1431---------1435(ခ)

101 4 0
                                    

အခန်း (၁၄၃၁ - က)(စာစဉ် ၁၀၃- အပိုင်း ၈)
“အစီအစဉ်များ ချမှတ်ခြင်း”

ရှဲ့ဒါယူနှင့် လဘုရင်မတို့ အားလုံးမှာ မျက်နှာတစ်ခု လုံး သွေးမရှိတော့သလို ဖြစ်သွားကြသည်။
ထိုမျှ အင်အားကြီးသည့် အဖွဲ့ကြီးနှင့် သူသေကိုယ် သေ တိုက်ခိုက်ရမည့် တိုက်ပွဲကြီးတွင် အနိုင်ရလိမ့်မည် ဟုလည်း သူတို့ကိုယ်သူတို့ မယုံကြည်ဝံ့ကြတော့ပေ။
“အခြေအနေတွေက ကျွန်မတို့ ထင်ထားတာထက်ကို ပိုပြီး ဆိုးရွားနေပြီ . . .”
လဘုရင်မမှ သက်ပြင်းချရင်း ပြောလိုက်၏။
“ချင်းရန်နယ်ပယ်ရဲ့ အင်အားအကြီးဆုံး အဖွဲ့ကြီးလို့ သတ်မှတ်ထားတဲ့ အနောက်ခန်းမက သိုသိုသိပ်သိပ်နဲ့ အင်အားတောင့်တင်းအောင် လျှို့ဝှက်ဖွဲ့စည်းနေတာပဲ”
“အရှေ့ခန်းမကလည်း သိုင်းလောကထဲမှာ သိုသိုဝှက် ဝှက်နဲ့ပဲ အရှုပ်အထွေးတွေ ကြားထဲမှာ ပါဝင်နေတယ်၊ ဒီနှစ်တွေထဲမှာ ကျွန်မ သံသယတော့ ဖြစ်ခဲ့မိတယ် . . .”
“ဒီခန်းမကြီး နှစ်ခုက အင်အားဆိုတဲ့ အရာကို ဂရု မစိုက်သလိုမျိုး ဘာလို့ နေနေရလဲဆိုတာကိုပေါ့၊ အခု တော့ သူတို့တွေ တစ်ချိန်လုံး ဟန်ဆောင်နေကြတယ်ဆို တာကို ကျွန်မသိသွားပြီ . . .”
“အခု ဘာဆက်လုပ်ကြမလဲ . . .”
လူတိုင်း၏ ရင်ထဲ၌ ထိုမေးခွန်းသာလျှင် ကြီးစိုးနေကြ သည်။
ထို့ကြောင့် ရဲရှောင်ကိုသာ မျှော်လင့်တကြီးဖြင့် လှမ်း ကြည့်လိုက်ကြတော့သည်။
မကြာသေးမီကမှ ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင် ဖြစ်လာခဲ့သည့် ရဲရှောင်က ယခုအခါ အားလုံးအတွက် အသက်သွေးကြောပမာ ဖြစ်နေပြီ မဟုတ်ပါလား။
ရဲရှောင်လည်း ခဏတာမျှ လေးလေးနက်နက် တွေး ခေါ်လိုက်သည်။
ထို့နောက်မှ -
“ကိုယ့်လူတို့ . . .”
“ကျုပ်တို့တွေ သိပ်ပြီးတော့လည်း ထိတ်လန့်နေလို့ မဖြစ်ဘူး၊ ကျုပ်တို့မှာက အရေးပါတဲ့ အချက်လက်တွေ ကို ရထားပြီးသွားပြီ၊ ရန်သူတွေ ဘယ်နေရာမှာ ပုန်းခိုနေ တယ် ဆိုတာကိုလည်း သိထားပြီးသွားကြပြီ ဒါကကျုပ် တို့အတွက် အကြီးမားဆုံး အခွင့်အရေးပဲ . . .”
