1339------1340

99 4 0
                                    

အခန်း (၁၃၃၉)(စာစဉ် ၉၆- အပိုင်း ၉)
“ဝရမ်ချူးချူး ရောက်လာခြင်း”


“ကျွင့်ယင်းလျန်သာဆိုရင်တော့ တော်သေးတာပေါ့ တကယ်လို့ သူက ဟန်ပိုင်ယွဲ့နဲ့ အတူတူ လာမယ်ဆို ရင်တောင်မှ ငါတို့ခုခံနိုင်ဦးမှာပဲ . . .”
လိဖေ့ချန်မှ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နိုင်ရန် ကြိုး စားလိုက်သည်။
သူ့အနေဖြင့် ပိုမိုဆိုးရွားသော အခြေအနေများကို မစဉ်းစားနိုင်တော့သလို မစဉ်းစားဝံ့တော့၍လည်း ထို သို့ နှစ်သိမ့်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်၏။
နောက်တစ်နည်းအရ ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့က ချင်းဟွာနန်းတော်မှ လူများကို ဦးဆောင်၍ လာသည် လည်း ဖြစ်နိုင်သည်။
ထို့ပြင် ရေခဲတိမ်တိုက် နန်းတော်မှ ထိပ်သီးပညာ ရှင်များလည်း ရောက်လာကောင်း ရောက်လာနိုင်ပြန် သည်။
ထို့ကြောင့် မည်သည့်ဘက်မှ စဉ်းစားပါစေ ၎င်းတို့ ဂိုဏ်းအဖို့ ပြဿနာကို ဖြေရှင်းရန်မှာ မလွယ်ကူချေ။
လက်ရှိတွင်လည်း နေရောင်ဂိုဏ်း၌ အပျက်အစီး အဆုံးအရှုံးများစွာ ဖြစ်နေရသည် မဟုတ်ပါလား။
နေရောင်ဂိုဏ်းမှ လူများလည်း ကုသ၍ ရနိုင်သော လူများကို ကုသပေးနေကြသလို ဂိုဏ်းအတွင်း ပျက်စီး မှုများကို ပြင်ဆင်ရန် ကြိုးစားနေကြသည်။
ထိုအချိန် ၎င်းတို့စိတ်ထဲ ဂိုဏ်းရှိ မြင်ကွင်းများကို ကြည့်ရင်း အကြိမ်ကြိမ်သာ သက်ပြင်းချနေမိကြသည်။
သူတို့အား ကမ္ဘာကြီး၏ အမျိုးသမီးထိပ်သီး ပညာ ရှင်ဖြစ်သော ရွှမ်ပိုင်မှ စိတ်ရှိတိုင်း တိုက်ခိုက်ခဲ့သည် မဟုတ်ပါလား။
သို့သော် သူတို့အနေဖြင့် လက်စားပြန်ချေရန်ကိုမူ တွေးပင် မတွေးဝံ့ချေ။
လက်ရှိတွင် သူတို့အဖို့ နောက်ထပ် လက်စားချေမှု များ၊ ကံဆိုးမှုများ ထပ်မရောက်လာခင် ရေငုံနှုတ်ပိတ် နေရန်သာ ရှိတော့သည်။
ထိုသို့ဖြင့် နေရောင်ဂိုဏ်းမှာ ၁၀ ရက်တာမျှ ငြိမ်း ငြိမ်းချမ်းချမ်း နေခွင့်ရရှိခဲ့ပါတော့သည်။
. . .
၁၀ ရက်ကြာပြီးနောက်တွင် ဖြစ်သည်။
နေရောင်ဂိုဏ်းမှ လူများမှာ ရွှမ်ပိုင်၏ လက်ချက် ကြောင့် ပျက်စီးခဲ့သော ဂိတ်တံခါးကြီးကို ပြင်ဆင်ခဲ့ကြ သည်။
သို့သော် စွမ်းအင် အကာအကွယ်ကိုမူ မပြုလုပ်ရ သေးချေ။
ထိုအချိန် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့် အတူ ဂိတ်တံခါးကြီးမှာလည်း ပျက်စီးသွားပြန်သည်။
“ဘုန်း . . .”
စင်စစ် လက်ဝါးရိုက်ချက် တစ်ချက်ကြောင့် ထိုသို့ ပျက်စီးသွားရခြင်းပါပင်။
နေရောင်ဂိုဏ်း တစ်ခုလုံး တုန်လှုပ်သွားပြီး ဂိတ်ဝ ကို စောင့်နေသည့် ဂိုဏ်းသားများလည်း စိတ်ဓာတ်ကျ သွားကြတော့သည်။
(ဘာလဲကွာ ဒီထက်စောစော ဒါမှမဟုတ် ဒီထက် နောက်ကျပြီးမှ လာလို့ မရဘူးလား . . .)
