1245-------1246

123 7 0
                                    

အခန်း (၁၂၄၅)(စာစဉ် ၈၉- အပိုင်း ၁၃)
“အရှုပ်အထွေးကြီး စတင်ဖြစ်ပေါ်ခဲ့ပြီ”

ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာ ရဲရှောင်၏ ညီမများ ဖြစ်၍ ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့ကိုပါ တလေးတစား ဆက်ဆံကြသည်။
ထို့ကြောင့် လမ်းခရီး၌ သူတို့အားလုံးမှာ မိသားစု သဖွယ်ပင် ဖြစ်နေကြသည်။
ယွဲ့ဂေါင်ရွှဲ့မှာမူ တစ်လမ်းလုံး သူမ၏ ဆရာဖြစ်သူ အကြောင်း မေးမြန်းခဲ့သော်လည်း ယွဲ့ရှောင်တို့မှာ တူ ညီသော အဖြေကိုသာ ပေးခဲ့ကြသည်။
“မင်းရဲ့ ဆရာက မင်းကို မှာခဲ့တယ်မလား၊ သူဖြစ် စေချင်တဲ့ အတိုင်းသာ နေလိုက်ပါ၊ တစ်ခုတည်းသော အချက်က ကိုယ့်ပျော်ရွှင်မှုကိုပဲ ကိုယ်ရအောင် ရှာဖွေ ပါ၊ ဒါကမင်းရဲ့ ဆရာ လိုချင်တဲ့ အရာပဲ . . .”
“မင်းပျော်ရွှင်နေရင် မင်းရဲ့ဆရာကလည်း ပျော်ရွှင် မှာပဲ၊ မင်းနဲ့ ချင်းဟွာနန်းတော်ရဲ့ ပတ်သက်မှုက ပြီး သွားပြီ၊ အများကြီး ထပ်ပြီး တွေးတောမနေနဲ့ . . .”
“ရဲမျိုးနွယ်မှာ ချွေးမကောင်း တစ်ယောက်အဖြစ်နဲ့ ပဲ ကောင်းကောင်းမွန်မွန်နေပါ၊ ဒါကမင်းရဲ့ လက်ကျန် ဘဝမှာ အရေးကြီးဆုံး အရာပဲ . . .”
. . .
တစ်ခါတစ်ရံတွင် လူတို့မှာ ခံစားချက်များကို ရင် ထဲ၌သာ သိမ်းဆည်းထားတတ်ကြလေသည်။
ထိုခံစားချက်များကိုလည်း အခြားလူများအား အ မြဲတစေ ပြောပြလေ့မရှိကြပေ။
ပြောပြလျှင် ကိုယ်ချင်းစာပေးတတ်သူက ရှား၍ မိ မိ၏ခံစားချက်ကို တစ်ချိန်ချိန်၌ ဝှက်ဖဲအဖြစ် ထုတ်သုံး တတ်သည့် လူကသာ များနေမည် မဟုတ်ပါလား။
ထို့ကြောင့် မိမိပြောပြလိုက်သည့် ခံစားချက်များ ကို အပြည့်အဝ နားလည်ပြီး နားထောင်ပေးတတ်သူ များက မရှိသလောက် နည်းပါးနိုင်ပါတော့သည်။
. . .
ခရီးနှင်လာသည့်အချိန် ကြာမြင့်လာသည်နှင့်အမျှ ယွဲ့ဂေါင်ရွှဲ့မှာ ပိုမို၍ ပျော်ရွှင်လာမိသည်။
လဘုရင်မနှင့် ပတ်သက်သော ဝမ်းနည်းစရာခံစား ချက်များ အားလုံးမှာလည်း ယွဲ့ဂေါင်ရွှဲ့၏ ရင်ထဲ၌ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
ထို့ပြင် သူမ ချစ်ရသော ရဲနန်ရှန်နှင့် တစ်သက်လုံး နေရတော့မည် ဖြစ်၍ စိတ်အစဉ်များက ပေါ့ပါးကာ တောင်တန်းများ ရှုခင်းများကို စတင်ငေးမော ကြည့် နေမိပြီ ဖြစ်သည်။
ထို့ကြောင့် သူမ၏ အမြင်အာရုံတွင် အပင်များ၊ ပန်းများနှင့် အရာအားလုံးက လှပနေသလိုပါပင်။
“ကျွန်မတို့ရဲ့ သားလေးရော ဘာလို့ ရှောင်ရှောင် က ရှင်နဲ့အတူ ပါမလာရတာလဲ . . .”
ယွဲ့ဂေါင်ရွှဲ့မှာ ထိုမေးခွန်းကိုသာ ထပ်တလဲလဲ မေး မြန်းလိုက်၏။
ဝမ်းနည်းစရာ အဖြစ်အပျက်များ ကျော်လွန်ခဲ့ပြီး နောက် သူမမှာ သမီးတစ်ယောက်၊ ဂိုဏ်းသူ တစ် ယောက် အဖြစ်မှ အမေတစ်ယောက်အဖြစ်သို့ ပြန် လည် ရောက်ရှိတော့မည် ဖြစ်သည်။
ထို့ကြောင့် မိခင်တစ်ဦး အနေဖြင့် ၁၈ နှစ်လုံးလုံး ကွဲကွာခဲ့ရသော သားဖြစ်သူကို တွေ့လိုမြင်လို၊ လွမ်း ဆွတ်မိသည်မှာ သဘာဝပင် မဟုတ်ပါလား။
“သူက ဘယ်လိုပုံစံမျိုးလဲ ကျွန်မနဲ့ တူလား ရှင်နဲ့ ပိုပြီး တူလား၊ သူက ကြည့်ကောင်းလား၊ နောက်ပြီး အရပ်က ဘယ်လောက်ရှိလဲ၊ ဝလား ပိန်လား . . .”
တရစပ်ပင် မေးလိုက်သော မေးခွန်းများကြောင့် ရဲနန်ရှန်ပင် ဘာဖြေရမှန်း မသိတော့ချေ။
သူကိုယ်တိုင်မှာလည်း သားဖြစ်သူကို လွန်စွာချစ် မြတ်နိုးပြီး ကမ္ဘာပေါ်ရှိ အဖိုးတန်ဆုံး ရတနာတစ်ပါး အဖြစ် မှတ်ယူထားလေသည်။
ထို့ကြောင့် ၁၈ နှစ်လုံးလုံး ဖခင်ကောင်းတစ်ဦး ပီသအောင် နေထိုင်ပေးခဲ့သည် မဟုတ်ပါလား။
ရဲနန်ရှန်မှ သားဖြစ်သူအကြောင်း ချီးမွှမ်းခန်းများ ဖွင့်လေလေ ယွဲ့ဂေါင်ရွှဲ့မှာ ပိုပို၍ပင် ပျော်ရွှင်လာပြီး မျက်နှာ၌လည်း အပြုံးပန်းများက မပြတ်တော့ချေ။
“သူက အရပ်ရှည်တယ်၊ မပိန်လည်း မဝလွန်းဘူး၊ ခပ်သွယ်သွယ် ခန္ဓာကိုယ်နဲ့ ရှိသင့်တဲ့နေရာမှာ ရှိသင့် တဲ့ ကြွက်သားတွေ ရှိတယ်၊ တကယ့်ကို ခန့်ညားတဲ့ ပုံ စံမျိုးပေါ့၊ ရုပ်ရည်ကလည်း အရမ်းကို ချောမောလွန်း တယ် . . .”
