1367-----1374

71 2 0
                                    

အခန်း (၁၃၆၇)(စာစဉ် ၉၈- အပိုင်း ၉)
“ဆွေးနွေးကြခြင်း”

အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရှေ့တောင်၊ အရှေ့မြောက်၊ အနောက်တောင်နှင့် အနောက်မြောက် အရပ်များကို ကိုယ်စားပြုသည့် အုပ်စု ၈ အုပ်စု။
ထိုအုပ်စု၏ အလယ်တွင်မူ အုပ်စုတစ်စု ထပ်မံ၍ ရှိ နေပြန်သေး၏။
ထို့ကြောင့် အုပ်စုပေါင်းမှာ ၉ စု ရှိနေပြီး ထိုအုပ်စု များကို ကွပ်ကဲရန် လူ ၂ ဦးစီ ရွေးချယ်ထားကြသည်။
အဆိုပါ လူ ၁၈ ဦး ဝင်ရောက်ရမည့် ရွက်ဖျင်တဲ ကြီးမှာ အလွန်ပင် မြင့်မားလှပြီး အကျယ်အဝန်းမှာ လည်း ပေထောင်နှင့်ချီ၍ကို ကျယ်ဝန်းလေသည်။
ထိုမျှ ကြီးမားကျယ်ဝန်းသော ရွက်ဖျင်တဲကြီးကို အနီးအနားရှိ သစ်ပင်ကြီးများကို သုံးကာ ဆောက်လုပ် ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရွက်ဖျင်တဲကြီး အတွင်းရှိ ထိုင်ခုံများမှာ လည်း နှစ်ပေါင်းရာထောင်ချီ သက်တမ်းရှိသော သစ် ခေါင်းကြီးများပင် ဖြစ်ကြ၏။
ထိုသစ်ခေါင်းကြီးများကို ကောင်းစွာ ဖြတ်တောက် ၍ အရောင်တင်ကာ ထိုင်ခုံများသဖွယ် ပြုလုပ်ထားကြ ခြင်း ဖြစ်သည်။
ရွက်ဖျင်တဲကြီး၏ အလယ်တွင်မူ ထိုထိုင်ခုံကြီး ၁၀ လုံး ရှိနေပြီး အလယ်တွင် နောက်ထပ် ထိုင်ခုံတစ်လုံး ရှိ နေပြန်ပါသေးသည်။
ထိုထိုင်ခုံကြီးမှာ ပေ ၁၀၀ ခန့်ပင် မြင့်၍ ခမ်းနား ထည်ဝါလွန်းလှသည်။
ထို့ပြင် ထိုင်ခုံ၏ ကျောမှီနေရာ အပေါ်ဘက်တွင် အနုလက်ရာ စိပ်လွန်းအောင် ထွင်းထုထားသော နဂါး ခေါင်းကြီးတစ်ခု ရှိနေသည်။
ထို့ကြောင့် မသိပါက နဂါးခေါင်းကြီးက ထိုင်ခုံကြီး ကို ငုံ့ကြည့်နေသည်နှင့်ပင် တူနေပါသေးသည်။
ထိုမျှမက ထိုင်ခုံကြီး တစ်ဖက်တစ်ချက်စီရှိ လက် ရန်းတွင် နဂါးကြီး ၈ ကောင် ရစ်ခွေနေသည့် ပုံစံမျိုး ထွင်းထုထားပြန်သည်။
အတိအကျဆိုရလျှင် နဂါး ၉ ကောင် ပါဝင်နေသည့် ထိုင်ခုံကြီးပင် ဖြစ်၏။
ထိုထိုင်ခုံကြီးကို ပြုလုပ်ရာတွင် အချိန်များစွာ မရခဲ့ ကြသည့်တိုင် ယခုလောက်ထိ လက်ရာသေသပ်ပြီး ခန့် ညားထည်ဝါနေခြင်း ဖြစ်သည်။
