1496-----1498

46 1 0
                                    

အခန်း (၁၄၉၆ - က)(စာစဉ် ၁၁၅- အပိုင်း ၃)
“နက်နက်နဲနဲ တွေးတောစေခြင်း”
“ဖရိုဖရဲမြို့တော်က ဒီဖရိုဖရဲဖြစ်မှုတွေပြီးသွားရင် အရင်နဲ့တူတော့မှာ မဟုတ်ဘူး၊ သဘာဝတရားခန်းမက လည်း အင်အားဘယ်လောက်ပဲကြီးကြီး လက်ဦးမှုမရယူနိုင်ခဲ့ဘူး အဲဒါကြောင့် သဘာဝတရားခန်းမက မုန်တိုင်းအိမ် တော်လောက် နယ်မြေဧရိယာကျယ်ကျယ် ပိုင်နိုင်တော့မှာ မဟုတ်ဘူး . . .”
“ဒါကတကယ့်ကိုဖြစ်လာနိုင်တဲ့ အစစ်အမှန်ပဲ ဒါပေမယ့် သဘာဝတရားခန်းမက အဲဒီအခြေအနေကို လက်ခံ နိုင်မှာ မဟုတ်ဘူး၊ အဲဒါကြောင့် သူတို့တွေ တစ်ခုခုလုပ်ကြလိမ့်မယ် . . .”
“ဒါပေမယ့် သူတို့လုပ်တဲ့အချိန်ကျရင်တော့ မုန်တိုင်းအိမ်တော်ဆင်ထားတဲ့ ထောင်ခြောက်ထဲကို တည့်တည့် ကြီး တိုးဝင်သွားကြမှာပေါ့ . . .”
ရဲရှောင်မှ သက်ပြင်းချရင်း ပြောလိုက်၏။
ယခုအခြေအနေအရ သခင်ကြီးဘိုင်က ယခင်ကထက်ပင် ဉာဏ်နီဉာဏ်နက် ပိုများလာသလိုပါပင်။ သို့သော် ရဲရှောင်က သခင်ကြီးဘိုင်၏ ထိုအကြံအစည်များကို မြင်တွေ့နေရသည့်တိုင် ဘေးမှပွဲကြည့်ပရိတ်သတ် ၁ ဦးအနေ ဖြင့်သာ ရှိနေမည်သာ။
အကယ်၍ ယခုလိုအခြေအနေတွင် သခင်ကြီးဘိုင်နှင့်သာ မျက်နှာချင်းဆိုင်ရင်ဆိုင်ရပါက သူ့အဖို့ အနိုင်ရရန် မသေချာပြီ မဟုတ်ပါလား။
“ဒါကပိုပိုပြီး ရယ်စရာကောင်းလာပြီ ငါကတော့ဒါတွေသိပ်မတွေးမိပါဘူး၊ အင်အားကြီးတဲ့လူက အနိုင်ရမှာပဲ မဟုတ်ဘူးလား . . .”
ဘူရှန်းဖန်မှ ရှည်ရှည်ဝေးဝေး မစဉ်းစားချင်ဟန်ဖြင့် ပြောလိုက်သည်။
“အင်အားကြီးတဲ့လူသာ အနိုင်ရမယ်ဆိုတာက သိုင်းလောကကြီးရဲ့ သံမဏိစည်းမျဉ်းဆိုတာ မှန်ပါတယ် ဒါပေမယ့်လည်း ဒီအခြေအနေနဲ့ကျတော့ ကိုက်ညီမှုမရှိပြန်ဘူး သေချာစဉ်းစားကြည့်မယ်ဆိုရင် သဘာဝတရား ခန်းမက အဆုံးမဲ့ပင်လယ်ထဲမှာ တကယ့်ကိုအင်အားအကြီးဆုံး အင်အားစုဆိုတာမှန်တယ် ဒါပေမယ့် မုန်တိုင်းအိမ် တော်၊ ရှဲ့အင်အားစုနဲ့ ညီနောင်မဟာမိတ်အဖွဲ့တို့သာ အတူတူစုပေါင်းသွားရင် အနိုင်ယူနိုင်ဦးမယ်ထင်လို့လား . . .”
