1343-------1344

68 4 0
                                    

အခန်း (၁၃၄၃)(စာစဉ် ၉၆- အပိုင်း ၁၃)
“မျိုးဆက်တစ်ဆက် ပိုကြီးခြင်း”



လိဝူလျန်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း -
“မင်းတို့တွေ ရောက်လာတာပဲ ငါတို့လည်း သူ့ကို စောင့်ချင်ပါတယ် ဒါပေမယ့် ငါဘယ်လိုမှ မအောင့်အီး နိုင်တော့ဘူး . . .”
“ကောင်မလေးကိုလည်း ကြည့်ဦးလေ သူက အား လုံးကို အပြတ်ရှင်းမယ်လို့ ကျိန်ဆိုထားတာ၊ အဲဒီတော့ သူပဲအကုန်ရှင်းသွားမယ့်အဖြစ်မျိုး ငါအဖြစ်မခံနိုင်ဘူး”
“ဒီမှာကြည့် ငါကပဲ အတွေးလွန်နေတာ ထင်တယ်၊ ရွှမ်ပိုင် လွန်ခဲ့တဲ့ ရက်တုန်းက ဒီကိုလာပြီး တော်တော် များများ သတ်သွားတယ်လို့ သိရတယ် . . .”
“ကံကောင်းတာက အားလုံးကိုတော့ မသတ်သွား ဘူး ဒါပေမယ့် ဒီကောင်မလေးကတော့ မတူဘူး သူက အားလုံးကို သတ်သွားမှာ . . .”
လိဝူလျန်မှ ရယ်မောရင်း ပြောလိုက်၏။
“ကဲပြော သူသာ အကုန်လုံးကို သတ်လိုက်ရင် ငါ တို့က ဘာလုပ်ရတော့မှာလဲ၊ ငါတို့ကို ဘယ်သူ့ကိုသွား ပြီး ကလဲ့စားချေရတော့မှာလဲ အဲဒါကြောင့် ငါလည်း ရောက်လာရတာပဲ . . .”
အမွှာညီအစ်မနှစ်ဦးမှာ လိဝူလျန်၏ စကားကြောင့် အံ့ဩသွားကြပြီး ဝရမ်ချူးချူးကို လှမ်းကြည့်လိုက်ကြ သည်။
ထိုမိန်းကလေးက အသက် ၁၇၊ ၁၈ နှစ်ခန့်လောက် သာ ရှိသေးပြီး သေချာပေါက် အသက် ၂၀ ထက် မကြီး နိုင်သေးချေ။
သို့သော် သူမ၏ ကျင့်ကြံမှုအဆင့်က အသက်နှင့် မလောက်အောင်ပင် အလွန်မြင့်မားလျက် ရှိနေသည်။
ညီအစ်မနှစ်ဦးလည်း သေချာအာရုံစိုက်ကြည့်လိုက် သောအခါ လင်းရှောင်ရေခဲကျင့်စဉ်ကို တတ်မြောက် ထားမှန်း သဘောပေါက်သွားကြ၏။
တိမ်မြူခိုးနန်းတော်၌ ယခုကဲ့သို့ ထိပ်သီးအဆင့် ပညာရှင်မျိုး မည်သည့်အချိန်၌ ရှိသွားသည်ကိုလည်း သူမတို့ သိချင်သွားကြသည်။
ယခု မိန်းကလေးက ရွှမ်ပိုင်လောက်နီးပါး အစွမ်း ထက်နေခြင်းပင် မဟုတ်ပါလား။
သူမတို့ ညီအစ်မနှစ်ဦးထက်ပင် အနည်းငယ် ပိုမို၍ အစွမ်းထက်နေသယောင်ပါပင်။
(ဒီမိန်းကလေးက ဒီကို ရောက်နေတယ်၊ သူက မိန်း ကလေး ရှောင်ဧကရာဇ်လိုပဲ တကယ်တော့ ငါတို့ အစ် ကိုကြီးထက်တောင် သူက ပိုပြီး အံ့ဩစရာကောင်းနေ သေးတယ်၊ ဒါကြီးက သဘာဝမကျလိုက်တာ . . .)
