1341--------1342

78 7 0
                                    

အခန်း (၁၃၄၁)(စာစဉ် ၉၆- အပိုင်း ၁၁)
“တစ်ယောက်ပြီး တစ်ယောက်‌ ပေါ်လာခြင်း”


ထိုအချိန်က ဂိုဏ်းသုံးခုမှ သက်ကြီးပညာရှင်များ မှာ တိုက်ပွဲ၌ သူတို့ ဝင်မပါမိခဲ့၍ နောင်တရခဲ့ကြသည်။
အကယ်၍ သူတို့သာ ဝင်ပါခဲ့ပါက ရှောင်ဧကရာဇ် ကို ဆုံးရှုံးမှု ကြီးကြီးမားမား မရှိဘဲ အနိုင်ယူနိုင်ခဲ့မည် မဟုတ်ပါလား။
သို့သော် ထိုအချိန်က ရှောင်ဧကရာဇ်က ဂိုဏ်းသုံးခု ကို အဆုံးအရှုံး ကြီးမားခဲ့စေရုံမက အိပ်မက်ဆိုးပင် ဖြစ် စေခဲ့သည်။
ထို့ကြောင့် လိဖေ့ချန် အဖို့လည်း ရှောင်ဧကရာဇ်၏ နာမည်ကို ဘယ်သောအခါမှ မမေ့နိုင်ခဲ့ပေ။
သို့သော် ယခုအခါတွင် ရှောင်ဧကရာဇ်ထက် ဝရမ် ချူးချူးက ပိုခြိမ်းခြောက်နိုင်စွမ်း ရှိနေသဖြင့် လက်ရှိ ပြဿနာကိုသာ အရင်ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
“သူက မသေဘူးလား . . .”
လိဖေ့ချန်မှ အလျင်စလို မေးလိုက်သည်။
“အပိုတွေ လာပြောမနေနဲ့ မင်းငါ့ကို လိမ်နေတာ မဟုတ်လား . . .”
နေရောင်ဂိုဏ်းအတွက် ရှောင်ဧကရာဇ်က သေလူ သာ ဖြစ်သည် မဟုတ်ပါလား။
ထို့ပြင် ၎င်းတို့တွေးရင်း စိတ်သက်သာရာ ရသွားမိ သည့် အခြားအချက်လည်း ရှိနေပါသေးသည်။
ရှောင်ဧကရာဇ်က တစ်ကိုယ်တော် ပညာရှင်ဖြစ်၍ ယခုအချိန် အသက်ရှင်နေပင်လျှင် ခေါင်းစည်းအဆင့် သို့ မရောက်နိုင်သေးဟု တွေးလိုက်မိခြင်း ဖြစ်သည်။
ထို့ကြောင့် လိဖေ့ချန် သက်ပြင်းချကာ အနည်းငယ် စိတ်သက်သာရာ ရသွားမိသည်။
ထို့အတူ အခြား သက်ကြီးပညာရှင်များမှာလည်း မကြောက်ရွံ့ဘဲ ရှိနေကြလေသည်။
“အမှန်ပါပဲ . . .”
“ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်ကနေ ကျုပ် သတင်းရထားတာပါ၊ ရှောင်ဧကရာဇ်က လူတွေ မမြင် အောင် ပုန်းအောင်းနေခဲ့တာပါ၊ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ အနောက်မြောက် အရပ်မှာ ကမ္ဘာ့အစွမ်းထက်ဆုံး ဝုဖ နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ် . . .”
“အဲဒီတိုက်ပွဲမှာ ဝုဖနဲ့ နောက်တစ်ယောက် အတူ ပေါင်းပြီး ရှောင်ဧကရာဇ်ကို ပြင်းပြင်းထန်ထန် တိုက် ခိုက်ခဲ့ကြတယ် ဒါပေမယ့် တစ်ယောက်က သေသွားပြီး တစ်ယောက်ကတော့ ထွက်ပြေးသွားခဲ့တယ်၊ အဲဒီလိုပဲ ရဲရှောင်လည်း ဒဏ်ရာရခဲ့တယ်လေ . . .”
“အဆုံးသတ်မှာတော့ ဝုဖရှုံးသွားပြီး ကမ္ဘာ့အစွမ်း ထက်ဆုံး နံပါတ်တစ် ပညာရှင် နေရာကို ရဲရှောင်က အစားထိုးဝင်ရောက်သွားတယ် . . .”
