1261------1264

112 6 1
                                    

အခန်း (၁၂၆၁)(စာစဉ် ၉၁- အပိုင်း ၁)
“ကောင်းကင်ရေခဲနန်းတော်သို့ သွားခြင်း”

ဟန်ပိုင်ယွဲ့မှာ လိဝူလျန်အား ‘လိလိ’ ဟု မခေါ်ရဲ တော့ချေ။
သူ့အဖို့ မှတ်လောက်သားလောက်ပင် ဖြစ်သွားပြီ ဖြစ်၍ လိဝူလျန်အား ဒေါသထွက်အောင်လည်း မလုပ် ဝံ့တော့ပေ။
သူ့ဘက်မှ အနိုင်ရနိုင်မည် မသေချာမချင်း ထပ်မစ ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
“သင်ခန်းစာပေးတာ ကောင်းကောင်း အလုပ်ဖြစ် တဲ့ ပုံပဲ . . .”
ရဲရှောင်မှ မရယ်မိစေရန် ကြိုးစားရင်း ပြောလိုက် သည်။
“မနက်ဖြန်လောက်ကျ ထပ်ပြီး တိုက်ခိုက်ကျရင် မကောင်းဘူးလား၊ ဒီနေ့ ဘာတွေ သင်ယူနိုင်ခဲ့လဲဆို တာကို ပြန်တွေးကြည့်ပေါ့ . . .”
ထိုစကားကြောင့် ဟန်ပိုင်ယွဲ့မှာ ဝုန်းခနဲပင် ထရပ် ရင်း ခေါင်းကို တွင်တွင်ခါယမ်းကာဖြင့် -
“ဟင့်အင်း မဖြစ်ဘူး မဖြစ်ဘူး . . .”
“ဒီနေ့ တစ်ရက်တည်းနဲ့ကို ငါ့အတွက် သင်ခန်းစာ တွေက လုံလောက်သွားပါပြီ၊ ငါဖြင့် ဒီသင်ခန်းစာကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ဘူး၊ ငါအဆင်ပြေ  ပါတယ် ထပ်လေ့ကျင့်စရာ မလိုတော့ပါဘူး ဟဲ ဟဲ”
ဟန်ပိုင်ယွဲ့မှ သူအဆင်ပြေကြောင်း ရယ်မောရင်း ဖြင့် ကြိုးစားပြနေသည့်တိုင် ရယ်လိုက်သည့်အခါတိုင်း သူ၏ ရယ်သံမှာ ကြက်ကြီးလည်လိမ်ထားသည့် အသံ မျိုးသာ ထွက်နေသည်။
“ဟား ဟား ဟား . . .”
ဟန်ပိုင်ယွဲ့အား ကြည့်ရင်း ရဲရှောင်နှင့် လိဝူလျန် တို့မှာ အားရပါးရပင် ရယ်မောလိုက်ကြ၏။
ထိုသို့ဖြင့် ပြောမနာ ဆိုမနာ သူငယ်ချင်း သုံးဦးမှာ ရေပက်မဝင်အောင် စကားများ ပြောဆိုနေကြပါတော့ သည်။
. . .
ညအချိန်သို့ ရောက်ရှိလာခဲ့၏။
“ဆရာသမား . . .”
“ငါမင်းနဲ့ လိုက်ချင်လို့ပါ လုပ်စမ်းပါကွာ ငါမင်းနဲ့ လိုက်ချင်လို့ပါ . . .”
