1319-------1320

76 7 1
                                    

အခန်း (၁၃၁၉)(စာစဉ် ၉၅- အပိုင်း ၃)
“စိတ်လွတ်သွားသော ဝုဖ”

“ရဲရှောင် မင်းနဲ့ငါက ကမ္ဘာ့ရန်တွေ ဖြစ်သွားပြီ . . .”
ဝုဖမှ အသံကုန် အော်ဟစ်၍ ပြောလိုက်သည်။
“ခင်ဗျားက ဟာသတွေ ခဏခဏပြောတာပဲ . . .”
“ဟာသဆိုတာ ခဏခဏ ပြောပါများရင် ပျင်းစရာ ကြီး ဖြစ်သွားတတ်တယ် . . .”
“ခင်ဗျားရဲ့ ညီကို မသတ်ဘူးဆိုရင်ရော ကျုပ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာမလို့လား၊ ပါးစပ်ကို ပိတ်ထားလိုက်စမ်းပါ၊ ဒါကရယ်စရာ လုံးဝ မကောင်း တော့ဘူး . . .”
ရဲရှောင်မှ ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်သည်။
ဝုဖလည်း အရူးတစ်ယောက်ကဲ့သို့ပင် ဆံပင်များ တလူလူလွင့်လျက် ရဲရှောင်ထံ တဟုန်ထိုးပြေးဝင်သွား သည်။
ထိုအချိန် သူ၏ မျက်လုံးများထဲမှ အနက်ရောင် ချီ ဓာတ်များ ထွက်ပေါ်လာပြီး အပြည့်အဝ မထွက်ပေါ် သေးသည့် လက်မှာလည်း မူလပုံစံအတိုင်း ပြန်ဖြစ် ပေါ်သွားသည်။
သို့သော် လက်၏ အရောင်မှာမူ ယခင်နှင့်မတူ၊ အနက်ရောင်သာ ဖြစ်နေသည်။
ဤသည်မှာ နတ်ဆိုးကျင့်စဉ်ကို အပြည့်အဝ အသုံး ချ၍ လှုပ်ရှားလိုက်ခြင်းကြောင့်ပင် ဖြစ်၏။
ဝုဖအဖို့ ယခုကဲ့သို့ လက်ပြန်ဖြစ်ပေါ်သွားသည်ကို လူမြင်မခံလိုပေ။
အကြောင်းမှာ လူသားတို့၏ အသားရောင်နှင့်မတူ တော့ဘဲ အနက်ရောင် ဖြစ်နေခြင်းကြောင့်ပါပင်။
သူ၏ ပုံပန်းသွင်ပြင်နှင့် ပတ်သက်လျှင် ယခုကဲ့သို့ အပြစ်နာဆာမျိုး မရှိစေလို၊ ယခင်အတိုင်း အရှိန်အဝါ အပြည့်ဖြင့်သာ ရှိစေလိုသည်။
ကမ္ဘာ့အစွမ်းထက်ဆုံး ပညာရှင်ပီပီ သူ့တွင်လည်း သူ့မာနနှင့်သူ ရှိနေသည် မဟုတ်ပါလား။
မည်သို့ပင် ဆိုစေကာမူ လူအများ၏ အမြင်တွင် ထို လက်က အမြင်တစ်မျိုး ဖြစ်နေစေမည်မှာ အသေအချာ ပင်။
သို့သော် သူ့အဖို့ လက်ရှိတွင် မည်သည့်အရာကိုမှ ဂရုစိုက်နိုင်ခြင်း မရှိတော့ချေ။
သူသာ ထိုသို့ အသုံးမပြုလိုက်ပါက ရှောင်ဧကရာဇ် ၏ သတ်ဖြတ်ခြင်း ခံရနိုင်ပြီး ညီဖြစ်သူအတွက် ကလဲ့ စားချေရန်မှာ ဝေးကွာသွားနိုင်သည်။
ထို့ကြောင့် သေဆုံးရခြင်းထက် သူ၏ နတ်ဆိုးကျင့် စဉ်ကို ထုတ်ဖော်ပြလိုက်ခြင်းက အကောင်းဆုံး နည်း လမ်းသာ ဖြစ်နေသည်။
ထိုကျင့်စဉ်ကြောင့် သူဆုံးရှုံးခဲ့သော လက်ကို ပြန်ရ ရုံမက ချီဓာတ်များ သိပ်သည်းလာပြီး ကျင့်ကြံမှုနှုန်း မှာလည်း ယခင်ထက် တိုးတက်သွားခဲ့သည်။
အတိအကျဆိုရလျှင် ဒဏ်ရာ မရခင်တုန်းကထက် ကို များစွာ အစွမ်းထက်သွားခြင်း ဖြစ်၏။
“ဘုန်း . . .”