တစ်ဖက်၌ ထိုသို့ စကားစမြည် ပြောဆိုနေကြချိန် တစ်ဖက်၌မူ အလွန်အမင်း ထိတ်လန့်နေကြ၏။
“အသင့်နေရာယူထားကြ . . .”
“စွမ်းအင် အစီအရင်တွေကို အသက်သွင်းထား၊ နေ လနဲ့ ကြယ်ရောင်တွေကိုလည်း အသက်သွင်းထား”
လိဖေ့ချန်မှ စိုးရိမ်တကြီးဖြင့် အော်ဟစ် အမိန့်ပေး လိုက်သည်။
“မင်းတို့အားလုံး အကောင်းဆုံး လုပ်ကြ . . .”
“အားလုံး မလွတ်မြောက်နိုင်မှာကို ငါတော့ စိုးရိမ်မိ တယ် . . .”
နေရောင်ဂိုဏ်းရှိ လူများ ထိုသို့ အလုပ်များနေချိန် မှာပင် နောက်ထပ် အသံတစ်သံကို ကြားလိုက်ကြရပြန် သည်။
“နေစမ်းပါဦး ရှောင်ရှောင်အတွက် လက်စားချေ မယ့် ကိစ္စမှာ ငါ့ကိုရော ဘာလို့ထည့်မတွက်ကြတာလဲ”
ထိုအသံနှင့်အတူ နတ်သမီးတမျှ လှပလွန်းသော အမျိုးသမီးတစ်ဦး ကောင်းကင်ထက်မှ သက်ဆင်းလာ သည်။
သူမက နှင်းစက်၊ နှင်းပွင့်လေးများ ကောင်းကင်ယံ ထက်မှ ကြွေကျလာသလို ဆင်းသက်လာခြင်းပင် ဖြစ် သည်။
ဝရမ်ချူးချူးနှင့် အမွှာညီအစ်မနှစ်ဦးမှာ လှပသော မိန်းကလေးများ ဖြစ်ကြသည့်တိုင် ထိုအမျိုးသမီးကို မြင်လိုက်ရချိန်မူ အံ့ဩမှင်သက်သွားကြ၏။
(ကမ္ဘာပေါ်မှာ ဒီလောက်ထိ လှရက်လွန်းတဲ့ အမျိုး သမီး ရှိနေတာ ဖြစ်နိုင်ရဲ့လား . . .)
(ငါ့အလှက သူ့ကို ဘယ်လိုများ ယှဉ်နိုင်မှာလဲ . . .)
(အေးစက်စက်နဲ့ နူးညံ့သိမ်မွေ့တဲ့ပုံစံ တစ်ပြိုင်နက် တည်းမှာပဲ အင်အားကြီးတဲ့ပုံစံ၊ အပြစ်ပြောစရာမရှိ အ သွင်ပုံစံမျိုးစုံနဲ့ကို ပြည့်စုံနေတာပါလား . . .)
(သူ့ရဲ့အလှကတော့ စာဖွဲ့လို့ကို မီနိုင်မယ် မထင် ဘူး၊ တကယ့်ကို ဩချရလောက်တဲ့ အလှပဲ . . .)
“ကောင်းကင် ရေခဲနန်းတော်ရဲ့ ကျွင့်ယင်းလျန်ဆို တာ ငါပဲ . . .”
အမျိုးသမီးက အေးစက်စက်ဖြင့် ပြောလိုက်သည်။
“နေရောင်ဂိုဏ်း . . .”
“ကျွန်မယောက်ျား ရှောင်ဧကရာဇ်အပေါ် ရှင်တို့ တင်နေတဲ့ အကြွေးကို ပြန်ဆပ်ဖို့ အချိန်ရောက်ပြီ . . .”
“ယောင်းမ . . .”