ရဲနန်ရှန်မှ ပြုံးလျက် ပြောလိုက်၏။
“ကောင်းလိုက်တာ ကောင်းလိုက်တာ . . .”
ယွဲ့ဂေါင်ရွှဲ့မှလည်း နားထောင်ရင်း ပြုံးကာ ကျေ နပ်နေမိသည်။
“ဒါပဲလား . . .”
“သူက မင်းလိုပဲ လှပတဲ့ မျက်နှာကို ပိုင်ဆိုင်ထား တယ်၊ ငါနဲ့လည်း နည်းနည်းတော့ တူတာပေါ့၊ သူ့ရဲ့ မျက်နှာကဆို ကျောက်သားပြင်လိုပဲ အပြစ်အနာဆာ မရှိ ချောမွတ်လွန်းတယ် . . .”
“မျက်ခုံးနှစ်ဖက်ကလည်း ဖြောင့်တန်းနေပြီးတော့ ကြည်လင်တဲ့ မျက်လုံးတွေ ရှိတယ်၊ နှာတံကလည်း သွယ်သွယ်နဲ့၊ မျက်လုံးတွေဆို ညအချိန်မှာ လင်းလက် နေတဲ့ ကြယ်တွေလိုပဲ တောက်ပလွန်းတယ် . . .”
“နောက်ပြီး သူပြုံးလိုက်တိုင်း ပါးမှာ ပေါ်လာတဲ့ ပါးချိုင့်လေးတွေက သိပ်ချစ်ဖို့ ကောင်းတာ . . .”
ရဲနန်ရှန်မှ သားဖြစ်သူအကြောင်း မရပ်မနားပင် ချီးမွှမ်းခန်း ဖွင့်လိုက်၏။
“တကယ်ပဲလား . . .”
ယွဲ့ဂေါင်ရွှဲ့မှာ ပီတိဖြစ်ရလွန်း၍ မျက်နှာမှာ ပြုံး၍ သာ နေနေသည်။
ရဲနန်ရှန်မှ ခေါင်းညိတ်လိုက်ရင်း -
“ဒါပေါ့ သူ့ကို ငါကိုယ်တိုင် ပြုစုပေးခဲ့တာ၊ သူ့ရဲ့ အကြောင်းကို ငါအကုန် သိတာပေါ့ . . .”
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာလည်း အစ်ကိုဖြစ်သူကို ချီးကျူးစကား ဆိုနေကြ၍ အကျေနပ်ကြီး ကျေနပ်မိ နေကြလေသည်။
သို့သော် အလွန်အကျွံ ချီးကျူးနေသော ရဲနန်ရှန်၏ စကားများကို ကြားရချိန်တွင် သူမတို့၏ စိတ်ထဲ၌ တစ်မျိုးတစ်မည် ခံစားလိုက်ရပြန်သည်။
အစ်ကိုကြီး ဖြစ်သူက လူကောင်းတစ်ဦးဖြစ်ပြီး ရုပ် ရည်ချောမောလှသည့်တိုင် ရဲနန်ရှန် ပြောသည့် အ‌ခြေ အနေများကိုမူ သူမတို့ မစဉ်းစားတတ်အောင် ဖြစ်နေ မိခြင်းပါပင်။
(ငါတို့ အစ်ကိုကြီးမှာ ဘယ်တုန်းက ပါးချိုင့်တွေ ရှိ သွားရတာလဲ၊ ဒါကြီးကတော့ မဟုတ်သေးပါဘူး၊ ဦး လေးရဲ ပြောနေတာ ငါတို့ အစ်ကိုကြီးအကြောင်းရော ဟုတ်ရဲ့လား . . .)
စင်စစ် ရဲနန်ရှန် ပြောနေသည်မှာ အသက် ခုနှစ်နှစ် ရှစ်နှစ်အရွယ် ကလေးလေး ရဲရှောင်အကြောင်း ပြော နေခြင်း ဖြစ်သည်။
ထိုအချိန်က ရဲရှောင်မှာ အမှန်တကယ်ကိုပင် ပါး ချိုင့်နှစ်ဖက်ဖြင့် အလွန်ချစ်စရာကောင်းသော ကလေး တစ်ဦး ဖြစ်ခဲ့သည်။
လက်ရှိအချိန်တွင်မူ ကလေးတုန်းကကဲ့သို့ ပါးချိုင့် များမှာ ထင်ရှားမှု မရှိတော့ပေ။
“သူက ကျွန်မတို့ နှစ်ယောက်လုံးနဲ့ တူတာ အမှန် ပဲလား ဒါဆိုရင်တော့ ကျွန်မတို့ရဲ့ သားလေးက အမှန် တကယ်ကို ချောမှာ သေချာတယ် . . .”
ယွဲ့ဂေါင်ရွှဲ့မှ ပီတိဖြစ်နေသော မျက်နှာဖြင့် ပြော လိုက်၏။
“ကျွန်မ သူနဲ့ဆုံတဲ့အချိန်မှ သေချာတဝကြီး ကြည့် ဦးမယ်၊ သနားစရာကလေးလေး အမေဖြစ်သူကို ၁၈ နှစ်လုံးလုံး မမြင်ခဲ့ရရှာဘူး . . .”
