1185-----1186

117 8 1
                                    

အခန်း (၁၁၈၅)(စာစဉ် ၈၅- အပိုင်း ၉)

“မင်းသမီးများ၏ ကံကြမ္မာ”

“နောင်တလား . . .”

ဝရမ်ချူးချူးမှ ခဏတာမျှ တွေဝေသွားရင်း ရေရွတ် လိုက်သည်။

ဆရာဖြစ်သူ ပိုင်ရှင်းယွဲ့မှာ သူမ၏ အနားမှ မည်သို့ မှ ထွက်သွားမည်မဟုတ်ကြောင်း သိနေလေသည်။

ထို့ကြောင့် သူမ၏ လက်ကျန်စွမ်းအင်များကိုသာ စု စည်းကာ သက်သာစေရန် ကြိုးစားနေလျက် ရှိသည်။

ထိုအချိန် ပိုင်ရှင်းယွဲ့၏ အမေးကို ကြားသောအခါ သူမစိတ်ထဲ တွေဝေသွားမိ၏။

“ငါမေးတာကို မင်းနားမလည်ဘူးလား . . .”

ပိုင်ရှင်းယွဲ့မှ ထပ်မံပြောဆိုလိုက်သည်။

သူမ၏ ရီဝေသော မျက်ဝန်းများကလည်း မဲမှောင် နေသော ကောင်းကင်ကြီးထံသို့သာ ငေးစိုက်ကြည့်နေ လျက်ရှိသည်။

“မင်းက အဆင့်နိမ့်နယ်ပယ်က မင်းသမီးတစ်ပါး၊ အနားမှာလည်း ကာကွယ်ပေးမယ့် လူတွေက အမြဲရှိ နေတယ်၊ အဲဒီနိုင်ငံမှာဆို မင်းအထက်မှာ တစ်ယောက် ပဲရှိတယ်၊ နောက်ပြီး မင်းဘဝက အဲဒီမှာ ပိုပြီးလုံခြုံ တယ်၊ ဘာလို့များ ဒီကမ္ဘာကို လာခဲ့ရတာလဲ . . .”

“ချင်းရန်နယ်ပယ်ဆိုတာ အင်အားကြီးတဲ့ လူတွေ သာ အနိုင်ရတဲ့ နယ်မြေတစ်ခုပဲ၊ အခုဆိုရင် မင်းဘဝရဲ့ အဆုံးသတ်ကို ရောက်နေပြီ၊ အဲဒါကို မင်းနောင်တမရမိ ဘူးလား . . .”

ဝရမ်ချူးချူးမှ ဖျော့တော့စွာ ပြုံးလိုက်ရင်း -

“ဆရာ ဘာလို့ ဒီလိုများ မေးရတာလဲ ကျွန်မ ဘယ် လိုကြောင့် နောင်တရရမှာလဲ . . .”

ပိုင်ရှင်းယွဲ့မှ -

“မော်တယ်ကမ္ဘာမှာဆိုရင် ငါတို့က နတ်ဘုရားတွေ လိုပဲ၊ အဲဒီနယ်ပယ်မှာရှိတဲ့ လူတိုင်းက ငါတို့ကို အစွမ်း ထက်လို့ နတ်ဘုရားတွေလိုတောင် ကိုးကွယ်ကြမှာ၊ အဲ ဒီနယ်ပယ်မှာသာဆို ငါတို့က လေလိုပဲ လှုပ်ရှားလို့ရ တယ်၊ စက္ကန့်ပိုင်းအတွင်း မိုင်ပေါင်း များစွာကိုလည်း ခရီးသွားနိုင်တယ်၊ လုပ်ချင်တာတွေ လုပ်လို့ရတယ်”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now