(ဒီထက်စောစော လာခဲ့ရင် ငါတို့အလုပ်လုပ်ရတာ သက်သာတာပေါ့ အဲဒီလိုမှမဟုတ်ဘဲ နောက်ကျမှလာ ခဲ့ရင်လည်း ငါတို့ရက်နည်းနည်းလောက် အနားရသေး တယ်၊ အခုတော့ကွာ ငါတို့က အခုမှ ပြင်ဆင်ပြီးတာ လေ အဲဒါကို အခုပြန်ဖျက်စီးပစ်တယ်တဲ့လား . . .)
နေရောင်ဂိုဏ်းမှ လူများအဖို့ ရွှမ်ပိုင်၏ တိုက်ခိုက်မှု ကို ခံခဲ့ရပြီးသည့်တိုင် ယခုအကြိမ်တွင်လည်း ထပ်မံ၍ အံ့ဩနေရတုန်းပါပင်။
ယခု ထပ်ရောက်လာသော လူမှာလည်း ရွှမ်ပိုင်ကဲ့ သို့ပင် ဖြစ်၏။
ထို့ကြောင့် ၈၀ ရာခိုင်နှုန်းသော လူများမှာ ရွှမ်ပိုင် ပြန်ရောက်လာသည်ဟု ထင်မှတ်လိုက်ကြသည်။
လိဖေ့ချန်နှင့် သက်ကြီးပညာရှင်များလည်း ယခင် အတိုင်း ဒေါသတကြီးဖြင့် ဂိတ်ပေါက်ရှိရာသို့ တဟုန် ထိုး ပျံသန်းသွားကြသည်။
(ရွှမ်ပိုင် လုပ်ပြန်ပြီလား ငါတို့ကို သူစိတ်ရှိတိုင်း လုပ်ပြီးပြီလေ ဘာလို့ အခု ထပ်လာနေရတာလဲ၊ သူ့ရဲ့ ဒေါသတွေက ဘယ်တော့မှ အဆုံးသတ်မှာလဲ . . .)
ထိုအချိန် ဖုန်မှုန့်များ လွင့်ပြယ်သွားပြီး အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦး၏ ပုံရိပ်ပေါ်လာသည်။
ထိုအမျိုးသမီး၏ မျက်နှာ၌လည်း မျက်နှာဖုံး တပ် ဆင်ထားပြီး ဂိုဏ်းအတွင်းသို့ ဖြည်းညှင်းစွာ လျှောက် လှမ်းလာသည်။
သို့သော် သူမဖြတ်သန်းလာရာ လမ်းတစ်လျှောက် ရှိ ဂိုဏ်းသားများ အားလုံးမှာ အသက်နှင့် ခန္ဓာ အိုးစား ကွဲကုန်ကြသည်။
ထိုပုံစံက လွန်ခဲ့သော ၁၀ ရက်ခန့်ကအတိုင်း တစ် ပုံစံတည်း တူညီနေ‌၍ နေရောင်ဂိုဏ်းမှ လူများအဖို့ အိပ်မက်ဆိုး မက်သလိုပင် ခံစားနေကြရ၏။
ထို့ကြောင့် ၎င်းတို့စိတ်ထဲ ရွှမ်ပိုင် ပြန်ရောက်လာ ခြင်းဟုသာ တထစ်ချ ယုံကြည်လိုက်ကြတော့သည်။
လိဖေ့ချန်လည်း ဒေါသတကြီးဖြင့် -
“ရွှမ်ပိုင် . . .”
“ဒါကတော့ လွန်လွန်းသွားပြီ မင်းရဲ့ ဒေါသတွေက ဘယ်တော့မှ အဆုံးသတ်မှာလဲ . . .”