သူမမှာ ထိုသို့ ပြောလိုက်ရင်း မျက်ဝန်းများထဲမှ မျက်ရည်များ ဝေ့တက်လာလေသည်။
ရဲနန်ရှန်လည်း မိန်းမဖြစ်သူအား ချက်ချင်းပင် ထွေးပွေ့၍ နှစ်သိမ့်ပေးလိုက်သည်။
သူ့အနေဖြင့် အိမ်သို့ ပြန်မရောက်မခင် ဝမ်းနည်း စရာကောင်းသည့် ကိစ္စများကို မိန်းမဖြစ်သူအား မစဉ်း စားစေလိုတော့ပေ။
ချစ်ရသူများကို ဝမ်းမနည်းစေချင်သည်က လူသား တို့၏ သဘာဝပင် မဟုတ်ပါလား။
(မိန်းမတွေက ရေလိုပဲ ပျော့ပျောင်းတာပါလား)
ညီအစ်မနှစ်ဦးမှာ လမ်းတစ်လျှောက်၌ ရဲနန်ရှန်တို့  စုံတွဲကို ကြည့်ရင်း ခံစားချက် အမျိုးမျိုးကို ခံစားနေရ လေသည်။
တစ်ခါတစ်ရံ သူတို့နှစ်ဦးမှာ ပန်းများပွင့်သကဲ့သို့ ပြုံးပန်းဝေဆာနေကြပြီး တစ်ခါတစ်ရံ တစ်ဦးက ဝမ်း နည်းနေချိန် တစ်ဦးက နှစ်သိမ့်ရန် ကြိုးစားနေလျက် ရှိပြန်သည်။
ထိုသို့ဖြစ်နေခြင်းက ခရီးတစ်လျှောက်လုံးပါပင်။
(၁၈ နှစ်လောက်တောင် ကြာသွားပြီပေါ့ . . .)
မိန်းကလေးနှစ်ဦးလုံး၏ ရင်ထဲ၌ သက်ပြင်းကိုယ်စီ သာ ချလိုက်ကြတော့သည်။
၁၈ နှစ်လုံး ခွဲခွာခဲ့ရသော မိသားစုတစ်ခုအဖို့ မည် မျှထိ ခက်ခဲခဲ့ကြောင်းကို မိန်းကလေးနှစ်ဦးလုံး ကိုယ် ချင်းစာနေမိကြသည်။
ထို့ကြောင့် သူမတို့မှာ လင်မယားနှစ်ဦး လွတ် လွတ်လပ်လပ် စကားပြောနိုင်ရန် ခပ်လှမ်းလှမ်းက သာ လိုက်ပါပေးခဲ့ကြသည်။
ထို့ပြင် ပျံသန်းခြင်းလည်း မပြုဘဲ လမ်းလျှောက် ရင်းဖြင့်သာ ရှုခင်းများကို ငေးမောကြည့်ကာ လိုက်ပါ ခဲ့ကြလေသည်။
မသိပါက အပျော်ခရီး ထွက်လာသည်နှင့်ပင် တူ နေပါသေးသည်။
ဖြည်းဖြည်းချင်း နှင်လာသည့် ခရီးဖြစ်၍ ၃ ရက် ကြာပြီးသည့်တိုင် သူတို့မှာ မိုင် လေးထောင်ခန့်သာ ရှိ နေသေးပေသည်။
ထို ၃ ရက်အတွင်း ချင်းရန်နယ်ပယ်ကြီး တစ်ခုလုံး မှာမူ ရှုပ်ယှက်ခတ်လျက် ရှိနေသည်။
ဖြစ်ရသည့် အကြောင်းအရင်းကမူ ရိုးရှင်းလှ၏။
ကမ္ဘာပေါ်ရှိ ထိပ်သီးအင်အားစုများ အားလုံးမှာ ကောင်းကင်လှေကားသို့ လွှတ်လိုက်သည့် သူတို့၏ လူ များကို ဆုံးရှုံးလိုက်ရ၍ ဖြစ်သည်။
တစ်ယောက်မှကို ပြန်ပေါ်မလာခဲ့ဘဲ လုံးဝပျောက် ကွယ်သွားကြခြင်းပါပင်။
မည်မျှထိဆိုလျှင် အနောက်ခန်းမ၏ ဂိုဏ်းချုပ် ဇောင်ရှင်းယုပင် ပျောက်နေခြင်း ဖြစ်၏။
ဇောင်ရှင်းယုမှာ သူ၏ ကိုယ်ရံတော် ၂ ယောက်နှင့် သက်ကြီးပညာရှင် ၃ ယောက်တို့ကို ခေါ်ဆောင်ကာ ကောင်းကင်လှေကားသို့ ထွက်သွားခဲ့ကြသည်။
ထိုကဲ့သို့ အင်အားကြီးသည့် အဖွဲ့ကြီးပင် ပျောက် သွားရခြင်း ဖြစ်သည်။
ထို့ကြောင့် ထိပ်သီးကြီးများသာ ပျောက်ဆုံးနေ သည့်အတွက် ချင်းရန်နယ်ပယ်၌ အရှုပ်အထွေးများ ဖြစ်ပေါ်နေတော့သည်။
အခြား ပျောက်ဆုံးနေသည့် လူများမှာလည်း သာ မန်လူများ မဟုတ်ကြချေ။
အရှေ့ခန်းမမှ ဂိုဏ်းချုပ်၊ ချင်းဟွာ နန်းတော်၏ ဒုတိယ သခင်မနှင့် သက်ကြီးပညာရှင်ချုပ်၊ တိမ်မြူခိုး နန်းတော်၏ သက်ကြီးပညာရှင်များ။
ရေခဲတိမ်တိုက်နန်းတော်၏ ကိုယ်ရံတော်နှင့် သက် ကြီးပညာရှင်များ၊ ရေခဲလနန်းတော်၏ ယွဲ့ချန်းရှန်၊ နေရောင်ဂိုဏ်း၏ ဝုဟူရှန်နှင့် ကြယ်ရောင်ဂိုဏ်း၏ ယင်ချီယန်တို့ပင် ဖြစ်ကြသည်။
ထိုလူများမှာ ချင်းရန်နယ်ပယ်၌ ပုံမှန်အခြေအနေ မျိုး၌ တွေ့ရခဲလှသည့် ထိပ်သီးကြီးများပင် ဖြစ်ကြ၏။
သို့သော် ယခုအခါတွင် အားလုံးမှာ တစ်ချိန်တည်း မှာပင် ပျောက်ဆုံးနေကြလေပြီ။
ထို့ပြင် ထိုလူများအပြင် အခြားသော ဂိုဏ်းများမှ ခေါင်းဆောင်များစွာလည်း ပျောက်ဆုံးလျက် ရှိနေပြန် သည်။
အဆိုပါ လူများမှာ ပင်လယ်ထဲသို့ ကျသွားသည့် ခဲလုံးများပမာ ခြေရာလက်ရာ မကျန်အောင် ပျောက် ဆုံးသွားခဲ့ကြခြင်းပင် ဖြစ်ပါတော့သည်။
. . .
ဂိုဏ်းများမှာ ပျောက်ဆုံးသွားသည့် ၎င်းတို့၏ လူ များအတွက် အပြန်အလှန် သတင်းဆက်သွယ်မှုများ ပြုလုပ်နေကြသည်။
ထို့ကြောင့် ကောင်းကင်ထက်၌ စာပို့ငှက်များဖြင့် ပြည့်နှက်နေတော့သည်။
(သူတို့ ဘယ်ရောက်သွားကြတာလဲ ဘာလို့ သူတို့ ကို ရှာမတွေ့တော့တာလဲ၊ သဲလွန်စဆိုတာတောင် မရှိ တော့ပါလား . . .)