“ကျုပ်တို့ရဲ့ နောက်ထပ် ခြေလှမ်းက တစ်ကမ္ဘာလုံး မှာ ရှိနေတဲ့ ရန်သူတွေရဲ့ ဂိုဏ်းအခွဲတွေကို ဖျက်ဆီးပစ်ဖို့ ပဲ၊ ဒီလောက်ကြီးမားတဲ့ အဖွဲ့စည်းကြီးကို တိုက်ခိုက်ဖို့ဆို ရင် ကျုပ်တို့တွေ လှုပ်ရှားမှုတိုင်းကို သတိထားမှ ဖြစ်လိမ့် မယ်၊ ပြီးတော့ လှုပ်ရှားသမျှ အရာအားလုံးကလည်း အောင်မြင်နေမှကို ဖြစ်မယ်၊ အမှားအယွင်း တစ်ခုခု ပါ သွားလို့ မဖြစ်ဘူး . . .”
“အဲဒါကြောင့် နောက်ထပ် လုပ်ရမယ့်အရာက ကျုပ် တို့တွေ . . .”
ရဲရှောင် ခဏမျှ စကားတန့်သွားသည်။
ထို့နောက်မှသာ -
“ကျုပ်တို့ရဲ့ အင်အားစုတွေကို စီစဉ်စရာရှိတာ စီစဉ်ရ မယ်၊ ကျုပ်တို့တွေ နေရာသိနေတဲ့ ဌာန ၄ ခုကို ဖျက်ဆီး ပစ်ရမယ်၊ ဖျက်ဆီးတာမှ အားလုံးကို တစ်ပြိုင်နက်တည်း ဖျက်ဆီးပစ်ရမှာ၊ တစ်ခုပြီးတစ်ခု သွားဖျက်ဆီးလို့ မရဘူး ဒါပေမယ့် ဒီတာဝန်အတွက် မူလတာအိုအဆင့် ပညာရှင် ၁၀၀၀၀ လောက်ကို လိုအပ်တယ် . . .”
“အဲဒါကြောင့် နန်းတော်က လူတွေ တတ်နိုင်သမျှ များများ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ် . . .”
ရဲရှောင်လည်း လဘုရင်မ၊ ရှဲ့ဒါယူနှင့် ဝရမ်ချူးချူးတို့ ကို လှမ်း၍ ကြည့်လိုက်သည်။
လက်ရှိတွင် ရွှမ်ပိုင် ရှိမနေ၍ ဝရမ်ချူးချူးသာလျှင် တိမ်မြူခိုးနန်းတော်အတွက် တာဝန်ရှိနေသည် မဟုတ်ပါ လား။
လဘုရင်မနှင့် ရှဲ့ဒါယူတို့မှာ တွေဝေမှု အလျဉ်းမရှိဘဲ ချက်ချင်းပင် -
“ဒါကပြဿနာ မရှိပါဘူး . . .”
ဝရမ်ချူးချူးမှလည်း -
“ကျွန်မ နန်းတော်ကို သတင်းပို့ပြီး သက်ကြီးပညာ ရှင်တွေကို ဆုံးဖြတ်ခိုင်းလိုက်ပါမယ် . . .”
သူမ ထိုသို့ ပြောချိန် လဘုရင်မနှင့် ရှဲ့ဒါယူတို့ နှစ်ဦး မှာ အထင်သေးဟန်ဖြင့် ကြည့်လိုက်ကြသည်။
(ဘာလဲဟ ငါတို့ကို ရွှမ်ပိုင်ထက် အဆင့်နိမ့်သလို ပုံစံ မျိုးနဲ့ သူက ပြောနေတာပဲ . . .)
“နောက်ပြီး ကျုပ်တို့တွေ အစီအစဉ်ကို သေချာစီစဉ် ပြီး လုပ်မှဖြစ်မယ်၊ ဌာနချုပ် ၄ ခုကို တိုက်ခိုက်ဖျက်ဆီး နိုင်တဲ့ ဘယ်သူမဆို တိုက်ခိုက်မှုမှာ ပင်တိုင် ပါဝင်ရမယ် ဆိုပေမယ့် မူလတာအိုအဆင့် အောက်ရှိတဲ့ လူတွေက တော့ တတ်နိုင်သလောက် ဝေးဝေးမှာ ပုန်းနေသင့်တယ်”
ရဲရှောင်မှ ပြုံးလျက် ပြောလိုက်၏။
“အဆင်မြင့်ပညာရှင်တွေ ကြားထဲက တိုက်ပွဲက မူလ တာအို အဆင့်အောက် ပညာရှင်တွေ စောင့်ကြည့်လို့ရနိုင် မယ့် တိုက်ပွဲမျိုး မဟုတ်ဘူး၊ သိချင်စိတ်နဲ့ စောင့်ကြည့် နေတာမျိုးက သူတို့အတွက် အန္တရာယ်များလွန်းတယ်”
“ဟုတ်တယ် ဒီလိုအရေးမပါတဲ့ စတေးခံမှုမျိုးကို လုပ် ဖို့ မလိုအပ်ဘူး . . .”
