ့ရှေ့မှာ အနာဂတ်လမ်းကြီးက ဖြောင့်ဖြူးနေတာ၊ ငါ့ရဲ့ အောင်မြင်မှုတွေ ဆိုတာက လည်း အတိုင်းအဆ မရှိအောင် ဖြစ်နေမှာ၊ အဲဒီတော့ မင်းတို့က ငါ့နောက်လိုက်ရတာကိုပဲ ဂုဏ်ယူနေရမှာ မဟုတ်ဘူးလား၊ ဒါကိုမင်းနားလည်တယ်မလား . . .”
“ငါနားလည်တယ် မင်းပြောတာက မှန်ပါတယ်”
“နေဦး မင်းနားလည်တယ်မလား ငါဘယ်သူလဲဆို တာကိုရော မင်းသိတယ်မလား . . .”
“သိတယ်လေ ငါတို့အားလုံး မင်းကို လေးစားနေ တာ ဘာကြောင့်လို့ ထင်လို့လဲ၊ မင်းက ပါရမီရှင်ဆို တာကို ငါသိပါတယ်၊ အဆင့်မြင့်တဲ့ သားရဲဆိုတာကို လည်း သိတယ် . . .”
“ဒါဆို မင်းတို့က ဘာလို့ ငါ့စကားကို နားမထောင် ရတာလဲ၊ မင်းတို့က အဆင့်မြင့်သားရဲတွေ ဆိုပေမယ့် လူအဆင့်နဲ့တွက်ရင် မူလတာအို အဆင့်ကိုးလောက်ပဲ ရှိမှာ၊ တကယ်တော့ မင်းက မူလတာအို အဆင့်ကိုးလူ ထက်တောင် အားနည်းနိုင်သေးတယ်၊ ဒါတောင် ငါ့ကို မင်းတို့ရဲ့ ဆရာအဖြစ် လက်မခံနိုင်ရတာလဲ . . .”
“မင်းပြောတာလည်း မင်းကြည့်ဦး မင်းက မွေးက တည်းက အရာရာ ပြည့်စုံတယ်ပေါ့ ဟုတ်လား၊ မင်း မှာ အနာဂတ်တွေလည်း အများကြီး ရှိတယ်ပေါ့လေ၊ မင်းရဲ့ အောင်မြင်မှုတွေကလည်း အတိုင်းအဆမရှိ ဖြစ်မှာပေါ့ ဟုတ်လား၊ ဒီလိုဖြစ်မယ်ဆိုတာကို ငါသိပါ တယ် ဒါပေမယ့် အနာဂတ်ကို အာရုံစိုက်မယ့်အစား လက်ရှိကိုပဲ စဉ်းစားကြည့်ရအောင် . . .”
“ငါတို့သားရဲတွေဆိုတာ လက်ရှိအချိန်ကိုပဲ အာရုံ စိုက်တယ်၊ မနက်ဖြန် ဘာတွေ ပြောင်းလဲမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ မင်းငါတို့ကို ပြောတဲ့အလုပ်က ငါတို့အတွက် ဘာမှ ကောင်းကျိုးရနိုင်မယ့် အလုပ် လည်း မဟုတ်ဘူး . . .”
“ငါတို့က ဝိညာဉ်သားရဲတွေလေ၊ သားရဲတွေကိုမှ ထိပ်သီးသားရဲတွေ ရူးမိုက်တဲ့ တိရစ္ဆာန်တွေ မဟုတ် ဘူး . . .”
“ဘာ ကောင်းပြီ နားထောင် ငါ့မှာ နောက်လိုက် အချို့ရှိတယ်၊ သူတို့ကလည်း သားရဲတွေပဲ ဒါဆိုရင် သူ တို့ကကျ ဘာလို့ ငါ့အမိန့်ကို နာခံရတာလဲ၊ ငါကအရှေ့ ကိုသွားလို့ ပြောရင် သူတို့က အနောက်ကို မသွားရဲ ဘူး၊ ငါ့စကားကိုပဲ နားထောင်တာ ဒါပေမယ့် သူတို့က ထိပ်သီးသားရဲတွေ မဟုတ်သေးဘူး၊ မင်းဆိုလိုချင်တဲ့ သဘောက သူတို့သာ ထိပ်သီးသားရဲတွေ ဖြစ်သွားရင် ငါ့စကားကို နားထောင်ကြတော့ဘူးလို့ ပြောချင်တာ လား အဟမ့် . . .”
