1273-----1274

107 9 1
                                    

အခန်း (၁၂၇၃)(စာစဉ် ၉၁- အပိုင်း ၁၃)
“အသက်ရှင်နေသေးခြင်း”


လူတိုင်း မိန်းကလေးနှစ်ဦးအတွက် ဝမ်းနည်းသွား ကြသည်။
ရဲရှောင်မှ ခဏတာ စဉ်းစားလိုက်ရင်း -
“ဒါကတော့ ကျုပ်တို့ ဘာမှလုပ်လို့ရနိုင်တဲ့ အရာ မဟုတ်ဘူး၊ ချင်းရန်နယ်ပယ်ဆိုတာ အင်အားကြီးသူ သာ အနိုင်ရတဲ့ ကမ္ဘာကြီးပဲ . . .”
“ပညာရှင်တွေက သာမန်လူတွေလို နေ့လို့ မရကြ ဘူးလေ၊ နောက်ပြီး ဒါကမော်တယ် ကမ္ဘာလိုလည်း မဟုတ်ဘူး၊ ခင်ဗျားတို့ နှစ်ယောက်က လက်ရှိအခြေ အနေထက် ဆိုးရွားတဲ့ အခြေအနေမှာ မွေးဖွားလာကြ တာပါ၊ လူတိုင်းကတော့ အခက်အခဲတွေကို ကြုံတွေ့ခဲ့ ကြရတာပဲ၊ ခင်ဗျားတို့ မိဘတွေက ခင်ဗျားတို့ကို စွန့် ပစ်ခဲ့တယ်ဆိုတာကလည်း သူတို့မှာ သူတို့အကြောင်း ပြချက်နဲ့ သူတို့ ရှိမှာပါ၊ ခင်ဗျားတို့ကို ပြုစုပျိုးထောင်ဖို့ မတတ်နိုင်တာမျိုးပေါ့၊ ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့ အရာ တစ်ခုပါပဲ . . .”
“အဲဒီတော့ ကျုပ်တို့တွေက လက်ရှိဘဝမှာပဲ ပျော် ပျော်နေပြီး အတိတ်က ဖြစ်ရပ်တွေကို မေ့ပျောက်ထား ရမယ်၊ ကျုပ်တို့ကိုယ် ကျုပ်တို့ ဝမ်းနည်းမှု နွံတောထဲ မှာပဲ နစ်မြုပ်ခိုင်းနေလို့ မဖြစ်ဘူးလေ . . .”
ရဲရှောင်နည်းတူ ကျန်လူများမှာလည်း မိန်းကလေး များအား နှစ်သိမ့်ပေးလိုက်ကြသည်။
ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့မှာမူ ယခုအခေါက်တွင် လည်း မိန်းကလေးများနှင့် အတူယှဉ်တွဲ ထိုင်နေလျက် ရှိသည်။
သို့သော် ပထမအခေါက်နှင့် မတူဘဲ ယခုအခါတွင် စိတ်အေးလက်အေးပင် ဖြစ်လျက်ရှိသည်။
“ညီလေးရဲ ပြောတာ မှန်တယ် ဘဝဆိုတာ မလွယ် ကူဘူး၊ ပြိုကွဲသွားတဲ့ မိသားစုတွေကို ငါအများကြီး တွေ့ဖူးတယ်၊ လွန်ခဲ့တဲ့ နှစ် ၄၀၀ တုန်းကပေါ့ . . .”
ဇန်ယွန်ဖေ့မှ သက်ပြင်းချရင်း ပြောလိုက်၏။
ထို့နောက် ဆက်လက်၍ -
“ငါအဆင့်နိမ့်နယ်ပယ်ကို သွားတုန်းက အဲဒီနေရာ မှာ နှစ် ၁၀၀၀ ကြာတိုင်း အငတ်ဘေးဆိုက်တယ်၊ လူ တိုင်းက ငတ်ပြတ်ပြီး တကယ့်ကို ငရဲတစ်ခုလိုပဲ . . .”
“လူတွေက သူတို့ရဲ့ကလေးတွေကို မကျွေးမွေးနိုင် တော့လို့ သူများကို ပေးပစ်ရတာကိုလည်း ငါမြင်ဖူးခဲ့ တယ်၊ မိဘတွေဆိုတော့ ကလေးတွေ ဆာလောင်မွတ် သိပ်ပြီး သေသွားမှာကို မလိုလားဘူးလေ၊ အဲဒါကြောင့် ကလေးတွေကို ပေးပစ်လိုက်ကြတာ . . .”
“အဲဒါကပဲ သူတို့အတွက် ကံကောင်းတယ် ပြောရ မယ် အနည်းဆုံးတော့ သူတို့ရဲ့ ကလေးတွေ ငတ်မွတ် မှုဒဏ်ကို မခံရတော့ဘူးပေါ့ . . .”