ဟန်ပိုင်ယွဲ့မှ မျက်ရည်များ ကျလုမတတ် ပုံစံမျိုး ဖြင့် ရဲရှောင်အား တောင်းဆိုလျက် ရှိသည်။
ရဲရှောင်မှာ နိမိတ်စီရင်စုသို့ ပြန်သွားတော့မည်ဖြစ် ၍ သူ၏ ညီအစ်ကိုနှစ်ယောက်နှင့် ခွဲခွာရတော့မည်ဖြစ် သည်။
ဟန်ပိုင်ယွဲ့အတွက် ရဲရှောင် ထိုသို့ပြန်သွားခြင်းက ပြဿနာမဟုတ်။
ပြဿနာမှာ ရဲရှောင်သာ ပြန်သွားပါက လိဝူလျန် နှင့် သူနှစ်ယောက်တည်း ကျန်ခဲ့ရတော့မည်ကို စိုးရိမ် နေသောကြောင့် ဖြစ်သည်။
သူ့အဖို့ လိဝူလျန်နှင့် အတူနေရမည့် ကာလများ အတွင်း မည်သို့ကြုံတွေ့ ခံစားရမည်ကို စိတ်ပင်မကူး ဝံ့ချေ။
သူ၏ခေါင်းစည်းအဆင့် အစွမ်းကြောင့် လိဝူလျန် ၏ တိုက်ခိုက်မှုများကို အနည်းငယ် ရင်ဆိုင်နိုင်မည်ဆို သော်ငြား ဤသည်မှာလည်း သူ၏ မှန်းဆချက်သာ ဖြစ်၏။
သူ့အနေဖြင့် ခေါင်းစည်းအဆင့်သို့ တက်လှမ်းနိုင် ခြင်း ရှိမရှိကိုလည်း သေချာမသိသေး၍ လက်ရှိတွင် မှန်းဆချက်သာ လုပ်နိုင်ဦးမည်သာ။
သို့သော် လိဝူလျန်မှာမူ ယခင်နှင့်မတူ ခေါင်းစည်း အဆင့် ဖြစ်ရုံမက နတ်ယင်ယန် အသီးများကို စား ထားသည့် လိဝူလျန် ဖြစ်နေချေပြီ။
တစ်နည်းအားဖြင့် ကြောက်စရာကောင်းသည့် လူ တစ်ဦး ဖြစ်နေပြီဟု ဆိုနိုင်သည်။
ထို့ကြောင့် ဟန်ပိုင်ယွဲ့အတွက်မူ လိဝူလျန်က အိပ် မက်ဆိုးတစ်ခုပမာနှယ် ဖြစ်တည်နေလေပြီ။
“ဘာလဲ မင်းက ငါနဲ့အတူ နေခဲ့ရမှာကို ပျင်းနေ တယ်‌ပေါ့လေ . . .”
လိဝူလျန်မှ ဟန်ပိုင်ယွဲ့အား ပြုံးလျက် ကြည့်ရင်း ပြောလိုက်သည်။
“မဟုတ်ဘူး မဟုတ်ဘူး ငါကအဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး . . .”
ဟန်ပိုင်ယွဲ့မှ ခေါင်းခါယမ်း၍ ပျာသလဲလဲဖြင့် ရှင်း ပြရန် ကြိုးစားလိုက်သည်။
ထိုအချိန်မှာပင် ရဲရှောင်၏ ခေါ်ဆောင်မှုကြောင့် လင်းယုန်ကြီးမှာ ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
ထို့နောက် ရဲရှောင်မှ လင်းယုန်ကြီးပေါ်သို့ တက် လိုက်ပြီး -
“ကဲ ငါသွားတော့မယ် မင်းတို့တွေကတော့ တည့် တည့်ရှုရှုနေကြ၊ ပျော်ပျော်ရွှင်ရွှင်နေကြ . . .”
ရဲရှောင်မှ ထိုသို့သာ မှာကြားရင်း လင်းယုန်ကြီးကို စီးကာ ထွက်ခွာသွားတော့သည်။
“မဖြစ်ဘူး မဖြစ်ဘူး . . .”
ဟန်ပိုင်ယွဲ့မှာ အဝေးသို့ ရောက်ရှိသွားပြီဖြစ်သည့် ရဲရှောင်အား လှမ်းကြည့်ရင်း ငိုချင်းချမတတ်ပင် ဖြစ် နေသည်။
“နေစမ်းပါဦး မင်းကဘာဖြစ်လို့ ရုပ်ဆိုးတဲ့ မျက်နှာ ကြီး လာလုပ်ပြနေရတာလဲ၊ မင်းက ငါနဲ့အတူနေရမှာ ကို စိတ်ပျက်နေတာလား . . .”
လိဝူလျန်မှ ဟန်ပိုင်ယွဲ့၏ လည်ပင်းကို ဆွဲမရင်း ပြောလိုက်၏။
ဟန်ပိုင်ယွဲ့မှာမူ လိဝူလျန်အား ကြည့်ရင်း လိပ်ပြာ လွင့်မတတ်ပင် ခံစားနေရလေသည်။
“ဒီလောက်နဲ့ပဲ ငိုမဲ့မဲ့လုပ်နေတာ တော်လိုက်တော့ သွားကြစို့ . . .”