လိဖေ့ချန်၏ စိတ်ထဲလည်း ရွှမ်ပိုင်ဟု ထင်လိုက်၍ ထိုသို့ ပြောလိုက်ရခြင်းပါပင်။
သူထိုသို့ ထင်မြင်မိသည်ကိုလည်း အပြစ်မဆိုသာ။
ယခုရောက်ရှိလာသော အမျိုးသမီးက ရွှမ်ပိုင်နှင့် အကုန်လုံး တူညီနေသည် မဟုတ်ပါလား။
ခန္ဓာအချိုးအစား၊ အငွေ့အသက်၊ အဝတ်အစားများ မှအစ တိုက်ခိုက်နည်းနှင့် တိုက်ခိုက်မှုပုံစံများ အဆုံး အကုန်တူနေခြင်း ဖြစ်သည်။
ထို့ပြင် အေးစက်သော စွမ်းအင်လှိုင်းများက လင်း ရှောင် ရေခဲကျင့်စဉ်ကို အသုံးပြုနေကြောင်း ပေါ်လွင် နေပြန်သည်။
ဤသည်မှာ တိမ်မြူခိုးနန်းတော်၏ ကိုယ်ပိုင်ကျင့် စဉ် တစ်ခုလည်း ဖြစ်သည်။
ထိုကျင့်စဉ်ကို တိမ်မြူခိုးနန်းတော်၌ အလွန်အမင်း ပါရမီပါသော လူများသာ သင်ကြားပေးခံရနိုင်သည်။
တစ်နည်းအားဖြင့် တိမ်မြူခိုးနန်းတော်ရှိ အနည်း ငယ်မျှသော လူများသာလျှင် လင်းရှောင်ရေခဲကျင့်စဉ် ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြခြင်း ဖြစ်သည်။
ရွှမ်ပိုင်၏ စကားအရဆိုလျှင် သူမ၏ တပည့်ဖြစ်သူ ပိုင်ရှင်းယွဲ့မှလည်း သေဆုံးသွားပြီ မဟုတ်ပါလား။
ထို့ကြောင့် ယခုမိန်းကလေးက ရွှမ်ပိုင်ပင် စင်စစ် ဖြစ်လိမ့်မည်။
သို့သော် ဝတ်ရုံဖြူနှင့် မိန်းကလေးမှာ လိဖေ့ချန်၏ စကားကို ကြားသောအခါ အံ့ဩဟန်ဖြင့် -
“ဘယ်လို ရွှမ်ပိုင် ဟုတ်လား . . .”
“သခင်မ ရွှမ်ပိုင်က ဒီကို လာခဲ့ပြီးသွားပြီလား . . .”
ပြောပြောဆိုဆိုဖြင့် သူမလည်း ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သောအခါ အပျက်အစီးများ စွာကို တွေ့လိုက်ရ၏။
ထို့နောက်မှသာ ခေါင်းညိတ်လိုက်ရင်း -
“အင်း သူလာခဲ့တဲ့ပုံပဲ . . .”
လိဖေ့ချန်လည်း သွေးများ အန်ထွက်မတတ် ဖြစ် သွားရင်း ဒေါသတကြီးဖြင့် -
“ရွှမ်ပိုင် အပိုတွေ ပြောမနေနဲ့ ဒီအတိုင်း လူတွေကို အသေခံနေလို့ မဖြစ်ဘူး ဒီတစ်ခါတော့ ငါ့အသက်ကို အသေခံပြီး မင်းကို တိုက်ခိုက်မယ် . . .”
သက်ကြီးပညာရှင် ၅ ဦးမှာ ထိပ်သီးပညာရှင်များ ဖြစ်၍ သူတို့အသက်ကိုသာ စတေး၍ တိုက်ခိုက်မည် ဆိုလျှင် သူတို့နှင့်အတူရွှမ်ပိုင်ပါ သေဆုံးနိုင်ခြေရှိသည်။
သို့သော် ဖြစ်နိုင်ခြေ ပို၍များသည်မှာ သူတို့သာ သေလျှင် သေသွားမည် ရွှမ်ပိုင်ကမူ သေဆုံးလိမ့်မည် မဟုတ်ပေ။
ထိုအချက်ကို သိနေသော အမျိုးသမီးမှ ပြုံးလိုက် ပြီးနောက် အငွေ့ အသက်များ ထပ်မံထုတ် လွှတ်လိုက် သည်။
ထို့နောက် မျက်နှာဖုံးနှင့် ဆောင်းထားသည့် ဦးထုပ် ကို ချွတ်လိုက်ပြီးနောက် သူမ၏ လှပသော မျက်နှာကို လူအားလုံး မြင်အောင် ပြသလိုက်သည်။