ရွက်ဖျင်တဲအတွင်း ဝင်လာသည့် မည်သူ့ မဆိုကို လည်း ထိုင်ခုံကြီးက မှင်သက်အံ့ဩစေမည်မှာ အသေ အချာပင်။
ခဏအကြာတွင် အုပ်စု ၉ စုကို ကိုယ်စားပြုသော လူ ၁၈ ယောက်မှာ ရွက်ဖျင်တဲ အတွင်းသို့ ဝင်ရောက် လာကြသည်။
ထို့နောက် သက်ဆိုင်ရာ နေရာအသီးသီး၌ ဝင်ထိုင် လိုက်ကြ၏။
သို့သော် ထိုလူများမှာ အလယ်၌ ရှိနေသည့် ပင်မ ထိုင်ခုံကြီးထံသို့သာ မျက်လုံး အကြည့်များက မခွာနိုင် အောင် ဖြစ်နေကြသည်။
စင်စစ် ထိုမျှ ခမ်းနားထည်ဝါလွန်းနေသော ထိုင်ခုံ ကြီးမှာ ရှောင်ဧကရာဇ်၏ ထိုင်ခုံကြီးပင် ဖြစ်သည်။
ထိုအချိန် ရွက်ဖျင်တဲ အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၍ အားလုံးမှာ ပို၍ တိတ်ဆိတ်ငြိမ်သက် သွားသည်။
ထိုခြေသံပိုင်ရှင်မှာ ရှောင်ဧကရာဇ်ဖြစ်ပြီး ရွက်ဖျင် တဲအတွင်းသို့ ဟိတ်ဟန်အပြည့်ဖြင့် လျှောက်လှမ်းလာ ခြင်း ဖြစ်သည်။
လူများ သူ့ကို စောင့်နေမှန်း သိသောအခါ ရဲရှောင်မှ အံ့ဩသွားဟန်ဖြင့် -
“ဪ အားလုံး ရောက်နေကြပြီလား . . .”
လူ ၁၈ ယောက်လုံးမှာ ပြိုင်တူပင် မတ်တပ်ထရပ် လိုက်ကြပြီး ဦးညွှတ်ကာ -
“ရှောင်ဧကရာဇ် . . .”
“အဲဒီလောက်ကြီး လေးစားမှု ပြဖို့လည်း မလိုပါဘူး ဗျာ . . .”
ရဲရှောင်မှ ပြုံးလျက် ပြန်ပြောလိုက်သည်။
“ဒီနေ့ ကံတရားက ကျုပ်တို့ကို ဒီနေရာမှာ ဆုံစည်း ဖို့ အကြောင်းဖန်လာတယ်၊ အခုကစပြီး ကျုပ်တို့က တိုက်ပွဲတစ်ခုထဲမှာ ပါဝင်တိုက်ခိုက်ရမယ့် ညီအစ်ကို တွေလို့ပဲ သဘောထားလိုက်ကြ၊ အဲဒီတော့ သိပ်ပြီး သူ စိမ်းဆန်စရာ၊ ယဉ်ကျေးစရာ မလိုပါဘူး . . .”
“ကျုပ်တို့တွေက အချိန်အကြာကြီး ဖြတ်သန်းရဦး မှာလေ၊ ဒီလိုကြီး တလေးတစား လုပ်နေကြရင် အချိန် တွေ မကုန်သင့်ဘဲ ကုန်တာပေါ့ . . .”
“ကောင်းပါပြီ ရှောင်ဧကရာဇ် . . .”
“ခင်ဗျားရဲ့ ဦးဆောင်မှုနဲ့အတူ ကျုပ်တို့တွေ ဒီချင်း ရန်နယ်ပယ်ကြီးကို အမှောင်ထဲကနေ အလင်းကို ပြန် ရောက်အောင် ပြန်လည်ဆောင်ကျဉ်းချင်ပါတယ် . . .”