ရဲရှောင်မှ မေးခွန်းထုတ်လိုက်၏။
“မဖြစ်နိုင်ဘူး ဒါကမဖြစ်နိုင်တာပဲ မုန်တိုင်းအိမ်တော်နဲ့ ရှဲ့အင်အားစုက အတူတူပူးပေါင်းနိုင်တယ်ဆိုပေမယ့် ညီနောင်မဟာမိတ်အဖွဲ့ကပါ ဘာလို့ သူတို့နဲ့အတူတူပေါင်းရမှာလဲ၊ မင်းပြောနေတာက မဖြစ်နိုင်တဲ့ အခြေအနေကြီး ပဲ၊ လုံးဝကိုမဖြစ်နိုင်ဘူး . . .”
ရဲရှောင်၏ မေးခွန်းအပေါ် ဘူရှန်းဖန်မှ ငြင်းချက်ထုတ်လိုက်သည်။
“ဒါကတော့ တစ်ဖက်လှည့်ပြီး စဉ်းစားရမှာပေါ့ ခင်ဗျားက သဘာဝတရားခန်းမကို အင်အားအကြီးဆုံးလို့ ပြောတယ် အဲဒါနဲ့ပဲ သူတို့ကို နယ်မြေဧရိယာအကြီးဆုံးရမယ်လို့ ထင်နေတယ်ပေါ့၊ ကျုပ်က ဒါကိုမှားနေကြောင်း သက်သေပြမယ် . . .”
ရဲရှောင်မှ ပြုံးလျက် ပြောလိုက်၏။
“ကဲ . . . မင်းပြောတာ မှန်တယ်ပဲထားလိုက်ပါဦး ဒါပေမယ့် အရာအားလုံးတော့ မှန်မနေဘူးလေ၊ မုန်တိုင်း အိမ်တော်က ဒီနေရာမှာ ရပ်တန့်ပစ်လိုက်တာ မှန်ကန်တဲ့ရွေးချယ်မှုလို့တော့ ငါကမထင်ဘူး . . .”
ဘူရှန်းဖန်မှ စောဒကတက်လိုက်ပြန်သည်။
“ကောင်းပြီ . . . ဒါဆိုလည်း ဒီလိုစဉ်းစားကြည့်လေ ခင်ဗျားက အဆုံးမဲ့ပင်လယ်ကြီးရဲ့ စတုတ္ထအင်အား အကြီးဆုံး အင်အားစုရဲ့ ခေါင်းဆောင်တစ်ယောက်ပဲဆိုပါစို့၊ မုန်တိုင်းအိမ်တော်က နယ်မြေချဲ့ထွင်တာကိုရပ်လိုက်ပြီ ဒါဆို ခင်ဗျားစိတ်ထဲ အဲဒါနဲ့ ပတ်သက်ပြီး ကျေနပ်မသွားဘူးလား . . .”
ရဲရှောင်မှ ဘူရှန်းဖန်အားကြည့်ကာ မေးလိုက်သည်။
“ဒါပေါ့ သူတို့တွေက ထပ်ပြီးမှ နယ်မြေမချဲ့ထွင်တော့တာ ငါလည်းအနည်းနဲ့အများတော့ စိတ်အေးသွားမှာ အမှန်ပဲ . . .”
ဘူရှန်းဖန်မှ ခေါင်းညိတ်ထောက်ခံလိုက်သည်။
“ဒါပေါ့ . . . ကျုပ်ပြောချင်တာ အဲဒါပဲ၊ မုန်တိုင်းအိမ်တော်က ခင်ဗျားကို အခွင့်အရေးပေးလိုက်သလို မဖြစ် သွားဘူးလား၊ အဲဒီအခွင့်အရေးကလည်း ခင်ဗျားတို့အပေါ် လေးစားမှုပြပေးလိုက်တာပဲ မဟုတ်ဘူးလား၊ အဲဒါကို သူတို့ဘက်က ထုတ်ဖော်မပြောရင်တောင် ခင်ဗျားတို့ဘက်က သိနေမှာပဲလေ . . .”
ဘူရှန်းဖန်မှ ခဏမျှ စဉ်းစားလိုက်ပြီး -
“အင်း . . . ဟုတ်တယ် ဒါကတော့ မှန်တယ်လို့ ငါထင်တယ် . . .”
ရဲရှောင်မှ ခေါင်းညိတ်လိုက်ကာ -
“ကောင်းပြီ . . . ဒီလောက်ဆိုလုံလောက်ပြီ အခုခင်ဗျားမှာ ဒီမြို့တော်ထဲ နေရာတစ်နေရာရဖို့ အခွင့်အရေး ရလာပြီ ဒါပေမယ့် အဲဒီနယ်မြေက ခင်ဗျားထိုင်နေရင်းနဲ့တော့ အလကားရလာမှာ မဟုတ်ဘူးလေ၊ ခင်ဗျားက အဲဒီ နေရာအတွက် သေချာပေါက် တိုက်ခိုက်လာမှာပဲ . . .”
