1183-----1184

110 8 1
                                    

အခန်း (၁၁၈၃)(စာစဉ် ၈၅- အပိုင်း ၇)

“အကြံအစည် ပေါက်ကြားသွားခြင်း”

ပိုင်ရှင်းယွဲ့နှင့် ဝရမ်ချူးချူးတို့မှာ ရဲမျိုးနွယ်စု၏ အကြောင်းဖြစ်နေ၍ လျစ်လျူရှု၍ မရတော့ပေ။

ထို့ကြောင့် သိချင်စိတ်ဖြင့် ထိုလူများ၏ အနားသို့ ချဉ်းကပ်သွားပြီး နားထောင် ကြည့်လိုက်သောအခါ အံဩဖွယ်ရာအကြံအစည်ကြီးကို သိလိုက်ကြရသည်။

သူမတို့ ကြားလိုက်ရသည်မှာ ရဲမျိုးနွယ်ကို လုပ်ကြံ မည့် အကြံသာ ဖြစ်၏။

ထိုအကြံစည်ကို နေရောင်ဂိုဏ်းနှင့် ကြယ်ရောင် ဂိုဏ်းတို့မှ လုပ်ဆောင်ကြမည်ဖြစ်ပြီး ရဲမျိုးနွယ်ထံမှ ကြာပန်းများကို လုယူကာ ရဲမျိုးနွယ်ကို ဖျက်ဆီးပစ်ကြ မည် ဖြစ်သည်။

မိန်းကလေးနှစ်ဦးအဖို့ မည်သို့မှ ထိုသို့ အဖြစ်ခံလိမ့် မည် မဟုတ်ပေ။

နောက်ပိုင်းဆက်၍ နားထောင်ကြသောအခါ ထိုလူ များမှာ ရဲရှောင်ကို အဓိကလုပ်ကြံရန် ပစ်မှတ်ထားနေ ကြကြောင်း သိလိုက်ရပြန်သည်။

ဂိုဏ်းနှစ်ခုအဖို့ ထိုသို့လုပ်ရသည်မှာလည်း ရိုးရှင်း သည့် အချက်နှစ်ချက်ကြောင့်သာ ဖြစ်၏။

ပထမအချက်အနေဖြင့် ရဲမျိုးနွယ်မှာ သိသိသာသာ ပင် မြင့်တက်လာပြီး ထိုသို့မြင့်တက်လာမှုကို မည်သူမှ မတားဆီးနိုင်ကြတော့ပေ။

ဒုတိယအချက်အနေဖြင့် ရဲရှောင်မှာ ရေခဲလနန်း တော်၏ အရေးပါသော ဂိုဏ်းသား ရဲခွန်ရှောင်ဖြစ်နေ သည်။

ထိုအချက်ကို ယခုအခါ လူတိုင်းနီးပါးသိနေကြချေ ပြီ။

အရေးကြီးဆုံးအချက်မှာ ရဲမျိုးနွယ်စု၌ မဟာမိတ် များ ပိုမိုပေါ်လာလေလေ ဂိုဏ်းနှစ်ခုမှာ လက်ပိုက်၍ မကြည့်နိုင်လေလေ ဖြစ်နေရသည်။

ရေခဲလနန်းတော်က ၎င်းတို့၏ ဂိုဏ်းနှစ်ခုနှင့် လက် တွဲဖြုတ်ကာ အတိုက်အခံ ပြုလုပ်နေပြီ မဟုတ်ပါလား။

ထို့ပြင် ရဲခွန်ရှောင်က သူတို့၏ လုပ်ကြံမှုမှ မည်သို့ ရှင်သန်အောင် လုပ်ခဲ့သည်ဆိုသည်ကို နားမလည်နိုင် အောင် ဖြစ်ခဲ့ရသည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now