“ဟန်ပိုင်ယွဲ့ မင်းကို ဘဝကြီးက ဘယ်လောက်ထိ ပျော်ဖို့ကောင်းတယ် ဆိုတဲ့အကြောင်းတွေ ပြရဦးမယ်၊ ရဲရှောင် ပြောခဲ့သလိုပေါ့ မင်းနဲ့ငါက ပျော်ရွှင်ရမှာပါ ဟား ဟား ဟား . . .”
ကြောက်မက်ဖွယ် ကောင်းသည့် မျက်နှာကြီးဖြင့် ပြောဆိုနေသည့် လိဝူလျန်အား ကြည့်ရင်း ဟန်ပိုင်ယွဲ့ မှာ ငယ်သံပါအောင်ပင် အော်ဟစ်လိုက်၏။
“ကယ်ကြပါဦး . . .”
ဟန်ပိုင်ယွဲ့၏ ထိုအော်သံမှာ ကောင်းကင်တစ်ခွင် လုံးကိုပင် ပဲ့တင်ထပ်သွားပါတော့သည်။
. . .
ဟန်ပိုင်ယွဲ့နှင့် လိဝူလျန်တို့မှာ ဖြည်းဖြည်းနှင့်မှန် မှန်သာ ခရီးနှင်လာခဲ့ကြသည်။
ပထမဆုံး နေ့ရက်တွင် လိဝူလျန်မှာ ဟန်ပိုင်ယွဲ့ အား ကုသပေးရန် ဘာဆိုဘာမှ မလုပ်ပေးခဲ့ချေ။
ထို့ကြောင့် နောက်ဆုံးတွင် ဟန်ပိုင်ယွဲ့မှာ သူ့အ လိုလိုပင် ပြန်လည်အားပြည့်လာခဲ့သည်။
ရုပ်ရည်အသွင်အပြင်ကို ဂရုစိုက်သူပီပီ ဟန်ပိုင်ယွဲ့ မှာ သူ၏ ရုပ်ရည်ကို နဂိုအတိုင်း အမြန်ဆုံး ပြန်လည် ရချင်နေမိသည်။
ထို့ပြင် ထိုရက်များအတွင်း နှိပ်စက်မှုများ မခံရ၍ လိဝူလျန်ကို အစ်ကိုကြီးတစ်ဦးကဲ့သို့ပင် ဆက်ဆံပြီး ကျေးဇူးအကြိမ်ကြိမ် တင်နေမိလေသည်။
သို့သော် ထိုအခိုက်အတန့်က ခဏတာမျှသာ။
အကြောင်းမှာ နောက်တစ်ရက်တွင် လိဝူလျန်မှ သူ့အား အပြင်းအထန် ဒဏ်ရာရစေသည်အထိ ထပ်မံ တိုက်ခိုက်လာသောကြောင့် ဖြစ်သည်။
ထို့နောက် လိဝူလျန်မှ ပြန်သက်သာစေရန် ကူညီ ပေးလိုက်ပြန်သည်။
ထိုသို့ဖြင့် အနာပေးလိုက် ဆေးပေးလိုက် လုပ်နေ သော လိဝူလျန်ကြောင့် ဟန်ပိုင်ယွဲ့မှာ စိတ်ဓာတ် အ ကျကြီးပင် ကျနေမိသည်။
သူ့အနေဖြင့် လိဝူလျန်အား နိုင်အောင် မတိုက်ခိုက် နိုင်သလို လိဝူလျန်၏ လက်မှ လွတ်အောင်လည်းလုပ် နိုင်စွမ်း မရှိပြီ မဟုတ်ပါလား။
“မင်း သေချာလေ့ကျင့်မှ ဖြစ်မယ်လေ မဟုတ်ဘူး လား၊ အခု မင်းက အများကြီး တိုးတက်လာပြီ မင်းရဲ့ အတွေ့အကြုံနဲ့ စိတ်အခြေအနေတွေက မင်းရဲ့ ကျင့် ကြံမှုနှုန်းနဲ့ မလိုက်ဖက်သေးဘူး၊ အဲဒီတော့ မင်းမြန် မြန် တိုးတက်အောင် လုပ်မှဖြစ်မယ်၊ နောက်ပြီး မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ ဒဏ်ရာတွေ မကျန် ရစ်စေနဲ့ ကြားလား . . .”