(ချင်းရန်နယ်ပယ်က ကပ်ဘေးကြီး ကျရောက်လာ တော့မှာလား . . .)
လူတိုင်း၏ စိတ်ထဲ၌ ထိုသို့သော အတွေးများသာ ရှိနေကြသည်။
ပျောက်ဆုံးနေကြသော လူများမှာလည်း မည်သို့ သော လူမျိုးများ ဖြစ်ပါသနည်း။
အင်အားစု အသီးသီး၏ ထိပ်သီးများပင် မဟုတ် ပါလော။
ထိုလူများ အားလုံးကို ပေါင်းလိုက်ပါက အင်အား ကောင်းလှသည့် အဖွဲ့ကြီး တစ်ခုပင် ဖြစ်နိုင်သည်။
ထိုသို့သော အဖွဲ့ကြီးပင် ရင်မဆိုင်နိုင်သည့် အရာ ဆိုလျှင် ချင်းရန်နယ်ပယ်ရှိ မည်သူမှ ရှင်သန်နိုင်လိမ့် မည် မဟုတ်ပါ။
ထို့ကြောင့် တစ်ဖက် ရန်သူများ၏ အင်အားမှာ သေချာပေါက်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းနိုင် သည်။
ထို့ပြင် ရန်သူများ၏ လျှို့ဝှက်သိုသိပ်မှုမှာ ပို၍ပင် ကြောက်စရာ ကောင်းနေပါသေးသည်။
ဂိုဏ်းအသီးသီး၏ ကျယ်ပြန့်သော ကွန်ယက်များ မှ တစ်ဆင့် စုံစမ်းမှုများ ပြုလုပ်သည့်တိုင် အသုံးမဝင် သော သတင်းများသာ ရခဲ့သည် မဟုတ်ပါလား။
ထိုသို့ ရန်သူများ၏ အင်အားကို မသိလေလေ လူ အများ၏ ကြောက်ရွံ့မှုက ပို၍ ကြီးမားလာကြသည်။
သို့သော် လက်ရှိအချိန်တွင် မည်သို့မှ မတတ်နိုင်၍ သူတို့အနေဖြင့် အခြေအနေများကို စောင့်ကြည့်ရန် သာ ရှိပါတော့သည်။
. . .
ယွဲ့ဂေါင်ရွှဲ့တို့မှာ တရွေ့ရွေ့ဖြင့် ခရီးနှင်လာသည် မှာ တောင်ကြီး တစ်တောင်ပေါ်မှပင် ဆင်းသက်လာ ကြပြီ ဖြစ်သည်။
သူမတို့မှာ လက်ရှိတွင် ချင်းဟွာနန်းတော်နှင့် မိုင် ပေါင်း ၄၈၀၀ အကွာအဝေးသို့ ရောက်နေချေပြီ။
ထို့ကြောင့် သူမတို့ ရှေ့၌ ဆီးကြိုနေသည်မှာ ချင်း ရန်နယ်ပယ်၏ အထူးခြား နေရာဖြစ်သည့် အမှောင် တောအုပ်ပင် ဖြစ်၏။
ထိုအမှောင် တောအုပ်ကြီးမှာ မိုင်ထောင်နှင့် ချီ၍ ကို ကျယ်ဝန်းလှပြီး နေပျောက်ပင် မထိုးနိုင်အောင် အမှောင်ကျရောက်နေသော တောအုပ်ကြီးဖြစ်သည်။
ချင်းရန်နယ်ပယ်ရှိ သားရဲများအတွက်မူ နတ်ဘုံ နတ်နန်း တစ်ခုလိုပါပင်။
ထို့ကြောင့် သာမန် ကျင့်ကြံသူများအဖို့ အစွမ်း ထက် ဝိညာဉ်သားရဲများ ရှိနေသော အဆိုပါ တောအုပ် ကြီး အတွင်းသို့ သတိလက်လွတ် မဝင်ရဲကြပေ။
သို့သော် ဂိုဏ်းကြီးများမှာမူ ၎င်းတို့၏ လူငယ်မျိုး ဆက်သစ်များကို ထိုတောအုပ်ကြီးအတွင်း၌ပင် လေ့ ကျင့်သင်ကြားပေးကြသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ရှောင်ဧကရာဇ်နှင့် ဂိုဏ်းသုံးခုတို့၏ တိုက်ပွဲမှာ ထိုတောအုပ်အတွင်း၌ပင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရှောင်ဧကရာဇ်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် လူ များမှာ အင်အားတောင့်တင်းလှ၍ တောအုပ်တစ်ဝက် ကျော်ခန့်မှာ ပျက်စီးခဲ့ရသည်။
ထိုမျှမက တိုက်ပွဲကြောင့် တောင်များပင် ပြိုလဲကျ ခဲ့ရလေသည်။
ထို့ကြောင့် အမှောင်တောအုပ်မှာ ယခင်နှင့် မတူ တော့ဘဲ အနည်းငယ် အလင်းရောင် ရရှိနိုင်ခဲ့သည်။
ထိုအနည်းငယ်မျှသော အလင်းရောင်မှာလည်း အချို့သော နေရာများ၌သာ ကျရောက်ခြင်း ဖြစ်ပြီး ကျန်နေရာများတွင်မူ သစ်ပင်ကြီးများဖြင့် အုံ့ဆိုင်းမြဲ၊ အုံ့ဆိုင်းဆဲပါပင်။
ထို့ကြောင့် အမှောင်တောအုပ်မှာ ပို၍ပင် ခြောက် ခြားစရာ ကောင်းနေပါသေးသည်။
“ဒီအမှောင်တောအုပ်ကို ကျော်ပြီး ၂ ရက်လောက် ခရီးနှင်လိုက်ရင် နိမိတ်စီရင်စုကို ရောက်ပြီ . . .”
ထိုအချိန် ယွဲ့ဂေါင်ရွှဲ့မှာ စိတ်လှုပ်ရှားလျက် ရှိနေ သည်။
သားဖြစ်သူနှင့် သူမ တွေ့ခွင့်ရတော့မည် မဟုတ်ပါ လား။
“ငါတို့ ရဲမျိုးနွယ်စုကို ပြန်ရောက်ရင် ငါတို့ရဲ့ အိမ် ကနေ ဘယ်မှမသွားတော့ဘူး . . .”