“ရှောင်ဧကရာဇ်က အခုဆိုရင် တောင်အရပ်ကို ဦး တည်သွားနေပါပြီ . . .”
ဇန်ဇိချန်မှ အထိတ်တလန့်ပင် ပြောလိုက်သည်။
“နံပါတ် ၁ သက်ကြီးပညာရှင်ကြီး ကျုပ်ပြောခဲ့တာ တွေ အကုန်လုံးက အမှန်တွေချည်းပါပဲ . . .”
ထပ်မံ အတည်ပြုပြောလိုက်သော စကားကြောင့် လူတိုင်းအဖို့ နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသလို ပင် ခံစားလိုက်ရသည်။
အကယ်၍ ရှောင်ဧကရာဇ်သာ ယခင်လို အခြေ အနေမျိုး ဆိုပါက သက်ကြီးပညာရှင်များအဖို့ အလွယ် တကူ ရင်ဆိုင်နိုင်မည်သာ။
ရှောင်ဧကရာဇ်က သက်ကြီးပညာရှင်များလောက် အစွမ်းမထက်ပြီ မဟုတ်ပါလား။
သို့သော် ၎င်းတို့ နောက်ဆုံး ကြားလိုက်ရသည့် သတင်းစကားက အားလုံးကို လိပ်ပြာလွင့်သွားမတတ် ပင် ဖြစ်စေခဲ့သည်။
ရှောင်ဧကရာဇ်က ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင် နေရာကို ရယူ၍ ဝုဖက လက်လွှတ်ပေးလိုက်ရသည် မဟုတ်ပါလား။
ဤသည်မှာ အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းသည့် သတင်းကြီးပါပင်။
နေရောင်ဂိုဏ်းရှိ လူများလည်း ကြားလိုက်ရသည့် သတင်းဆိုးကြောင့် စိတ်ဓာတ်အကြီးအကျယ် ကျကုန် တော့သည်။
(ဒါသာအမှန်ဆိုလို့ကတော့ ငါတို့တော့ သွားပြီ . . .)
ရှောင်ဧကရာဇ်နှင့် နေရောင်ဂိုဏ်းတို့ ဆိုသည်က ကမ္ဘာ့ရန်ဘက်များပင် မဟုတ်ပါလော။
ထို့ပြင် ပို၍ဆိုးသည်မှာ ရှောင်ဧကရာဇ်က ကမ္ဘာ့ အစွမ်းထက်ဆုံး ပညာရှင်အဖြစ် ရပ်တည်နိုင်နေချေပြီ။
ထို့ကြောင့် သူတို့အတွက် မုန်တိုင်းထန်သော နေ့ ရက်များ ရောက်ရှိလာတော့မည်မှာ အသေအချာပင်။
ယခုကဲ့သို့သော သတင်းဆိုးကြောင့် ဇန်ဇိချန်လို အမြဲတစေ တည်ငြိမ်တတ်သည့် လူပင် တုန်လှုပ်နေ သည်မှာ မဆန်းချေ။
၎င်းတို့အား ခြိမ်းခြောက်နိုင်သော ရန်သူတော် ဟောင်းကြီးက သာလွန်သော အစွမ်းများဖြင့် ပြန်ပေါ် လာသည်ကို မည်သူက မတုန်လှုပ်ဘဲ နေပါမည်နည်း။
လိဖေ့ချန်လည်း သူ့နားသူ မယုံနိုင်ဘဲ ဒူးများပင် ခွေယိုင်လဲချင်သလို ဖြစ်သွားသည်။
အဆင့်မြင့် ပညာရှင်ကြီးမှာ စစ်မရောက်ခင် မြား ကုန်၊ စိတ်ဓာတ်များ ယိမ်းယိုင်နေပြီ ဖြစ်၏။
ကမ္ဘာ့အစွမ်းထက်ဆုံး ရှောင်ဧကရာဇ်မှာ မည်ကဲ့သို့ သော ကံကောင်းမှုနှင့်ပဲ ကြုံခဲ့သည်ဆိုပါစေ လက်ရှိ၌ တောင်အရပ်သို့ ဦးတည်လာနေပြီ ဖြစ်သည်။
တစ်နည်းအားဖြင့် နေရောင်ဂိုဏ်းနှင့် ကြယ်ရောင် ဂိုဏ်းတို့အား သွေးကြွေးဆပ်ရန် လာနေခြင်းပါပင်။
ထို့ကြောင့် လိဖေ့ချန် စိတ်ထဲ နေရောင်ဂိုဏ်းကြီး အဆုံးသတ်တော့မလိုပင် ခံစားလိုက်ရသည်။
၎င်းတို့အနေဖြင့် ဝရမ်ချူးချူးကို ရင်ဆိုင်နိုင်မည်ဆို လျှင်ပင် ရှောင်ဧကရာဇ်ကိုမူ တစ်ချိန်တည်း၌ ရင်ဆိုင် နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန် ဝရမ်ချူးချူးမှာလည်း သူမ ကြားလိုက်ရ သည့် စကားများကြောင့် အံ့ဩလျက် ရှိနေသည်။
(ရှောင်ဧကရာဇ် ဟုတ်လား . . .)