ယွဲ့ရှောင်အဖို့ ကျွင့်ယင်းလျန်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း မဟုတ်သော်လည်း ယောင်းမအဖြစ်မူ ပထမဆုံးအကြိမ် ဆက်ဆံလိုက်ခြင်း ဖြစ်၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် ပြေးသွားကြပြီး အစ်ကိုကြီးဖြစ်သူ၏ မိန်းမအား အရိုအသေ ပေးလိုက် ကြသည်။
ထိုအချိန် သူမတို့ စိတ်ထဲ၌လည်း အတိုင်းမသိ ဝမ်း သာနေကြ၏။
(အစ်ကိုကြီးကတော့ တကယ်ကံကောင်းတာပဲ၊ သူ က အစ်မကျွင့်ရဲ့ယောက်ျား တကယ်ဖြစ်လာခဲ့ပြီ၊ သူ့ရဲ့ ပုံစံကလည်း တော်တော်ကို ချောမောခန့်ညားသွားတာ ကံကောင်းတယ် ပြောရမယ်၊ ဒီလိုမှ မဟုတ်ရင် ဘယ် လိုမှ လိုက်ဖက်ညီမှာ မဟုတ်ဘူး . . .)
“မင်းလည်း ရောက်လာတာကိုး . . .”
ဟန်ပိုင်ယွဲ့မှ ရယ်မောရင်း ပြောလိုက်သည်။
“မင်းက ပိုပြီးတောင် လှလာသလိုပဲ . . .”
ကျွင့်ယင်းလျန်မှ ပြုံးလိုက်ပြီး -
“ရှင်တို့အားလုံး ဒီမှာရှိနေကြတာ ဝမ်းသာစရာပဲ၊ အဲဒီအတွက် ရဲရှောင်ကလည်း ကျေးဇူးတင်နေမှာပါ”
လိဝူလျန်မှ ရယ်မောလိုက်ကာ -
“ညီမလေး မင်းက သိပ်ကိုယဉ်ကျေးလွန်းနေပြန်ပါ ပြီ၊ မင်းတို့ကိစ္စက ငါတို့ကိစ္စပဲပေါ့ . . .”
ကျွင့်ယင်းလျန်မှ မျက်မှောင်ကြုတ်လိုက်ပြီး -
“လိဝူလျန် ဘယ်သူက ရှင့်ရဲ့ ညီမလေးလဲ . . .”
လိဝူလျန် နှာခေါင်းပွတ်ရင်း -
“ဘာလဲ ဘာဖြစ်လို့လဲ . . .”
ကျွင့်ယင်းလျန်မှ -
“တကယ်တော့ ကျွန်မက အစ်မကြီး ဖြစ်သင့်တာ မဟုတ်ဘူးလား . . .”
“ဒါပေမယ့် ငါက . . .”
စင်စစ် လိဝူလျန်က ရဲရှောင်ထက် သူအသက်ပို ကြီးကြောင်း ပြောချင်နေခြင်း ဖြစ်သည်။
သို့သော် ကျွင့်ယင်းလျန်မှ ကြားဖြတ်ကာ -
“ရှင့်ဆရာနဲ့ရှင် ကောင်းကင်ရေခဲနန်းတော်ကို လာ တုန်းက ရှင့်ဆရာက ကျွန်မဆရာကို ဦးလေးလို့ ခေါ်ခဲ့ တာ မဟုတ်ဘူးလား . . .”
ထိုစကားကြောင့် လိဝူလျန် ခေါင်းကုတ်လိုက်ရင်း ဘာပြန်ပြောရမှန်း မသိတော့ချေ။
“အင်း . . .”
ထို့ကြောင့် ကျွင့်ယင်းလျန်မှ ဆက်လက်၍ပင် -
“ကျွန်မ မှတ်မိသလောက် အဲဒီနေ့က ရှင် ကျွန်မကို အစ်မလို့ ခေါ်ခဲ့သလားလို့ပဲ၊ ဒါကအမှန်တရားပဲလေ”
“ငါ ငါ . . .”
ကျွင့်ယင်းလျန် ပြောသည်မှာ အမှန်တရားဖြစ်နေ၍ လိဝူလျန်အဖို့ မည်သို့ခွန်းတုန့်ပြန်ရမှန်း မသိဖြစ်နေရ သည်။
“အခုပဲ စဉ်းစားကြည့်ဦးလေ ကျွန်မက ရဲရှောင်ရဲ့ မိန်းမဆိုတော့ ရှင်က ရဲရှောင်ကို ဦးလေးလို့ ခေါ်ရ တော့မယ် ဒါမှမဟုတ် . . .”