ရဲနန်ရှန်မှ ယွဲ့ဂေါင်ရွှဲ့၏ ခါးလေးကို ဖက်ရင်း ပြော လိုက်လေသည်။
“ငါတို့တွေ ၁၈ နှစ်လုံးလုံး ဝေးကွာခဲ့ရပြီးပြီ၊ အခု က ငါတို့အတွက် ပျော်ရွှင်စရာ နေ့ရက်တွေ ရောက် လာရတော့မယ့် အချိန်ပဲ . . .”
ယွဲ့ဂေါင်ရွှဲ့မှလည်း ရဲနန်ရှန်၏ ရင်ခွင်အတွင်း တိုး ဝေ့လိုက်ရင်း ခေါင်းညိတ်ကာ -
“ဟုတ်တာပေါ့ . . .”
ထို့နောက် သူတို့မှာ ဖြည်းဖြည်းချင်း အမှောင် တောအုပ် အတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ကြသည်။
ထိုအချိန် ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့မှာ ရုတ်တရက် ရပ်တန့်လိုက်ကြပြီး သတိအနေအထားပင် ဖြစ်သွား ကြ၏။
အမှောင်တောအုပ်ကြီးမှာ သူမတို့အတွက် ငရဲတစ် ခုလိုပင် ဖြစ်နေ၍ ထိုတောအုပ်ကြီး အတွင်းသို့သာ ဝင် သွားပါက အန္တရာယ်များ ကျရောက်လာနိုင်သည်ကို ခံ စားလိုက်ရ၍ ဖြစ်သည်။
သူမတို့အဖို့ ထိုသို့သော ခံစားမှုမျိုးကို မခံစားရ သည်မှာ ကြာမြင့်နေပြီဟု ဆိုနိုင်သည်။
ယခင်က အမှောင်တောအုပ်ကို ကြိမ်ဖန်များစွာ ဖြတ်ဖူးသော်လည်း ထိုသို့သော ခံစားမှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။
“ဒီမှာ သိပ်နေလို့ထိုင်လို့ မကောင်းသလိုပဲ . . .”
ယွဲ့ရှောင်မှ ရေရွတ်ရင်း ယွဲ့ဟန်အား လှမ်းကြည့် လိုက်သည်။
“ငါတို့တွေ အတွေးလွန်နေတာလည်း ဖြစ်မှာပါ”
ယွဲ့ဟန်မှ ပြန်ပြောလိုက်၏။
“သိုင်းလောကကြီးမှာ အများကြီး ပြောင်းလဲနေပြီ၊ ဘယ်လိုအန္တရာယ်တွေ ရှိနေမှန်း မသိနိုင်ဘူး၊ လူတွေ ကလည်း ပျောက်နေကြတယ်၊ တစ်ခုခုတော့ ကြီးကြီး မားမား ဖြစ်တော့မှာ၊ အဲဒါကြောင့် ငါတို့တွေ သတိ လက်လွတ်နေလို့ မဖြစ်ဘူး . . .”
“ဒီအမှောင်တောအုပ်ကြီးက ပုံမှန်မဟုတ်ဘူး အဲဒါ ကြောင့် ငါတို့တွေ ဒီလိုမျိုး ခံစားနေရတာ ဖြစ်မှာပါ၊ တကယ်လို့ အမှောင်တောအုပ်ကြီးထဲမှာ တစ်ခုခု ရှိနေ မယ်ဆိုရင်တောင် ဘယ်လောက်ဆိုးရွားနိုင်မှာမလို့လဲ၊ နင်နဲ့ငါက အရာအားလုံးကို ထိန်းချုပ်နိုင်လောက်တဲ့ အထိ အင်အားကြီးတာပဲမလား၊ ကျင့်ကြံမှုပြုလုပ်တဲ့ လူတွေဆိုတာ ဘယ်လောက်ပဲ အခက်အခဲတွေ့ပါစေ ယုံကြည်မှု အပြည့်ရှိပြီး မကြောက်ရွံ့ရဘူး၊ ငါတို့တွေ ကြောက်နေလို့ မဖြစ်ဘူး . . .”
“ဇောင်ယွမ်ကိုင်၊ ရွှမ်ပိုင် ဒါမှမဟုတ် ဝုဖတို့ကလွဲ ရင် ငါတို့ ဘယ်သူ့ကိုမှ ကြောက်စရာမရှိပါဘူး . . .”
ယွဲ့ရှောင်မှ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏။
မိန်းကလေးနှစ်ဦးမှာ မွေးဖွားစဉ်ကတည်းက ထူး ခြားမှုများဖြင့် မွေးဖွားလာခဲ့ကြသည်။
နောက်ဆုံးတွင် သူမတို့၏ အားစိုက်ထုတ်မှုများ ကြောင့် ထိပ်သီးပညာရှင်ကြီး နှစ်ဦးအဖြစ် ရပ်တည် လာနိုင်ခဲ့ကြသည်။
သို့သော် နှစ်ပေါင်းများစွာ ကျင့်ကြံမှု ပြုလုပ်ခဲ့ကြ သည့်တိုင် သူမတို့၏ ခန္ဓာကိုယ်တွင်း၌ ဖုံးကွယ်နေ သော ဒဏ်ရာများ ရှိနေသေးပေသည်။
ရဲမျိုးနွယ်စုသို့ ရောက်ရှိချိန်တွင်မူ အစ်ကိုဖြစ်သူမှ သူမတို့၏ ထိုဒဏ်ရာများကို ကုသပေးနိုင်သည့် ထူး ခြား အစွမ်းထက် ဆေးလုံးများကို ပေးခဲ့လေသည်။
ထို့ပြင် ပိုမို၍ တိုးတက်စေရန်အတွက်လည်း သူ၏ ကျင့်စဉ်အချို့ကိုပင် ပေးခဲ့ပါသေးသည်။
ထို့ကြောင့် မိန်းကလေးများမှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ တိုးတက်လာ၍ သူမတို့ကိုယ်သူမ ယုံကြည်မှု ရှိနေကြခြင်း ဖြစ်သည်။
တကယ်တမ်းတွင် သူမတို့ကို ချုံခိုတိုက်ခိုက်လာ လျှင်ပင် ဂရုစိုက်ကြလိမ့်မည် မဟုတ်ပါ။
ထို့ပြင် လက်ရှိ၌ သိုင်းလောကကြီးမှာ ရှုပ်ထွေးနေ ၍ သူမတို့သာ ရန်သူများနှင့် ထိပ်တိုက်တွေ့ရပါက ထို လူများကို ဖမ်းဆီးကာ အမှန်တရားကို ဖော်ထုတ်နိုင် မည်ဟုလည်း တွေးတောနေမိကြလေသည်။
ထိုစဉ် မိန်းကလေးနှစ်ဦးမှာ ခဏတာမျှ ဆွေးနွေး တိုင်ပင်ပြီးနောက် အမှောင်တောအုပ်ကို ဖြတ်သန်းရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့မှာ မူလတာအို အဆင့် နှစ်များ ဖြစ်ကြ၍ အရေးကြီးသော အချိန်မျိုးတွင် သူ တို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းတော့ ရှိလိမ့်မည်။
ထို့ပြင် ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့လည်း ရှိနေ၍ ဆိုး ဆိုးရွားရွားတော့ မဖြစ်နိုင်ပါချေ။
“ကျွန်မတို့ရှေ့က တောအုပ်ထဲမှာ အန္တရာယ်တွေ ရှိနေနိုင်တယ် . . .”
