1444(က)-----1446(ဃ)

78 2 0
                                    

အခန်း (၁၄၄၄ - က)(စာစဉ် ၁၀၆- အပိုင်း ၃)
"နောက်ဆုံးတိုက်ပွဲကြီး"

ရှဲ့ဒါယူ၏ အဖြူရောင် အဝတ်အစားများမှာ သွေးများဖြင့် စွန်းထင်းနေ၏။
ထို့ကြောင့် အနီရောင်ဖြစ်လုနီးပါးပင် ပြောင်းလဲနေသော ထိုဝတ်စုံကို အဖြူရောင်ဟုပင် မဆိုထိုက်တော့‌ ချေ။
ထို့ပြင် အနိဌာရုံဖြစ်နေသော တိုက်ပွဲမြေပြင်ကိုကြည့်ရင်း သူမ၏ မျက်နှာအမူအယာမှာလည်း စိတ်ရှုပ်ထွေး လျက် ရှိနေသည်။
ထို့နောက် ရှဲ့ဒါယူလည်း လေးတွဲ့သော သက်ပြင်းရှည်ကြီးကို ချလိုက်တော့သည်။
ထိုအချိန် ရွှမ်ပိုင်၊ ကျွင့်ယင်းလျန်၊ ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာလည်း အနောက်ခန်းမမှ လူများ၏ အလောင်း များကို စစ်ဆေးလျက် ရှိနေကြသည်။
သူမတို့အားလုံးမှာလည်း မျက်နှာမသာမယာ ဖြစ်နေကြ၏။
"ရန်သူတွေရဲ့ အလောင်းအများစုက ခြောက်ကပ်ကုန်ပြီ၊ သူတို့ရဲ့ မိစ္ဆာဝိညာဉ်အပိုင်းအစတွေ စုပ်ယူခံလိုက် ရပုံပဲ ဒါပေမယ့် တစ်ချို့ကတော့ ပုံမှန်အတိုင်းပဲ၊ ကြည့်ရတာ ဒီနေရာက သက်ရောက်မှုဖြစ်စေတဲ့ ဧရိယာအပြင် ဘက်နဲ့ တူတယ် . . ."
ရွှမ်ပိုင်မှ ပြောလိုက်၏။
"ထူးတော့ထူးဆန်းနေတယ် ကျွန်မတို့က အနောက်ခန်းမနဲ့ တိုက်ခိုက်နေကြတာ၊ ပြီးတော့ ဒီနေရာက မိစ္ဆာ ဝိညာဉ်တာအိုရှိတဲ့နေရာ၊ အဲဒါတောင် အနောက်ခန်းမက လူတွေအားလုံးသေသွားတဲ့အချိန်ထိ မိစ္ဆာဝိညာဉ်တာအို က ဘယ်သူမှ ထွက်ပြီး ကူညီတာမရှိဘူး၊ ဘာကြောင့်လဲ . . ."
"ဒါကြီးက တကယ်ကို အဓိပ္ပာယ်မရှိဘူး၊ ပုံမှန်လည်း မဟုတ်ဘူး . . ."
ရဲရှောင် တစ်ခုခုပြောရန် ဟန်ပြင်စဉ်မှာပင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်၍ ကောင်းကင်ထက်သို့ မော့၍ ကြည့်လိုက်၏။
ထိုအခါ အနက်ရောင်အခိုးငွေ့တစ်ခု ကောင်းကင်ထက်မှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို မြင်တွေ့ လိုက်ရသည်။
"ရပ်စမ်း . . ."
ရဲရှောင်မှ ကောင်းကင်ထက်သို့ မော့ကြည့်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဇောင်ယွမ်ကိုင် . . ."
"အဲဒီမှာ ရပ်လိုက်စမ်း . . ."
ရဲရှောင်၏ အော်သံကြောင့် လွင့်မျောသွားသည့် မီးခိုးရောင်တိမ်တိုက်မှာ ချက်ချင်းပင် ရပ်တန့်သွား၏။
ထို့နောက် အခိုးငွေ့များနှင့်အတူ လူသားပုံရိပ်တစ်ခု ဖြစ်ပေါ်သွားပြီး မြေပြင်ထက်သို့ ဖြည်းညှင်းစွာ ဆင်း သက်လာသည်။
"ရဲရှောင် . . ."
"ရှေ့ကို မိုင် ၃၀၀ လောက် ဆက်ပြီး တိုးခဲ့စမ်းပါ . . ."
"အဲဒီနေရာက ငါ့ရဲ့မိစ္ဆာဝိညာဉ်တာအိုနဲ့ မင်းရဲ့အဖွဲ့ တိုက်ခိုက်ရမယ့် တိုက်ပွဲနေရာပဲ . . ."
"နားထောင် . . ."
