1123-----1124

246 18 1
                                    

အခန်း (၁၁၂၃)(စာစဉ် ၈၁- အပိုင်း ၃)

“ငါ့သားကို ဘယ်လိုတောင် ရိုက်ဝံ့သလဲ”

အားနည်းသည့် အခြားလူများကလည်း ရဲရှောင်တို့ ပြောနေသည့် စကားများကို နားထောင်နိုင်ရန် ကြိုး စားခဲ့ကြသည်။

သို့သော် သူတို့အဖို့ နားထောင်နိုင်ရန် အချည်းနှီး သာ ဖြစ်ခဲ့ရသည်။

အကြောင်းမှာ ယခုအချိန်၌ လေ့ကျင့်သည့် နေရာ မှာ ကမ္ဘာကြီး၏ ကန့်သတ်နယ်မြေလိုပင် ဖြစ်နေသည် မဟုတ်ပါလား။

အတိအကျဆိုရလျှင် ထိုနေရာကို ယွဲ့ရှောင်နှင့် ယွဲ့ ဟန်တို့သာ ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်သည်။

“အခုတော့သူအဆင်ပြေပါတယ် အနည်းဆုံးတော့ အခုချိန်အထိပေါ့ . . .”

“အထဲမှာ ဘာတွေ ဖြစ်နေကြလဲတော့ မသိဘူး ဒါပေမယ့် ကောင်လေးရဲ့ အသက်ရှူသံကိုတော့ ခံစား မိနေတုန်းပဲ . . .”

“အသက်ရှူနှုန်းကလည်း လျော့ကျ သွားတာမျိုး မရှိဘူးဆိုတော့ အဲဒီကတည်းက သူက ဘာမှမဖြစ်လို့ ပေါ့ . . .”

ဇန်ယွန်ဖေ့မှ ပြောလိုက်သည်။

ထိုစကားကြောင့် ရဲနန်ရှန် စိတ်ထဲ စိတ်သက်သာ ရာ ရသွားမိသည်။

ဘာမှ မဖြစ်သေးသရွေ့ အဆင်ပြေနေတုန်းဟု ယူဆ၍ ရနိုင်သည် မဟုတ်ပါလား။

အရေးကြီးသည့်အချက်မှာ ယွဲ့ရှောင်နှင့် ယွဲ့ဟန် တို့မှာ ရဲရှောင်အား သတ်ရန် များစွာအားထုတ်နေစရာ မလို၊ လက်ချောင်း တစ်ချောင်း လှုပ်ရှားရုံဖြင့်ပင် လုံ လောက်နိုင်ပေသည်။

ထို့ကြောင့် ပြဿနာကိုတိုက်ခိုက်ခြင်းဖြင့် ဖြေရှင်း ကြမည့် သူမတို့လိုလူမျိုးက ယခုအချိန်ထိ ဘာမှမလုပ် သေး၍ စိတ်အေးနိုင်သေးသည် မဟုတ်ပါလား။

“ဒါပေမယ့် သူတို့တွေ ဘာတွေပြောနေတာလည်း တော်တော်တောင် ကြာသွားပြီ . . .”

အချိန်အားဖြင့် အတော်ပင် ကြာမြင့်နေပြီဖြစ်၍ လူတိုင်းမှာ နားမလည်နိုင်အောင် ဖြစ်လာကြသည်။

မည်မျှထိဆိုလျှင် ရဲရှောင်တို့ ထိုနေရာ၌ ရှိနေသည် မှာ နေ့ဝက်ခန့်ပင် ကြာမြင့်နေပြီ ဖြစ်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားTahanan ng mga kuwento. Tumuklas ngayon