1475

72 1 0
                                    

အခန်း (၁၄၇၅ - က)(စာစဉ် ၁၁၂- အပိုင်း ၁၀)
“နှုတ်ဆက်ဓားသမား”
အခြေအနေများက တင်းမာနေပြီဖြစ်သည့်တိုင် ထိုလူမှာ ဆရာရှောင်ကိုစော်ကားရန် ကြိုးစားနေတုန်းပါပင်။
မသိပါက ဆရာရှောင်အား သူ့တစ်ဘဝလုံးနောက်ပြောင်ရန်ပင် ဆုံးဖြတ်ထားသည့်ပုံပင်ပေါက်နေ၏။
“ဒါကအဆုံးမဲ့ပင်လယ်ထဲက ကျင့်ကြံမှုပညာရှင်တွေရဲ့ ပြောဆိုဆက်ဆံပုံတွေပဲ၊ သူတို့က လူတစ်ယောက် ယောက်ကို ဆန့်ကျင်ပြီဆိုရင် အဆုံးစွန်ထိရောက်အောင် ဆန့်ကျင်တတ်ကြတယ်၊ ဒီအတွက်လည်း ဆရာရှောင်က အဲဒီလူကို ဘယ်လိုမှခွင့်လွှတ်မှာမဟုတ်ဘူး၊ ဟိုဘက်ကလူကလည်း အဲဒီအပေါ် လုံးဝကို ဂရုစိုက်မယ့်ပုံမရှိဘူး . . .”
မိစ္ဆာဝိညာဉ်နက်မှ ရဲရှောင်အား စိတ်ချင်းဆက်သွယ်၍ ပြောလိုက်၏။
“အင်း . . .”
ရဲရှောင်လည်း ခေါင်းညိတ်လျက်သာ အဖြေပြန်ပေးလိုက်သည်။
“အရှက်မရှိတဲ့ကောင် . . . မင်းကိုမေးစရာတစ်ခုရှိတယ်၊ မင်းဈေးတွေဘယ်လောက်ပဲမြှင့်မြှင့် ငါဂရုမစိုက် ဘူး၊ ငါ့ကိုစော်ကားနေတာကိုလည်း ငါမပြောချင်ဘူး ဒါပေမယ့် မင်းပြောခဲ့တဲ့ ပမာဏတွေကို မင်းတကယ်ပေးနိုင်ခဲ့ လား၊ မပေးနိုင်ခဲ့ဘူးလားဆိုတာ ငါသိချင်တယ် . . .”
“မင်းမှာ တကယ်ပိုက်ဆံမရှိဘဲ အာချောင်ခဲ့တာဆိုရင်တော့ မင်းကငါ့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာ ပဲ၊ ဒါဆိုရင် ညီနောင်မဟာမိတ်အဖွဲ့အစည်းကလည်း ငါ့ကိုဖြေရှင်းချက်ပေးမှဖြစ်မယ် . . .”
ဆရာရှောင်မှ မကျေမချမ်းဖြင့် ထိုလူအားကြည့်ကာ ပြောလိုက်သည်။
တစ်ဖက်လူမှလည်း ဒေါသတကြီးဖြင့် -
“ထွီ . . . အတင့်ရဲလိုက်တာ၊ သံစဉ်တွေကို ဖန်တီးပြီးမှ ထမင်းစားရတဲ့ကောင်ကများ တော်တော်ကို မလေး မစားလုပ်တာပဲ၊ မင်းကဘာပြောချင်တာလဲ ဘာလဲ ငါကညီနောင်မဟာမိတ်အဖွဲ့နဲ့ တစ်ဖွဲ့တည်းလို့ မင်းက ပြောချင် နေတာလား . . .”
“မဟုတ်ဘူး . . . ငါကအဲဒီလိုပြောတာမဟုတ်ဘူး၊ ငါကတရားမျှတမှုကို လိုချင်ရုံပဲ . . .”
