1265-------1266

108 8 1
                                    

အခန်း (၁၂၆၅)(စာစဉ် ၉၁- အပိုင်း ၅)
“အညှာအတာ ကင်းမဲ့သော ချူးချူး”

“ငါ့အကြောင်း စဉ်းစားနေတာနဲ့ပဲ မင်းက အချိန် ကုန်မယ်လို့ ပြောတယ်ပေါ့၊ ငါကအဲဒီလောက်တောင် အသုံးမဝင်တဲ့ကောင် ဖြစ်သွားပြီလား . . .”
ရဲရှောင် သူ့မျက်နှာသူ ရိုက်လိုက်ရင်း ရေရွတ်လိုက် သည်။
“ငါသူ့အတွက် အရာအားလုံး လုပ်ပေးခဲ့တယ် အခု ကျ ငါပြန်ရတာလည်း ကြည့်ပါဦး၊ အသီးကိုလည်းပေး ခဲ့တယ်၊ အရာအားလုံးကိုလည်း ပြောပြခဲ့တယ် ငါကျ ဘာပြန်ရခဲ့သလဲ ဘာမှကို မရဘူး ကန်ထုတ်ခံရတာပဲ အဖတ်တင်တယ်၊ အခုတော့ ငါတစ်ယောက်တည်းပြန် ရတော့မှာပေါ့၊ ဘာလို့ ငါ့ဘဝက ဒီလောက်ထိ ကံဆိုး နေရတာလဲ . . .”
ရဲရှောင် တစ်ကိုယ်တည်း ရေရွတ်ရင်း စိတ်ဓာတ် အကြီးအကျယ် ကျနေမိသည်။
သို့သော် သူ့အဖို့ ယခုအခြေအနေကို လက်ခံရုံမှလွဲ အခြားမရှိ၍ အခန်းထဲမှ ရှူးရှူးရှဲရှဲဖြင့် ပြန်ထွက်လာခဲ့ တော့သည်။
(ငါဒီမှာ ထပ်မနေနိုင်တော့ဘူး ငါဒေါသထွက်လွန်း လို့ သေတော့မယ် . . .)
ရဲရှောင် အပြင်သို့ ပြန်ထွက်လာသည့်အချိန် မိန်း ကလေးနှစ်ဦးမှာ သူ့အား ပါးစပ် အဟောင်းသားဖြင့် ငေးကြည့်နေကြသည်။
ထိုမိန်းကလေးများမှာ သူ့အား ခေါင်းစခြေအဆုံး ကြည့်လိုက်ပြန်ရင်း တံတွေး မြိုချလိုက်ကြပြန်သည်။
ထို့နောက် ကပျာကယာဖြင့် ရဲရှောင် ထွက်မသွား နိုင်စေရန် အားတင်း တားလိုက်ကြပြီး -
“ဆရာရဲ ဒါကရှင့်ရဲ့ မျက်နှာ အစစ်အမှန်လား၊ ကျွန်မတို့ရဲ့ ဂိုဏ်းချုပ်ကြီး ရှင့်ကို သဘောကျသွားတာ လည်း မပြောနဲ့လေ ဒါနဲ့ ရှင်က အသားအရည်ကို တော်တော် ထိန်းသိမ်းထားတဲ့ပုံပဲ၊ လျှို့ဝှက်ချက်က ဘာများ ဖြစ်မလဲ၊ ကျွန်မ ထိကြည့်လို့ရမလား ခပ်မြန် မြန်ပဲ ထိမှာပါ . . .”
(ဟ ဒုက္ခပဲ ဘာလို့ ငါ့ကိုပဲ ထိချင်နေရတာလဲ၊ ထပ် ပြီးတော့ လာပြန်ပြီ . . .)
(နေပါဦး ဘာကိုဆိုလိုတာလဲ ငါကကျွင့်ယင်းလျန် ကို ဆွဲဆောင်နိုင်တာ ဒီကောင်လေးရဲ့ မျက်နှာကြောင့် လို့ ဆိုလိုချင်တာလား . . .)