“ကလေးတွေကို စွန့်ပစ်လိုက်ကြတယ် ဆိုတာက လည်း ကလေးတွေက မိသားစုအတွက် ဝန်ထုတ်ဝန် ပိုး ဖြစ်နေတယ်လေ၊ အဲဒီလို စွန့်ပစ်လိုက်တဲ့အတွက် မိဘတွေရဲ့ ရင်ထဲမှာ နာကျင်ရင် နာကျင်ရလိမ့်မယ် ဒါပေမယ့် ကလေးတွေအတွက် အစာရေစာ မလိုအပ် တော့ ကျန်တဲ့လူတွေအတွက် သူတို့ ပိုချွေတာနိုင်သွား တာပေါ့၊ တကယ်တော့ ဒါကမိဘတွေအတွက် ခက်ခဲ တဲ့ ရွေးချယ်မှုကြီးပါပဲ . . .”
“အဲဒီလို လူတွေကို မြင်တော့ ငါတို့တွေ ဝမ်းနည်း ခဲ့ရတယ် ဒါပေမယ့် အားလုံးကိုတော့ ငါတို့ မကူညီနိုင် ဘူး မဟုတ်လား၊ ငါတို့မှာ အကုန်လုံးကို ကယ်တင်နိုင် မယ့် စွမ်းအားမျိုးလည်း မရှိဘူးလေ . . .”
“ငါတို့က သူ့အတွက် နတ်ဘုရားတွေလို့ သူတို့အမြဲ ပြောကြတယ် ဒါပေမယ့် ငါတို့ကိုယ် ငါတို့တော့ သိနေ တာပဲ၊ ငါတို့ရဲ့ စွမ်းအားနဲ့ သူတို့ရဲ့ ကမ္ဘာကြီးကို ဖျက် ဆီးပစ်လို့ရတယ် ဒါပေမယ့် သူတို့ အားလုံးကိုတော့ ကယ်တင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး . . .”
“သူတို့ရဲ့ ကုန်းမြေတွေမှာ အပင်တွေ စိုက်ပျိုးဖို့ ခြောက်သွေ့လွန်းနေတဲ့အချိန်၊ ငါတို့တွေ တောင်တန်း တွေကို ဖြိုခွဲ၊ မြစ်တွေကနေ သူတို့ရဲ့ လယ်ကွင်းတွေ ဆီ ရေဆင်းအောင် လုပ်ပေးခဲ့တယ် ဒါပေမယ့် နေရာ အနှံ့ ရေကြီးသွားတော့ ကူညီဖို့က ခက်သွားပြန်ရော”
“နောက်ဆုံး ငါတို့တွေ ခက်ခက်ခဲခဲနဲ့ ရေကြီးတာ ကို အဆုံးသတ်နိုင်ခဲ့တယ်၊ လူတွေကတော့ ငါတို့ကို ကျေးဇူးတင်ကြတာပေါ့ ဒါပေမယ့် သူတို့ရဲ့ ကပ်ဘေး ကနေ တကယ် မကယ်တင်ပေးနိုင်ခဲ့ဘူးဆိုတာ ငါ့ကို ငါသိနေတယ် . . .”
ဇုဂျူရှန်မှလည်း သက်ပြင်းချလိုက်ရင်း -
“ဆရာမရှောင်နဲ့ ဆရာမဟန် မင်းတို့ရဲ့ နာကျင်မှု တွေကို ထိန်းချုပ်ထားမနေပါနဲ့၊ မင်းတို့ရဲ့ မိသားစုက မင်းတို့ နှစ်ယောက်ကို စွန့်ပစ်လိုက်တာ အကြောင်း ရင်းတော့ ရှိမှာပါ၊သူတို့တွေ အသက်ရှင်နိုင်ဖို့ မင်းတို့ တွေကို စွန့်ပစ်လိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”
ထိုစကားကြောင့် ယွဲ့ရှောင် အံ့ဩသွားကာ -
“သူတို့ အသက်ရှင်ဖို့ ကျွန်မတို့ကို စွန့်ပစ်ခဲ့တယ် ဆိုရင် ကျွန်မတို့ လက်ခံနိုင်ပါတယ် . . .”
ယွဲ့ဟန်မှလည်း ခနဲ့တဲ့တဲ့ဖြင့် -
“ဘာဖြစ်လို့ ကျွန်မတို့ကို စွန့်ပစ်ရတာလဲ၊ တခြား ကလေးတွေကိုရော သူတို့ မစွန့်ပစ်ဘူးလား၊ ကျွန်မတို့ ကရော သူတို့ကလေးတွေ မဟုတ်ဘူးလား . . .”