သူမ၏ မျက်လုံးများက စူးရှလှပြီး ပါးနှစ်ဖက်မှာ နီ ထွေးလျက် ရှိသည်။
စင်စစ် ရွှမ်ပိုင် မဟုတ်ဘဲ မိန်းကလေးငယ်လေး တစ်ဦးသာ ဖြစ်၏။
သို့သော် ထိုမိန်းကလေးမှာ တိမ်မြူခိုးနန်းတော်၏ လင်းရှောင် ရေခဲကျင့်စဉ်ကို တတ်မြောက်သော ထိပ် သီးတစ်ဦးပင် ဖြစ်သည်။
ထိုမိန်းကလေး၏ မျက်နှာကို မြင်လိုက်သောအခါ လိဖေ့ချန် အံ့ဩတုန်လှုပ်သွားလေသည်။
သူ့အဖို့ ရွှမ်ပိုင်၏ မျက်နှာကို တစ်ခါမှ မမြင်တွေ့ဖူး သည့်တိုင် ယခုမိန်းကလေး၏ မျက်နှာကို မြင်လိုက်ရ သည်နှင့် ရွှမ်ပိုင်မဟုတ်ကြောင်း တန်းသိလိုက်သည်။
ရွှမ်ပိုင်က ယခုကဲ့သို့ မိန်းကလေးငယ်လေး တစ်ဦး မဖြစ်နိုင်သည်မှာ သေချာလှသည် မဟုတ်ပါလား။
အရေးကြီးဆုံးအချက်မှာ ရွှမ်ပိုင်က ယခု ရှိနေသော မိန်းကလေးထက် ပိုမို၍ အရှိန်အဝါကြီးမားသည်။
ထိုအရှိန်အဝါများက သူမ၏ အတွေ့အကြုံ၊ ရင့် ကျက်မှုနှင့် အသက်အရွယ်ကို ကိုယ်စားပြုပြီး ယခု မိန်းကလေးထံ၌မူ ထိုသို့ မရှိချေ။
မိန်းကလေးမှ အေးစက်စက် ပြုံးလိုက်ရင်း -
“ကျွန်မရဲ့ မျက်နှာကို မပြချင်ပါဘူး ဒါပေမယ့် ရှင် တို့က ကျွန်မကို သခင်မရွှမ်ပိုင်နဲ့ အမှတ်မှားနေကြတာ ကိုး၊ ကျွန်မအနေနဲ့ သူ့ကို သိက္ခာကျစေတာမျိုး မဖြစ် စေချင်ဘူး . . .”
ထို့နောက် ခေါင်းမော့လိုက်ပြန်ရင်း -
“ကျွန်မက တိမ်မြူခိုးနန်းတော်ရဲ့ ၅ ဆက်မြောက် မျိုးဆက်၊ ပိုင်ရှင်းယွဲ့ တပည့် ဝရမ်ချူးချူးပဲ . . .”
“ဒီနေ့လာတာက ကျွန်မ ဆရာအတွက် ကလဲ့စား ချေဖို့ ရောက်လာတာပဲ . . .”
လိဖေ့ချန်၏ မျက်နှာတစ်ခုလုံး ဖြူရော်ရော် ဖြစ် သွားသည်။
သူတို့ လိုက်လံဖမ်းဆီးခဲ့သော မိန်းကလေးများက ပိုင်ရှင်းယွဲ့နှင့် ဝရမ်ချူးချူး ဖြစ်ကြောင်းကို သူသိထား နှင့်ပြီးပြီ မဟုတ်ပါလား။
သူ့အဖို့ ဖြစ်စဉ်အစအဆုံးကို မသိသည့်တိုင် သူတို့ ဘက်မှ မှားယွင်းခဲ့ကြောင်းကိုမူ ကောင်းကောင်းကြီး သိနေသည်။
ထိုပြဿနာကြောင့် ရွှမ်ပိုင်မှ သူတို့ဂိုဏ်းကို လာ ရောက် ဖျက်ဆီးပြီးချိန် အားလုံး ပြီးဆုံးသွားပြီဟု ထင် မြင်မိခဲ့သည်။
သို့သော် ဝရမ်ချူးချူးက ယခုကဲ့သို့ လာရောက်၍ ကလဲ့စားချေမည်ကိုမူ မထင်မှတ်ထားခဲ့ကြပေ။
ဝရမ်ချူးချူးဆိုသည်က မိန်းကလေးငယ် တစ်ဦး ပင် မဟုတ်ပါလား။
ထိုသို့သော မိန်းကလေးငယ်လေးက သူတို့ထံသို့ မည်သို့ ကလဲ့စားလာချေနိုင်ပါမည်နည်း။
ယခုအခါတွင်မူ သူ၏ အထင်နှင့်အမြင် တက်တက် စင်အောင် လွဲခဲ့ချေပြီ။
ဝရမ်ချူးချူးက နေရောင်ဂိုဏ်းကို ခြိမ်းခြောက်နိုင် စွမ်းရှိနေသည့် ရန်သူတစ်ဦး ဖြစ်နေ၍ပင် ဖြစ်ပါတော့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now