လူ ၁၈ ဦးလုံးမှာ စိတ်အားတက်ကြွမှု အပြည့်ဖြင့် ပင် ပြောလိုက်ကြသည်။
ထိုအချိန် လိဝူလျန်၊ ဟန်ပိုင်ယွဲ့နှင့် အခြားလူများ အားလုံးလည်း ရွက်ဖျင်တဲကြီး အတွင်းသို့ ဝင်ရောက် လာကြသည်။
ထိုအခါ ၎င်းတို့ကိုယ်တိုင်လည်း ကြီးမားလှသော ထိုင်ခုံကြီးကို ကြည့်ရင်း အံ့ဩသွားကြလေသည်။
သူတို့လို လူမျိုးများကိုပင် အံ့ဩသွားစေသည်အထိ ထိုင်ခုံကြီးက ခမ်းနားလွန်းနေသည် မဟုတ်ပါလား။
ထိုနဂါး ၉ ကောင် ထိုင်ခုံကြီးက သာမန်ထိုင်ခုံများ ထက် ပေ ၃၀ ခန့် ပိုမိုမြင့်မားနေ၍ မည်သို့ မတုန်လှုပ် ဘဲ နေနိုင်ပါမည်နည်း။
ရဲရှောင်မှ အံ့ဩနေသော လိဝူလျန်အား ပြုံးလျက် ကြည့်လိုက်ရင်း -
“ဝူလျန် ထိုင်လေ . . .”
ရွက်ဖျင်တဲရှိ လူများမှာမူ ထိုစကားအပေါ် မည်သို့မှ မတုန့်ပြန်သော်လည်း ထိုင်ခုံကြီးပေါ်၌မူ ရဲရှောင်မှလွဲ ၍ အခြားလူများကို ထိုင်စေချင်သည့် ပုံမပေါ်ချေ။
မရဏဓားပင် ဖြစ်လင့်ကစား သဘောမကျသည့် ပုံ စံမျိုး ဖြစ်နေကြခြင်းပါပင်။
ထို့ကြောင့် လိဝူလျန်လည်း ထိုထိုင်ခုံပေါ်၌ မထိုင် ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
မည်မျှထိ အရှက်ကင်းမဲ့သော လူဖြစ်နေပါစေ ယခု လို အခြေအနေမျိုးတွင် မည်သူက ထိုင်နိုင်ပါမည်နည်း။
“ငါ့ကို ချောက်တွန်းမစမ်းပါနဲ့ကွာ ငါသာ အဲဒီခုံမှာ ထိုင်လိုက်ရင် ငါအရိုက်ခံရလိမ့်မယ် ငါမထိုင်နိုင်ပါဘူး၊ မင်းပဲ ထိုင်လိုက်ပါ၊ ဟိတ်လူတွေ ကျုပ်ပြောတာ ဟုတ် တယ်မလား . . .”
လူအုပ်ကြီးမှာလည်း ပြုံးစစဖြင့် ပြန်လည်၍ ခေါင်း ညိတ်ပြလိုက်ကြသည်။
ရဲရှောင်မှ ရယ်မောလိုက်ရင်း -
“ကဲ အားလုံးက ထိုင်စေချင်မှတော့ ထိုင်ရတော့မှာ ပေါ့ . . .”
ထိုအချိန် လူများမှ လက်သီးဆုပ်၍ အရိုအသေပြု လိုက်ကြပြီး -
“ဒါကဧကရာဇ်အတွက် အထူးလုပ်ပေးထားတာပါ ကျေးဇူးပြုပြီး ထိုင်လိုက်ပါက ကြီးမြတ်လှတဲ့ ကျုပ်တို့ ရဲ့ ရှောင်ဧကရာဇ် . . .”