“ဒါပေါ့ . . . မိုးပေါ်ကကျလာမယ့် ပေါင်မုန့်ကို စောင့်နေမယ့်အစား ကိုယ့်ဘာသာကိုယ် ပေါင်မုန့်တစ်ချပ် လုပ်စားလိုက်တာကပဲ ပိုသေချာတယ်မလား . . .”
ဘူရှန်းဖန်မှ ခေါင်းညိတ်၍ ဆက်လက်ထောက်ခံလိုက်ပြန်သည်။
“အခု သဘာဝတရားခန်းမက နယ်မြေတွေ လုယူလာတော့မယ်၊ သူတို့တွေက မုန်တိုင်းအိမ်တော်ကို ဒီမြို့ ကနေ မောင်းထုတ်ပစ်ချင်တောင် မောင်းထုတ်ပစ်နိုင်တယ်၊ အခုကျုပ်ကိုပြော အဲဒီလိုအခြေအနေမှာ ခင်ဗျားဆိုရင် ဘယ်လိုစဉ်းစားမလဲ၊ သူတို့ကို ဒီအတိုင်းစောင့်ကြည့်နေမှာလား . . .”
ရဲရှောင်မှ ဘူရှန်းဖန်အား ပြုံးလျက်ကြည့်ကာ မေးခွန်းထုတ်လိုက်ပြန်သည်။
“အင်း . . .”
ဘူရှန်းဖန်မှာ ချက်ချင်းပြန်မဖြေ၊ ခဏမျှ စဉ်းစားနေလေသည်။
ထို့နောက်မှ -
“မုန်တိုင်းအိမ်တော်က နယ်မြေဆက်ပြီးချဲ့ထွင်တာကို မလုပ်တော့ဘူး၊ သူတို့တွေက လုံလုံလောက်လောက် ရသွားပြီ အဲဒီတော့ တခြားနယ်ချဲ့လို့ရမယ့် နေရာတွေက အများကြီးကျန်သေးတယ်၊ တကယ်ဆို သူတို့တွေက မုန်တိုင်းအိမ်တော်ပိုင်တဲ့နေရာတွေကိုတောင် လုယူစရာမလိုပါဘူး၊ သဘာဝတရားခန်းမက တခြားနေရာမှာ သွားပြီး နယ်မြေချဲ့ထွင်လို့ရတာပဲ၊ အဲဒါတောင် သူများလက်ထဲက လုယူမယ်ဆိုရင်တော့ ဒါကသိက္ခာမရှိတဲ့လုပ်ရပ်ပဲ . . .”
ဘူရှန်းဖန်မှာ အတွေ့အကြုံကြွယ်ဝသူတစ်ဦးပီပီ ရဲရှောင်၏မေးခွန်းများကို ဖြေဆိုရင်း ရလာဒ်ကို ခန့်မှန်းနိုင် နေပြီဖြစ်သည်။ စင်စစ် ဘူရှန်းဖန်က ခေါင်းမာသည့်လူတစ်ဦးဖြစ်သည့်တိုင် အသိစိတ်ကင်းမဲ့သည့်လူတစ်ဦး မဟုတ် ပါချေ။
ရဲရှောင်မှ‌ ခေါင်းညိတ်လိုက်ရင်း -
“ကဲပြောလေ . . . ဘူရှန်းဖန် ဆက်ပြောလေ . . .”
ဘူရှန်းဖန်လည်း ခဏမျှ စဉ်းစားလိုက်ပြီး -
“သဘာဝတရားခန်းမက တရားလွန်လာမယ်ဆိုရင် မုန်တိုင်းအိမ်တော်ရဲ့ ပိုင်နက်တွေကို ရပြီးတာတောင်မှ ကျေနပ်နိုင်မယ် မထင်ဘူး . . .”
“ဟုတ်ပြီ . . . သူတို့တွေ မကျေနပ်နိုင်ဘူးဆိုရင် ဘာဆက်ဖြစ်မလဲ၊ ခင်ဗျားက သဘာဝတရားခန်းမနဲ့ တစ်ဖွဲ့ တည်း မဟုတ်ဘူးဆိုတော့ ခင်ဗျားကရော ဘယ်လိုထင်လဲ . . .”