(ရဲရှောင်လား . . .)
ဝရမ်ချူးချူးအဖို့ သခင်လေး ရဲရှောင်ကို စဉ်းစားမိ လိုက်ခြင်း မဟုတ်။
သူမ ခေါင်းထဲ တွေးလိုက်မိသည်မှာ ဒဏ္ဍာရီထဲမှ ရှောင်ဧကရာဇ် ရဲရှောင်ကိုပါပင်။
သေသွားပြီဟု ယူဆထားသော လူက ယခုအခါ အသက်ပြန်ရှင်လာပြီ မဟုတ်ပါလား။
သို့သော် ထိုအံ့ဩမှုက သူမအတွက် တခဏတာမျှ သာ။
ထို့နောက်တွင် အမုန်းတရားများက သူမရင်ထဲ ပြန် ၍‌ စေ့ဆော်လာပြန်လေသည်။
ထို့ကြောင့် ဓားကို ဝေ့ယမ်းလိုက်ပြီး တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
ထိုအချိန် နေရောင်ဂိုဏ်းမှလူများမှာမူ ဝရမ်ချူးချူး ကို အာရုံမစိုက်နိုင်တော့ချေ။
၎င်းတို့အဖို့ ဝရမ်ချူးချူးထက် ပိုအရေးကြီးသည့် ကိစ္စရှိနေပြီ မဟုတ်ပါလား။
လိဖေ့ချန်မှ ဇန်ဇိချန်၏ ပခုံးကို ပုတ်လိုက်ရင်း -
“မဖြစ်နိုင်ဘူး ရဲရှောင်က သေပြီ . . .”
“သေသွားတဲ့လူက ဘယ်လိုလုပ် သေရာကနေ ပြန် ရှင်လာနိုင်မှာလဲ နောက်ပြီး သူက ဝုဖကို နိုင်သွားတယ် လို့ မင်းပြောလိုက်တာလား . . .”
“ဟား ဟား ရယ်စရာကောင်းလိုက်တာ ဘယ်သူ ကများ မင်းကို ပြောလိုက်တာလဲ . . .”
သူ့အဖို့ ရဲရှောင် သေသေ ရှင်ရှင် အရေးမကြီး။
တကယ်တမ်း သူ့အတွက် အရေးကြီးနေသည်မှာ ရဲရှောင်က ဝုဖကို အနိုင်ယူခဲ့သည့် အချက်ပါပင်။
ဤသည်က သူ့အတွက် ကြောက်စရာ အကောင်း ဆုံး သတင်းဆိုးပင် မဟုတ်ပါလား။
တစ်နည်းအားဖြင့် ရဲရှောင်က ရွှမ်ပိုင်ထက်ပင် ပို၍ အစွမ်းထက်နေပြီဟု ဆိုလို၍ ရနေချေပြီ။
ထိုသို့ဆိုလျှင် နေရောင်ဂိုဏ်းအဖို့ လွတ်မြောက် နိုင်စွမ်း မရှိတော့မည်မှာ အသေအချာပင်။
ထိုအချိန်မှာပင် အက်ကွဲကွဲ ရယ်သံကြီး တစ်ခုကို လူတိုင်း ကြားလိုက်ကြရသည်။
“ဟား ဟား ဟား . . .”
“ရှောင်ဧကရာဇ်က သေပြီ ဟုတ်လား ဘာဖြစ်လို့ သေရာကနေ ပြန်မရှင်လာနိုင်ရမှာလဲ လိဖေ့ချန် . . .”
“ကဲ ကျုပ်ကိုလည်း တစ်ဝကြီး ကြည့်လိုက်စမ်း ပါဦး ဘယ်သူလဲဆိုတာ . . .”