ထိုအခိုက်အတန့်တွင် ရဲရှောင်အဖို့ ရှင်ဘုရင် တစ် ပါးလိုပင် ခံစားလိုက်ရသည်။
သို့သော် သူ့စိတ်ထဲ၌ ထိုနေရာ၌ ထိုင်လိုက်ရသည့် တိုင် ပျော်ရွှင်သည့် ခံစားမှုမျိုးကို မခံစားလိုက်ရချေ။
(ရှောင်ဧကရာဇ်ဆိုတဲ့ ငါကသူရဲကောင်းတွေ အား လုံးကိုပဲ ရယ်မောပစ်ချင်တာ၊ ဘုရင်တွေဘာတွေ လုံးဝ မဖြစ်ချင်ဘူး . . .)
ထိုစဉ် လိဝူလျန်မှာမူ ရဲရှောင်ဘေးရှိ ထိုင်ခုံ ၁ လုံး ပေါ်တွင် ဝင်ထိုင်လိုက်သည်။
အုပ်စု ၉ စုကို ကိုယ်စားပြုသော လူများမှာ ရဲရှောင် နှင့် အတူပါလာသော လူများကို ငေးစိုက်၍ ကြည့်နေ ကြသည်။
ထိုအချိန် ထိုလူများအဖို့ နှလုံးခုန်သံများ မြန်ဆန် နေသလို ချွေးများလည်း ပျံနေမိကြလေသည်။
“ကဲ အားလုံးပဲ ဒီက ကျုပ်ရဲ့ မိတ်ဆွေတွေနဲ့ မိတ် ဆက်ပေးပါရစေ . . .”
ရဲရှောင်မှ ပြုံးလျက် ပြောလိုက်သည်။
“ကျုပ်တို့အားလုံးက တိုက်ပွဲမှာဆို ညီအစ်ကိုမောင် နှစ်မတွေပဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ကြို ပြီး သိထားကြတာ အကောင်းဆုံးပဲ . . .”
ထို့ကြောင့် အုပ်စု  ၉ ခုကို ကိုယ်စားပြုသည့် လူ ၁၈ ယောက်လုံးလည်း ရဲရှောင် ဘေးရှိ လူများကို လှမ်း ၍ ကြည့်လိုက်ကြသည်။
မြင်ရုံဖြင့်ပင် ထိုလူများအားလုံးက ယခုနယ်ပယ်၏ ထိပ်တန်းကြီးများ ဖြစ်ကြောင်း အတပ်သိလိုက်ကြ၏။
“ဒီဘက်ဘေးက မုတ်ဆိတ်မွှေးနဲ့ လူကောင်ထွား ထွား လူကတော့ ကျုပ်ရဲ့အကောင်းဆုံး သူငယ်ချင်း၊ နောက် ညီအစ်ကိုလို ဖြစ်နေတဲ့ မရဏဓား လိဝူလျန်ပဲ၊ ခင်ဗျားတို့အားလုံး သူ့အကြောင်းကို ကြားဖူးကြမှာပေါ့၊ အရင်ကထက် ပိုပြီး ထူးခြားလာတာကတော့ သူက အများကြီးပိုပြီး အစွမ်းထက်လာတာပဲ၊ သေချာတာက ကျုပ်ထက် လုံးဝ မလျော့ဘူးဆိုတာပဲ၊ အဲဒါကြောင့် လည်း ကျုပ်က ထိုင်ခုံကြီးမှာ ထိုင်ခိုင်းတာပေါ့ . . .”
လိဝူလျန်မှ မတ်တပ်ထရပ်ပြီးနောက် လက်နှစ်ဖက် ကို ဆုပ်ကာ -
“ကျုပ်တို့အားလုံးက မိတ်ဆွေတွေပဲ၊ တခြားအရာ တွေကို အာမမခံနိုင်ပေမယ့် ကျုပ်ကိုတော့ အပြည့်အဝ ယုံကြည်လို့ ရပါတယ်၊ တိုက်ပွဲမှာ လိုအပ်ရင် ကျုပ်က ရှေ့ဆုံးမှာပဲ ရှိနေပေးမှာပါ . . .”