ဆရာရှောင်မှ တတ်နိုင်သမျှ ဒေါသများကိုချုပ်တီးကာ စကားကို ထိန်းပြောလျက်ရှိ၏။
သူနှင့်စကားနိုင်လုနေသော တစ်ဖက်လူမှာ ဉာဏ်နီဉာဏ်နက်အလွန်များသူတစ်ဦးပင် မဟုတ်ပါလား။
လက်ရှိအခြေအနေတွင်လည်း သူ့ဘက်သို့ ညီနောင်မဟာမိတ်အဖွဲ့ပါဝင်လာစေရန် ကြိုးစားနေလေသည်။
စင်စစ် ဆရာရှောင်နှင့် ညီနောင်မဟာမိတ်အဖွဲ့ကို ထိပ်တိုက်ရင်ဆိုင်ခိုင်းနေခြင်းပါပင်။
“ဆရာရှောင် . . . ခင်ဗျားက နာမည်ကြီးတစ်ယောက်ပါ ကျုပ်ဒါကိုဝန်ခံပါတယ် ဒါပေမယ့် အဲဒီလိုလူက ဆိုင် တဲ့လူတွေကိုပဲပြောလေ ဘာလို့မဆိုင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့ကိုပါ ပြောနေရတာလဲ၊ ခင်ဗျားက ဘာလို့ ညီနောင် မဟာမိတ်အဖွဲ့ကို စွပ်စွဲရတာလဲ . . .”
တစ်ဖက်လူမှ ဒေါသတကြီးဖြင့် ဆရာရှောင်အား ခွန်းတုန့်ပြန်လိုက်၏။
“ညီနောင်မဟာမိတ်အဖွဲ့ကို အထင်မှားစေမယ့်စွပ်စွဲမှုမျိုး ခင်ဗျားဘာလို့လုပ်ရတာလဲ၊ ခင်ဗျားက ဘာလိုချင် တာလဲ၊ ညီနောင်မဟာမိတ်အဖွဲ့က ဒီလေလံပွဲမှာ သူတို့လူတွေသူတို့ထည့်ပြီး လေလံဝိုင်းဆွဲခိုင်းနေတယ်လို့ ခင်ဗျား က ထင်နေတာလား . . .”
“သူတို့က ဒီရှားပါးသတ္တုတွေကို သူတို့ရဲ့ဝယ်လက်ဆီကရခဲ့တာနော်၊ ဘယ်သူ့ကိုမှလည်း သူတို့ တိတ်တိတ် လေး မရောင်းခဲ့ဘူး၊ အဲဒီအစား ဒီဖရိုဖရဲမြို့တော်မှာရှိတဲ့ လူတိုင်းရနိုင်တဲ့အခွင့်အရေးကို လေလံပွဲကျင်းပပြီးလုပ်ပေး နေတာ၊ သူတို့က အပင်ပန်းခံပြီး အားလုံးကို မျှမျှတတဖြစ်အောင်လုပ်ပေးနေတာ ဒါပေမယ့် အခုခင်ဗျားပြောလိုက် တဲ့စကားလည်း ခင်ဗျားပြန်စဉ်းစားကြည့်ပါဦး၊ ခင်ဗျားက ညီနောင်မဟာမိတ်အဖွဲ့ကို စော်ကားနေတာပဲ . . .”
“ခင်ဗျားဘာသာခင်ဗျား ဘယ်လောက်နာမည်ကြီးကြီး ခင်ဗျားရဲ့ပရိတ်သတ်တွေ ကမ္ဘာမှာဘယ်လောက်ပဲ ရှိရှိ၊ ခင်ဗျား ဘယ်လောက်ပဲ ပုလွေအမှုတ်တော်တော် ဒီအမှန်တရားကိုတော့ ခင်ဗျား အမှားလုပ်ပစ်လို့မရဘူး၊ ကျုပ်သာ ညီနောင်မဟာမိတ်အဖွဲ့ဝင်ဆိုရင် ဒီလိုစော်ကားမှုမျိုးကို ဒီအတိုင်းလက်ပိုက်ထိုင်ကြည့်နေမှာ မဟုတ်ဘူး”
ထိုလူမှာ အာပေါင်အာရင်းသန်သန်ဖြင့် အဖွဲ့နှစ်ဖွဲ့အား ပေါ်ပေါ်ထင်ထင် ရန်တိုက်ပေးလျက်ရှိ၏။
သို့သော် ဆရာရှောင်ကလည်း ထိုလူနှင့် ညီနောင်မဟာမိတ်အဖွဲ့ကို တစ်ဖွဲ့တည်းဟု စွပ်စွဲနေလေသည်။
ထို့ကြောင့် စင်မြင့်ထက်ရှိ ကြေညာသူမှာလည်း မနေသာတော့၍ ကျယ်လောင်သော အသံကြီးဖြင့် -
“ဒီကမိတ်ဆွေဧည့်သည်တော်ကြီးအနေနဲ့ ပိုင်ဆိုင်မှုကို ပြပေးလို့ရနိုင်မလား၊ ဒါမှသာ ကျုပ်တို့ သက်သေပြ နိုင်မှာပေါ့ . . .”