ရဲရှောင် နောက်သို့ လွင့်ထွက်သွားပြီး မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ချေ။
တိုးတက်မှုများ ဖြစ်ပေါ်သွားပြီးနောက် ဝုဖဘက်မှ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သို့သော် မကျေနပ်နိုင်သေး၊ ရဲရှောင်ရှိရာထံ ထပ်မံ ၍ တိုးဝင်သွားပြန်သည်။
“ဘုန်း . . .”
ထို့နောက် ဝုရှန်နှင့် ရဲရှောင်တို့ တိုက်ခိုက်ခဲ့သည့် နေရာသို့ အပြေးသွားလိုက်ပြီး ဝုရှန်၏ အလောင်း ရှိ လိုရှိငြား လိုက်ရှာကြည့်လိုက်မိသည်။
သူ့အတွက် လိုအပ်သည်က ညီဖြစ်သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုမျှသာ။
ထိုအစိတ်အပိုင်း တစ်ခုမျှ တွေ့လျှင်ပင် သူ၏ မယုံ နိုင်ဖွယ် စွမ်းအားများဖြင့် ညီဖြစ်သူကို သေရာမှ ပြန်ရှင် အောင် လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မည်။
ထိုသို့လုပ်လိုက်ပါက ဝုရှန်က နတ်ဆိုးစစ်စစ် တစ် ကောင် ဖြစ်သွားနိုင်သည်။
သို့သော် ဝုဖအဖို့ ညီဖြစ်သူကို ဆုံးရှုံးလိုက်ရသည် ထက်စာလျှင် တော်သေးသည် မဟုတ်ပါလား။
ထိုအတွေးကြောင့် ဝုဖ အရူးကြီးပမာနှယ် ဝုရှန်၏ အလောင်းကို အသည်းအသန် လိုက်ရှာနေမိသည်။
သို့တိုင် အချည်းနှီး၊ သွေးညှီနံ့များကိုသာ ရလိုက် ပြီး အသားစ အမှုန်အမွှားများသာ တွေ့လိုက်ရသည်။
စင်စစ် ဝုရှန်၏ ခန္ဓာကိုယ်က မရေမတွက်နိုင်သော အသားစများအဖြစ် ပြန့်ကွဲသွားခြင်း ဖြစ်သည်။
အကြီးဆုံး အသားစဟူ၍ သစ်ကြားသီး တစ်လုံးစာ အရွယ်ခန့်သာ ကျန်ရှိ၏။
ထိုအချိန် လေထဲ၌ ပျံ့လွင့်နေသော ခရမ်းရောင် ချီ ဓာတ်လှိုင်းများမှာ ကျန်ရှိနေသည့် အသားစများကို ခပ် ဖြည်းဖြည်းချင်း ဖဲ့ခြွေသွားနေပါသေးသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဝုဖ ကြက်သီးများပင် ထ သွားမိသည်။
တကယ်တမ်းတွင် ရှေးဦးခရမ်းရောင် ချီဓာတ်များ မှ ဖန်တီးထားသော ခရမ်းရောင် ချီဓာတ်များက မိစ္ဆာ စွမ်းအင်များ၏ အရင်းအမြစ်ကို ရှာဖွေနေကြခြင်း ဖြစ် သည်။
ထိုရှေးဦးခရမ်းရောင် ချီဓာတ်များက ဝုရှန်၏ ခန္ဓာ ကိုယ်ကို တစစီ ဖြစ်စေခဲ့ရုံမက ဝိညာဉ်ကိုပါ ပြိုကွဲစေခဲ့ သည်။
မည်မျှထိ စွမ်းအားကြီးသော ရှေးဦးခရမ်းရောင် ချီ ဓာတ်များပါနည်း။
ဝုဖလည်း နာကျည်းမှု အပြည့်ဖြင့် ခေါင်းကို မော့ ကြည့်လိုက်သည်။
ထိုအခါ သူ၏ အနက်ရောင် မျက်လုံးများအတွင်း အနီရောင် အစင်းကြောင်းအချို့ ပေါ်လာသည်။
“ရဲရှောင် . . .”
“ခွေးမသား မင်းက တော်တော်ကို ရက်စက်တာပဲ”
ဝုဖ အံကို တင်းတင်းကြိတ်ရင်း ပြောလိုက်၏။
ထိုအချိန် သူ၏ အနက်ရောင်ဝတ်ရုံက လေထဲ၌ တလူလူ လွင့်မျောနေပြီး မျက်နှာပေါ်၌လည်း အမုန်း တရားများ အတိုင်းသား ပေါ်နေသည်။
“ကျုပ်က တကယ်ပဲ ရက်စက်တယ်ပေါ့ မဖြစ်နိုင် လိုက်တာ ခင်ဗျားတို့ ညီအစ်ကိုနှစ်ယောက်နဲ့ ယှဉ်ရင် ကျုပ်က‌ တော်ပါသေးတယ် . . .”