ထိုစကားကြောင့် လူများ၏ စိတ်ထဲတွင် လိဝူလျန် ကို အထင်ကြီး လေးစားသွားကြသည်။
(မရဏဓားက တကယ့်ကို ဒဏ္ဍာရီထဲက ပုဂ္ဂိုလ် တစ်ပါးပဲ . . .)
ရဲရှောင် ပြောလိုက်သည်မှာ ပုံမှန်အတိုင်းသာ ဖြစ် သော်လည်း ဆိုလိုရင်းမှာမူ အံ့ဩစရာ ကောင်းလွန်းလှ သည်။
မရဏဓားက ရဲရှောင်ထက် မလျော့သော အစွမ်း ရှိ နေသည်ဆိုလျှင် ဝုဖထက် ပိုအစွမ်းထက် နေသည်ဆို သည့် သဘောမျိုးပင် မဟုတ်ပါလား။
လူများမှာ ထိုကဲ့သို့သော အထောက်အပံ့ကောင်း ရှိ နေ၍ စိတ်လှုပ်ရှားသွားကြ၏။
“အင်းပြီးတော့ လိဝူလျန်ရဲ့ ဘေးက တစ်ယောက် ကိုလည်း သိကြမှာပါ၊ သူက ကျုပ်ရဲ့ သွေးသောက်ညီ အစ်ကို ရေခဲဓား ဟန်ပိုင်ယွဲ့လေ၊ ခင်ဗျားတို့ အားလုံး သူ့ကို သိကြမယ် ထင်ပါတယ် . . .”
ဟန်ပိုင်ယွဲ့က နှင်းကဲ့သို့ စွတ်စွတ်ဖြူသော ဝတ်ရုံ ကို ဝတ်ဆင်ထားပြီး ရေခဲကဲ့သို့ အေးစက်တောင့်တင်း သော မျက်နှာထားမျိုးဖြင့် ရှိနေသည်။
သို့သော် ရဲရှောင် စကားဆုံးသည်နှင့် ဟန်ပိုင်ယွဲ့ လည်း မတ်တပ်ထရပ်လိုက်ပြီး အားလုံးကို ကြည့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
ထို့နောက် ထိုင်ခုံပေါ်သို့ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ပြန်ထိုင်လိုက်၏။
လူ ၁၈ ဦးလုံး၏ စိတ်ထဲ ဟန်ပိုင်ယွဲ့ကို ကြည့်ရင်း ကြိတ်ချီးကျူးမိလိုက်ကြသည်။
(ဒါကလူချောလူသားလို့ နာမည်ကြီးတဲ့ အတုမရှိ တဲ့ ရေခဲဓား ဟန်ပိုင်ယွဲ့ပေါ့၊ တော်တော်ကို အထင်ကြီး စရာကောင်းတဲ့ လူပဲ စကားအများကြီးလည်း မပြော ဘူး၊ တော်တော်ကို တည်ငြိမ်တဲ့လူပဲ . . .)
တကယ်တမ်းတွင် ဟန်ပိုင်ယွဲ့မှာ သူ၏ အကျင့် အတိုင်း အပိုလုပ် ဟန်ထုတ်နေခြင်းသာ ဖြစ်၏။
“ကျုပ်ရဲ့ ဘေးမှာ ရှိနေတဲ့ ဒီမိန်းကလေးကတော့ ကျုပ်အတွက် အထူးခြားဆုံးဖြစ်တဲ့ ကောင်းကင်ရေခဲ နန်းတော်က ကျွင့်ယင်းလျန်ပါပဲ . . .”
ရဲရှောင်မှ အားလုံးကို မိတ်ဆက်ပေးလိုက်ပါတော့ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားOnde histórias criam vida. Descubra agora