“မင်းရဲ့ခေါင်းစည်းအဆင့် အစွမ်းကိုသာ တိုးတက် အောင် လုပ်နိုင်ရင် မင်းအခုလို ငါရိုက်နှက်တာကို ခံရ တော့မှာ မဟုတ်ဘူးလေ၊ ငါပြောတာ မှန်တယ်မလား”
လိဝူလျန်၏ စကားများကြောင့် ဟန်ပိုင်ယွဲ့မှာ ငိုချ ပစ်ချင်သည့် စိတ်များပင် ပေါက်လာသည်။
“မင်းက ငါ့အတွက် လုပ်နေတာ မဟုတ်ဘူး၊ မင်း က နှိပ်စက်ရတာ ပျော်လို့ကို လုပ်နေတာ၊ မင်းပြော စမ်းပါ ဒါကဘယ်လို လေ့ကျင့်မှုမျိုးလဲ၊ မင်းလုပ်နေတဲ့ လုပ်ရပ်တွေက မှန်တယ်လို့ရော ထင်နေလား . . .”
“အပိုတွေ ပြောမနေနဲ့ ကိုယ့်ရဲ့ ခေါင်းစည်းအဆင့် အစွမ်းကိုပဲ အရင်ကျွမ်းကျင်အောင် လုပ်စမ်းပါ၊ အခု ချိန်မှာ မင်းအနေနဲ့ ဒါကိုပဲ စဉ်းစားရမှာ . . .”
“အေး မင်းတိုးတက်မလာမချင်း ငါကလည်း နှိပ် စက်တာကို ရပ်တန့်မှာ မဟုတ်ဘူး . . .”
“ဒါနဲ့ နေစမ်းပါဦး အခု မင်းက ပြန်ကောင်းနေပြီ မလား ဟုတ်တယ်မလား . . .”
“ဘုန်း ဘုန်း ဘုန်း . . .”
“အခုရော ဘယ်လိုလဲ တစ်ခုခု သင်ယူလိုက်မိရဲ့ လား၊ ငါ့ကို နည်းနည်းပါးပါး ပြစမ်းပါဦး . . .”
“ဘုန်း ဘုန်း ဘုန်း . . .”
“ကောင်းတယ် ငါတော့ အထင်ကြီးသွားမိပြီ ဒါမှ တကယ့်ကို ကြီးကြီးမားမား တိုးတက်သွားတာပဲ၊ ငါ့ရဲ့ တိုက်ခိုက်မှု ၁၀ ခုမှာ မင်း ၁ ခုကိုရှောင်တိမ်းနိုင်လိုက် တယ်၊ ဒါကတကယ့်ကို တိုးတက်မှုကြီးပဲ ဆက်ပြီး လုပ်စမ်းပါဦး မရပ်နဲ့ . . .”
“ဘုန်း ဘုန်း ဘုန်း . . .”
“ဪ ကြည့်စမ်းပါဦး ၈ ချက် ထိသွားပြန်ပြီ၊ မင်း ဒီလောက်လေးပဲ တိုးတက်လာတာကို ငါမယုံနိုင်ဘူး၊ ငါမင်းကို ၈ ကြိမ်တောင် ရိုက်မိခဲ့တယ်၊ ငါဘာကိုဆိုလို ချင်တာလဲဆိုတာ မင်းသိတယ်မလား၊ မင်းကတကယ့် ကို ဝက်တစ်ကောင်ပဲ၊ ဒီအခြေအနေကိုတောင် မင်းက အာရုံမထားဘူး၊ ငါကမင်းကို အမြဲတမ်း ကူညီမနေနိုင် ဘူးနော် ကဲအခု ပြန်စကြမယ် . . .”
“ဘုန်း ဘုန်း ဘုန်း . . .”
ထိုသို့ဖြင့် ဟန်ပိုင်ယွဲ့မှာ လိဝူလျန်နှင့် အတူရှိနေ စဉ်အတွင်း သိသိသာသာပင် တိုးတက်လာခဲ့သည်။
သူ၏ တိုးတက်မှုကြောင့်လည်း သူ့ကိုယ်သူ အံ့ဩ ခဲ့ရလေသည်။
သူ့အဖို့ ယခင်က လိုက်အဖမ်းခံရသည့် အချိန်မျိုး တွင်ပင် ယခုလောက်အထိ မကြိုးစားဖူး၊ အားမထုတ် ဖူးခဲ့ချေ။
သို့သော် ယခုအခါ ရိုက်နှက်ခံရ၍ မြေပြင်၌ လဲကျ နေရသည့် အချိန်တိုင်း လိဝူလျန်၏ တိုက်ခိုက်မှုကို မည်သို့တုန့်ပြန်ရမည်ကို စဉ်းစားနေမိချေပြီ။
ထိုအချိန် သူ့ထံ၌ ဦးနှောက် အခု ၁၀၀၀၀ လောက် ရှိနေလျှင် ကောင်းမည်ဟုပင် တွေးနေမိသည်။
ထိုသို့သာဆိုပါက လိဝူလျန်၏ တိုက်ခိုက်မှုများမှ သူ၏ ခေါင်းစည်းအဆင့် အစွမ်းကို ထုတ်သုံးနိုင်မည့် နည်းလမ်းအား စဉ်းစားနိုင်မည် မဟုတ်ပါလား။
“မင်းကိုငါ ပွင့်ပွင့်လင်းလင်း ပြောရရင် ဖြစ်နိုင်ချေ က မင်းအတွက် နှစ်ခုပဲရှိတယ် . . .”