ယွဲ့ရှောင်က ရဲနန်ရှန်နှင့် ယွဲ့ဂေါင်ရွှဲ့တို့ထံသို့ သွား ရင်း ပြောလိုက်သည်။
“အန္တရာယ်တွေလား . . .”
နှစ်ဦးသားမှာ လမ်းတစ်လျှောက်၌ ပျော်ရွှင်မှုများ ဖြင့်သာ ရှိခဲ့၍ အခြေအနေများကို သတိလက်လွတ် ရှိ နေခဲ့ကြသည်။
ထို့ကြောင့် ယွဲ့ရှောင်ထံမှ ထိုစကားကို ကြားသော အခါနှစ်ယောက်စလုံး ထိတ်လန့်သွားကြလေသည်။
“ဟုတ်တယ် . . .”
ယွဲ့ဟန်မှ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
“ဒီမှာ အခြေအနေ သိပ်မကောင်းသလိုပဲ၊ တော အုပ်ကို ဖြတ်မသွားတာက ပိုလုံခြုံပုံပဲ၊ ကျုပ်တို့တွေ တခြားဘက်က ပတ်သွားသင့်တယ် ထင်တယ် . . .”
ရဲနန်ရှန်မှ တွေးတောဟန်ဖြင့် ပြောလိုက်သည်။
“ကျုပ်တို့တွေ အမှောင်တောအုပ်ရဲ့ အစွန်းကနေ ပတ်ပြီး သွားကြမယ်၊ ပြီးမှသာ အနီးစပ်ဆုံး လမ်းက နေ ဖြတ်ဝင်ပြီး ပုံမှန်အတိုင်း ပြန်တက်ကြတာပေါ့၊ အဲ ဒီလုပ်တာက အချိန်တော့ ပိုကြာနိုင်ပေမယ့် အန္တရာယ် တွေကနေတော့ လွတ်နိုင်မယ်ထင်တယ် . . .”
စစ်နတ်ဘုရား ဖြစ်ခဲ့သော ရဲနန်ရှန်မှာ ဗျူဟာပိုင်း ဆိုင်ရာ၌ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
ထို့ကြောင့် ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့ ပါသည့်တိုင် ပိုမိုလုံခြုံ စိတ်ချသည့် ထိုနည်းလမ်းကို အကြံပြုလိုက် ရခြင်းပါပင်။
“ကျွန်မတို့တွေ ဒီလိုပတ်ပြီးသွားနေမယ်ဆိုရင် မိုင် ပေါင်း ၃၀၀၀၀ လောက်ကို ပိုပြီးခရီးနှင်နေရလိမ့်မယ်”
ယွဲ့ဂေါင်ရွှဲ့မှာ သားဖြစ်သူကို အမြန်ဆုံးတွေ့ချင် နေပြီဖြစ်၍ အချိန်ဖြုန်းတီးရမည်ကို သဘောမတူဘဲ ဖြစ်နေလေသည်။
“အဲဒီလိုသာဆိုရင် ကျွန်မတို့က နောက်ထပ် ၁ လ လောက်ကို ထပ်ပြီးသွားနေရမယ့် သဘော၊ ပြီးတော့ သွားရမယ့်လမ်းကလည်း ဖြောင့်ဖြူးချင်မှ ဖြောင့်ဖြူး မှာ၊ တကယ်ပဲ အဲဒီလိုကြီး လုပ်ရမှာလား . . .”
ရဲနန်ရှန်အဖို့ မိန်းမဖြစ်သူ၏ စိတ်ခံစားချက်ကို သိ သော်လည်း အန္တရာယ်ကင်းနိုင်မည့် လမ်းကြောင်းက သာ အရေးကြီးဆုံးဖြစ်သည်ဟု တွေးနေမိသည်။
“နန်ရှန် ချင်းရန်နယ်ပယ်က မော်တယ်ကမ္ဘာနဲ့ မတူဘူး၊ ဒီမှာရှိတဲ့ ကျင့်ကြံမှု ပညာရှင်တွေဆိုတာ ရှင်တွေးတာထက်ကို အများကြီးပိုသေးတယ်၊ ဒီမှာ သာ ပုန်းအောင်းပြီးတိုက်ခိုက်မယ်ဆိုရင် ပုန်းအောင်း နိုင်တဲ့ နေရာတွေ အများကြီးပဲ၊ ဘယ်ကိုပဲ သွားသွား ကျွန်မတို့ရှေ့မှာ ထောင်ခြောက်တွေက ပြည့်နေမှာ၊ အဲဒီတော့ လမ်းမှာပိုပြီး အချိန်ကုန်အောင် လုပ်မိရင် သူတို့အတွက် ပိုပြီး ပြင်ဆင်ချိန် ရလေပဲ၊ လုံခြုံတဲ့ လမ်းက သွားတယ်ဆိုပေမယ့် အဲဒီလမ်းက ရှင်ထင် သလို လုံခြုံချင်မှ လုံခြုံမှာပေါ့ . . .”
ယွဲ့ဂေါင်ရွှဲ့မှာ ချင်းဟွာနန်းတော်၏ နတ်သမီးပီပီ ဗဟုသုတ နှံ့စပ်သူ တစ်ဦးလည်း ဖြစ်သည်။
ထို့ကြောင့် ရဲနန်ရှန်၏ ယူဆချက်ကို သူမ၏ သုံး သပ်ချက်ဖြင့် ထောက်ပြပြောဆိုလိုက်သည်။
“ကျွန်မတို့ကိုသာ လုပ်ကြံမယ့်သူ ရှိရင် ကျွန်မတို့ ဘယ်ကိုပဲသွားသွား သူတို့က စောင့်ကြိုနေမှာပဲ . . .”