“ငါသိပြီ မင်းက အတွေးလွန်နေတာပဲ၊ သူတို့ရဲ့ အခြေအနေကို ငါသိပါတယ်၊ မင်းရဲ့ နောက်လိုက်တွေ က ငါတို့နဲ့ မတူဘူး၊ သူတို့က ထိပ်တန်းသားရဲတွေ ဖြစ်လာရင်တောင်၊ ဒီကမ္ဘာရဲ့ သတ်မှတ်ချက်ကို ကျော် လွန်ရင်တောင် မင်းရဲ့ သစ္စာရှိ နောက်လိုက်တွေ ဖြစ် နေဦးမှာပဲ၊ သူတို့က မင်းကို ဟိုးအရင်ကတည်းက လေးစားခဲ့ကြတာလေ၊ အဲဒီတော့ မင်းက အားနည်း ပေမယ့် သူတို့က မင်းကို ကြောက်နေဦးမှာပဲ . . .”
“ဒါပေမယ့် ငါတို့ကတော့ မတူညီတဲ့ သားရဲတွေပဲ၊ ငါတို့တွေက မင်းယုံနိုင်ဖို့တောင် ခက်ခဲတဲ့ ကြမ်းတမ်း မှုတွေ၊ ခက်ခဲမှုတွေကို တွေ့ကြုံခံစားခဲ့ရပြီးပြီ၊ အဲဒီ တော့ မင်းရဲ့ စွမ်းအားတွေဆိုတာ ငါတို့အတွက် ဘာမှ မဟုတ်ဘူး . . .”
“မင်းက အင်အားအရာမှာ ထိပ်ဆုံးကို မရောက် သေးခင် ငါတို့က မင်းရဲ့ အမိန့်ကို နာခံမယ်များ ထင် နေတာလား၊ ငါတို့ကို စိတ်တိုအောင် လာလုပ်ရင် အား နာနေမှာ မဟုတ်ဘူး မင်းကို ရိုက်ပစ်မှာပဲ၊ အခု နား လည်ပြီလား ငါပြောတာ ရှင်းလား . . .”
ထိုစကားများကို ကြားလိုက်ရသောအခါ အားဟူ မှာ ခေါင်းထဲ မိုက်ခနဲပင် ဖြစ်သွားရသည်။
အားဟူအဖို့ ဆေးတောင်ကြီး၏ အကြောင်းကို ကောင်းစွာ သိနေသည်။
ထိုတောင်ကြီးမှာ စကြာဝဠာကြီး၏ အခြားတစ် ဖက်ခြမ်းရှိ အင်အားကြီးလှသည့် ပုဂ္ဂိုလ်တစ်ဦးမှ ချန် ရစ်ထားခဲ့သော ရတနာသိုက်ကြီးတစ်ခုပင် ဖြစ်သည်။
ထို့ကြောင့် ထိုနေရာရှိ သားရဲများမှာ နှစ်ပေါင်းများ စွာ ရှင်သန်ခဲ့နေထိုင်ခဲ့ပြီးကြပြီဖြစ်၍ အခက်အခဲမျိုးစုံ နှင့် ဒုက္ခမျိုးစုံကိုလည်း ကြုံဖူးခဲ့ကြပြီ ဖြစ်သည်။
ထိုသို့သော သားရဲများကို ယခုနယ်ပယ်ရှိ မည်သူ ကများ ခြိမ်းခြောက်နိုင်ပါမည်နည်း။
ထို့ပြင် ဆေးတောင်ကြီးကို ချန်ရစ်ခဲ့သည့် လူမှာ လည်း အားဟူ အစွမ်းထက်ဆုံး အခြေအနေသို့ ပြန် ရောက်လျှင်ပင် လက်ချောင်း တစ်ချောင်းတည်းဖြင့် အနိုင်ယူနိုင်မည့် လူမျိုး ဖြစ်သည်။
ထိုအချက်ကို တွေးမိသောအခါ အားဟူ စိတ်ထဲ ထိတ်လန့်သွားမိသည်။
ဆေးတောင်ကြီး၏ ပိုင်ရှင်မှာ အစွမ်းထက်နေသ ကဲ့သို့ ထိုတောင်ကြီးရှိ ဝိညာဉ်သားရဲများမှာလည်း အဆင့်မြင့်သားရဲများ ဖြစ်နေကြသည် မဟုတ်ပါလား။
သို့သော် ထိုသားရဲများမှာ အားဟူနှင့် ဆေးတောင် ကြီး၏ စတုတ္ထအလွှာကို လက်ရှိ ပိုင်ဆိုင်ထားသော ရဲရှောင်တို့၏ အစွမ်းကို ကောင်းစွာသိနေသည်။
ထိုသို့သာ မဟုတ်ပါက အားဟူကို ဝိုင်းဝန်းတိုက် ခိုက်ကြမည်ဖြစ်ပြီး အလွယ်တကူပင် သတ်ဖြတ်ပစ် ကြပေလိမ့်မည်။
မည်သို့ပင် ဆိုစေကာမူ လက်ရှိတွင် သားရဲများမှာ အားဟူကို အကူအညီမပေးရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။
အားဟူလည်း မကျေမချမ်း ဖြစ်နေရသည့်တိုင် မည်သို့မှ မတတ်နိုင်ဘဲ ဖြစ်နေရသည်။
သို့သော် အားဟူမှာ ဉာဏ်နည်းသည့် ကြောင်တစ် ကောင် မဟုတ်၍ ကျားကြီး ပြောခဲ့သည့် စကားအချို့ ကြောင့် မည်သို့ဖြေရှင်းရမည်ကို အကြံရသွားခဲ့သည်။
ကျားကြီးပြောခဲ့သည့် စကားမှာ -
“ငါတို့သားရဲတွေဆိုတာ လက်ရှိအချိန်ကိုပဲ အာရုံ စိုက်တယ်၊ မနက်ဖြန် ဘာတွေ ပြောင်းလဲမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ မင်းငါတို့ကို ပြောတဲ့အလုပ်က ငါတို့အတွက် ဘာမှ ကောင်းကျိုးရနိုင်မယ့် အလုပ် လည်း မဟုတ်ဘူး . . .”