“ပထမတစ်ခုက မင်းရဲ့ ခေါင်းစည်းအဆင့် အစွမ်း ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားနိုင်မယ့် နည်းလမ်းကို ဆုံးရှုံးသွားမယ်၊ ဆိုလိုတာက မင်းငါနှိပ် စက်လို့ သေရင်သေသွားမှာပေါ့ . . .”
“ဒုတိယအချက်က မင်းရဲ့ကိုယ်ပိုင် ခေါင်းစည်း အဆင့် အစွမ်းကို အပြည့်အဝ နားလည်သွားလိမ့်မယ်၊ မင်းရဲ့လှုပ်ရှားမှု အစွမ်းကိုပေါ့ . . .”
“အဲဒီအခါကျ ငါအစွမ်းကုန် ကြိုးစားရင်တောင်မှ မင်းကို အလွယ်တကူ ထိအောင် လုပ်နိုင်တော့မှာ မ ဟုတ်ဘူး . . .”
လိဝူလျန်၏ စကားများကြောင့် ဟန်ပိုင်ယွဲ့ စိတ် ထဲ တွေးရင်း ဝမ်းနည်းသွားမိသည်။
(ရိုက်မှာကို ကြောက်တာနဲ့ပဲ ငါကထိပ်သီးပညာ ရှင်ကြီး ဖြစ်လာရမယ်ပေါ့ . . .)
(ရှက်စရာပဲ ငါကအစောပိုင်းတုန်းက အများကြီး တိုးတက်ခဲ့ရတာတောင်မှ အခုချိန်ထိ အပြည့်အဝ နား လည်နိုင်စွမ်း မရှိသေးဘူး၊ အခု ထပ်ပြီးတော့လည်း နှိပ်စက်ခံရဦးမယ် . . .)
(ဒီကောင်က ငါ့ကိုအဆက်မပြတ် နှိပ်စက်နေတော့ မှာ အဲဒါတောင် ငါ့ကို စေတနာနဲ့ ပြောချင်ယောင် ဆောင်နေသေးတယ် . . .)
ဟန်ပိုင်ယွဲ့၏ စိတ်ထဲ ထိုသို့တွေးရင်း မကျေမနပ် ဖြစ်နေမိသည်။
လိဝူလျန်မှာမူ ဟန်ပိုင်ယွဲ့နှင့် အတူရှိနေရသည့် အချိန်များကို ပျော်ရွှင်နေမိသည်။
အကြောင်းမှာ ဟန်ပိုင်ယွဲ့ကို ရိုက်နှက်နေရ၍သာ မက သူ၏ ကျင့်ကြံမှုနှုန်းများလည်း တစ်ချိန်တည်းမှာ ပင် တိုးတက်လာခဲ့ရ၍ ဖြစ်သည်။
သူ့အဖို့ နတ်ယင်ယန် အသီးကို စားခဲ့စဉ်က အသီး မှ ပေးသော စွမ်းအင်များမှာ သူစုပ်ယူနိုင်သည်ထက် အလဟဿ ဖြစ်သွားသည့် ပမာဏက များနေခဲ့သည်။
အတိအကျဆိုရလျှင် အသီး၏ စွမ်းအင်များအနက် မှ ၃၀ ရာခိုင်နှုန်းလောက်ကိုသာ စုပ်ယူနိုင်ခဲ့ခြင်း ဖြစ် ၏။
ထို့ကြောင့် ဟန်ပိုင်ယွဲ့ စုပ်ယူခဲ့သည့် နှုန်းထက် ပို ၍ နည်းနေသည်။
သို့သော် နှစ်ဦးသား အသီးကို စားခဲ့စဉ်က အဆင့် ကွာခြားချက်မှာ လွန်စွာ ကြီးမားလှသည်။
ထိုအချိန်က လိဝူလျန်မှာ ခေါင်းစည်းအဆင့် ဖြစ် နေခဲ့ပြီ မဟုတ်ပါလား။
သို့တိုင် သူ၏ ခေါင်းစည်းအဆင့်မှာ အခြားလူများ နှင့်အတူ တမူထူးခြားနေ၍ တိုးတက်မှုနှုန်း နှေးကွေးခဲ့ ရသည်။
ထို့ကြောင့် သူ့အဖို့ လိုအပ်နေသည်မှာ သူ၏ စွမ်း အားများအား အခြားနည်းတစ်ခုခုဖြင့် ကြိုးစားရန်သာ ဖြစ်သည်။