ရဲရှောင်မှ အေးစက်စက် ပြောလိုက်၏။
“ခင်ဗျား သိရမှာက သူက ဘယ်တုန်းကမှ မရှိခဲ့တဲ့ လူတစ်ယောက်ပဲ၊ သူသေသွားတာက ခင်ဗျားအတွက် ပိုကောင်းပါတယ် . . .”
“တကယ်တော့ ခင်ဗျားအတွက်ရော ကျုပ်အတွက် ရော ကမ္ဘာကြီးအတွက်ပါ ကံကောင်းမှု တစ်ခုပဲလေ”
ရဲရှောင်မှ ဝုဖအား ကြည့်ရင်း ဖြည်းညှင်းစွာ ပြော လိုက်သည်။
“ဝုဖ ခင်ဗျားတို့နှစ်ယောက်က နာမည်တစ်ခုတည်း ကိုပဲ နှစ်ပေါင်းများစွာ အတူသုံးခဲ့ကြတယ်၊ ခင်ဗျားတို့ လုပ်ခဲ့တာကို ခင်ဗျားတို့ သိမှာပေါ့ . . .”
“ကမ္ဘာကြီးကို ခင်ဗျားတို့ စိတ်ရှိတိုင်း အရူးလုပ်ခဲ့ ကြတာ မဟုတ်ဘူးလား၊ အခု ခင်ဗျားညီက သေသွားပြီ ခင်ဗျား တစ်ယောက်ပဲ ကျန်တော့တယ် . . .”
“ဘာလဲ အထီးကျန်နေပြီလား . . .”
ဝုဖ အံကို တင်းတင်းကြိတ်လျက် -
“အဲဒီတော့ ဘာဖြစ်လဲ . . .”
အထီးကျန်ခြင်းဆိုသည့် စကားလုံးကို ကြားချိန် သူ့ ရင်ထဲအတော်လေးပင် စို့နစ်သွားသည်။
နှစ်ပေါင်းများစွာ ညီဖြစ်သူနှင့် မခွဲမခွာ အတူနေခဲ့ရ သော်လည်း ယခုအခါ ညီဖြစ်သူမှာ သေဆုံးသွားချေပြီ။
(ငါအထီးကျန်တော့မှာလား . . .)
“ငါအထီးကျန်တော့မှာလားလို့ မင်းက မေးလိုက် တာလား ရဲရှောင် . . .”
ထိုအချိန် သူ့ရင်ထဲရှိအမုန်းတရားများမှာ နှလုံးသား အတွင်း တစထက်တစ အမြစ်တွယ်သွားသည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်တွင်းရှိ မိစ္ဆာစွမ်းအင်များ မှာ ပိုတိုးလာပြီး စွမ်းအင်များမှာလည်း ပို၍ တိုးသွား သည်။
“ကြည့်ရတာ ခင်ဗျားက အထီးကျန်တော့မယ့် ပုံပဲ၊ ကောင်းပြီ ကျုပ် ခင်ဗျားအတွက် လုပ်ပေးစရာ တစ်ခုပဲ ရှိတော့တယ်၊ ခင်ဗျားညီနဲ့ ဆုံနိုင်ဖို့ ငရဲကို ပို့ပေးဖို့လေ”
ရဲရှောင် အေးစက်စက် ပြုံးရင်း ပြောလိုက်သည်။
ထိုအပြုံးနှင့်အတူ ကြယ်ဓားကြီးကလည်း သခင် ဖြစ်သူ၏ အလိုကို သိသည့်အလား အလင်းတန်းများ တဖိတ်ဖိတ် တောက်ပသွားသည်။
“ဝုဖ လာခဲ့စမ်းပါ ခင်ဗျားညီ ရှိရာကို ပို့ပေးမယ်၊ ခင်ဗျားတို့ ညီအစ်ကိုနှစ်ယောက် ငရဲမှာ အတူတူရှိနေ တာက ပိုကောင်းပါတယ် . . .”
ထိုစကားအဆုံးတွင် ဓားအလင်းတန်းများ ထပ်မံ လင်းလက်လာပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသို့ ပြည့်နှက်သွားသည်။
ဝုဖလည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အား . . .”