"မင်း ချင်းရန်နယ်ပယ်ကို မိစ္ဆာတွေရဲ့ကမ္ဘာကြီး မဖြစ်စေချင်ဘူးဆိုရင် ငါ့ကိုရပ်တန့်နိုင်ဖို့ လာကြိုးစားလိုက်"
ထိုသို့ပြောပြီးနောက် လူသားပုံစံအဖြစ် ပြောင်းလဲထားသော ဇောင်ယွမ်ကိုင်မှာ ချက်ချင်းဆိုသလိုပင် ထပ်မံ ၍ ပျံသန်းသွားတော့၏။
"ဇောင်ယွမ်ကိုင် . . ."
ရဲရှောင်က အခိုးအငွေ့များကိုကြည့်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။
"အနောက်ခန်းမကို ခင်ဗျား ကိုယ်တိုင် တည်ဆောက်ခဲ့တယ်၊ အခု ခင်ဗျားကိုယ်တိုင်ပဲ ဖျက်ဆီးလိုက်တယ်၊ ခင်ဗျားရဲ့သား၊ ခင်ဗျားရဲ့မြေးနဲ့ ခင်ဗျားမိသားစုက လူတွေအကုန်လုံး ဒီတိုက်ပွဲမှာ သေခဲ့ရတယ်၊ အဲဒီလောက် တောင် ခင်ဗျား သွေးအေးရလား . . ."
ရဲရှောင်က နားမလည်နိုင်ဖြစ်နေ၍ မိစ္ဆာကြီးအား မေးခွန်းထုတ်လိုက်သည်။
မိစ္ဆာကြီးက တိုက်ပွဲအခြေအနေကို အစကတည်းက သိရှိနေခဲ့ပုံပါပင်။
ထို့ကြောင့်သာ တိုက်ပွဲမစတင်ခင်ကတည်းက ရောက်ရှိနေခဲ့သည် မဟုတ်ပါလား။
(ဘာကြောင့် သူဆင်းလာပြီး တစ်ခုခု မလုပ်ခဲ့ရတာလဲ . . .)
(သူ့သား တိုက်ပွဲမှာ သေသွားတာကို ဘာမှမဖြစ်သလို ကြည့်နေခဲ့တာလား . . .)
(ဒါကအဖေတစ်ယောက်ရဲ့ လုပ်ရပ်ရော ဟုတ်ရဲ့လား . . .)
အမေးရှိက အဖြေရှိ၏။
ထို့ကြောင့် ယခု ရဲရှောင် မေးလာပြီဖြစ်၍ အဝေးရောက်နေပြီဖြစ်သည့် မိစ္ဆာကြီးလည်း အေးစက်စက်ဖြင့် ပြန်ဖြေလိုက်သည်။
"မင်းနဲ့သူ မေးတဲ့ မေးခွန်းက အတူတူပဲ . . ."
"အဲဒီတော့ အဖြေကိုလည်း အတူတူပဲ ရနိုင်လိမ့်မယ် . . ."
"ဒါကမိစ္ဆာဝိညာဉ် အပိုင်းအစတစ်ခုလေ ဘာမှမပိုဘူး၊ ဒီထက်ဘာမှကို မပိုဘူး . . ."
ထိုစကားလုံးကို ကြားလိုက်ရချိန် လူတိုင်းအဖို့ ကျောရိုးထဲထိစိမ့်အောင်ပင် ခံစားလိုက်ရသည်။
(အဖြေတူတူပဲ ဟုတ်လား . . .)
(မိစ္ဆာဝိညာဉ် အပိုင်းအစတစ်ခုပဲပေါ့လေ . . .)
(ရန်သူတွေအပေါ် ရက်စက်တယ်ဆိုတာကိုတော့ ငါနားလည်ပါတယ် ဒါပေမယ့် အခု ကိုယ့်သားပေါ်တောင် ဘယ်လိုရက်စက်နိုင်ရတာလဲ . . .)