ထိုအသံအဆုံးတွင် ပုံရိပ်တစ်ခု မြေပေါ်သို့ ဆင်း သက်လာသည်ကို တွေ့လိုက်ကြရသည်။
ထိုပုံရိပ်မှာ အရပ်ရှည်ရှည် လူကောင်ထွားထွားနှင့် ဖြစ်ပြီး စူးရှသော မျက်လုံးအစုံကို ပိုင်ဆိုင်ထားသည်။
ထိုလူမှာ ဟိတ်ဟန်အပြည့်ဖြင့်ပင် ခြေလှမ်းကျဲကြီး များဖြင့် လျှောက်လှမ်းလာသည်။
သူ၏ ခြေလှမ်းတိုင်းက ကမ္ဘာတစ်ခုလုံးကိုပင် တုန် လှုပ်သွားစေသလိုပါပင်။
ထို့ပြင် ပခုံးထက်၌လည်း ဓားပြားကြီး တစ်လက် ကို ထမ်းထားပြန်သည်။
ထိုဓားပြားကြီးက မသိပါက တူကြီးတစ်လက်နှင့် ပင် တူနေပါသေးသည်။
လိဖေ့ချန်လည်း ပါးစပ်အဟောင်းသားဖြင့် ထိုလူ့ ထံမှ အကြည့်များကို မလွှဲနိုင်တော့ချေ။
“မရဏ မရဏဓား လိဝူလျန်ပါလား . . .”
လူတိုင်းမှာ လိဖေ့ချန်၏ စကားကို ကြားသောအခါ တုန်လှုပ်သွားကြသည်။
ယခင်နေ့ရက်များတွင် ဂိုဏ်းသုံးခုကို လိဝူလျန်ကို သတ်ဖြတ်ခဲ့သောကြောင့် ရှောင်ဧကရာဇ်က လိဝူလျန် အတွက် လက်စားပြန်ချေခဲ့သည်။
ထို့ကြောင့် ဂိုဏ်းသုံးခုမှ ရှောင်ဧကရာဇ်ကို မိုင် ပေါင်း ၄၀၀၀၀ အထိ မရမက လိုက်လံဖမ်းဆီးပြီး သတ်ဖြတ်ပစ်ခဲ့သည်။
သို့သော် ယခုအခါ ရှောင်ဧကရာဇ်ထက် အရင် သေ ဆုံးသွားခဲ့သော လူပင် သူတို့ရှေ့၌ ပေါ်လာချေပြီ။
နေရောင်ဂိုဏ်းအဖို့ ရှောင်ဧကရာဇ် ပြန်ပေါ်လာပြီး ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင် ဖြစ်သွားပြီ ဆိုသည့် သတင်းကြား၍ တုန်လှုပ်နေတုန်းပင် ရှိသေးသည်။
ထိုတုန်လှုပ်မှု မဆုံးသေးခင် လိဝူလျန်က ထပ်မံ ပေါ်လာပြန်သည်။
ဤသည်က အိပ်မက်ဆိုလျှင်ပင် ၎င်းတို့အတွက်က အဆိုးရွားဆုံးသော အိပ်မက်သာ ဖြစ်လိမ့်မည်။
“ဟုတ်တယ် ကျုပ်က လိဝူလျန်ပဲ ဟား ဟား . . .”
လိဝူလျန်က ကျယ်လောင်စွာ ရယ်မောရင်း ပြော လိုက်သည်။
“လိဖေ့ချန် . . .”
“နေရောင်ဂိုဏ်းရဲ့ နံပါတ် ၁ သက်ကြီးပညာရှင်ကြီး ဒီလိုနေ့ရက်မျိုး ရောက်လာမယ်လို့ ခင်ဗျား မထင်ခဲ့ဘူး မဟုတ်လား . . .”
လိဖေ့ချန်မှ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေး နက်သော အသံဖြင့် -
“လိဝူလျန် မင်းဘာလိုချင်တာလဲ . . .”
လိဝူလျန်မှ ဟက်ခနဲ ရယ်မောလိုက်ရင်း -
“ကျုပ်ဘာလိုချင်လဲဆိုတာ မေးနေတယ်ပေါ့ ဟုတ် လား၊ ဘာလဲ ကျုပ်က ခင်ဗျားတို့အတွက် လိပ်တစ် ကောင်နဲ့ တူနေလို့လား . . .”
ထိုအချိန်မှာပင် ထိုနေရာတစ်ဝိုက်လုံး၌ သတ်ဖြတ် လိုသော အငွေ့အသက်များ ဖုံးလွှမ်းလာပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now