ရဲရှောင်မှ ဆက်၍မေးလိုက်ပြန်၏။
“အင်း . . . သဘာဝတရားခန်းမက အင်အားကြီးတယ်၊ မုန်တိုင်းအိမ်တော်ဆီက နယ်မြေတွေ သိမ်းယူပြီး သွားရင် ပိုပြီးတောင် အင်အားကြီးသွားဦးမှာ အဲဒီတော့ ဆက်ပြီးယူဦးမယ်ဆိုတာ သေချာသလောက်ပဲလေ၊ အဲဒီလို အချိန်မှာ ငါ့ရဲ့လုံခြုံမှုကို ငါစိုးရိမ်လာမိမှာ အမှန်ပဲ . . .”
ဘူရှန်းဖန်မှ တွေးဆကာ ပြောလိုက်သည်။
ရဲရှောင်က -
“သူတို့က ခင်ဗျားကိုရော တိုက်ခိုက်မယ်ထင်လား . . .”
“ဒါပေါ့ သူတို့သေချာပေါက်လုပ်ကြမှာပဲ သေချာတယ်၊ သဘာဝတရားခန်းမက မုန်တိုင်းအိမ်တော်ကိုတောင် တိုက်ခိုက်ဝံ့တယ်ဆိုမှတော့ ငါတို့ကို ဘာလို့ဂရုစိုက်နေမှာလဲ . . .”
ထိုသို့ပြောနေချိန် ဘူရှန်းဖန်အဖို့ ဇောချွေးများပင် ပြန်လာလေသည်။
“ခင်ဗျား အခုနားလည်ပြီလား၊ ဘယ်လိုလဲဆိုတာကိုရော သိသွားပြီလား နောက်တစ်ချက် ကျုပ်မေးမယ်၊ အဲဒီလိုအချိန်မှာ မုန်တိုင်းအိမ်တော်က ခင်ဗျားကို အကူအညီတောင်းခံလာမယ်ဆိုရင် ခင်ဗျား သူတို့ကို ကူညီပေးမှာ လား၊ ကျုပ်မေးတာကိုဖြေကြည့်စမ်းပါ . . .”
“ကူညီမှာပေါ့ . . .”
ဘူရှန်းဖန်မှ ခေါင်းညိတ်လျက် ဖြေဆိုလိုက်သည်။
“ငါတို့တွေက အဲဒီလိုအချိန်မှာ ရေစက်ဆုံတယ်လို့တောင် ပြောလို့ရတယ်လေ၊ မုန်တိုင်းအိမ်တော်ကို ကူညီ ခြင်းက ငါ့ကိုယ်ငါ ကူညီခြင်းပဲ၊ မုန်တိုင်းအိမ်တော်ကသာ ရှေ့တန်းက တိုက်ခိုက်မယ်ဆိုရင် ငါတို့တွေအတွက် အဆုံး အရှုံးနည်းမယ်၊ အဲဒီအချိန်ကျရင် သဘာဝတရားခန်းမကလည်း သေချာပေါက်ကို အားနည်းသွားမှာပဲ . . .”
“အဲဒီလောက်ထိ ရိုးရှင်းနေမှာလား . . .”
ရဲရှောင်မှ ထပ်မံ၍ မေးလိုက်ပြန်သည်။
“သဘာဝတရားခန်းမက မုန်တိုင်းအိမ်တော်ကို တိုက်ခိုက်လာမယ်ဆိုရင် ခင်ဗျားကလည်း သေချာပေါက် လှုပ်ရှားမှာပဲ မဟုတ်လား . . .”
“ဒါပေါ့ . . .”
“အဲဒါဆိုရင် တခြားအင်အားစုတွေကရော ခင်ဗျားနဲ့ အတွေးတူရှိနေမယ်လို့ မထင်ဘူးလား . . .”
“ဟုတ်တယ် . . . ရှိနေကြမှာပဲ၊ ဘာလို့လဲဆိုတော့ ငါတို့က သိပ်ပြီးကွာခြားနေတဲ့ အင်အားစုတွေ မဟုတ်ကြ ဘူးလေ . . .”
ဘူရှန်းဖန်မှာ ရဲရှောင်၏ အမေးများကိုဖြေနေရင်းဖြင့် ချွေးပြန်နေပြီဖြစ်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now