လူတိုင်းမှာ အတွေးများနှင့်အတူ နှုတ်ဆိတ်သွားကြ၏။
တစ်ခါတစ်ရံ လူသားများတွင်ပင် ထိုသို့သော ခံစားချက်မျိုးရှိနိုင်၍ မိစ္ဆာများတွင်ဆိုလျှင် ဆိုဖွယ်ရာမရှိချေ။
သို့သော် ယခုမိစ္ဆာကြီးမှာမူ ထိုထက်ပို၍ပင် သွေးအေးနေနိုင်လွန်းလှသည်။
သားဖြစ်သူကိုပင် ယခုကဲ့သို့ဆက်ဆံသည်ဆိုလျှင် အခြားလူများအပေါ်တွင်ဆိုလျှင် သနားကြင်နာမှု လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ကမ္ဘာကြီးတစ်ခုလုံး၌သာ မိစ္ဆာများဖြင့်ပြည့်နှက်သွားမည်ဆိုပါက သေချာပေါက်ပင် ကမ္ဘာကြီးက ပျက်စီးသွားလိမ့်မည်။
လူတိုင်း၏ရင်ထဲ ထိုအကြောင်းကို တွေးရုံဖြင့်ပင် ထိတ်လန့်သွားကြ၏။
ထို့အတူ မိစ္ဆာအင်အားစုကို သေချာပေါက် ဖျက်ဆီးပစ်ရမည်ဟူသည့် အတွေးများလည်း ချက်ချင်းပင် ကိန်းအောင်းသွားကြတော့သည်။
ထိုအချိန် ရွှမ်ပိုင်မှာလည်း မျက်မှောင်ကြုတ်၍သာ ရှိနေသည်။
ဝရမ်ချူးချူးမှာမူ အနည်းငယ် တွေဝေတုန့်ဆိုင်းနေဟန်ရှိ၏။
သို့သော် နောက်ဆုံးတွင် ရဲရှောင်အနားသို့ လျှောက်သွားလိုက်ပြီး -
"ဒါနတ်ယင်ယန်အသီးကြောင့်ပဲ . . ."
"အသီးက ပညာရှင်တစ်ယောက်ကို ထိပ်ဆုံးရောက်အောင် ကျင့်ကြံမှုအဆင့်တွေ ပေးနိုင်သလို အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲကို မိစ္ဆာမျိုးစေ့တွေကို ချပေးလိုက်နိုင်တယ်၊ မိစ္ဆာမျိုးစေ့တွေ တဖြည်းဖြည်း ကြီးထွားလာပြီဆိုတာနဲ့ နောက်ဆုံးမှာ မိစ္ဆာတစ်ယောက်ဖြစ်သွားပြီး လူသားတစ်ယောက်ရဲ့စိတ်တွေ ပျောက်ဆုံးကုန်တာပဲ . . ."
"အဲဒီလိုမှမဟုတ်ရင် ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင်တွေဖြစ်တဲ့ ဇောင်ယွမ်ကိုင်နဲ့ ဝုဖတို့က ဘယ်လိုလုပ် မိစ္ဆာတွေ ဖြစ်သွားနိုင်မှာလဲ၊ သူတို့က လူသားအသိစိတ်တွေ ပျောက်ဆုံးကုန်ကြတာလေ . . ."
ဝရမ်ချူးချူးမှ လေသံတီးတိုးဖြင့် ပြောလိုက်၏။
"ဟုတ်တယ် . . ."
ရဲရှောင်မှ ခေါင်းညိတ်လျက် ပြန်ဖြေလိုက်သည်။
ထိုအချက်က ဇောင်ယွမ်ကိုင်နှင့် ဝုဖတို့ကို မိစ္ဆာများအဖြစ် ပြောင်းလဲသွားစေသည့် အဓိကအကြောင်းအရင်း ပင် ဖြစ်သည်။
ထိုထက်ပို၍ တိကျသည့် အခြားအကြောင်းအရင်း မရှိနိုင်ပြီ။
ထိုလူများအဖို့ လူ့စိတ်လေး အနည်းငယ်မျှ ရှိဦးမည်ဆိုလျှင် ယခုကဲ့သို့ မည်သို့ရက်စက်နိုင်ကြပါမည်နည်း။
ရဲရှောင်အနေဖြင့်လည်း ဝရမ်ချူးချူး လာမပြောခင်ကတည်းက နတ်ယင်ယန်အသီးများ၏အကြောင်းကို သိရှိထားပြီး ဖြစ်သည်။
အသီးကို စားသုံးလိုက်သည့် မည်သူမဆို မိစ္ဆာစွမ်းအင်များ သက်ရောက်သွားနိုင်ကြောင်း အားဟူက ပြောပြ ထားပြီးသား မဟုတ်ပါလား။
သို့သော် ရဲရှောင် သူ့လူများကို ကျွေးခဲ့သော အသီးများမှာမူ အားဟူ၏ ပြုပြင်ပြောင်းလဲပေးမှုကြောင့် ထိုကဲ့သို့ သက်ရောက်မှု မဖြစ်ခဲ့ချေ။
ထိုသို့မဟုတ်ဘဲ မသန့်စင်ရသေးသည့် အသီးကို စားလိုက်ပါက သေချာပေါက်ပင် မိစ္ဆာဖြစ်သွားမည်သာ။