ရဲရှောင်မှာ မခံမချိမခံသာ ဖြစ်လွန်း၍ မိန်းကလေး များမှာ မျက်လုံးပြူး ပါးစပ်အဟောင်းသားဖြင့် ကြည့် နေမိသည်။
ကျွင့်ယင်းလျန်ကိုလည်း စိတ်ထဲမှကြိတ်၍ မေတ္တာ ပို့မိလိုက်၏။
“ရွှစ် . . .”
ရဲရှောင်လည်း ထိုနေရာမှ ခပ်သုတ်သုတ်ပင် ထွက် သွားလိုက်တော့သည်။
(ငါ့မှာတော့ အရူးတစ်ယောက်လိုပဲ ခံစားလိုက်ရ တယ်၊ ကောင်းကင်ရေခဲ နန်းတော်က သူတို့ရဲ့ ဂိုဏ်း သားတွေကို ဘယ်လိုများ ဆုံးမထားတာလဲ၊ ဘယ်လို ဖြစ်လို့ သူတို့က ငါ့ကို အဲဒီလောက်ထိ ထိကိုင်ချင်နေရ တာလဲ၊ ဒီကောင်မလေးတွေကိုသာ သိုင်းလောကထဲ လွှတ်လိုက်ရင် ယောက်ျားတွေရဲ့ အစိမ်းလိုက် ဝါးစား ခြင်းကို ခံရလိမ့်မယ် . . .)
ရဲရှောင်လည်း ထိုအကြောင်းကို ကျွင့်ယင်းလျန်နှင့် ဆုံတွေ့ချိန်၌ ပြောပြရန် ဆုံးဖြတ်လိုက်၏။
သို့မှသာ မိန်းကလေး နှစ်ယောက်အတွက် စိတ်ချ နိုင်မည် မဟုတ်ပါလား။
မိန်းကလေး တစ်ဦးမှာ ရဲရှောင် ထွက်သွားသည်ကို ကြည့်ရင်း နှုတ်ခမ်းစူကာ မကျေမချမ်းဖြင့် -
“တော်တော်ကို သဘောထား သေးသိမ်တဲ့ လူပဲ၊ သူ့ရဲ့ အသားအရည် ထိန်းသိမ်းတဲ့ လျှို့ဝှက်ချက်ကို မပြောပြရင်လည်း ထားပါတော့၊ ဒါပေမယ့် သူ့အသား ကို ဘာဖြစ်လို့ ခဏလေးတောင် ထိခွင့်မပေးရတာလဲ အဟမ့် . . .”
ထို့နောက် မိန်းကလေးများမှာ ဓားရေးသာ ဆက် လေ့ကျင့်နေကြတော့သည်။
ရဲရှောင်လည်း ၁၀ မိုင်ကျော်လောက် ပြေးထွက် လာပြီးမှသာ စိတ်အေးသွားလေသည်။
သူ့အဖို့ ယခုနေရာ၌ ဆက်မနေဝံ့၍ တတ်နိုင်သမျှ ဝေးသထက် ဝေးအောင် သွားမှသာ ဖြစ်လိမ့်မည်။
ထို့ကြောင့် ကောင်းကင်ထက်သို့ မော့၍ အသံတစ် ချက် ပြုလိုက်ပြီး ရွှေလင်းယုန်ကြီးကို ခေါ်လိုက်၏။
ရွှေလင်းယုန်ကြီးမှာလည်း ချက်ချင်းပင် ရောက်ရှိ လာပြီး ရဲရှောင်အား တင်ဆောင်ကာ ရဲမြို့တော်ထံသို့ ဦးတည် ပျံသန်းလိုက်သည်။
ထိုအချိန် မြေပြင်၌ မီးလောင်ရာအချို့ကို သတိပြု မိလိုက်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သုံးသပ်လိုက် မိသည်။
သို့သော် သူ့၌အချိန်မရှိတော့၍ မဆင်းကြည့်တော့ ဘဲ အိမ်သို့သာ ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူ၏ မိသားစုနှင့် ပြန်လည် ဆုံစည်းရတော့မည် မဟုတ်ပါလော။
. . .