ဟန်ပိုင်ယွဲ့အား ဓားမိုးများဖြင့် တရစပ် တိုက်ခိုက် ခဲ့ခြင်းက အကောင်းဆုံး ဥပမာပါပင်။
သို့သော် ဤသည်မှာ ကောင်းမွန်သည့် တိုက်ကွက် တစ်ခု မဟုတ်သေး၍ လျှို့ဝှက် အဖွဲ့အစည်းကြီးနှင့် ရင်ဆိုင်ရလျှင် အလုပ်မဖြစ်နိုင်သေးပေ။
ဟန်ပိုင်ယွဲ့က အားနည်းနေသေး၍သာ သူ၏ ဓား တိုက်ကွက်က အဆင်ပြေသယောင် ဖြစ်နေခြင်းပါပင်။
ထို့ကြောင့် လိဝူလျန်မှာ ဟန်ပိုင်ယွဲ့၏ ခေါင်းစည်း အဆင့်အစွမ်းမှ တစ်စုံတစ်ခု သင်ယူရန် ကြိုးစားခဲ့ပြီး သူ၏ ကိုယ်ပိုင်အစွမ်းကိုလည်း ပြောင်းလဲရန် ကြိုးစား ခဲ့သည်။
“မင်းရဲ့ ခေါင်းစည်းအဆင့် အစွမ်းကို အပြည့်အဝ အသုံးချနိုင်ရင် ငါအစွမ်းကုန် ထုတ်သုံးရင်တောင် မင်း ကို လွယ်လွယ်နဲ့ ထိနိုင်တော့မှာ မဟုတ်ဘူး . . .”
လိဝူလျန်မှာ ထိုစကားကို ဟန်ပိုင်ယွဲ့အား လိမ် ညာ၍ ပြောဆိုခဲ့ခြင်း မဟုတ်ပေ။
အကယ်၍ ဟန်ပိုင်ယွဲ့သာ သူ၏ ပြီးပြည့်စုံသော ရှောင်တိမ်းနိုင်မှု အစွမ်းကိုသာ အပြည့်အဝ ကျွမ်းကျင် ခဲ့မည်ဆိုလျှင် မည်သည့်တိုက်ခိုက်မှုကိုမဆို အလွယ် တကူ ရှောင်တိမ်းနိုင်ပေလိမ့်မည်။
ထို့ကြောင့် ဟန်ပိုင်ယွဲ့၏ အစွမ်းမှာ လွတ်မြောက် ရန် ကြိုးစားသည့် အစွမ်းပင် ဖြစ်၏။
သို့သော် လိဝူလျန်၏ ခေါင်းစည်းအဆင့် အစွမ်းမှာ မူ ဟန်ပိုင်ယွဲ့ကဲ့သို့ မဟုတ်၊ တိုက်ခိုက်ရန် ကြိုးစား သည့် အစွမ်းပါပင်။
သို့ဖြစ်၍ ဟန်ပိုင်ယွဲ့ တိုးတက်လာသည်နှင့်အမျှ လိဝူလျန်မှာ ဟန်ပိုင်ယွဲ့ကို ထိမှန်အောင် တိုက်ခိုက် နိုင်တော့မည် မဟုတ်ပေ။
သို့သော် လိဝူလျန်မှာ ဟန်ပိုင်ယွဲ့အား မထိထိစေ ရန် ကြိုးစားတိုက်ခိုက်ခဲ့သည့်အတွက် သူသည်လည်း တစ်ပြိုင်နက်တည်း တိုးတက်ခဲ့ရသည်။
ထို့ကြောင့်ပင် လိဝူလျန်မှာ ဟန်ပိုင်ယွဲ့နှင့် အတူရှိ နေခဲ့သည့် အတောအတွင်း တိုးတက်ခဲ့ခြင်းဖြစ်သည်။
အကယ်၍ နှစ်ဦးသားမှာ ထိုသို့ အတူတူရှိနေပြီး တိုက်ခိုက်ကြမည် ဆိုပါက အနည်းဆုံးမူ တစ်ဦးမှာ ခေါင်းစည်းအဆင့်၏ထိပ်ဆုံးသို့ ရောက်သွားနိုင်သည်။
သို့သော် သူတို့၏ လိုရာခရီးနှင့် သိပ်မဝေးတော့၍ ခရီးစဉ်မှာ မကြာခင် ပြီးဆုံးရတော့ချေမည်။
သူတို့၏ ဦးတည်ရာမှာ နေရောင်ဂိုဏ်းပင် ဖြစ်ပါ တော့သည်။
. . .
