1239------1240

94 5 0
                                    

အခန်း (၁၂၃၉)(စာစဉ် ၈၉- အပိုင်း ၇)
“အဆောင်အယောင်များ ပြန်အပ်နှင်းခြင်း”

“အင်း ဆရာမရှောင် . . .”

လူအများကြားမှ တစ်ဦးမှ ထပြောလိုက်၏။

ထိုလူမှာ ချင်းဟွာနန်းတော်၏ လက်ရှိ နတ်သမီး ဖြစ်သူ ချန်ပိုင်မေ့ပါပင်။

သူမအဖို့ နောက်ဆုံးတွင် မခံနိုင်တော့၍ ထိုသို့ ထ ပြောရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အကြောင်းမှာ လဘုရင်မက ယွဲ့ရှောင်နှင့် ယွဲ့ဟန် တို့ကို ဦးစားပေးလွန်းနေသည် မဟုတ်ပါလား။

ယခုအချိန်တွင် သူမဖြစ်စေချင်သည်မှာ ဂိုဏ်းအဖို့ ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းနိုင်ရန် ဖြစ်သည်။

ထို့ပြင် အရေးကြီးဆုံးအချက်မှာ ယွဲ့ဂေါင်ရွှဲ့အား အဆင့်တန်းမြင့်မြင့်ဖြင့် အကျိုးရှိသွားမည့် ဖြစ်ရပ်မျိုး ကို သူမ မမြင်ချင်၊ မလိုလားပေ။

ယွဲ့ဂေါင်ရွှဲ့က နန်းတော်၏ စည်းမျဉ်းကို ချိုးဖျက်ခဲ့ သည့် နတ်သမီးတစ်ဦး ဖြစ်ခဲ့ပြီး ယောကျာ်းတစ်ဦးနှင့် အတူအိပ်ရုံမက ကလေးပင် မွေးခဲ့ပါသေးသည်။

ထို့ကြောင့် ချန်ပိုင်မေ့အနေဖြင့် မည်သို့ လက်ပိုက် ကြည့်နေနိုင်တော့ပါမည်နည်း။

ထို့ပြင် လဘုရင်မ ကိုယ်တိုင်မှာလည်း ကျဉ်းထဲ ကြပ်ထဲ ရောက်နေ၍ လက်ရှိအချိန်တွင် နတ်သမီးဖြစ် သည့် သူမကသာ ရှေ့ထွက်၍ စကားပြောရတော့မည် မဟုတ်ပါလား။

“အင်း ရှင်တို့ပြောတဲ့ လက်ဆောင်တွေဆိုတာက သိပ်ကို များလွန်းနေတယ်၊ နောက်ပြီး ကျွန်မတို့တွေ ဒါကို သေချာလေး ဆွေးနွေးသင့်သေးတယ်ထင်တယ်”

ချန်ပိုင်မေ့က ရဲနန်ရှန်အား ကြည့်ရင်း‌ ပြောလိုက် ၏။

“နောက်ပြီး ဒီမှာက ကျွန်မတို့အပြင် သူစိမ်းဧည့် သည်လည်း ရှိနေတယ်မလား . . .”

သူမ၏ ထိုဆိုလိုရင်းက သိသာလှပေသည်။

တစ်ချိန်လုံး ရှက်အမ်းအမ်း ဖြစ်နေသော လဘုရင် မမှာလည်း ချန်ပိုင်မေ့၏ စကားက ကျိုးကြောင်းဆီ လျော်သည်ဟု တွေးထင်လိုက်မိသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now