ကျွင့်ယင်းလျန်မှ မျက်မှောင်ကြုတ်ရင်း ဆက်၍ ပြောလိုက်သည်။
“ဒီလောက်ပြောနေတာတောင် ရှင်က ညီမလေးလို့ ထပ်ခေါ်နေရင် ရှင်ကောင်းကောင်း မနေရဘူးမှတ်”
လိဝူလျန်မှာ ဆွံ့အရင်း ဆွံ့အသွားမိသည်။
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာလည်း ထို့အတူပါပင်။
လိဝူလျန်လည်း ခေါင်းကို ကုတ်လိုက်ရင်း -
“ဒါကြီးကတော့ မဟုတ်သေးဘူးထင်တယ် ဘာလဲ ရဲရှောင်ကို အစ်ကိုကြီးလို့ ငါ့ကိုခေါ်စေချင်နေတာလား”
ကျွင့်ယင်းလျန်မှ ရယ်မောလိုက်ကာ -
“ရှင်ခေါ်ချင်ရင် သူ့ကို ဦးလေးလို့လည်း ခေါ်လို့ရ တာပဲလေ၊ ကျွန်မ မတားပါဘူး အဲဒီလိုပဲ ရဲရှောင်က လည်း ငြင်းမယ်မထင်ဘူး . . .”
လိဝူလျန်မှ နားမလည်ဟန်ဖြင့် -
“နေစမ်းပါဦး ငါသူ့ကို ဦးလေးလို့တော့ မခေါ်နိုင် ဘူး၊ ဒါကြီးကတော့ မဟုတ်သေးပါဘူး . . .”
ကျွင့်ယင်းလျန်မှ -
“ရှင်သေချာစဉ်းစားဖို့ အချိန်လိုနေတာလား ရွေး ချယ်စရာက နှစ်ခုရှိတယ်လေ ရှင်းရှင်းလေးကို . . .”
လိဝူလျန် ပိုပို၍ပင် စိတ်ရှုပ်လာမိသည်။
ရဲရှောင်နှင့် သူက ညီအစ်ကိုလို နေခဲ့ကြ၍ မည်သူ က ကြီးသည် မည်သူက ငယ်သည်ကို တစ်ခါမှ အာရုံ မထားခဲ့ကြချေ။
မည်သူမှလည်း အကြီးဆိုသည့် နေရာကို မယူချင်ခဲ့ ကြခြင်း ဖြစ်သည်။
သို့သော် လိဝူလျန်က မုတ်ဆိတ်မွှေးများကြောင့် ရုပ်ပိုရင့်နေ၍ အကြီးပုံစံမျိုး ပေါက်နေလေသည်။
ထိုကိစ္စနှင့် ပတ်သက်၍လည်း တစ်စုံတစ်ဦးမှ ယခု ကဲ့သို့ အလေးနက်ထား ဆွေးနွေးလာလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
“ရှင်က ရဲရှောင်က ပိုအသက်ကြီးတယ်လို့ ပြောချင်နေတာလား၊ အဲဒီတော့ ရှင်က ရဲရှောင်ရဲ့ အစ်ကိုကြီး ပေါ့လေ ဟုတ်လား . . .”
ကျွင့်ယင်းလျန်မှ ဆက်၍ မေးလိုက်သည်။
“ဒါပေမယ့် ရှင်သေရော သေချာရဲ့လား ဒါကို မှန် တယ်လို့ ထင်လား . . .”
လိဝူလျန်မှ ခေါင်းငုံ့လိုက်ရင်း -
“ဒါလည်း မဟုတ်သေးပါဘူး . . .”
“အေးလေ အဲဒါပြောတာ ရှင့်ကိုယ်ရှင်တောင် မ သေချာမှတော့ သူ့ကို ဦးလေးလို့ပဲ ခေါ်ပေါ့ သူကလည်း ဘာမှပြောမှာ မဟုတ်ဘူး ကျွန်မသိပါတယ် . . .”
ကျွင့်ယင်းလျန်မှ ပြုံးလျက်သာ ပြောလိုက်ပါတော့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now