ရွှေလင်းယုန်ကြီးမှာ လျပ်စီးအလား လျင်မြန်စွာ ဖြင့် ဝေဟင်အထက်တွင် ပျံသန်းလျက် ရှိ၏။
အောက်မြေပြင်တွင်မူ ရေခဲများ၊ နှင်းများဖြင့် ဖုံး လွှမ်းလျက် ရှိနေသည်။
ချင်းရန်နယ်ပယ်၏ မြောက်ပိုင်းတွင် အပူချိန် အ နိမ့်ဆုံးဖြစ်သော ရေခဲနယ်နိမိတ်ကြီးတစ်ခု ရှိပြီး ထိုနေ ရာတွင် ဂိုဏ်းနှစ်ခု တည်ရှိ၏။
တစ်ခုမှာ ရေခဲတိမ်တိုက် နန်းတော်ဖြစ်ပြီး အခြား တစ်ခုမှာ ထိုမျှလောက် အစွမ်းမထက်ချေ။
သို့သော် ကျော်ကြားမှုအရာတွင်မူ ယခုနယ်ပယ်၌ ဂုဏ်သတင်းကြီးမားလေသည်။
စင်စစ် ရဲရှောင်တို့မှာ ကျွင့်ယင်းလျန်ရှိရာ ကောင်း ကင်ရေခဲနန်းတော်သို့ ဦးတည်သွားနေခြင်း ဖြစ်သည်။
ထိုအချိန် လိဝူလျန်၏ စကားများမှာ ရဲရှောင်၏ နားထဲ၌ ပဲ့တင်ထပ်လျက် ရှိနေသည်။
“မင်းဘာလို့ ဟိုကောင်လေးရဲ့ ပုံစံ ပြန်မပြောင်း သေးတာလဲ၊ မင်းရဲ့မျက်နှာကြီးက တကယ်ကို ရုပ်ဆိုး လွန်းတယ် . . .”
“ဆိုးတာမှ တော်တော်ကို ဆိုးတာ ကျွင့်ယင်းလျန် က မင်းကို ဘာကြည့်ပြီး ကြိုက်လဲ မသိဘူး၊ သေချာ တယ် သူမျက်စိမှောက်သွားတာပဲ ဖြစ်ရမယ်၊ အလှ တရားဆိုတာက မျက်စိပသာဒ ဖြစ်စေတဲ့ အရာပဲလေ၊ ဒါပေမယ့် သူကတော့ ဘယ်လိုဖြစ်သွားလဲ မသိပါဘူး”
(သေစမ်း ငါကအဲဒီလောက်တောင် ရုပ်ဆိုးနေတာ လား . . .)
ထို့နောက် ရဲရှောင်လည်း ရေခဲအချပ်ပြား တစ်ချပ် ကို ထုတ်လိုက်ပြီး သူ့မျက်နှာကိုသူ ကြည့်လိုက်သည်။
(ငါ့မျက်နှာ ငါကြည့်တာ ဘာမှမဖြစ်ပါဘူး၊ ငါက ခန့်ညားနေတုန်းပဲလေ၊ ဟိုကောင်လေးရဲ့ မျက်နှာမျိုး မဟုတ်ပေမယ့် အခုပုံစံကလည်း မဆိုးပါဘူး . . .)