ယွဲ့ဂေါင်ရွှဲ့မှ ဆက်၍ ပြောလိုက်၏။
“ကျွန်မတို့ ရှေ့က တောအုပ်မှာ ချုံခိုတိုက်ခိုက်နိုင် တယ်လို့ သိရမှတော့ ရန်သူကို ပြန်ပြီး ရင်ဆိုင်နိုင်မယ့် နည်းလမ်းကို တွေးရမှာ မဟုတ်ဘူးလား၊ အဲဒါကမှ အဝေးကြီးကို သွားတာထက်စာရင် ပိုပြီးအကျိုးရှိနိုင် ဦးမယ် . . .”
“ကျွန်မတို့ ညီမတွေလည်း ဒီလိုပဲတွေးတယ်၊ ရန် သူတွေကိုရင်ဆိုင်မှ သူတို့တွေ ကြံစည်နေတဲ့ အဖြေကို ထုတ်ဖော်နိုင်မယ့် အခွင့်အရေး ရမှာလေ . . .”
ယွဲ့ရှောင်နှင့် ယွဲ့ဟန်တို့လည်း တစ်ယောက်မျက် နှာ တစ်ယောက် ကြည့်ရင်း ပြောလိုက်ကြသည်။
“ကျွန်မတို့ ရှေ့မှာ တိုက်ပွဲက စောင့်ကြိုနေတယ်၊ ဘယ်ကိုပဲသွားသွား လွတ်နိုင်မှာ မဟုတ်ဘူး၊ ဘယ် လောက်ပဲ ခက်ခဲခက်ခဲ ကျွန်မတို့တွေ သတ္တိရှိရှိ ကျော် ဖြတ်ရမယ် . . .”
“ဟုတ်တယ် ပြဿနာတွေကို ပြေးတွေ့လိုက်တာ ပိုကောင်းမယ်၊ ရှောင်လွှဲနေတာ မကောင်းဘူး . . .”
“ခင်ဗျားတို့ ပြောတာကို ကျုပ် မငြင်းပါဘူး၊ ကျုပ် က မော်တယ်ကမ္ဘာကြီးမှာ အချိန်ကြာကြီး နေခဲ့တော့ မော်တယ်ကမ္ဘာရဲ့ လွှမ်းမိုးမှုတွေကနေလည်း မလွတ် မြောက်နိုင်သေးဘူးပေါ့ ဒါပေမယ့် ဘယ်လို တိုက်ပွဲမျိုး ပဲ တိုက်တိုက် တိုက်ပွဲဗျူဟာဆိုတာက အဓိကအခန်း ကဏ္ဍမှာ ပါဝင်တယ် . . .”
“အဲဒါကြောင့် အန္တရာယ်နဲ့ ရင်မဆိုင်ရခင်မှာ ကြို တင် ပြင်ဆင်ထားတာ အကောင်းဆုံးပဲမလား . . .”
ရဲနန်ရှန်မှ ဆက်၍ ပြောလိုက်၏။
“ကျုပ်တို့တွေ တိုက်ပွဲမှာ အနိုင်ရနိုင်မယ့် အခွင့် အရေးမျိုး ရဖို့အတွက် ဗျူဟာတချို့တော့ လိုလိမ့်မယ် ထင်တယ် . . .”
“ရှင်သိနေသားပဲ မော်တယ်ကမ္ဘာက ဗျူဟာတွေ ဆိုတာ ဒီမှာ အသုံးမဝင်ဘူး၊ အဲဒါကြောင့် စဉ်းစားနေဖို့ လည်း အချိန်မရှိဘူး . . .”
ယွဲ့ဂေါင်ရွှဲ့မှ ခင်ပွန်းဖြစ်သူအား နူးညံ့သော မျက် ဝန်းများဖြင့် ကြည့်ရင်း ပြောလိုက်သည်။
“ရှင်က စစ်သူကြီး တစ်ယောက်ဆိုတာ ကျွန်မသိ ပါတယ်၊ ဗျူဟာတွေ တိုက်ပွဲတွေမှာလည်း ပိုင်နိုင်သူ ဆိုတာလည်း သိပါတယ်၊ ဒါပေမယ့် ပြဿနာက ကျွန် မတို့မှာ အစေခံ ၂ ယောက် အပါအဝင်မှ လူ ၆ ဦးပဲ ရှိ တယ်၊ အဲဒါကြောင့် ရှင်တိုက်ပွဲမှာ ဘယ်လိုပဲတိုက်နေ ပါစေ ဗျူဟာဆိုတာ အကန့်အသတ်နဲ့ပဲ ရှိနိုင်တယ်”
မိန်းမဖြစ်သူ၏ စကားကြောင့် ရဲနန်ရှန်မှ ပြုံးလိုက် ရင်း -
“သိုင်းလောကမှာ ဗျူဟာဆိုတာ စိတ်ထဲမှာ သိမ်း ထားရမယ့် အရာပဲ၊ ဒါပေမယ့် လူနည်းနည်းလေးနဲ့ လည်း ဗျူဟာ ချနိုင်ပါတယ်၊ အဲဒီတော့ ငါ့ရဲ့ ဗျူဟာ က အလုပ်ဖြစ်လိမ့်မယ်၊ တစ်ခါတစ်လေမှာ လူနည်း တာက ပိုပြီးတောင် အခွင့်အရေး ရနိုင်သေးတယ် . . .”
ယခု အပြန်ခရီးတွင် ရဲနန်ရှန်၊ ယွဲ့ဂေါင်ရွှဲ့၊ ယွဲ့ ရှောင်နှင့် ယွဲ့ဟန်တို့အပြင် အစေခံနှစ်ဦးလည်း ပါဝင် ပါသေးသည်။
ထိုအစေခံနှစ်ဦးမှာ တစ်ဦးက ချင်းရွှဲ့ဖြစ်၍ တစ်ဦး မှာ ဝုရွှဲ့ဟု အမည်တွင်၏။
“ချင်းရွှဲ့နဲ့ ဝုရွှဲ့တို့က မူလအိပ်မက် အဆင့်ကိုးပဲ ရှိ ကြသေးတယ်၊ ဝုရွှဲ့က နည်းနည်းပိုသာမယ် ထင်တယ်၊ မူလအိပ်မက် အဆင့်ရဲ့ ထိပ်ဆုံးအဆင့်ပေါ့၊ သူတို့က ကျွန်မရဲ့ အစေခံနှစ်ယောက်ပဲ၊ တကယ်တော့ သူတို့ က ကျွန်မရဲ့ အစေခံတွေ ဆိုတာထက် ညီမတွေလိုကို ဖြစ်နေပါပြီ . . .”