ဝရမ်ချူးချူးမှာ ရဲရှောင်ထံမှ ထွက်လာပြီးနောက် နတ်သက်ကြွေ စီရင်စုရှိရာသို့ ထွက်လာခဲ့လိုက်သည်။
ထိုနေရာမှာ တောင်တန်းများစွာရှိပြီး ဝိညာဉ်သား ရဲမျိုးစုံ ရှိသော နေရာတစ်ခု ဖြစ်သည်။
ထို့ပြင် ဂိုဏ်းကြီးများမှ ၎င်းတို့၏အဆင့်မြင့် ဂိုဏ်း သားများကို လေ့ကျင့်ရန်အတွက် စေလွှတ်သော နေ ရာ တစ်ခုလည်း ဖြစ်၏။
ထို့ကြောင့် ထိုနေရာမှာ အမှောင်တောအုပ်ထက် ပို ၍ အရေးပါသည်ဟု ဆိုရမည်။
အမှောင်တောအုပ်သည်လည်း လေ့ကျင့်သည့် နေ ရာတစ်ခု ဖြစ်သော်လည်း သာမန်ပညာရှင်များနှင့်သာ သင့်တော်သည်။
သို့သော် နတ်သက်ကြွေ စီရင်စုမှာမူ ထိုသို့မဟုတ်၊ ၎င်း၏ နာမည်အတိုင်း အလွန်အန္တရာယ်များလှသည်။
ချင်းရန်နယ်ပယ် သမိုင်းတွင် ထိုနေရာ၌ သေဆုံးခဲ့ ရသော ပထမတန်းစား ပညာရှင်များစွာ ရှိခဲ့ဖူးသည်။
ထိုနတ်သက်ကြွေ စီရင်စု၏ မြေမျက်နှာသွင်ပြင် မှာ ရှုပ်ထွေးလွန်းပြီး အဆင့်မြင့် သားရဲကြီးများ နေရာ အနှံ့ ရှိနေကြသည်။
ထိုမျှမက အဆင့်ကိုး သားရဲကြီးများလည်း ရှိနေ ကြပါသေးသည်။
ထို့ကြောင့် ထိုနေရာ အတွင်းပိုင်းသို့ ဝင်ရောက် မည်ဆိုပါက ကိုယ့်သေတွင်းကိုယ် တူးသလိုသာ ဖြစ် နေလိမ့်မည်။
သာမန်အားဖြင့် မူလတာအို အဆင့်ကိုး ပညာရှင် များသာလျှင် ထိုစီရင်စု နယ်နိမိတ်အတွင်းသို့ ဝင်ရဲကြ သည်။
သို့သော် ဝရမ်ချူးချူးမှာမူ သူမ၏ ဓားကို ကိုင်ဆွဲ ကာ တောအုပ်အတွင်းသို့ နက်သထက် နက်စွာ ဝင် လာခဲ့လိုက်၏။
ထိုသို့ သွားရာလမ်းတစ်လျှောက် ဂိုဏ်းအသီးသီးမှ လူများနှင့် တွေ့ဆုံခဲ့သော်လည်း တောအုပ်အတွင်းသို့ သာ တတ်နိုင်သမျှ မြန်မြန် ဝင်ရောက်သွားခဲ့သည်။
သို့သော် ဂိုဏ်းများမှ လူများအားလုံးကို လျစ်လျူ ရှုထားခြင်းတော့ မဟုတ်။
နေရောင်ဂိုဏ်းနှင့် ကြယ်ရောင်ဂိုဏ်းမှ လူများကို တွေ့လျှင်မူ အညှာတာ ကင်းမဲ့စွာဖြင့် သတ်ဖြတ်ပစ်ခဲ့ သည်။
တစ်ယောက်ကိုမှ အရှင်မထားဘဲ သတ်ဖြတ်ပစ်ခဲ့ ခြင်း ဖြစ်သည်။
