1237-------1238

99 6 0
                                    

အခန်း (၁၂၃၇)(စာစဉ် ၈၉- အပိုင်း ၅)

“တွန်းအားပေးခြင်း”

ချင်းဟွာနန်းတော် အနေဖြင့် ယွဲ့ဂေါင်ရွှဲ့ကို လွှတ် ပေးလိုက်ရ၍ ကြီးကြီးမားမား ထိခိုက်မှု ရှိနိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့လွှတ်ပေးလိုက်လျှင်ပင် နှစ်ပေါင်းများစွာ ကွဲ ကွာနေသော အချစ်ဇာတ်လမ်း တစ်ပုဒ်ကို ပြန်လည် ရှင်သန်ခွင့် ပေးခဲ့၍ နာမည်ကောင်းပင် ရနိုင်ပါသေး သည်။

အကယ်၍ ထိုသို့မဟုတ်ဘဲ ယွဲ့ရှောင်နှင့် ယွဲ့ဟန် တို့ကိုပါ ဆုံးရှုံးလိုက်ရပါက ချင်းဟွာနန်းတော်အတွက် ဆုံးရှုံးမှုကြီးမားသွားလိမ့်မည်။

အမွှာညီအစ်မ နှစ်ဦးက နန်းတော်၌ ဂုဏ်သိက္ခာ ပိုင်းတွင် သာမက  အင်အားအရာတွင်ပါ ကြီးမားသော လူများပင် မဟုတ်ပါလား။

ထို့ကြောင့် ယခုအချိန်တွင် သူမတို့နှစ်ဦး၏ စကား ကြောင့် အခြားလူများပါ လဘုရင်မကို ရန်လိုသော အကြည့်များဖြင့် ကြည့်နေကြပြီ ဖြစ်သည်။

(မိန်းကလေးတွေ ပြောတာမှန်တယ် ကတိမတည် တဲ့ လူတစ်ယောက်က ကမ္ဘာပေါ်မှာ ကြာကြာအသက် ရှည်နိုင်မှာ မဟုတ်ဘူး၊ ဒီလိုလူမျိုးကို ငါတို့ ဘယ်လို လုပ် ယုံကြည်နိုင်မှာလဲ . . .)

(ချင်းဟွာ နန်းတော်ကို ဦးဆောင်သူကြီး ဖြစ်ပြီး ကိုယ့်စကားကိုယ် ရုတ်သိမ်းနိုင်တာလား၊ အဲဒီလို ပုံစံ မျိုးနဲ့ ဘယ်လိုလုပ် ငါတို့ရဲ့ လဘုရင်မ ဖြစ်နိုင်တော့မှာ လဲ . . .)

(ဒီလို သမာသမတ် မရှိမှတော့ ငါတို့နန်းတော်ကို ဘယ်လိုများ ဦးဆောင်နိုင်မှာလဲ . . .)

ထိုအချိန် အခြားသော လူများမှာမူ အံ့ဩလျက် ရှိနေကြသည်။

(ရှောင်နဲ့ဟန်က အမြဲလိုလို ဂိုဏ်းရဲ့အကျိုးစီးပွား ကိုပဲ အလေးထားတာလေ၊ အရင်က ဒီလောက်ထိကြီး လည်း မရိုင်းဖူးပါဘူး၊ ဒါကြီးက သိပ်ပြီး ရဲတင်းလွန်း မနေဘူးလား၊ သူတို့က အပြင်လူတစ်ယောက်အတွက် နဲ့ ငါတို့ရဲ့ ခေါင်းဆောင်ကို မေးခွန်းတွေ ထုတ်နေတာ၊ ဒါကတော့ တော်တော်ထူးဆန်းနေပြီ . . .)
. . .

မိန်းကလေးများအနေဖြင့် သူမတို့ ချစ်ရသော အစ် ကိုကြီး၏ မိဘများဘက်မှ မရပ်တည်ဘဲ မည်သို့ နေဝံ့ ပါမည်နည်း။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now