ယွဲ့ဂေါင်ရွှဲ့မှာ ရဲနန်ရှန်မှ တိုက်ပွဲအတွက် ဗျူဟာ ဆွဲရန် သိချင်နေမှန်းသိ၍ ထိုသို့ မိတ်ဆက်ပေးလိုက် ခြင်း ဖြစ်၏။
“ယွဲ့ရှောင်နဲ့ ယွဲ့ဟန်တို့ကတော့ ကျွန်မတို့ နန်း တော်ရဲ့ လေးစားထိုက်တဲ့ သက်ကြီးပညာရှင်ကြီးတွေ ပေါ့၊ ချင်းရန်နယ်ပယ်ထဲမှာ အစွမ်းထက်ဆုံး လူတွေ ထဲက နှစ်ယောက်လို့လည်း ဆိုလို့ရတယ်၊ သူတို့နှစ် ယောက် အကြောင်းတော့ ကျွန်မ အကျယ်တဝင့် ရှင်း ပြစရာ မလိုဘူးမလား . . .”
ရဲနန်ရှန်မှ ခေါင်းညိတ်လိုက်ရင်း -
“ကောင်းပြီ အခု ငါတို့ရဲ့ အင်အားအကြောင်းကို ငါသိထားပြီ၊ ဒါပြီးရင် ငါတို့ လုပ်နိုင်တဲ့အရာတော့ ရှိ ရင် ရှိဦးမှာပါ . . .”
ထို့နောက် ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် -
“ရန်သူတွေက ဒီမှာ ချုံခိုတိုက်ခိုက်ဖို့ ရွေးချယ်မှ တော့ ငါတို့အကြောင်းကို သူတို့လည်း သိနေမှာပဲ၊ ငါတို့ကသာ သူတို့ ဘယ်သူလဲ ဆိုတာကို မသိသေး တာ၊ ဒါပေမယ့် သူတို့တွေက အင်အားကြီးမယ်ဆိုတာ ကိုတော့ သေချာသိတယ် . . .”
“သူတို့တွေ ငါတို့နဲ့အတူ ဆရာမရှောင်နဲ့ဟန် ပါ တယ်ဆိုတာကို သိတာတောင်မှ တိုက်ခိုက်ဖို့ ဝံ့ရဲကြ သေးတယ်၊ ဒီတစ်ကြိမ် သူတို့ဆီမှာ ထိပ်တန်းပညာရှင် တွေ အများကြီး ပါကြပုံပဲ၊ အဲဒါကြောင့်သာ သူတို့စုပြီး တိုက်ရင် ဆရာမကြီး နှစ်ယောက်ကို နိုင်မယ်မှန်း သိ လို့ ဒီလိုကြံစည်ရဲကြတာပေါ့ . . .”
“နောက် ဆရာမရှောင်၊ ဆရာမဟန်တို့နဲ့ အဆင့် တူတဲ့ လူတွေလည်း ပါနိုင်တယ်၊ ငါတို့တွေ သတိကြီး ကြီးထားမှကို ဖြစ်မယ် . . .”
“သူတို့တွေက ရှောင်ရှောင် ငါ့ကို မကြာခင်ကမှ ပြောပြခဲ့တဲ့ လျှို့ဝှက်အဖွဲ့အစည်းက လူတွေ ဖြစ်မယ် ထင်တယ် . . .”
ရဲနန်ရှန်မှ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
“ဒါကရှောင်လွဲလို့ မရနိုင်တော့ဘူး၊ ရွှဲ့အာ ပြော တာ မှန်တယ် ငါတို့ ဘယ်ကိုပဲသွားသွား အန္တရာယ် တွေနဲ့ တွေ့ရမှာပဲ၊ အခု ခန့်မှန်းကြည့်ရသလောက် သူ တို့မှာ အနည်းဆုံး မူလတာအို အဆင့်ကိုး ပညာရှင် အယောက် ၃၀ လောက်ကို ပါမယ်ထင်တယ်၊ ဒီလိုမှ မဟုတ်ရင် ငါတို့ဘက်ကို သူတို့ နိုင်နိုင်မှာ မဟုတ်ဘူး လေ . . .”
“နောက်ပြီး သူတို့က နေရာအချို့မှာ အတိအကျ နေနေကြလိမ့်မယ်၊ တစ်နေရာစီကနေ စောင့်နေကြ တာမျိုးပေါ့၊ ပြီးရင် သူတို့အားလုံးက ပေါင်းစုံသွားပြီး တိုက်ခိုက်လိုက်ရင် ဒီက မိန်းကလေး နှစ်ယောက်ကို နိုင်မယ်လို့ တွက်ထားကြတာ ဖြစ်မယ် . . .”
“ဒါပေမယ့် ဒါကို ကြည့်ကတည်းက သူတို့မှာ အား နည်းချက် ရှိနေတယ်၊ သူတို့တွေ ဒီတိုက်ခိုက်မှု အတွက် ဘယ်လောက်ပဲ ပြင်ဆင်နေပါစေ သူတို့ထဲက တစ်ယောက် အမှားလုပ်မိတာနဲ့ သူတို့အားလုံးကို ဖျက်ဆီးဖို့ ငါတို့မှာ အခွင့်အရေး ရသွားပြီ . . .”
“ဆရာမရှောင်နဲ့ ဆရာမဟန်တို့လို ထိပ်သီးတွေရဲ့ အရှေ့မှာ ရန်သူတွေဘက်က အမှားသေးသေးလေးကို တောင် လုပ်လို့ မရဘူး . . .”
“တောအုပ်ထဲက ပတ်ဝန်းကျင် အခြေအနေတွေ က အားလုံး အတူတူပဲ၊ မော်တယ်ကမ္ဘာမှာပဲ ဖြစ်ဖြစ် ချင်းရန်နယ်ပယ်မှာပဲ ဖြစ်ဖြစ်ပေါ့၊ မတူညီတဲ့ အပင်‌ တွေ ရှိနေတာပဲ ရှိမှာ၊ တကယ်တော့ တောအုပ်ထဲမှာ ရှိတာက သစ်ပင်တွေပဲ မဟုတ်လား . . .”
ပြောပြောဆိုဆိုဖြင့် ရဲနန်ရှန်လည်း နေရာတစ်ခုကို ညွှန်ပြလိုက်ရင်း အားလုံးကို ထိုင်စေလိုက်သည်။
ထို့နောက်မှ ဆက်လက်၍ -
“နားထောင်ကြ ကျုပ်တို့ တောအုပ်ထဲကို မဝင်ခင် တောအုပ်ထဲက အခြေအနေအကြောင်း အရင်ပြောကြ တာပေါ့၊ ကျုပ်ခန့်မှန်းမိရသလောက် ကျုပ်သာ ဒီလုပ် ကြံမှုကို လုပ်မယ့်လူဆိုရင်၊ ကျုပ်သာ ရန်သူဆိုရင်ပေါ့”
“ . . .”
ရဲနန်ရှန်မှ ဉာဏ်အမျှော်အမြင် အပြည့်ဖြင့် ပြော လိုက်ပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now