ပွဲကျင်းပသူများမှာ ပိုင်ဆိုင်မှုကိုပြသရန် တောင်းဆိုပိုင်ခွင့်ရှိသော်လည်း မလိုအပ်ဘဲ မလုပ်ကြချေ။
အခြေအနေအများစုတွင် သီးသန့်သာလျှင် စစ်ဆေးကြခြင်းဖြစ်သည်။
လူတစ်ဦး၏ပိုင်ဆိုင်မှုကို အများရှေ့တွင် ထုတ်ဖော်ပြသခိုင်းသည်မှာ မသင့်လျော်သည့်အလုပ်ပင် မဟုတ်ပါ လား။
သို့သော် ယခုအခါ ပွဲစီစဉ်သူမှ တောင်းဆိုလာပြီဖြစ်၍ တစ်ဖက်လူမှာ ထုတ်ပြရတော့ချေမည်။
ထို့ကြောင့် ထိုလူလည်း ရှေ့သို့တိုးကာ ရယ်မောလိုက်ရင်း -
“ကျုပ်က တစ်ကိုယ်တော်ပညာရှင်တစ်ယောက်ပါ၊ ဆရာရှောင်လောက်လည်း ပိုက်ဆံအများကြီးမရှိပါဘူး၊ ဒါပေမယ့် ကျုပ်လည်း ကြေးငှက်မွှေးကို လိုချင်ခဲ့တယ်လေ၊ အဲဒီတော့ ကျုပ်ပြောခဲ့တဲ့ ခရမ်းရောင်ဒင်္ဂါးပြား ၆၆၀၀၀ ကိုတော့ ကျုပ်ပြပေးနိုင်ပါတယ် . . .”
ပြောပြောဆိုဆိုဖြင့် ထိုလူလည်း သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်လိုက်သည်။
ထို့နောက် ရုတ်တရက် လက်ကိုဝေ့ယမ်းလိုက်သောအခါ ထိုလက်စွပ်အတွင်းမှ ခရမ်းရောင်ဒင်္ဂါးပြားများစွာ မှာ လေထဲသို့ ဝဲတက်သွားလေသည်။
ထိုဒင်္ဂါးပြားများမှာ လေလံခန်းမ၏မျက်နှာကြက်ထက်တွင် အတန်းလိုက်ညီညာစွာ စုစည်းသွားကြပြီး ခရမ်း ရောင်ချီဓာတ်များပင် ဖုံးလွှမ်းသွားလေသည်။
လေလံပွဲရှိလူများမှာလည်း အမြင်စူးရှသူများဖြစ်ကြသည်။
ထို့ပြင် ဒင်္ဂါးပြားများကို လေထဲတွင်တန်းစီပြထားခြင်းဖြစ်၍ သူတို့အဖို့ မည်ရွေ့မည်မျှရှိသည်ကို ကောင်းစွာ ရေတွက်နိုင်စွမ်းရှိနေကြသည်။
“ခရမ်းရောင်ဒင်္ဂါးပြား ၈၀၀၀၀ ရှိတာပဲ . . .”