“ဆရာဇန် ပြောတာ ဟုတ်တယ် ဘဝကြီးက ဘယ် တော့မှ မလွယ်ကူဘူး ကျွန်မတို့က မိန်းကလေးတွေ လေ နောက်ပြီးတော့ မွေးကတည်းက ဒုက္ခိအဖြစ်နဲ့ မွေးလာခဲ့ရတာ . . .”
ယွဲ့ရှောင်မှ သူမ၏ ညီမဖြစ်သူကို နှစ်သိမ့်ရန် ကြိုး စားလိုက်သည်။
“အဲဒီတော့ ကျွန်မတို့ကို စွန့်ပစ်တာက အကောင်း ဆုံး ရွေးချယ်မှုပဲမလား၊ အဲဒီလို စွန့်ပစ်ခံရတာလည်း ကောင်းပါတယ်လေ မဟုတ်ရင် ကျွန်မတို့ အစ်ကိုကြီး နဲ့ ဘယ်လိုလုပ် တွေ့ရမှာလဲ၊ ကျွန်မတို့တွေ ဆုံတွေ့ခဲ့ ကြမှာ မဟုတ်ဘူးလေ . . .”
“အဲဒါဆိုရင် နင်ပြောတာက ငါတို့က အခုလို စွန့် ပစ်ခံရတာပဲ ကံကောင်းတယ်လို့ ဆိုလိုချင်တာလား”
ယွဲ့ဟန်မှ ခနဲ့တဲ့တဲ့ ပြောလိုက်၏။
“ငါတို့ မိသားစုဝင်တွေရဲ့အကြောင်း ဘာသတင်း မှ မရတာတော့ ရင်နာစရာပဲ၊ သူတို့ ဘယ်သူလဲဆိုတာ သိလို့ကတော့ ဟင်း . . .”
ဇန်ယွန်ဖေ့က ပြုံးလိုက်ရင်း -
“ကျုပ် ကြားဖြတ်ပြောပါရစေ ခင်ဗျားတို့အတွက် မိသားစုဝင်တွေနဲ့ ပြန်ဆုံရဖို့ဆိုတာ ရှားပါးတဲ့ အခွင့် အရေးပဲ မဟုတ်လား . . .”
ကျန်လူများလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြ သည်။
မိမိရင်သွေးများကိုပင် စွန့်ပစ်လိုက်ရသော လူများ အဖို့ ကောင်းမွန်သော အခြေအနေမျိုးတွင် ရှိနိုင်မည် မှာ မသေချာ။
ခက်ခဲရုန်းကန်နေရသော အခြေအနေမျိုးတွင် ၎င်း တို့အဖို့ ကျင့်ကြံမှု မည်သို့ လုပ်နိုင်ပါမည်နည်း။
ထို့ပြင် သာမန်လူများအဖို့ နှစ်ရာနှင့်ချီ၍ မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။
ယွဲ့ဟန်ကိုယ်တိုင်လည်း ထိုအချက်ကို ကောင်းစွာ သိနေသည်။
သို့သော် မကျေနပ်သည့်အခံက ရှိနေ၍ သူမရင်ထဲ ရှိ ခံစားချက်များကို ထုတ်ပြောနေမိခြင်း ဖြစ်သည်။
“ကျွန်မတို့ အခုလို အောင်မြင်နေရတာက ကျွန်မ တို့ အစ်ကိုကြီးရဲ့ ကျေးဇူးတွေကြောင့်ပဲ . . .”
ယွဲ့ရှောင်မှ တစ်ခွက်မော့သောက်ရင်း ရဲရှောင်ကို ကြည့်ကာ ပြောလိုက်သည်။
ရဲရှောင်မှာမူ တည်တည် ကြည်ကြည် ပုံစံမျိုးဖြင့် သာ ရှိနေသည်။
ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့မှာမူ ထိုသို့မဟုတ်။
မိန်းကလေးများ၏ အစ်ကိုကြီးက မည်သူမှန်း သိ နေ၍ ‘အစ်ကိုကြီး’ ဆိုသည့် စကားကို ကြားတိုင်း ထိတ်လန့်သွားကြသည်။
(စိတ်လျှော့ကြပါတော့ ဝမ်းနည်း မနေကြနဲ့တော့၊ မင်းတို့တွေ အရမ်းမူးသွားပြီး ငါတို့ကို စိတ်ကူးပေါက် ပေါက်နဲ့ သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ . . .)
မိန်းကလေးများ၏ အစ်ကို ရှောင်ဧကရာဇ်နဲ့ ရေခဲ လနန်းတော် ဆိုသည်က ရန်သူတော်များပင် မဟုတ်ပါ လား။
“ဪဒါနဲ့ ဟိုကိစ္စကို မသိကြသေးဘူးထင်တယ်၊ ရှောင်ဧကရာဇ်က မသေသေးဘူး သူပြန်လာပြီ . . .”
