1205--------1206

112 10 1
                                    

အခန်း (၁၂၀၅)(စာစဉ် ၈၇- အပိုင်း ၁)

“တဟုန်ထိုး ပြောင်းလဲခြင်း”

နောက်ဆုံးတွင် အားဟူမှာ အသစ်ဖြစ်သွားသော အသီးကို ဘေးသို့ ဖယ်လိုက်၏။

ထိုအသီးမှာ ပန်းရောင်သန်းနေပြီး အရောင်ကိုမြင် ရုံဖြင့် ချက်ချင်းပင် စားချင်စိတ်ပေါက်စေမည့် ပုံစံမျိုး ပေါက်နေလေသည်။

“ညောင် . . .”

အားဟူမှာ အသီးအား ရဲရှောင် ရှိရာသို့ တွန်းပေး ရင်း အော်သံပြုလိုက်၏။

၎င်း၏အမြီးကိုလည်း ဝေ့ယမ်းလျက်ရှိပြီး မျက်လုံး များကလည်း အရောင်တဖိတ်ဖိတ် တောက်ပလျက်ရှိ နေသည်။

အားဟူ၏ အော်လိုက်သည့်အသံ၏အဓိပ္ပာယ်က -

“ကျုပ်ကို ချီးကျူးလေ ကျုပ်ကို ချီးမွှမ်းလိုက်စမ်း ပါညောင် . . .”

ရဲရှောင်လည်း အားဟူ ဆိုလိုချင်သည့် အဓိပ္ပာယ် ကို သိနေသည်။

အားဟူက သူ့အတွက် အလွန်အသုံးဝင်နေပြီး ရှေ့ လျှောက်လည်း အားဟူ၏ အကူအညီများကို လိုနေဦး မည်ဖြစ်၍ ရဲရှောင်အဖို့ ကပ်စေးနှဲနေ၍ မရတော့ပေ။

ထို့ကြောင့် အကျိုးလို၍ ညောင်ရေသွန်း သဘော မျိုးဖြင့် အားဟူအား စကားအချို့ဖြင့် ချီးကျူးလိုက် တော့သည်။

“အလိုလေး ငါ့ရဲ့ အားဟူလေးကို ကြည့်စမ်းပါဦး၊ အတော်လေးကို ကောင်းကောင်းလုပ်ခဲ့တာပဲ၊ မင်းက တကယ့်ကို ထူးခြားတဲ့ကြောင် . . .”

ရဲရှောင်မှ အံ့ဩဟန်ပြုရင်း ချီးကျူးစကားဆိုလိုက် သည်။

“ဒီလောက်ထိ မြန်မြန်ဆန်ဆန် ရမယ်လို့ ငါမထင် ထားခဲ့မိဘူး၊ မင်းက အတော်ဆုံးပဲ အားဟူ၊ မင်းက တ ကယ့်ကို ရှေးဦးသားရဲကြီး တစ်ကောင်ပါပဲ . . .”

“ညောင် . . .”

အားဟူလည်း အော်သံတစ်ချက်ပြုရင်း ဂုဏ်ယူဝံ့ ကြွားသည့် ပုံမျိုးဖြင့် ရှိနေလေသည်။

သူ့အား ချီးကျူးနေသည့် စကားလုံးများကိုလည်း ဂရုမစိုက်သည့်အလား လျစ်လျူရှုကာ ဟန်ဆောင်နေ ပြန်သည်။

သို့သော် သခင်ဖြစ်သူကို မသိမသာ လှမ်းကြည့်ရင်း ချီးကျူးခံရသည့်အတွက် စိတ်ထဲ၌ ကြိတ်ပျော်နေလေ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now