လဲ့ဒါဒီမှ သဘောတူဟန်ဖြင့် ခေါင်းညိတ်ကာ ပြော လိုက်သည်။
“တခြားဂိုဏ်းတွေကလည်း ဒီတိုက်ပွဲမှာ ပါဝင်ဖို့ ထိပ် သီး ပညာရှင်တွေ အားလုံးကို စေလွှတ်သင့်တယ် . . .”
ရဲရှောင်မှ ဆက်၍ ပြောလိုက်၏။
“ပထမဆုံး ကျုပ်တို့ဘက်က လှုပ်ရှားမှုက ကြီးကျယ် ခမ်းနားနေရမယ်၊ တစ်ခါတည်းနဲ့ ဌာနချုပ် ၄ ခုကို ဖျက် ဆီးပစ်ရမယ်၊ နောက်ပြီးတော့ ကျုပ်တို့တွေ ဌာနချုပ် ၄ ခုကို တိုက်ခိုက်နေတဲ့အချိန် နောက်ဌာနချုပ်တွေရဲ့ တည် နေရာကို သိအောင် ကြိုးစားရမယ် . . .”
“ဒါကြီးက ရန်သူတွေဘက်ကို သတိပေးလိုက်သလို မျိုး ဖြစ်မသွားနိုင်ဘူးလား . . .”
လဘုရင်မမှ ရဲရှောင်အား ကြည့်ရင်း မေးလိုက်သည်။
“ကျွန်မတို့တွေ ဘယ်လောက်ပဲ သိုသိုသိပ်သိပ် လုပ် လုပ် အနောက်ခန်းမနဲ့ အရှေ့ခန်းမက ကျွန်မတို့ လှုပ်ရှား တာကို သိသွားမှာပဲလေ၊ ဒါဆို သူတို့ ခန်းမကြီး နှစ်ခုက ကျွန်မတို့ကို ပြဿနာရှာပြီး ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်မသွားနိုင်ဘူးလား . . .”
“အဲဒီလို ဖရိုဖရဲ ဖြစ်တာကို မြင်ချင်လိုက်တာ . . .”
ရဲရှောင်မှ ပြုံးလျက် ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျုပ်တို့တွေ အခု သိရတယ်ဆို တာက ကျုပ်တို့ လူတွေရဲ့ စကားလုံးတွေ အရပဲ သိရတာ လေ၊ အဲဒါအပေါ် အခြေခံပြီး သေချာသွားစွပ်စွဲလို့ မရဘူး အဲဒါကြောင့် သူတို့တွေ ဝန်ခံလာအောင် လုပ်ဖို့ လိုအပ် နေတယ်၊ သူတို့တွေက ဘယ်သူတွေလဲဆိုတာ ကမ္ဘာကြီး ကို သူတို့ဘာသာ သူတို့ပြဖို့ လိုအပ်နေတယ် . . .”
လဘုရင်မ သက်ပြင်းသာ ချလိုက်တော့သည်။
သူမအနေဖြင့် ထိုအချက်ကို မငြင်းနိုင်။
ရဲရှောင် ပြောသည်ကလည်း မှန်ကန်သည့်အချက်ပင် မဟုတ်ပါလား။
“ကျုပ်က တစ်ကိုယ်တော် ပညာရှင်တွေဖြစ်တဲ့ လိဝူ လျန်နဲ့ ဟန်ပိုင်ယွဲ့တို့ကို ဦးဆောင်ပြီး သွားမယ် . . .”
