1275-------1276

106 8 0
                                    

အခန်း (၁၂၇၅)(စာစဉ်၉၂- အပိုင်း ၁)
“မျှော်လင့်၍ ရနိုင်ခြင်း”

ချင်းရန်နယ်ပယ်တွင် မုန်တိုင်းထန်လျက် ရှိသည်။

ရေခဲလ နန်းတော်မှာလည်း အခြားလူများကဲ့သို့ ဘေးဒုက္ခများ ရင်ဆိုင်ရဦးမည်သာ။

ထိုအခြေအနေတွင် ရှောင်ဧကရာဇ်၊ မရဏဓား၊ ဟန်ပိုင်ယွဲ့နှင့် ကျွင့်ယင်းလျန်တို့ကိုသာ ထပ်မံရင်ဆိုင် ရပါကပိုမို၍ပင် ခက်ခဲသွားနိုင်သည်။

အခန့်မသင့်ပါက ဂိုဏ်းတစ်ခုလုံးပင် ပြိုကွဲသွားနိုင် ပါသေးသည်။

ထို့ပြင် ရှောင်ဧကရာဇ်နှင့် ဂိုဏ်းသုံးခု၏ ရန်သူဖြစ် သည့် လျှို့ဝှက်အဖွဲ့အစည်းကြီးတို့မှာ မိတ်ဆွေများ မဖြစ်နိုင်သည့်တိုင် မဟာမိတ်များမူ ဖြစ်သွားနိုင်သည်။

ရှောင်ဧကရာဇ်နှင့် ကျန်လူများက တစ်ကိုယ်တော် ပညာရှင်များဖြစ်၍ ၎င်းတို့သာ လျှို့ဝှက်အဖွဲ့အစည်း နှင့် ပူးပေါင်းသွားပြီး ဂိုဏ်းသုံးခုကို ရင်ဆိုင်မည်ဆိုလျှင် မည်သို့ ဖြစ်သွားနိုင်ပါမည်နည်း။

“ကျုပ်တို့ကြားက ရန်ငြိုးတွေ၊ အာဃာတတွေကို တကယ်ပဲ ဖြေရှင်းချင်ပါတယ်၊ ကျုပ်တို့ရဲ့ နွေးထွေးမှု တွေကိုလည်း ပြသဖို့ အဆင်သင့်ပါပဲ . . .”

ဇန်ယွန်ဖေ့မှ ပြုံးလျက် ပြောလိုက်သည်။

“ပြဿနာက ရှောင်ဧကရာဇ်နဲ့ လိဝူလျန်တို့ကရော ဒီလိုလုပ်ချင်ပါ့မလား အဲဒါကို ကျုပ်တို့ မသိနိုင်ဘူးလေ၊ သူတို့က ထိပ်သီးပညာရှင်တွေ မဟုတ်လား . . .”

“ခေါင်းဆောင်ရဲ ခင်ဗျားတွေ့ခဲ့တာ ရှောင်ဧကရာဇ် နဲ့ လိဝူလျန်တို့ ဆိုတာရော သေချာလို့လား . . .”

ယွဲ့ဟန်မှ အလိုကျဟန်ဖြင့် -

“ဇန်ယွန်ဖေ့ ရှင်က ဘာကို ပြောချင်တာလဲ၊ ကျွန်မ တို့ အားလုံး ဒီကို ရောက်နေပြီလေ၊ ကျွန်မတို့ အကုန် လုံး အတူတူတွေ့ပြီး အတူတူကြားခဲ့ကြတာ ဘယ်လို လုပ် အတုဖြစ်နိုင်မှာလဲ သူက ကျွန်မတို့ရဲ့ အစ်ကိုကြီး မှ အစ်ကိုကြီးပဲ . . .”

ယွဲ့ဟန်၏ စကားကြောင့် ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန် တို့ နှစ်ဦးလုံး မျက်လုံးများ အရောင်ဝင်းလက်သွားကြ သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now