ထိုသို့ဆိုသော်ငြား အသီးစားသုံးမှုကြောင့် ဖြစ်တည်သည့် သက်ရောက်မှုက သူထင်ထားသည်ထက် ပိုများ နေ၍ ရဲရှောင် အံ့ဩနေမိသည်။
လူသားတို့ကို ကောင်းကျိုးများလည်း ပေးနိုင်သလို ဆိုးကျိုးများလည်း ပေးနိုင်သည့် အသီးပါတကား။
ထို့ကြောင့် အသီးက လူတစ်ယောက်၏ ကျင့်ကြံမှုကို တိုးတက်စေသည့်တိုင် မိစ္ဆာမျိုးစေ့မှာမူ ထိုလူ၏ ခန္ဓာ ကိုယ်ထဲ၌ နေရာယူသွား၏။
ထို့နောက်တွင် မျိုးစေ့က တစ်နေ့ထက်တစ်နေ့ ကြီးထွားလာပြီး နောက်ဆုံးတွင် မိစ္ဆာအဖြစ် ပြောင်းလဲသွား ရလေသည်။
ထိုသို့ပြောင်းလဲပြီးနောက်ပိုင်းတွင်မူ ထိုလူက မိစ္ဆာအစီအရင်များကို တည်ဆောက်ရန် စတင်ကြိုးစားတော့ သည်။
ထို့ကြောင့် မိစ္ဆာဖြစ်တည်သွားသော လူအဖို့ သူကိုယ်တိုင်နှင့် သူ၏အသက်ကိုစွန့်ကာ မိစ္ဆာအစီအရင်ကို ပြုလုပ်ပေးရမည်သာ။
ထိုသို့ဖြစ်တည်အောင် လုပ်ခဲ့ကြသည့် မိစ္ဆာနယ်ပယ်မှ မိစ္ဆာများ၏ အကြံက စက်ဆုပ်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။
၎င်းတို့အဖို့ လူသားတို့၏နယ်ပယ်တွင် အသီးများကိုစိုက်ပျိုးစေလျှင် ခက်ခဲမှုရှိ၍ အကုန်အကျများနိုင်သည်။
ထို့ကြောင့် အသီးများကို ငါးစာအဖြစ်အသုံးချ၍ လူများစွာ၏ ဝိညာဉ်များကို စုပ်ယူခဲ့ကြသည်။
ထို့နောက် အသီးရရှိသွားသော လူ၏ခန္ဓာကိုယ်တွင် မိစ္ဆာမျိုးစေ့ကို ထည့်သွင်းပေးလိုက်ကြသည်။
မျိုးစေ့ကို ထည့်သွင်းပြီးနောက်ပိုင်း ၎င်းတို့အတွက် အချိန်မည်မျှကြာပါစေ အရေးမကြီး။
နှစ်ပေါင်းသောင်းချီကာလဆိုသည်က မိစ္ဆာများအတွက် အချိန်ခဏမျှသာ ဖြစ်နိုင်သည် မဟုတ်ပါလား။
ရဲရှောင်လည်း ဝရမ်ချူးချူး ပြောခဲ့သည့် စကားများကို ဆက်စပ်တွေးတောလိုက်ပြီး အနာဂတ်အတွက် အတွေးအမြင်အသစ်များ ရရှိသွားသလို ခံစားလိုက်ရသည်။
သို့သော် ထိုသို့ စဉ်းစားနိုင်ခြင်းက အောင်မြင်ခြင်းမဟုတ်။
လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာကသာ အရေးအကြီးဆုံး ဖြစ်၏။
ထို့ကြောင့် သူ့အဖို့ တစ်စုံတစ်ခု လုပ်မှသာ ဖြစ်လိမ့်မည်။
အနာဂတ်မေးခွန်းများအတွက်မူ အနာဂတ်ရောက်မှသာ စီစဉ်သည်က ပိုသင့်လျော်လိမ့်မည်။
"ဒါဆိုရင် ကျွန်မတို့ စားခဲ့တဲ့ အသီးတွေကလည်း . . ."
ဝရမ်ချူးချူး၏ ပုံစံမှာ စိုးရိမ်နေဟန် ရှိသည်။
"မင်းတို့စားခဲ့တဲ့ အသီးတွေက ပြုပြင်ပြောင်းလဲထားတာ . . ."
"အရမ်းကို အစွမ်းထက်တဲ့လူက ပြုပြင်ပြောင်းလဲပေးထားတာပေါ့ . . ."
"အဲဒါကြောင့် အသီးထဲမှာ မိစ္ဆာမျိုးစေ့တွေ မရှိတော့ဘူး မစိုးရိမ်ပါနဲ့၊ မလိုအပ်တာတွေ တွေးပူနေရင် ကိုယ့် အတွေးနဲ့ကိုယ် ခြောက်လှန့်နေလိမ့်မယ် . . ."
ရဲရှောင်လည်း ဝရမ်ချူးချူးကို ရှင်းပြလိုက်၏။
ထိုအချိန် သူ၏ရင်ထဲ၌ ရုတ်တရက် လင်းလက်သွားသလို ခံစားလိုက်ရပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now