1127---1128

168 15 1
                                    

အခန်း (၁၁၂၇)(စာစဉ် ၈၁- အပိုင်း ၇)

“မြင့်တက်ခြင်း”

ရဲရှောင်မှ ပြုံးလျက် -

“ဒီကိုလာတဲ့ ဘယ်သူမဆို ကျုပ်တို့ရဲ့ ဧည့်သည်‌ တွေပါပဲ၊ အမျိုးသမီးတို့ ခင်ဗျားတို့ ရဲမျိုးနွယ်စုရဲ့ အိမ် တော်မှာ ကောင်းကောင်း နေနိုင်ပါတယ်၊ ကျုပ်တို့က ခင်ဗျားတို့ကို ကြိုဆိုပါတယ် . . .”

“ကောင်းပါပြီ ကျေးဇူးတင်ပါတယ် ငါတို့ ညီအစ်မ ကလည်း ကြိုဆိုမှုကို လက်ခံပေးပါ့မယ် . . .”

ယွဲ့ရှောင်မှ လက်ကာပြရင်း ပြောလိုက်သည်။

“ကဲ အခု အားလုံး သွားလို့ရပြီ . . .”

ယွဲ့ဟန်မှ ဆက်၍ ပြောလိုက်၏။

ရဲနန်ရှန်၊ ဇန်ယွန်ဖေ့၊ ဇုဂျူရှန်တို့ အပါအဝင် ကျန် လူများမှာ ယွဲ့ဟန် ပြောလိုက်သည့်တိုင် ထွက်ခွာသွား ခြင်း မရှိသေးဘဲ ကျောက်ရုပ်ကြီးများကဲ့သို့သာ မတ် တပ်ရပ်နေကြတုန်းပါပင်။

မည်မျှထိဆိုလျှင် မျက်လုံး၏ သူငယ်အိမ်များပင် မရွေ့ကြခြင်း ဖြစ်သည်။

တကယ်တမ်းတွင် သူတို့မှာ ညီမနှစ်ဦး၏ကြေညာ ချက်ကြောင့် ထိုသို့ အံ့ဩမှင်သက်နေရခြင်းဖြစ်သည်။

ထို့ပြင် မိန်းကလေးနှစ်ဦးမှ သူမတို့မှာ ခရီးဝေးကြီး နှင်လာရသဖြင့် ပင်ပန်းနွမ်းနယ်ပြီဟုလည်း ပြောခဲ့ကြ သေးသည်။

မူလတာအိုအဆင့်ကိုး ထိပ်ဆုံးသို့ ရောက်နေသော သူမတို့အဖို့ မည်သို့ မောနိုင်ပါမည်နည်း။ မည်သို့ ပင် ပန်းနိုင်ပါမည်နည်း။

(သူတို့က ပင်ပန်းနွမ်းနယ်နေကြတယ် ဟုတ်လား၊ နောက်ပြီး ရဲအိမ်တော်မှာတောင် နေချင်ကြသေးတယ် ပေါ့ ဟုတ်လား၊ ဘယ်လိုတွေ ဖြစ်ကုန်ကြတာလဲ . . .)

(တခြားလူတွေကို အရူးလုပ်ဖို့ ဒီထက်ပိုကောင်းတဲ့ ဆင်ခြင်တွေကို မစဉ်းစားနိုင်တော့ဘူးလား၊ ငါတို့ကို အရူးတွေလို ဆက်ဆံနေတာ တော်ပါတော့ . . .)

ထိုစဉ် ရဲရှောင်မှာ ရိုကျိုးသော အမူအယာဖြင့် -

“အမျိုးသမီးတို့ ကျုပ်နောက်ကနေပြီး ဧည့်သည် အခန်းကို လိုက်ခဲ့ကြပါ . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now