“ကျွင့်ယင်းလျန်နဲ့ သူ့ရဲ့ ကောင်းကင်ရေခဲနန်းတော် က လူတွေက ဌာနချုပ် ၄ ခု ထဲက ၁ ခုကို တိုက်ခိုက်ရ မယ် . . .”
ရဲရှောင်မှ တည်ကြည်သော အသံဖြင့် ပြောလိုက်၏။
“လဘုရင်မကတော့ ခင်ဗျားရဲ့ လူတွေကို ဦးဆောင် ပြီး ရေခဲလနန်းတော်နဲ့ ပူးပေါင်းလိုက်ပါ၊ ပြီးရင်တော့ နောက်ထပ် ဌာန ၁ ခုကို တိုက်ခိုက်လိုက်ပါ . . .”
“နောက် ရေခဲတိမ်တိုက် နန်းတော်က တခြားဂိုဏ်း တစ်ခုခုနဲ့ ပူးပေါင်းပြီး ဂိုဏ်းချုပ် ရှဲ့ဒါယူရဲ့ ဦးဆောင်မှု အောက်မှာ နောက်ထပ် ဌာန ၁ ခုကို တိုက်ခိုက် . . .”
“နောက်ဆုံး ၁ ခုကတော့ တိမ်မြူခိုးနန်းတော်ရဲ့ တာ ဝန်ပဲ ဖြစ်လိမ့်မယ် . . .”
ရဲရှောင်က ဝရမ်ချူးချူးကို လှမ်းကြည့်ပြီး ပြောလိုက် သည်။
ထိုအချိန် ရွှမ်ပိုင် စိတ်ထဲတွင်မူ စိုးရိမ်မှုများဖြင့် ထိုင် မရ ထမရ ဖြစ်နေမိသည်။
သို့သော် သူမအဖို့ ထိုခံစားမှုများကို ထုတ်ဖော်၍ လည်း မရနိုင်သဖြင့် ခေါင်းငုံ့၍သာ ရှိနေတော့သည်။
“တစ်ခုခုကို အမှားအယွင်း မဖြစ်ဖို့ လိဝူလျန် မင်းက လျူချန်းဂျန်၊ နင်ဘီလျူ၊ ကျောင်းဖင်းရှန်တို့နဲ့အတူ တိမ် မြူခိုးနန်းတော်နဲ့ ကူညီပြီး တိုက်ခိုက်ပေးလိုက် . . .”
လိဝူလျန် အံ့ဩသွား၍ -
“နေ နေပါဦး ဘယ်လို ပြောလိုက်တာလဲ . . .”
“ငါသာ မင်းအုပ်စုကနေ ထွက်သွားရင် မင်းအင်အား နည်းသွားမှာပေါ့ . . .”
ရဲရှောင် ပြုံးလျက် -
“စိတ်ပူမနေစမ်းပါနဲ့ မင်း ငါ့အကြောင်း မသိဘူးလား၊ ငါကဘယ်လို အခြေအနေမှာမဆို မယုံနိုင်လောက်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်စမြဲပဲလေ . . .”
