1147----1148

133 12 1
                                    

အခန်း (၁၁၄၇)(စာစဉ် ၈၂- အပိုင်း ၁၃)

“ငါဘာမှားနေလဲ”

ရဲရှောင် လေးငါးဆယ်ချက်ခန့် အရိုက်နှက်ခံလိုက် ရပြီဖြစ်၍ သူ၏ မျက်နှာတစ်ခုလုံးလည်း ယောင်ကိုင်း နေချေပြီ။

“လျန်လျန် . . .”

“ငါ့ရဲ့ တိုက်ကွက်တွေကို မင်းမကြည့်ချင်တော့ဘူး လား၊ ဘာလို့ ငါ့ကို ဒီလောက်ထိ နာကျင်အောင် လုပ် နေရတာလဲ . . .”

ရဲရှောင်မှ ကပျာကယာပင် မေးလိုက်သည်။

“ရှင့်ရဲ့ သရုပ်အမှန်ကို အတည်ပြုဖို့ ကျွန်မ ကြိုး စားနေတာလေ၊ ရှင်က လုပ်စရာရှိတာကိုသာလုပ်”

ကျွင့်ယင်းလျန်မှ အေးစက်စက်ပင် ပြောဆိုလိုက် သည်။

“ဘုန်း ဘုန်း ဘုန်း . . .”

ရဲရှောင်မှာ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံနေရ၍ သူ၏ မျက်နှာသာမက ကျန်ခန္ဓာကိုယ် အစိတ်အပိုင်း များ အားလုံးလည်း ရိုက်နှက်ခံနေရပြီ ဖြစ်သည်။

မည်မျှထိဆိုလျှင် ခဏအတွင်းမှာပင် သူ၏ တင်ပါး မှာ အကြိမ် ၁၀၀၀ ခန့် အကန်ခံလိုက်ရခြင်းဖြစ်သည်။

ကျွင့်ယင်းလျန်မှာမူ ထိုသို့ အားရပါးရ တိုက်ခိုက် နေရသည့်အတွက် အကျေနပ်ကြီး ကျေနပ်နေမိသည်။

(သန့်စင်တဲ့ ယန်ကျင့်စဉ် ဟုတ်လား . . .)

(ဘာပဲပြောပြော ငါ့ကို အရင်ပြောသင့်တာပေါ့၊ ငါ့ ကို သိက္ခာချတယ်၊ နောက်ပြီး ကိုယ်လုပ်တော်တွေ လည်း ရှိသေးတယ်ပေါ့၊ ပထမ ဒုတိယနဲ့ ကိုယ်လုပ် တော်တွေ ဟုတ်လား၊ ကိုယ်လုပ်တော် ကိုယ်လုပ် တော် ဟုတ်လား . . .)

ကျွင့်ယင်းလျန်မှာ ထိုစကားလုံးများကို စိတ်ထဲ၌ ခါးခါးသီးသီးပင် စဉ်းစားနေမိရင်း ရဲရှောင်အား မိုးစက် မုန်တိုင်းများပမာ တိုက်ခိုက်နေမိသည်။

ထို့ကြောင့် ရဲရှောင်မှာ တစ်ကိုယ်လုံးပင် ယောင် ကိုင်းလျက်ရှိပြီး တစ်ခါတိုက်ခိုက်ခံတိုင်း ပါးစပ်မှ -

“လျန်လျန် . . .”

“မင်းငါ့ကို မမှတ်မိသေးဘူးလား ဒါကတော့ မှတ်မိ ဖို့ လုံလောက်ပြီ ထင်ပါတယ် အား အား . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now