1215-------1216

100 10 0
                                    

အခန်း (၁၂၁၅)(စာစဉ် ၈၇- အပိုင်း ၁၁)

“မမျှတသော တိုက်ခိုက်မှု”

“ချူးချူးက ငယ်သေးတယ် . . .”

ပိုင်ရှင်းယွဲ့မှာ ဝရမ်ချူးချူး၏ ခန္ဓာကိုယ်ကို ထွေး ပွေ့ထားရင်းဖြင့် ရေရွတ်လိုက်သည်။

“နောက်ပြီး သူက သတ္တိလည်းရှိတယ်၊ ဘယ်သူမှ မလုပ်ဝံ့တဲ့ အရာကိုလည်း လုပ်ရဲတယ်၊ သတိလက် လွတ် ဖြစ်တတ်ပေမယ့် သူ့မှာ အမြဲတမ်း အစီစဉ်ဆို တာ ရှိပြီးသား . . .”

“အခုတော့ ငါ့တပည့်လေးက တမလွန်မှာ လမ်း ပျောက်နေမှာ၊ ငါသာ သူနဲ့အတူမရှိပေးရင် သူ့ခမျာ ကြောက်နေရှာမှာပေါ့ . . .”

ထိုသို့ ရေရွတ်ပြီးနောက် ပိုင်ရှင်းယွဲ့မှာ တပည့်ဖြစ် သူကို ကျောတွင် ချီပိုးလိုက်ပြီး ဓားကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ထားလိုက်သည်။

ထို့နောက် မတ်မတ်ရပ်လိုက်ရင်း လူ ၇ ယောက်၏ မျက်နှာအား မုန်းတီးနာကျည်းမှုအပြည့်ဖြင့် စူးစိုက်၍ ကြည့်လိုက်ပြန်သည်။

ရန်သူများအပေါ်ထားရှိသည့် ထိုအမုန်း တရားများ က သူမ သေဆုံးသွားသည့်တိုင် မှေးမှိန်သွားလိမ့်မည် မဟုတ်ပါ။

“မင်းက ဘယ်သူများလဲ . . .”

တန်ချင်းဖန်မှ ပိုင်ရှင်းယွဲ့အား စူးရဲသော မျက်လုံး များဖြင့် ကြည့်ရင်း‌ မေးလိုက်၏။

သူ့အဖို့ မူလတာအို အဆင့်ခြောက်နှင့် အထက်ရှိ သော မိန်းကလေးတိုင်းလိုလိုကို သိသော်လည်း ယခု သူ့ရှေ့၌ ရှိနေသော မိန်းကလေးကိုမူ မသိချေ။

ထိုမိန်းကလေးမှာ ယခင်က အစွမ်း အရမ်းမထက် သေးဘဲ မူလတာအို အဆင့်နိမ့်သာလျှင် ရှိ‌ရမည်ဟု သုံးသပ်လိုက်မိသည်။

လမ်းတစ်လျှောက် တိုက်ခိုက်လာ၍သာ မူလတာ အို အဆင့်ခြောက်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် တန်ချင်းဖန်ပင် ထိုကဲ့သို့ ကျင့်ကြံမှု နည်းစနစ်နှင့်ပတ်သက်၍ တိုးတက်လာရခြင်းကို မယုံ နိုင် ဖြစ်နေမိသည်။

ထို့ပြင် ယခုအမျိုးသမီးမှာ သူမ၏ စွမ်းအင် အစစ် အမှန်ကို တစ်ချိန်လုံး ဖုံးကွယ်ထားပြီး အလိုရှိသည့် အချိန်မှသာ ထုတ်သုံးလိမ့်မည်ဟုလည်း တွေးထင်မိ လိုက်ပြန်သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now