ခဏအကြာတွင် ရဲရှောင်မှာ သခင်လေးရဲရှောင်၏ မျက်နှာအတိုင်း ပြောင်းလဲ၍ ကြည့်လိုက်ပြန်သည်။
“ဟ ဟုတ်တယ်ဟ ငါ့မျက်နှာကိုတောင် ငါမကြည့် ချင်တော့ဘူး . . .”
ရဲရှောင်လည်း သူ့မျက်နှာသူ ကြည့်ရင်း ကျွင့်ယင်း လျန်အပေါ် ပိုတန်ဖိုးထားမိသွားသည်။
(ငါကဒီလောက်ရုပ်ဆိုးတာတောင် သူကငါ့ကို ချစ် နေတုန်းပဲ၊ ဒါကတော်တော်ကို စိတ်မကောင်းစရာပဲ)
ထိုအတွေးနှင့်အတူ ရဲရှောင် စိတ်ထဲ နောင်တရသ လို ခံစားလိုက်ရပြန်သည်။
(ငါကအတော်ကို ရုပ်ဆိုးနေတာပဲ မဖြစ်ဘူး မဖြစ် ဘူး ငါ့မိန်းမကို ငါ့အနား မြန်မြန်ခေါ်ထားမှ ဖြစ်တော့ မယ်၊ တစ်နေ့ကျ ငါဘယ်လောက် ရုပ်ဆိုးတယ်ဆိုတာ သူသဘောပေါက်သွားရင် ငါ့ကိုထားပြီး နောက်တစ် ယောက် ရှာသွားလိမ့်မယ်၊ ဒီလိုသာဆိုရင် ငါရင်ကွဲရ ချည်ရဲ့၊ နောက်ပြီး ကျွင့်ယင်းလျန်ကို လိုက်နေကြတဲ့ ကောင်တွေဆိုတာ အများကြီးပဲ . . .)
ထိုအတွေးကြောင့်ပင် ရဲရှောင်မှာ အိမ်အရင်ပြန်ပြီး မိဘများနှင့် တွေ့ဆုံရန် မကြိုးစားဘဲ ကျွင့်ယင်းလျန် ရှိရာသို့ အပြေးတပိုင်း လာရခြင်း ဖြစ်သည်။
(ယွဲ့ရှောင်နဲ့ ယွဲ့ဟန်တို့ ငါ့မိဘတွေကို ရဲမြို့တော် ဆီ ခေါ်သွားဖို့ဆိုရင် အနည်းဆုံး လဝက်လောက် ကြာ ဦးမယ်၊ ဒီလဝက်လောက်ဆိုတဲ့ အချိန်က ကောင်းကင် ရေခဲနန်းတော်ဆီ သွားဖို့ ကောင်းကောင်း လုံလောက် တယ်၊ ပြီးမှ ရဲမြို့တော်ဆီကို လူငယ်လေး အဖြစ်နဲ့ ပြန်သွားတာပေါ့ . . .)
ရဲရှောင်လည်း သူ့အတွေးနှင့်သူ နှစ်သိမ့်ပြီး ကျွင့် ယင်းလျန် ရှိရာထံသို့သာ အရင်ဆုံး သွားခဲ့လိုက်သည်။
ထိုသို့ဖြင့် ရဲရှောင်မှာ အကာအကွယ် အစီအရင် များ အားလုံးကို အလွယ်တကူပင် ဖြတ်ကျော်ခဲ့လေ သည်။
အကြောင်းမှာ ထိုနေရာရှိ အစီအရင်များကို ဖြတ် ကျော်နိုင်သည့် နည်းလမ်းများအား ကျွင့်ယင်းလျန်မှ အစောပိုင်းတည်းကပင် ပြောပြထား၍ ဖြစ်သည်။
ရဲရှောင်လည်း လင်းယုန်ကြီးကို စီးရင်းဖြင့် ရှေ့၌ သလင်းကျောက်ကဲ့သို့ ခမ်းနားထည်ဝါနေသည့် နန်း တော်ကြီးကို မြင်တွေ့လိုက်ရသည်။
ဝင်ပေါက်၌မူ အဖြူရောင် အဝတ်အစားများ ဝတ် ဆင်ထားသည့် မိန်းကလေးနှစ်ဦး ဓားရေး လေ့ကျင့် လျက် ရှိနေကြသည်။
သူမတို့မှာ ဂိတ်တံခါးဝတွင် စောင့်ရင်း ပျင်းရိငြီး ငွေ့ကြလာ၍ ထိုကဲ့သို့ လေ့ကျင့်နေကြခြင်းပင် ဖြစ်ပါ တော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now