ထိုအော်သံနှင့်အတူ အနက်ရောင် အခိုးအငွေ့များ လည်း  ရုတ်တရက် ပေါက်ကွဲထွက်သွား၏။
ယခုအကြိမ်တွင် ဝုဖမှာ သူ၏ မိစ္ဆာစွမ်းအင်များကို သုံးကာ ရဲရှောင်အား အရိုးကျေကျေ အရည်ခမ်းခမ်း တိုက်ခိုက်တော့မည် ဖြစ်သည်။
နတ်ဆိုးစစ်စစ် ဖြစ်သွားသော သူ့ထံတွင် မူလထက် ၃၀ ရာခိုင်နှုန်းခန့် သာလွန်သော စွမ်းအင်များရှိသွားပြီ မဟုတ်ပါလား။
ထိုနတ်ဆိုးစွမ်းအင်များက သူ၏ ချီဓာတ်၊ ကျင့်စဉ်၊ စိတ်အခြေအနေနှင့် နှလုံးသားကို လုံးဝလွှမ်းမိုးကာ မိစ္ဆာတစ်ကောင် ဖြစ်သွားအောင် ဖန်တီးလိုက်ချေပြီ။
ထို့ကြောင့် လက်ရှိတွင် ဝုဖမှာ မိသားစုကို ဆုံးရှုံး လိုက်ရသည့် နတ်ဆိုးတစ်ကောင် ဖြစ်တည်သွားပြီ ဖြစ် သည်။
စင်စစ် ကလဲ့စားချေရန်အတွက် တာဆူနေသော နတ်ဆိုးတစ်ကောင်ပါပင်။
ရဲရှောင်လည်း ဓားကို သိမ်းဆည်းလိုက်ပြီး ရှေးဦး ခရမ်းရောင် ချီဓာတ်များကို အပြည့်အဝ လည်ပတ်စီး ဆင်းစေလိုက်သည်။
သူ့အတွက် တိကျသော စွမ်းအင်နှင့် တိကျသော တိုက်ခိုက်မှုကို သုံးရတော့မည် မဟုတ်ပါလား။
ထို့နောက် ခေါင်းလောင်းကြီးအတွင်း ရှေးဦးခရမ်း ရောင် ချီဓာတ်များကို စီးဆင်းစေလိုက်ပြန်သည်။
ထိုအခါ ခေါင်းလောင်းကြီးမှာ အလွန်တရာကြီးမား သွားပြီး ဝုဖအပေါ်သို့ ပြုတ်ကျသွားတော့သည်။
“ဒုန်း . . .”
ထိုသို့ ရှေးဦးခရမ်းရောင် ချီဓာတ်နှင့် ရွှေဝိညာဉ် ခေါင်းလောင်းတို့ကို သုံးကာ စုပေါင်းတိုက်ခိုက်လိုက် မှုကြောင့် နတ်ဆိုးစွမ်းအင်များကို ရင်ဆိုင်သွားနိုင်မည် မှာ အသေအချာပင်။
ထို့ပြင် ရဲရှောင်အတွက်လည်း အကာအကွယ် ကြီး မားစွာ ဖြစ်သွားနိုင်ပေလိမ့်မည်။
ဝုဖနှင့် တိုက်ပွဲအစတွင် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရ ၍ ရဲရှောင်မှာ ရွှေဝိညာဉ်မျှော်စင်ကို ခေါင်းလောင်းပုံစံ အဖြစ် ပြောင်းလဲခဲ့သည်။
စင်စစ် ခုခံမှုထက် တိုက်ခိုက်မှုကို ပြုလုပ်ရန် ဆုံး ဖြတ်ခဲ့၍ ထိုသို့ ပြောင်းလဲခဲ့ခြင်းပါပင်။
သို့သော် ရဲရှောင် စိတ်ထဲ မျှော်စင်ကို ခေါင်းလောင်း ပုံစံပြောင်းခဲ့၍ တစ်စုံတစ်ခု ဖြစ်မည်ကို စိုးရိမ်မိခဲ့သည်။
ဤသည်က ရဲရှောင်၏ စိုးရိမ်စိတ်ပင် ဖြစ်၏။
တကယ်တမ်းတွင် ရွှေဝိညာဉ်မျှော်စင်ဖြင့် ပြုလုပ် ထားသော ရွှေခေါင်းလောင်းကြီးကို ချင်းရန်နယ်ပယ်ရှိ မည်သူကမှ ချိုးဖျက်နိုင်စွမ်းရှိမည် မဟုတ်ပေ။
ထိုမျှော်စင်ကို ပေးခဲ့သည့် လင်းဝုရှဲ့သာ ရဲရှောင်မှ သူ၏ မျှော်စင်အား ယခုလို လုပ်ထားသည်ကိုသာ မြင် ပါကစိတ်ထိခိုက်သွားမည်မှာ သေချာပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now