ဝရမ်ချူးချူး၏ အလှကြောင့် အချို့သော ပညာရှင် များမှာ ရိသဲ့သဲ့ လုပ်ကြသော်လည်း သူမ၏ စွမ်းအား များကို မြင်ရသောအခါ မည်သူမှ အနားမကပ်ဝံ့ကြ တော့ချေ။
သတ်ရမည့်လူများကို သတ်၊ ရှင်းရမည့် အရာများ ကို ရှင်း၍ ဝရမ်ချူးချူးမှာ တောအုပ်အတွင်း မြားတစ် စင်းပမာ တိုးဝင်သွားသည်။
ထို့ကြောင့် သူမနှင့်အတူ တစ်လမ်းတည်း လာမိ ကြသည့် လူများမှာ စိတ်ပျက်လက်ပျက် ဖြစ်ကုန်ကြ သည်။
အကြောင်းမှာ ၎င်းတို့သွားရာ လမ်းတွင် မည်သည့် ဝိညာဉ်သားရဲမှ မရှိတော့၍ လေ့ကျင့်မှု ပြုလုပ်နိုင်မည့် အခွင့်အရေး မရှိတော့ခြင်း ဖြစ်သည်။
ဝရမ်ချူးချူးမှ လမ်းတစ်လျှောက်ရှိ သားရဲများကို သတ်ဖြတ်သွားသည် မဟုတ်ပါလား။
ထို့ကြောင့် ထိုလူများအဖို့ လေ့ကျင့်ဖို့ လာရသည် နှင့် မတူဘဲ ရှုခင်းကြည့်ရန် လာရသည်နှင့်ပင် တူနေပါ သေးသည်။
ထိုသို့ဖြင့် နတ်သက်ကြွေ စီရင်စုအတွင်းတွင် သူမ အကြောင်းကို အမျိုးမျိုး ဝေဖန်ပြောဆိုလျက် ရှိနေပါ တော့သည်။
“ငါတို့ ချင်းရန်နယ်ပယ်မှာ ဒီလို ထိပ်တန်းအမျိုး သမီးပညာရှင် ဘယ်တုန်းက ရှိသွားရတာလဲ၊ သူ့ပုံစံ ကြည့်ရတာလည်း တော်တော်ငယ်သေးတယ် . . .”
“အဝတ်အစားကို ကြည့်ရသလောက် သူက တိမ် မြူခိုးနန်းတော်က ထင်တယ် . . .”
“အင်း ငါလည်း ဒီလိုထင်ပါတယ် တိမ်မြူခိုးနန်း တော်ရဲ့ ထိပ်တန်းပညာရှင်တွေဆိုတာ ကမ္ဘာပေါ်မှာ နာမည်ကြီးတွေပဲလေ ဒါပေမယ့် ဒီလို မိန်းကလေး ငယ်လေးတစ်ယောက်ကို ဘယ်ချိန်တုန်းက မွေးထုတ် ပျိုးထောင်လိုက်ကြတာလဲ၊ သူတိုက်ခိုက်တဲ့ နည်းတွေ ကို ငါအခုထိ မမေ့သေးဘူး ငါသာ ရွှမ်ပိုင်ကို မမြင်ဖူးခဲ့ ဘူးဆိုရင် သူ့ကို ရွှမ်ပိုင်လို့ ထင်မိမှာ . . .”
“ဟုတ်တယ် ဒီကောင်မလေးက ငါတို့ထက် ကျင့် ကြံမှု အခြေခံအားကောင်းတယ်၊ သူဘယ်လိုလုပ်လိုက် တယ်ဆိုတာတောင် ငါနားမလည်နိုင်တော့ဘူး၊ သူက အခုဆိုရင် ထိပ်တန်းပညာရှင်တွေထဲက တစ်ယောက် ဖြစ်နေပြီ . . .”