ရဲနန်ရှန်မှ ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့အား ကြည့် ရင်း ပြောလိုက်၏။
ထို့နောက် ဆက်လက်၍ -
“ခင်ဗျားတို့ သိသင့်တယ်လို့ထင်လို့ပါ ဒါကခင်ဗျား တို့အတွက် အရေးကြီးတယ် မဟုတ်လား . . .”
“ဘာ ခင် ခင်ဗျား ဘာပြောလိုက်တာလဲ . . .”
ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့ နှစ်ဦးလုံး အထိတ် တလန့်ဖြင့် ပြိုင်တူပင် မတ်တပ်ထရပ်လိုက်ကြသည်။
ထိုသို့ မတ်တပ်ထရပ်လိုက်၍ စားပွဲတစ်ခုလုံးပင် မှောက်ကျသွားမတတ်ပါပင်။
“ရှောင်ဧကရာဇ် အသက်ရှင်နေတယ်၊ မရဏဓား လိဝူလျန်ကလည်း အသက်ရှင်နေသေးတယ် . . .”
ရဲနန်ရှန်မှ ဆက်၍ ပြောလိုက်၏။
“ကျုပ်တို့ အပြန်လမ်း သူတို့နှစ်ယောက်ကို တွေ့ လိုက်တာ၊ ကျုပ်တို့ မျက်လုံးနဲ့ကို အတပ်မြင်လိုက်ရ တာ၊ ရှောင်ဧကရာဇ်ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျုပ် ဆုံဖူးတယ်လေ အဲဒါကြောင့် သူ့ကိုသိနေတာ”
“သူတို့သာ ကျုပ်တို့ကိုမကယ်ခဲ့ဘူးဆိုရင် ကျုပ်တို့ ၆ ယောက်လုံး သေနေလောက်ပြီ . . .”
ဇန်ယွန်ဖေ့နှင့် ဇုဂျူရှန်တို့၏ မျက်လုံးများ ပြုတ် ထွက်မတတ် ပြူးကျယ်ကုန်သည်။
“ဒါဒါကဘယ်လို ဖြစ်နိုင်မှာလဲ . . .”
နှစ်ဦးသားမှာ ရှောင်ဧကရာဇ် အသက်ရှင်နေသည် ကို မယုံနိုင်ဖြစ်နေ၍ အထိတ်တလန့်ပင် ရေရွတ်လိုက် ကြသည်။
ရှောင်ဧကရာဇ်၏ သေဆုံးမှုကို သူတို့ကိုယ်တိုင် အတပ်မြင်ခဲ့ကြသည် မဟုတ်ပါလား။
ထို့နောက် ရဲနန်ရှန်မှ ရှောင်ဧကရာဇ်နှင့် လိဝူလျန် တို့ ရန်သူများအား မည်သို့ အပြတ်ရှင်းခဲ့ကြသည်ကို စတင်၍ ပြောပြလိုက်တော့သည်။
“ . . .”
ရဲနန်ရှန်လည်း နောက်ဆုံးတွင် ရဲရှောင်အား လှမ်း ကြည့်လိုက်ရင်း -
“တကယ်တော့ အဲဒီနှစ်ယောက်နဲ့အတူ နောက် ထပ် တစ်ယောက်လည်း ရှိနေသေးတယ် အဲဒါက ရေခဲ ဓား ဟန်ပိုင်ယွဲ့ပဲ၊ သူက ရှောင်ဧကရာဇ်နဲ့အတူ တော ထဲကနေ ပေါ်လာတာလေ . . .”
“ငါထင်သလောက် သူက သိပ်မကြာခင်ကမှ မင်း နဲ့အတူ ပါလာတဲ့ လူနဲ့တောင် ၈၀ ရာခိုင်နှုန်းလောက် တူနေသေးတယ် . . .”
ထိုစကားကြောင့် ရဲရှောင် အပါအဝင် မိန်းကလေး နှစ်ယောက်လုံး ထိတ်လန့်သွားကြသည်။
စိတ်ထဲ၌လည်း ဟန်ပိုင်ယွဲ့ကို ကျိန်ဆဲမိလိုက်ကြ ၏။
(တကယ့်ကို ငတုံးငအကောင် အခုတော့ မင်းရဲ့ ရုပ်ဖျက်မှုက ငါတို့ကို ဒုက္ခရောက်စေခဲ့ပြီ . . .)
ရဲရှောင်တို့မှာ ဒေါသအကြီးအကျယ် ထွက်လျက် တွေးလိုက်မိကြပါတော့သည်။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၅) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now