လူတစ်ဦးမှအော်ဟစ်ပြောဆိုလိုက်၏။
ထိုလူ၏စကား မှန်ကန်ကြောင်းကို အားလုံးမှလည်း ထောက်ခံလိုက်ကြလေသည်။
တစ်ဖက်လူမှာ ဆရာရှောင်စွပ်စွဲသကဲ့သို့ လိမ်ညာနေခြင်းမဟုတ်။
သတ္တုကိုဝယ်ယူနိုင်ရန် အမှန်တကယ်ကိုပင် ပိုက်ဆံများကို ပြင်ဆင်လာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဆရာရှောင်သာ တစ်သိန်းပေး၍ ကြေးငှက်မွှေးကို မဝယ်သွားပါက ထိုလူ့ထံ၌ ဝယ်ယူရန် ပိုက်ဆံ အလုံအလောက်ရှိနေပေသည်။
“ဟုတ်တယ် . . . ခရမ်းရောင်ဒင်္ဂါးပြား ၈၀၀၀၀ က ကျုပ်မှာရှိတာအကုန်ပဲ၊ ဒါကျုပ်တစ်ဘဝလုံးစုဆောင်းခဲ့ရ တာပေါ့၊ ဒီပိုက်ဆံတွေနဲ့သာဆိုရင် သတ္တုကိုရနိုင်မယ်လို့ ကျုပ်ထင်ခဲ့တယ် ဒါပေမယ့်လည်း ရှက်စရာပါပဲ . . .”
ထိုလူမှာ လေလံပွဲတွင် ရှုံးနိမ့်ခဲ့ရ၍ မကျေမချမ်းဖြစ်နေပုံရသည်။
သို့သော် သူ့ကိုယ်သူလည်း ဂုဏ်ယူနေဟန်ရှိ၏။
လူတိုင်းအဖို့ ထိုအချက်ကို ကောင်းစွာ သိမြင်ခံစားနိုင်စွမ်းရှိနေသည် မဟုတ်ပါလား။
ထိုအချိန် ဒင်္ဂါးပြားများ၏ပိုင်ရှင်ဖြစ်သူ တစ်ဖက်လူမှာ လက်ကိုရုတ်တရက် ဝေ့ယမ်းလိုက်သောအခါ ထို ဒင်္ဂါးပြားများမှာ သိုလှောင်လက်စွပ်အတွင်းသို့ ပြန်လည်၍ ဝင်သွားကြလေသည်။
ထို့နောက် လေသံတီးတိုးဖြင့် -
“ကျုပ်မှားသွားတယ် ကျုပ်က ဈေးနှုန်းကို ၈၀၀၀၀ ထိမြှင့်ပေးခဲ့ရမှာ၊ အဲဒါဆိုရင် ခင်ဗျားလည်း ၈၁၀၀၀ ဆို တာနဲ့ ဒီပစ္စည်းကိုရနိုင်ခဲ့မှာပေါ့၊ အခုတော့ နှမြောစရာပဲ . . .”
“အင်း . . . ခင်ဗျားကလည်း သိပ်မှစိတ်မရှည်ပဲကိုး ဆရာရှောင်ရဲ့၊ အခုတော့ ၂၀၀၀၀ လောက်ပိုပြီးကုန်သွား ရပြီ၊ ကျုပ်ခင်ဗျားအတွက် စိတ်မကောင်းပါဘူး . . .”
သူထိုသို့ပြောနေချိန် စိတ်မကောင်းဖြစ်နေသည့်အသံမျိုး ပေါက်နေလေသည်။
သို့သော် ခဏအကြာတွင် -
“အင်း . . . ကျုပ်နားလည်ပါတယ် ကြေးငှက်မွှေးဆိုတာ ကျုပ်ရဲ့အကြိုက်လည်းဟုတ်သလို ခင်ဗျားတို့ရဲ့ အကြိုက်လည်း ဖြစ်မှာပဲ၊ ကြေးငှက်မွှေးက ဝါးပုလွေရဲ့ အဓိကပစ္စည်းဆိုတာကိုလည်းကြားတယ်၊ အဲဒါကိုကျုပ်နား လည်ပါတယ် . . .”
“ခင်ဗျားက ဝါးပုလွေမှုတ်တဲ့လူလေ ပညာရှင်တစ်ယောက်လည်းဖြစ်တယ်၊ အဲဒီတော့ ဒီဟာကို မှုတ်နေ ရသရွေ့ ခင်ဗျားဘာကိုမှ ဂရုစိုက်မှာမဟုတ်ဘူး၊ အဓိကက ခင်ဗျားပါးစပ်မှာ မှုတ်လို့ကောင်းနေဖို့ပဲ အရေးကြီးတာ မဟုတ်လား၊ ကျုပ်နားလည်ပါတယ် . . .”
ထိုလူ၏စကားကြောင့် လူများအားလုံးမှာ ရယ်မော၍သွားကြပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWo Geschichten leben. Entdecke jetzt