ထိုစကားကြောင့် လိဝူလျန်လည်း ရယ်မောလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။
ထိုအချိန် လဘုရင်မမှ -
“ချင်းဟွာနန်းတော်နဲ့ ရေခဲလနန်းတော်တို့ ပူးပေါင်း လိုက်မယ်ဆိုရင် ဌာနချုပ် ၁ ခုကို တိုက်ခိုက်ဖို့က လိုတာ ထက်ကို ပိုနေပါပြီ၊ ရှင်ပြောသလိုပဲ တစ်စုံတစ်ခု အမှား အယွင်း မဖြစ်ဖို့အတွက် ဆရာမ ယွဲ့ရှောင်နဲ့ ယွဲ့ဟန်တို့ ကို ရှင့်ရဲ့ အုပ်စုထဲ ထည့်လိုက်ပါလား ရှောင်ဧကရာဇ်”
ရဲရှောင်က သူ၏ အစီအစဉ်များကို ပြောဆိုနေချိန် ညီ အစ်မနှစ်ဦးမှာ မပျော်မရွှင် ဖြစ်နေသည်ကို လဘုရင်မ သတိပြုမိလိုက်သည်။
စင်စစ် ရဲရှောင်နှင့် အတူ မတိုက်ခိုက်ရ၍ ထိုသို့ ဖြစ် နေခြင်းပါပင်။
အမွှာ ညီအစ်မနှစ်ဦးမှာ ရှောင်ဧကရာဇ်နှင့် တွေ့ပြီး ကတည်းက ချင်းဟွာနန်းတော်နှင့် မသက်ဆိုင်တော့ သလို ဖြစ်သွားခဲ့သည်။
ထို့ကြောင့် လဘုရင်မအဖို့လည်း ထိုညီအစ်မများကို အမိန့်ပေးနိုင်တော့မည် မဟုတ်ပေ။
သူမ၏ ဘက်တွင် စိတ်မပါလက်မပါ တိုက်ခိုက်နေ မည့်အစား ရဲရှောင်နှင့်အတူ တိုက်ခိုက်စေခြင်းက ပိုပြီး ကောင်းလိမ့်မည်ဟု လဘုရင်မ တွေးလိုက်မိသည်။
ထို့ပြင် ထိုကဲ့သို့ ပူးပေါင်းလိုက်ခြင်းအားဖြင့် ရဲရှောင် ၏ အုပ်စုကို ပို၍ အင်အားတောင့်တင်း သွားစေနိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် ဉာဏ်အမျှော်အမြင်ရှိရှိ ပြောလိုက်သော လဘုရင်မ၏ စကားကြောင့် ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာ ပျော်ရွှင်သွားကြသည်။
“အစ်ကိုကြီး လဘုရင်မရဲ့ အကြံက သိပ်ကို ကောင်း တယ်၊ ကျွန်မတို့တွေ အတူတူ ထပ်ပြီး တိုက်ခိုက်လို့ရပြီ၊ အဲဒါက မကောင်းဘူးလား . . .”
ရဲရှောင် ဘာပြောရမှန်း မသိ ဖြစ်သွားသည်။
ထို့နောက် ပြုံးလျက် -
“ကိုယ့်လူတို့ . . .”
“လူတွေ စုစည်းတဲ့အခါမှာ တိတ်တဆိတ် လုပ်ကြပါ၊ ကျုပ်တို့ရဲ့ လူတွေအားလုံး မဆုံခင် ထိပ်တန်းပညာရှင် တွေကို ရွေးထုတ်လိုက်ကြရအောင်၊ အားလုံး စုစည်းပြီး တဲ့အခါ တတ်နိုင်သမျှ မြန်မြန် တိုက်ခိုက်ကြမယ် . . .”
ရဲရှောင်၏ အသံမှာ လေးနက်လွန်းလှသည်။
“ဒီတစ်ကြိမ် ကျုပ်တို့တွေ ကျရှုံးလို့ မဖြစ်ဘူး . . .”
ထို့နောက် ဝရမ်ချူးချူးဘက်သို့ လှမ်းကြည့်လိုက်ပြန် ရင်း -
“တိမ်မြူခိုးနန်းတော်အနေနဲ့ . . .”
ဝရမ်ချူးချူးမှ နှုတ်ခမ်းကို ကိုက်လိုက်ကာ -
“ဒါကချင်းရန်နယ်ပယ်ရဲ့ အနာဂတ် တစ်ခုလုံးနဲ့ သက်ဆိုင်နေတာ၊ အဲဒါကြောင့် ကျွန်မတို့ တတ်နိုင်သမျှ အကုန်လုပ်ရမှာပဲ၊ ဒီလိုကိစ္စတွေမှာ တိမ်မြူခိုးနန်းတော် က ဘယ်တော့မှ သူများနောက်ကျ မခံပါဘူး . . .”
“နောက်ပြီး သခင်မ ရွှမ်ပိုင်ကလည်း ပြောခဲ့ပြီးသွားပြီ လေ၊ သူဘာလို့ ထွက်သွားလဲဆိုတာကို ကျွန်မ မသိပေ မယ့် သူက ရှောင်ဧကရာဇ်ကို အပြည့်အဝ ထောက်ပံ့ပေး မယ်လို့ ကျွန်မ ယုံကြည်ပါတယ် . . .”
ရဲရှောင်လည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပါတော့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now