“သူဘယ်လောက်ပဲ အစွမ်းထက်ထက် အဲဒါက ငါတို့နဲ့ မဆိုင်ပါဘူး၊ သူကငါတို့နဲ့ ထပ်တွေ့ရမှာလည်း မဟုတ်ဘူး ဒါပေမယ့် တိမ်မြူခိုးနန်းတော်နဲ့ ဂိုဏ်းနှစ် ခုက ရန်သူတွေမလို့လား၊ ဘာလို့ သူက ကြယ်ရောင် ဂိုဏ်းနဲ့ နေရောင်ဂိုဏ်းက လူတွေကို သတ်ဖြတ်ပစ်နေ ရတာလဲ . . .”
“ဂိုဏ်းနှစ်ခုကလူတွေကို သတ်ပစ်လိုက်တော့ နား အေးတာပေါ့ကွ မဟုတ်ရင် ငါတို့ရဲ့သွေးတွေပါ ချောင်း စီးကုန်ဦးမယ် . . .”
“ဟုတ်တယ် သူက တခြားဂိုဏ်းတွေ အကုန်လုံး ကိုတော့ ဂရုမစိုက်ဘူးကွ၊ ဟိုဂိုဏ်းနှစ်ခုက လူတွေကို တော့ တစ်ယောက်မှကို အလွတ်မပေးတာ . . .”
“တိမ်မြူခိုးနန်းတော်က နေရောင်ဂိုဏ်းနဲ့ ကြယ် ရောင်ဂိုဏ်းတို့ကို အတိအလင်း စစ်ကြေညာလိုက်တာ များလား . . .”
“ဒါဆိုရင်တော့ တိုက်ပွဲကြီးတစ်ခု ဖြစ်တော့မယ် ထင်တယ် . . .”
“မဖြစ်ဘူး ဒီဟာတွေ ဖြစ်မလာခင် ငါတို့ရဲ့ ဂိုဏ်း တွေကို သတင်းပို့မှ ဖြစ်မယ် . . .”
“ဒါကြီးက ကြောက်ဖို့ကောင်းတယ် ဒီမိန်းကလေး က အနည်းဆုံးတော့ မူလတာအို အဆင့်ကိုးလောက် ရှိလောက်မယ် . . .”
“ဟာ အဲဒီထက်တောင် ပိုမြင့်နိုင်သေးတယ် ထင် တယ်၊ မင်းပြောတဲ့ အဆင့်ထက်ကို ပိုမြင့်နိုင်လောက် သေးတယ် . . .”
“ငါတွေ့ခဲ့ဖူးသမျှ ထိပ်တန်းပညာရှင်တွေ ဆိုတာ သူ့ထက် အားနည်းတာတွေချည်းပဲ၊ ဒါပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာအနေအထား ကြည့်ရတာ သိပ်ပြီး ရင့်ကျက်တဲ့ပုံလည်း မပေါ်ဘူး၊ သူ့ကြည့်ရတာအသက် ၂၀ လောက်ပဲ ရှိဦးမယ် ထင်တယ် . . .”
“အေးကွာ ကမ္ဘာကြီးက အံ့ဩစရာတွေနဲ့ပဲ ပြည့် နှက်နေတာ . . .”
“ဟုတ်တယ် မယုံနိုင်စရာကောင်းလိုက်တာ . . .”
လူအများ ဝေဖန်ပြောဆိုနေကြချိန် ဝရမ်ချူးချူး မှာမူ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ ရှေ့သို့သာ ခရီး နှင်လျက်ရှိသည်။
နောက်ဆုံးတွင် သူမမှာ နတ်သက်ကြွေ စီရင်စု၏ အလယ်ပိုင်းသို့ ရောက်ရှိသွားပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now