ဆိုလိုသည်မှာ ၎င်းတို့အတွက် အကျိုးရှိမည် ဆိုပါ က ကူညီမည့် သဘောပင် မဟုတ်ပါလား။
ထို့ကြောင့် အားဟူလည်း သူ၏ အစီအစဉ်ကို ပြောင်းလိုက်ပြီးနောက် -
“ဒီမှာ ငါကမင်းတို့ကို ဘာအကျိုးမှမရှိဘဲ တိုက် ခိုက်ခိုင်းနေတာ မဟုတ်ဘူး၊ မင်းတို့ တစ်ကောင်ချင်းစီ က ငါ့ကိုတိုက်ပွဲမှာ တိုက်ခိုက်ဖို့ ကူညီမယ်ဆိုရင် ထူး ခြား အစွမ်းထက် ဆေးလုံးတစ်လုံး ပေးမယ် . . .”
“ထူးခြား အစွမ်းထက် ဆေးလုံးဆိုတာ နယ်ပယ် တွေမှာ အရမ်းရှားပါးတဲ့ ဆေးလုံးတွေနော်၊ ငါ့မှာပဲ လို ချင်သလောက် ရတာ၊ အဲဒီ ဆေးလုံးတွေနဲ့သာဆိုရင် မင်းတို့ရဲ့ ကျင့်ကြံမှုနှုန်းကို အနည်းဆုံးတော့ ငါးနှစ်စာ လောက် တိုးတက်သွားစေမှာပဲ . . .”
ထိုစကားကြောင့် လေးလွှာရှိ သားရဲများ၏ မျက် လုံးများမှာ အရောင် ဝင်းလက်သွားကြသည်။
ထို့နောက် အားဟူအား တစ်ကြိမ် တစ်ခါလောက် အကူအညီပေးရန် ဆုံးဖြတ်လိုက်ကြတော့သည်။
နောက်ဆုံးတွင် သဘောတူညီမှု ရရှိသွားပြီဖြစ်၍ အားဟူလည်း လေးလွှာမြောက်မှ ပြန်ထွက်ခွာလာခဲ့ သည်။
(ဒါကြီးက‌ တော်တော်ရှက်ဖို့ကောင်းတာပဲ၊ ငါက ငါ့သခင်ရဲ့ ဆေးလုံးတွေကိုတောင် သုံးရဦးမယ်၊ ဒီကိစ္စ ကို သူသိလို့ မဖြစ်ဘူး . . .)
အားဟူမှာ သူ့ဘာသာ ဆုံးဖြတ်၍ သူ့ဘာသာ ဖြေ ရှင်းနေမိသည်။
ရဲရှောင်မှာမူ သားရဲကြီးများနှင့် အားဟူ မည်သို့ ရင်ဆိုင်နေသည်ကို မသိချေ။
စင်စစ် အားဟူမှာ သားရဲများကို ဦးဆောင်မည် ဆိုခြင်းထက် ငှားရမ်းလိုက်ခြင်း ဖြစ်သည်။
ထိုသို့ လုပ်လိုက်ခြင်းက သမိုင်းတွင်မည့် ဖြစ်ရပ် ဖြစ်သွားမည်ကို အားဟူကိုယ်တိုင် မသိပေ။
ဆရာကြောင် တစ်ဖြစ်လဲ အားဟူမှာ သမိုင်းတွင် ဈေးအကြီးဆုံး အလုပ်ကို ငှားရမ်းလိုက်ခြင်းပင် ဖြစ် ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားOnde histórias criam vida. Descubra agora